Golden City Promotion
×

ေနာေနာ္ကေတာ့ ခ်စ္သူနဲ႕ ေရႊလက္တြဲလို႕ သြားပါၿပီ။ ေနာေနာ္တို႕ရဲ႕ မဂၤလာေဆာင္ကိုေတာ့ ဒီေန႕(စက္တင္ဘာ၃၀ရက္)က က်င္းပခဲ့တာ ျဖစ္ပါတယ္။

မဂၤလာပြဲကို ရန္ကုန္ၿမိဳ႕ရွိMethodist Church မွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။  ေနာေနာ္ရဲ႕ ခ်စ္သူနာမည္ကေတာ့ မအိအိဟိန္းျဖစ္ပါတယ္။

မဂၤလာပြဲကိုေတာ့ ဂီတေမာင္ႏွမေတြမ်ားက တက္ေရာက္အားေပးခဲ့ၾကတာကိုလည္း ေတြ႕ရပါတယ္။ သူတုိ႕ရဲ႕ မဂၤလာပြဲ ပံုရိပ္ေလးေတြကိုလည္း ပရိသတ္ေတြအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

ေနာေနာ္ဟာ ၂၀၀၁ခုႏွစ္ကတည္း သီခ်င္းေတြ ကိုယ္တုိင္ေရးသားခဲ့ၿပီး ၂၀၀၈ခုႏွစ္မွာ ပထမဆံုး တစ္ကိုယ္ေတာ္စီးရီးေခြျဖစ္တဲ့ "အတိုင္းထက္အလြန္"စီးရီးကိုထြက္ရွိခဲ့သူ ျဖစ္ပါတယ္။

အဲ့ဒီသီခ်င္းနဲ႕ပဲ ပရိသတ္အားေပးမႈ ရရွိခဲ့ၿပီး ျမန္မာတစ္ျပည္လံုးအတိုင္းအတာ ေပါက္ေျမာက္ေအာင္ျမင္ခဲ့ပါတယ္။ ဆက္လက္ၿပီးေတာ့ လည္း တစ္ကိုယ္စီးရီးေတြအေနနဲ႕ အကန္႕အသတ္မရွိ၊ အိမ္မက္ထဲကလူ၊ ေလးေလးနက္နက္စတဲ့ စီးရီးေခြေတြ ထြက္ရွိခဲ့သူ တစ္ဦးလည္း ျဖစ္ပါတယ္။

သူ႕ရဲ႕ ပဥၥမေျမာက္ ေတးစီးရီးေခြျဖစ္ၿပီး ကိုယ္တုိင္ေရး သီခ်င္းေတြ ပါဝင္တဲ့  "ဆရာႀကီးနဲ႕ သူ၏တပည့္မ်ား" ကိုလည္း ဇန္နဝါရီ ၂၅ရက္ေန႕က ထြက္ရွိခဲ့ပါေသးတယ္။

တစ္ခ်ိန္က သူမ်ားေျမာက္ေပးလို႔ ၊ ေလွ်ာက္လုပ္ခဲ့တာေတြအမ်ားႀကီးရွိေပမယ့္ ယခုခ်ိန္မွာေတာ့ စိတ္သစ္လူသစ္အေခြသစ္နဲ႕ ပရိသတ္ေတြဆီ ျပန္လည္ေရာက္ရွိလာတဲ့ အႏုပညာရွင္ တစ္ဦးလည္း ျဖစ္ပါတယ္။

Photo : မင္​းအိုက္​စြန္​းန္​(ျပည္ျမန္မာ)
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
နောနော်ကတော့ ချစ်သူနဲ့ ရွှေလက်တွဲလို့ သွားပါပြီ။ နောနော်တို့ရဲ့ မင်္ဂလာဆောင်ကိုတော့ ဒီနေ့(စက်တင်ဘာ၃၀ရက်)က ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မင်္ဂလာပွဲကို ရန်ကုန်မြို့ရှိMethodist Church မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။  နောနော်ရဲ့ ချစ်သူနာမည်ကတော့ မအိအိဟိန်းဖြစ်ပါတယ်။

မင်္ဂလာပွဲကိုတော့ ဂီတမောင်နှမတွေများက တက်ရောက်အားပေးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

နောနော်ဟာ ၂၀၀၁ခုနှစ်ကတည်း သီချင်းတွေ ကိုယ်တိုင်ရေးသားခဲ့ပြီး ၂၀၀၈ခုနှစ်မှာ ပထမဆုံး တစ်ကိုယ်တော်စီးရီးခွေဖြစ်တဲ့ "အတိုင်းထက်အလွန်"စီးရီးကိုထွက်ရှိခဲ့သူ ဖြစ်ပါတယ်။

အဲ့ဒီသီချင်းနဲ့ပဲ ပရိသတ်အားပေးမှု ရရှိခဲ့ပြီး မြန်မာတစ်ပြည်လုံးအတိုင်းအတာ ပေါက်မြောက်အောင်မြင်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့ လည်း တစ်ကိုယ်စီးရီးတွေအနေနဲ့ အကန့်အသတ်မရှိ၊ အိမ်မက်ထဲကလူ၊ လေးလေးနက်နက်စတဲ့ စီးရီးခွေတွေ ထွက်ရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

သူ့ရဲ့ ပဉ္စမမြောက် တေးစီးရီးခွေဖြစ်ပြီး ကိုယ်တိုင်ရေး သီချင်းတွေ ပါဝင်တဲ့  "ဆရာကြီးနဲ့ သူ၏တပည့်များ" ကိုလည်း ဇန်နဝါရီ ၂၅ရက်နေ့က ထွက်ရှိခဲ့ပါသေးတယ်။

တစ်ချိန်က သူများမြောက်ပေးလို့ ၊ လျှောက်လုပ်ခဲ့တာတွေအများကြီးရှိပေမယ့် ယခုချိန်မှာတော့ စိတ်သစ်လူသစ်အခွေသစ်နဲ့ ပရိသတ်တွေဆီ ပြန်လည်ရောက်ရှိလာတဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : မင်းအိုက်စွန်းန်(ပြည်မြန်မာ)

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top