ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

Shiryl Saturnino အမည္ရ အသက္ ၂၉ႏွစ္အရႊယ္ရွိ ဖိလစ္ပုိင္ႏုိင္ငံသူ စီးပြားေရးလုပ္ငန္းရွင္ အမ်ိဳးသမီးတစ္ဦးဟာ ခႏၶာကုိယ္ပုိမုိလွပေစဖုိ႔အတြက္ Mandaluyong ၿမိဳ႕ရွိ ေဆးခန္းတစ္ခုမွာ ရင္သားနဲ႔တင္သား ခြဲစိတ္ကုသမႈမ်ား ခံယူခဲ႔ရာ ႏွလုံးခုန္ႏႈန္းရပ္တန္႔သြားၿပီး ေသဆုံးသြားခဲ႔တယ္လုိ႔ သိရပါတယ္။

Shiryl Saturnino ဟာ တင္သားနဲ႔ရင္သားႀကီးမားလာေစဖုိ႔နဲ႔ အေရျပားေအာက္မွ အဆီပုိေတြကုိ စုပ္ထုတ္ႏုိင္ဖုိ႔အတြက္ ခြဲစိတ္မႈေတြခံယူခဲ႔တာျဖစ္ၿပီး မေတာ္တဆ ေသဆုံးသြားခဲ႔ရတာျဖစ္ပါတယ္။ ကနဦး စစ္ေဆးခ်က္မ်ားအရ Shiryl Saturnino ဟာ Icon Clinic ေဆးခန္းကုိ ၿပီးခဲ႔တဲ႔ စေနေန႔ညေလာက္က ေဆြမ်ိဳးတစ္ဦးေရာက္လာခဲ႔ၿပီး သူမကုသခ်င္တဲ႔ ခႏၶာကုိယ္အစိတ္အပုိင္းမ်ားအေၾကာင္းကုိ ဆရာဝန္မ်ားနဲ႔ ေဆြးေႏြးခဲ႔တယ္လုိ႔ သိရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Shiryl Saturnino ရဲ႕ ခြဲစိတ္ကုသမႈကုိ ဆရာဝန္ႀကီးႏွစ္ဦးက တာဝန္ယူၿပီး ေဆာင္ရႊက္ၾကပါတယ္။ ဒီလုိ ခြဲစိတ္ေနတုန္း Shiryl Saturnino အတြက္ ေမ့ေဆးေပးထားခဲ႔ရာကေန Shiryl တစ္ေယာက္ သတိျပန္မလည္လာေတာ့တာေၾကာင့္ ဆရာဝန္ႏွစ္ဦးလုံး Shiryl အသက္ျပန္ရွုလာေအာင္ အသည္းအသန္ ႀကိဳးစားခဲ႔ၾကရာ ဘယ္လုိမွမတတ္ႏုိင္ေတာ့အဆုံးမွာေတာ့ လက္ေလ်ာ့လုိက္ရပါတယ္။

အခုလုိ လူေသမႈအထိ ျဖစ္ပြားခဲ႔ရတဲ႔အတြက္ Icon Clinic ေဆးခန္းအေနနဲ႔ စုံစမ္းစစ္ေဆးမႈေတြ ခံယူေနရသလုိ တရားစြဲဆုိမႈေတြနဲ႔လည္း ရင္ဆုိင္ရဖြယ္ရွိေနပါတယ္။ သဘာဝအလွကုိေက်ာ္လြန္ၿပီး သဘာဝထက္ လြန္ကဲစြာလွပခ်င္ခဲ႔တဲ႔ Shiryl Saturnino အျဖစ္ကေတာ့ ရင္နစ္စရာေကာင္းလွၿပီး ယုံၾကည္စိတ္ခ်မႈမရွိတဲ႔ ေဆးရံုေဆးခန္းမ်ားမွာ အေရးပါတဲ႔ ခြဲစိတ္မႈေတြကုိ မလုပ္ကုိင္ဖုိ႕ အသက္နဲ႔ရင္းၿပီး သတိေပးသြားခဲ႔တာပဲ ျဖစ္ပါေတာ့တယ္ခင္ဗ်ာ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: zeekwat

# Unicode Version #


Shiryl Saturnino အမည်ရ အသက် ၂၉နှစ်အရွှယ်ရှိ ဖိလစ်ပိုင်နိုင်ငံသူ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဟာ ခန္ဓာကိုယ်ပိုမိုလှပစေဖို့အတွက် Mandaluyong မြို့ရှိ ဆေးခန်းတစ်ခုမှာ ရင်သားနဲ့တင်သား ခွဲစိတ်ကုသမှုများ ခံယူခဲ့ရာ နှလုံးခုန်နှုန်းရပ်တန့်သွားပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Shiryl Saturnino ဟာ တင်သားနဲ့ရင်သားကြီးမားလာစေဖို့နဲ့ အရေပြားအောက်မှ အဆီပိုတွေကို စုပ်ထုတ်နိုင်ဖို့အတွက် ခွဲစိတ်မှုတွေခံယူခဲ့တာဖြစ်ပြီး မတော်တဆ သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ ကနဦး စစ်ဆေးချက်များအရ Shiryl Saturnino ဟာ Icon Clinic ဆေးခန်းကို ပြီးခဲ့တဲ့ စနေနေ့ညလောက်က ဆွေမျိုးတစ်ဦးရောက်လာခဲ့ပြီး သူမကုသချင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများအကြောင်းကို ဆရာဝန်များနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနောက်မှာတော့ Shiryl Saturnino ရဲ့ ခွဲစိတ်ကုသမှုကို ဆရာဝန်ကြီးနှစ်ဦးက တာဝန်ယူပြီး ဆောင်ရွှက်ကြပါတယ်။ ဒီလို ခွဲစိတ်နေတုန်း Shiryl Saturnino အတွက် မေ့ဆေးပေးထားခဲ့ရာကနေ Shiryl တစ်ယောက် သတိပြန်မလည်လာတော့တာကြောင့် ဆရာဝန်နှစ်ဦးလုံး Shiryl အသက်ပြန်ရှုလာအောင် အသည်းအသန် ကြိုးစားခဲ့ကြရာ ဘယ်လိုမှမတတ်နိုင်တော့အဆုံးမှာတော့ လက်လျော့လိုက်ရပါတယ်။

အခုလို လူသေမှုအထိ ဖြစ်ပွားခဲ့ရတဲ့အတွက် Icon Clinic ဆေးခန်းအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရသလို တရားစွဲဆိုမှုတွေနဲ့လည်း ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ သဘာဝအလှကိုကျော်လွန်ပြီး သဘာဝထက် လွန်ကဲစွာလှပချင်ခဲ့တဲ့ Shiryl Saturnino အဖြစ်ကတော့ ရင်နစ်စရာကောင်းလှပြီး ယုံကြည်စိတ်ချမှုမရှိတဲ့ ဆေးရုံဆေးခန်းများမှာ အရေးပါတဲ့ ခွဲစိတ်မှုတွေကို မလုပ်ကိုင်ဖို့ အသက်နဲ့ရင်းပြီး သတိပေးသွားခဲ့တာပဲ ဖြစ်ပါတော့တယ်ခင်ဗျာ။


ဖိုးသူတော် (www.phothutaw.com)
Credit: zeekwat
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top