ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

တာေတတို႕ေနတဲ့ ထေနာင္းကုန္းကေန ဆရာမႏိုင္ကိုသြားတဲ့အခါ လွည္းလမ္းကုန္းေၾကာင္းမွာ ကုကၠိဳခြတို႕၊ သစ္ရာေတာတို႕၊

သီးေတာတို႕၊ ထိန္ကုန္းတို႕၊ ညံေတာတို႕ဆိုတဲ့ ရြာေတြကို ျဖစ္သြားရတာဗ်။

ညံေတာဆိုတာ ေရွးေဟာင္းရြာၾကီးဗ်။ ဘယ္ေလာက္ေတာင္ ေရွးက်တယ္ေတာ့ အတိအက် မေျပာတတ္ဘူးဗ်။

ဒါေပမဲ့ အဲဒီဘက္က ယာေတာေတြထဲမွာ ေရွးေခတ္က အုတ္ခဲအၾကီးၾကီးေတြနဲ႕ တည္ထားတဲ့ ဘုရားပ်က္ေတြ အေတာ္မ်ားမ်ား ရွိတယ္။

အဲဒီက ယာေတာေတြကို ေခၚတာေတာင္ ဘုရားငုတ္တိုအကြက္တို႕၊ ဘုရားပ်က္ကုန္းတို႕၊ ဘုရားအိုယာကြက္တို႕၊ ဥစၥာသိုက္ကုန္းတို႕ ေခၚတာဗ်။

ညံေတာမွာ ယာထြန္ရင္း ေရွးေဟာင္းဒဂၤါးေတြ ရဖူးတဲ့သူေတြရွိတယ္။ ေရွးေခတ္ကသံုးတဲ့ အိုးေတြ၊ ခြက္ေတြကေတာ့ ခဏခဏကို ေတြ႕ၾကတာဗ်။

ရြာထဲမွာဆိုရင္လည္း ေရွးေခတ္က အိမ္ေဟာင္းေတြ၊ အိမ္ပ်က္ေတြ ေပါမွေပါဗ်ာ။ ျပီးေတာ့ သူတုိ႕ရြာထဲမွာ တေစၦလိုလို၊ ဥစၥာေစာင့္လိုလို၊

သရဲလိုလိုေတြလည္း မၾကာမၾကာ ျမင္ၾကရတယ္ဆိုပဲ။
ညံေတာက ဘုန္းၾကီးေက်ာင္းၾကီးေတြဆိုရင္ ေတာ္ေတာ္ကို

ေရွးက်တဲ့ ေက်ာင္းၾကီးေတြဗ်။ ေက်ာင္း၀ိုင္းၾကီးေတြကလည္း က်ယ္ပါ့ဗ်ာ။ အုတ္ပံုၾကီးေတြ ျဖစ္ေနတဲ့ ဘုရားပ်က္ေတြလည္း

ရွိသဗ်။ ညံေတာကို က်ဳပ္ေရာက္သြားတဲ့အခါတိုင္း စိတ္ထဲမွာ ထိုင္းထိုင္းမႈိင္းမႈိင္းၾကီးကို ျဖစ္ေရာဗ်။ ဟိုဟာလြမ္းသလိုလို၊ ဒီဟာလြမ္းသလိုနဲ႕ ဘယ္လိုကိုေျပာရမွန္း မသိေတာ့ပါဘူးဗ်ာ။

အခုလည္း က်ဳပ္ညံေတာမွာ ေရာက္ေနတာဗ်။ ညံေတာမွာ ထူးျခားတဲ့ အစဥ္အလာတစ္ခုရွိတယ္။

လူေတြနဲ႕ ဒိုးတူေပါင္ဖက္ အလုပ္လုပ္ခဲ့ၾကတဲ့ ႏြားၾကီးေတြ အသက္ၾကီးလာျပီဆိုရင္ ေဘးမဲ့ေပးတဲ့အစဥ္အလာဗ်။

နွစ္တိုင္းရွိတာေတာ့လည္း မဟုတ္ဘူး။ အိုးမင္းမစြမ္းျဖစ္လာတဲ့ ႏြားၾကီးေတြ ရွိလာမွ ေဘးမဲ့ပြဲ လုပ္ၾကတာ။

တစ္ခါတေလမ်ားဆိုရင္ သူ႕အိမ္က တစ္ေကာင္၊ ငါ့အိမ္က တစ္ေကာင္နဲ႕ ငါးေကာင္၊ ေျခာက္ေကာင္ေလာက္ ျဖစ္သြားတာဗ်ိဳ႕။

ဒီႏွစ္္ ညံေတာမွာ ေဘးမဲ့ပြဲရွိသတဲ့ဆိုရင္ အနီးအနားက ရြာေတြက လွည္းေတြနဲ႕ သြားၾကသဗ်။ အနည္းဆံုး ဆိုင္းပြဲေတာ့ ပါတာဗ်။

ႏြားေဘးမဲ့ပြဲလႊတ္တဲ့သူေတြက ေငြကို မတည္ျပီး ရြာထဲက တတ္ႏိုင္တဲ့လူေတြကလည္း ေငြေတြ ၀ိုင္းထည့္ၾကတာေပါ့ဗ်ာ။

ရွင္ျပဳပြဲလိုပဲဗ်။ ရံုထိုးျပီးေတာ့ကို ထမင္း၊ ဟင္းေကၽြးတာဗ်။ ဒါေပမဲ့ ေဘးမဲ့ပြဲမွာ ေကၽြးတာက သက္သက္လြတ္ခ်ည္း ေကၽြးတာဗ်ိဳ႕။

ေကၽြးေမြးတဲ့ ရည္ရြယ္ခ်က္ကေတာ့ ေဘးမဲ့လႊတ္တဲ့ ႏြားၾကီးေတြအတြက္ ကုသိုလ္လုပ္တာဗ်။

ရြာထဲက ေငြေၾကးမတတ္နိုင္သူေတြကလည္း သူတို႕စိုက္ခင္းထဲက ခရမ္းေခါင္းသီးေတြ၊ ခရမ္းခ်ဥ္သီးေတြ၊ ၾကက္သြန္၊ ငရုတ္သီး၊ ပဲ စတဲ့ သီးႏွံေတြထည့္ၾကသဗ်။

တခ်ိဳ႕ကလည္း ခ်က္ဖို႕ျပဳတ္ဖို႕ ထင္းေတြ လာပို႕ၾကတယ္။ ဟိုရြာ၊ ဒီရြာက လာတဲ့လူေတြကလည္း လက္ခ်ည္းလာတာ မဟုတ္ဘူးဗ်။

ေငြေၾကးကစျပီး ဆန္တို႕၊ ပဲတို႕၊ ဆီတို႕၊ အသီးအႏွံတို႕ ပါေအာင္ယူလာၾကတာ။

တစ္ခါတေလက်ေတာ့လည္း သူတို႕ရြာက ေဘးမဲ့ေပးမဲ့ ႏြားေတြပါ ဆြဲလာျပီး ညံေတာ ေဘးမဲ့ပြဲမွာ တစ္ခါတည္းေပါင္းျပီး ေဘးမဲ့ေပးၾကတာဗ်ိဳ႕။

ေဘးမဲ့ေပးျပီးရင္ေတာ့ အဲဒီႏြားအိုၾကီးေတြကို အိမ္မွာပဲ က်က်နန ေကၽြးေမြးေစာင့္ေရွာက္ၾကတာ။

ဘာမွ မခို္င္းေတာ့ဘူးဗ်ိဳ႕။ ေသသြားရင္လည္း အသားေပၚျပီး မစားၾကဘူးဗ်။ ေကာင္းေကာင္းမြန္မြန္ ေျမထဲျမွဳပ္ၾကတာ။

အဲ . . . . . .ေျပာရဦးမယ္ဗ်ိဳ႕။ မသမာတဲ့သူေတြက ညဘက္လာျပီး ႏြားေသကို ေဖာ္ျပဳယူျပီး အသားဖ်က္မွာစိုးလို႕ ေျမျမွဳပ္တဲ့အခါ

ေရနံဆီေလာင္းျပီးမွ ျမွဳပ္ၾကတာ။ ညံေတာသားေတြ ႏြားခ်စ္ပံုကေတာ့ ထူးခ်က္ဗ်ာ။

ဒီအစဥ္အလာကလည္း ဘယ္တုန္းကတည္းက ရွိလာမွန္းကို မသိတာဗ်။

ညံေတာေဘးမဲ့ပြဲက ကဆုန္လျပည့္ေန႕မွာ လုပ္ၾကတာဗ်။ က်ဳပ္ငယ္ငယ္ကေတာ့ အဘတို႕၊ အေမတို႕နဲ႕ တစ္ခါႏွစ္ခါေရာက္ဖူးသားဗ်။

မေရာက္တာေတာ့ ၾကာပါျပီ။
ဒီႏွစ္ေတာ့ က်ဳပ္အေကာင္ႏွစ္ေကာင္ ပူစာတာနဲ႕ ေရာက္လာတာဗ်ိဳ႕။ ေက်ာက္ခဲနဲ႕ သံမဏိေလ။

“ကိုၾကီးတာေတ . . . ညံေတာေဘးမဲ့ပြဲ သြားၾကရေအာင္ဗ်ာ။ ဒီႏွစ္ ႏြားဆယ့္ငါးေကာင္ေတာင္ ေဘးမဲ့ေပးမွာတဲ့ဗ်။
ဆိုင္းပြဲကလည္း ေကာင္းမွာလို႕ ေျပာတယ္ဗ်”

က်ဳပ္လည္း ဒီေကာင္ႏွစ္ေကာင္ လႊတ္သြားခ်င္ေနမွန္းသိလို႕
မျငင္းေတာ့ပါဘူးဗ်ာ။

(စကားခ်ပ္ လႊတ္ ဟူေသာစကားသည္ အရမ္းဟု ဆိုလိုျခင္းျဖစ္သည္။ ေဒသသံုး ဘာသာစကားတစ္ခုျဖစ္ပါသည္။ က်ေနာ္လည္း ရြာတစ္ခုကိုေရာက္ဖူးျခင္းမွ သိျခင္းျဖစ္သည္။)

“ေအးေလ . . . . ဒါဆိုလည္း သြားၾကတာေပါ့ကြာ”
ဒီေကာင္ေတြ ေတာ္ေတာ္ေပ်ာ္သြားၾကတာဗ်။

ေက်ာက္ခဲနဲ႕ သံမဏိက ကေလးသာသာ အရြယ္ေတြမို႕လား။ ညံေတာပြဲသြားရမယ္ဆိုေတာ့ ေပ်ာ္တာေပါ့ဗ်ာ။

ညံေတာမွာက က်ဳပ္နဲ႕ လူခင္ေတြ ရွိတယ္ဗ်။ ကိုိမင္းယာတို႕ ညီအစ္ကိုေတြ၊ ကိုဖိုးဆန္းတို႕ ညီအစ္ကိုေတြ၊

ျပီးေတာ့ ကိုရင္ေမာင္တို႕၊ ကိုရင္ေကာင္တို႕ ညီအစ္ကိုေတြ။ အဲ . . . ေျပာရဦးမယ္ဗ်ိဳ႕၊ ကိုရင္ေကာင္ဆိုလို႕။

ညံေတာေဘးမဲ့ပြဲကို အျမဲတမ္း ဦးေဆာင္ျပီးလုပ္ေပးတဲ့ အလွဴ႕ဒကာၾကီး ဦးဘိုးပရဲ႕ သားေတြဗ်။

အၾကီးက ကိုရင္ေမာင္တဲ့။ အငယ္က ကိုရင္ေအာင္တဲ့။ ဒါေပမဲ့ ညံေတာသားေတြက ခ်စ္စႏိုးနဲ႕ ရင္ေအာင္ကို ရင္ေကာင္ပဲ ေခၚၾကတာဗ်ိဳ႕။

ရင္ေမာင္ညီ ရင္ေကာင္လို႕ ေနာက္ရင္းေျပာင္ရင္းကေန ရင္ေကာင္ပဲ ေခၚေနၾကတာ။

သူတို႕အေဖ ဦးဘိုးပက လူခ်မ္းသာၾကီးဗ်။ ယာေတြမွ လက္ညွိဳးထိုးလို႕ကို မလြဲဘူးဆိုပဲ။

ထန္းေတာၾကီးလည္းပိုင္တယ္တဲ့။ ျပီးေတာ့ အေမြကလည္း ႏွစ္ေမြခံဆိုလား၊ သံုးေမြခံဆိုလားဗ်ာ။

လူဆိုတာကလည္း အမ်ိဳးမ်ိဳးရွိတာဗ်ေနာ။ လူခ်မ္းသာတိုင္း လွဴၾကတန္းၾကတာ မဟုတ္ဘူးေလဗ်ာ။

ကိုရင္ေမာင္တို႕အေဖ ဦးဘိုးပကေတာ့ အားၾကီးလွဴတာ တန္းတာဗ်ိဳ႕။ စီးပြားကလည္း လွဴေလ တက္ေလဆိုပဲ။

ဦးဘိုးပရဲ႕ မိန္းမ ေဒၚဖြားအိဆိုတာကလည္း သူ႕ေယာက္်ား ဦးဘိုးပလိုပဲ အလွဴအတန္း အားၾကီးရက္ေရာသတဲ့ဗ်ာ ။

ဒါေပမဲ့ လူ႔ဘ၀ဆိုတာ ဘုန္းၾကီးေတြ တရားေဟာသလိုပဲဗ်။ ဒုကၡဘံုၾကီးဆိုတာေလ။

အဲဒါဟုတ္မယ္ဗ်။ ဦးဘိုးပတို႕မွာ စိတ္ထားေရာ၊ ဥစၥာဓနေရာ ဘာမွကို ေျပာစရာမရွိတာ။

ဒါေပမဲ့ သူတို႕မိသားစုမွာလည္း ဒုကၡေတာ့ မကင္းဘူးဗ်ာ။
က်ဳပ္ေစာေစာကေျပာတဲ့ ကိုရင္ေမာင္ရဲ႕ညီ ကိုရင္ေကာင္က ရူးေနတာဗ်။

ရူးေနတာမွ သြက္သြက္လည္ေအာင္ကို ရူးတာဗ်ိဳ႕။ ညီအစ္ကိုႏွစ္ေယာက္လံုး အရပ္ေထာင္ေထာင္ေမာင္းေမာင္းနဲ႕ လူခန္႕ေတြဗ်။

ညံေတာက အပ်ိဳတိုင္းၾကိဳက္တဲ့ ညီအစ္ကုိေပါ့ဗ်ာ။
လြန္ခဲ့တဲ့ ေလးႏွစ္ေလာက္ကမွ ရူးသြားတာဗ်။

အေကာင္းကေန ရုတ္တရက္ၾကီး ျဖစ္သြားတာတဲ့။ ကိုရင္ေကာင္ ရြာကေနႏွစ္ရက္ေလာက္ ေပ်ာက္သြားသတဲ့။

ရြာလည္းျပန္ေရာက္လာေရာ သြက္သြက္လည္ေအာင္ ရူးေနတာတဲ့ဗ်ိဳ႕။ ဒီကေန႕အထိကို ဘာျဖစ္မွန္း မသိၾကတာ။

အမ်ိဳးမ်ိဳးေတာ့ ေျပာၾကတာေပါ့ဗ်ာ။ ကိုရင္ေကာင္ ေဆးခတ္ခံရတာလို႕ ေျပာလိုေျပာ၊ ျပဳစားခံရတယ္လို႕

ေျပာလိုေျပာဗ်။ ကိုရင္ေမာင္ဆိုတာကလည္း နယ္တကာလွည့္ျပီး ဆရာရွာလိုက္၊ သူ႕ညီကို ကုလိုက္နဲ႕ အားရတယ္ကို မရွိပါဘူးဗ်ာ။

ကဆုန္လျပည့္ေန႕မတိုင္ခင္ အဖိတ္ေန႕မနက္အေစာၾကီး ေက်ာက္ခဲနဲ႕ သံမဏိကို ေခၚျပီး လွည္းေမာင္းထြက္ခဲ့တယ္။

လွည္းေမာင္းတယ္သာဆိုတာပါဗ်ာ။ အဘႏြားၾကီးႏွစ္ေကာင္က ေမာင္းရတယ္မရွိပါဘူးဗ်ာ။

လွည္းလမ္းေၾကာင္းေရာက္တာနဲ႕ တန္းသြားေတာ့တာဗ်။
“ကိုၾကီးတာေတ . . . ေပး၊ က်ဴပ္ေမာင္းမယ္”

ေက်ာက္ခဲက က်ဳပ္လက္ထဲက ၾကိဳးနဲ႕ ႏွင္တံကို ေတာင္းတယ္။
“ေနပါ ေက်ာက္ခဲရာ။ ဒီေကာင္ၾကီးေတြက ေမာင္းရတာမွ မဟုတ္တာကြာ”

“ဟာ . . . ကိုၾကီးတာေတကလည္း၊ က်ဳပ္ကို ေပးမွာသာေပးစမ္းပါဗ်ာ။ က်ဳပ္တစ္လွည့္ သံမဏိတစ္လွည့္

ေမာင္းမွာပါ။ ကိုၾကီးတာေတ ေအးေအးသာ ထိုင္လိုက္ပါဗ်ာ”
ေက်ာက္ခဲက ဇြတ္ဗ်။

က်ဳပ္လက္ထဲက လွည္းၾကိဳးနဲ႕ ႏွင္တံကို ဇြတ္ဆြဲယူတာဗ်ိဳ႕။ က်ဳပ္လည္း အားသြားေတာ့ လွည္းနံရံတိုင္ကိုမွီထိုင္ျပီး

နဂါးေဆးေပါ့လိပ္ကေလး မီးညွိဖြာတာေပါ့ဗ်ာ။
ညံေတာကိုေရာက္ေတာ့မွ ၈နာရီေလာက္ရွိေသးတာဗ်။

ရြာေတာင္ပိုင္းက ကိုမင္းယာတို႕၀ိုင္းကို တန္းေမာင္းခဲ့တယ္။ ကိုရင္ေမာင္တို႕၀ိုင္းကို သြားလည္းရပါတယ္။

ဒါေပမဲ့ ဒီရက္မ်ိဳးမွာ သူတို႕အိမ္က လူ၀င္လူထြက္ သိပ္မ်ားမွာဗ်။ ဒါေၾကာင့္ ကိုမင္းယာတို႕၀ိုင္းပဲ လာခဲ့တာ။

“ဟာ . . . ထူးထူးဆန္းဆန္းပါလားကြ တာေတရ”
၀ိုင္းထဲ၀င္တာနဲ႕ ကိုမင္းယာရဲ႕ အသံၾသၾသၾကီးကို ၾကားရေတာ့တာပဲဗ်ိဳ႕။

“ေဟ . . . ထေနာင္းကုန္းက တာေတလားကြ”
အိမ္ေပၚက အသံတစ္သံ ၾကားလိုက္တယ္။ ဘယ္သူ႕အသံမွန္း မသိဘူးဗ်။

“ဟုတ္ပဗ်ာ။ ညံေတာေဘးမဲ့ပြဲ မေရာက္တာၾကာလို႕ သက္သက္ကိုလာခဲ့တာဗ်။

ေဟာဒီမွာ က်ဳပ္ညီႏွစ္ေယာက္လည္း ပါသဗ်”

“ဟာ . . . ေကာင္းတာေပါ့ တာေတရ။ ဒီႏွစ္ လႊတ္စည္မွာဗ်။ လႊတ္ႏြားခ်ည္း ဆယ့္ငါးေကာင္ဗ်။

ငါတို႕အိမ္က တစ္ေကာင္ပါတယ္ကြ”
“ဟာ . . . ဟုတ္လားဗ်”

“ေဟ့ေကာင္ တာေတ၊ မျမင္တာၾကာေပါ့”
ကိုမင္းယာရဲ႕ညီ ကိုမင္းဒင္ဗ်။ သူတို႕ညီအစ္ကိုေတြက

က်ဳပ္ထက္ေတာ့ ေလးငါးႏွစ္ ၾကီးၾကတယ္ဗ်။ ဒါေပမဲ့ က်ဳပ္ျမိဳ႕ေက်ာင္းမွာတက္တုန္းက ကိုမင္းဒင္နဲ႕ အတူတူဗ်။

သူက က်ဳပ္ထက္ ႏွစ္တန္းၾကီးတယ္။
“ဟုတ္တယ္ ကိုမင္းဒင္ေရ၊ ယာထဲ အဘနဲ႕ လိုက္တဲ့အခါလိုက္၊

ရပ္ေရးရြာေရးလုပ္နဲ႕ အခ်ိန္ကုန္တာပါပဲဗ်ာ”
“ဟုတ္ကဲ့လား . . . တာေတရ။ ငါၾကားတာေတာ့

ဒါေလာက္မကဘူးေနာ္။ တေစၦ၊ သရဲေတြေတာင္ မင္းက ႏွင္ထုတ္နုိင္ေနတယ္ဆို”

“ဟာ . . . မဟုတ္ပါဘူးဗ်။ က်ဳပ္ ဘာမွတတ္တာမဟုတ္ပါဘူး ကိုမင္းယာရယ္။ ဆရာေတြနဲ႕လိုက္ျပီး အကူအညီ ေပးတာပါဗ်ာ”

“ဟာ . . . ကိုစံမိုးၾကီးပါလား”
အိမ္ေပၚေရာက္ေတာ့ ကိုစံမိုးကို သြားေတြ႕တာဗ်။

ကိုစံမိုးဆိုတာက ကိုမင္းယာ သူငယ္ခ်င္းေလ။ ဒီညံေတာသားပါပဲ။ ဒါေပမဲ့ ျမိဳ႕ကို ေျပာင္းသြားျပီး ျမိဳ႕မွာပဲ အိမ္ေထာင္က်ေနတာဗ်။

အခုညံေတာေဘးမဲ့ပြဲကို ျပန္လာတာျဖစ္မယ္။
“ေစာေစာက မင္းကို လွမ္းေမးတာ ငါေလကြာ”

“ေၾသာ္ . . . ဒါေၾကာင့္ က်ဳပ္စဥ္းစားေနတာဗ်။ ဒီအသံၾကားဖူးပါတယ္လို႕”

မေတြ႕တာၾကာေနတာ့ ဟိုလူ႕သတင္းေမး၊ ဒီလူ႕သတင္းေမးနဲ႕ စကား၀ိုင္းက စည္ေနေရာဗ်ိဳ႕။

ေက်ာက္ခဲနဲ႕ သံမဏိကေတာ့ ကိုမင္းယာတို႕ညီအစ္ကိုခ်ေကၽြးတဲ့ မုန္႕ဆီေၾကာ္ေတြကို အားရပါးရ စားေတာ့တာဗ်ိဳ႕။

က်ဳပ္တို႕အညာမွာက ဒီလို အလွဴအတန္းမ်ားရွိလို႕ကေတာ့ မုန္႕ဆီေၾကာ္က တန္းေၾကာ္ေတာ့တာဗ်ိဳ႕။

“နို႕. . . ကိုမင္းယာတို႕ အဘနဲ႕ အေမေရာ မျမင္ပါလား”
“ဟာ . . . တာေတကလည္း၊ ဒီလိုရက္မ်ိဳးမွာ ဘယ္ျမင္လိမ့္မတံုး။

ေဘးမဲ့ပြဲလုပ္မယ့္ ေရွးေက်ာင္းၾကီးမွာ ထမင္းဟင္းေတြ ခ်က္ေနျပီေလကြာ။ ဒီမနက္စာကစျပီး ထမင္းေကၽြးရတာကြ”

“ေၾသာ္ . . . ဟုတ္သားပဲ”
“ဒီည ဆိုင္းက မႏၱေလးက စိန္ဟန္ေမာင္ဆိုင္းေလကြာ။

နာမည္ၾကီးကြ တာေတရ။ ဒီႏွစ္ေဘးမဲ့ပြဲက လူေတာ္ေတာ္လာမွာကြ။ ေစာေစာက မင္းဒင္ျပန္လာေတာ့ ေရွးေက်ာင္းၾကီးမွာ

လွည္း၀ိုင္းခ်ထားတာ မနည္းဘူးဆိုပဲ”
“ဟင္ . . . ေကာင္းတာေပါ့ဗ်ာ”

က်ဳပ္တို႕လည္း စကားေျပာၾကဆိုၾကနဲ႕ ထမင္းစားခ်ိန္ေရာက္ေတာ့ ကိုမင္းဒင္နဲ႕ ေက်ာ္မိုးက ထမင္းပြဲၾကီး ျပင္ေရာဗ်။

“တာေတေရ . . . ဟင္းကေတာ့ သက္သက္လြတ္ပဲကြ။ ဒီရက္ေတြဆိုရင္ တို႕တစ္ရြာလံုး

သက္သက္လြတ္စားၾကတာေလကြာ”
“ဟာ. . . ကိုမင္းဒင္ကလည္း၊ က်ဳပ္သိပါတယ္ဗ်။
ကဲ . . . လာေဟ့ . . .ေက်ာက္ခဲနဲ႕သံမဏိ”

က်ဳပ္တို႕လည္း လွည္းစီးလာရတာဆိုေတာ့ ဗိုက္ဆာတာေပါ့ဗ်ာ။ သီးစံုဟင္းကလည္း ေကာင္းပါ့ဗ်ာ။

ငံျပာရည္ခ်က္စပ္စပ္ကေလးနဲ႕၊ သရက္သီးစိတ္ကေလးနဲ႕ စားေကာင္းလိုက္တာ မေျပာပါနဲ႕ေတာ့ဗ်ာ။

ထမင္းစားေသာက္ျပီးေတာ့ က်ဳပ္တို႕အညာဓေလ့ေပါ့ဗ်ာ။ လက္ဖက္သုပ္နဲ႕ ေရေႏြးၾကမ္း၊ ထန္းလ်က္ခဲ၊ ေျမပဲေၾကာ္၊

နဂါးေဆးေပါ့လိပ္ကေလး ဖြာလို႕ေလဗ်ာ။
ဗိုက္ကေလးကလည္း တင္းသြားေတာ့

ေဆးလိပ္ကေလးဖြာလိုက္တာနဲ႕ မ်က္စိကေလးကလည္း စင္းလာေရာဗ်ာ။

ဒါေပမဲ့ တစ္ခါတေလမွ ေတြ႕ရတဲ့သူေတြဆိုေတာ့ စကားကေလး တေျပာေျပာေနၾကတာေပါ့ဗ်ာ။

“တာေတ . . . တာေတ . . . မင္းေရာက္ေနတယ္ဆို”
“ဟင္ . . . ဘယ္သူတံုးဗ် ကိုမင္းယာ၊ က်ဳပ္ကိုေခၚေနတာ”

ေျပာေျပာဆိုိဆို ကိုမင္းယာက အိမ္ေရွ႕ျပတင္းေပါက္ကေန ငံု႕ၾကည့္လိုက္တယ္။

“ဟာ . . . ေဟ့ေကာင္ေတြ အထူးအဆန္းပဲကြ”
“ေဟ. . . ဘာျဖစ္လိို႕တံုးဟ မင္းယာရဲ႕”

ကိုစိန္မိုုးက ကိုမင္းယာကို ေမးတာဗ်။
“တာေတ့ကို လာေခၚတာ ဘယ္သူလို႕ထင္တံုး”

“ဟာ. . . မသိဘူးေလကြာ။ ဘယ္သူေခၚတာတံုး”
“ရင္ေကာင္ဗ်၊ ရင္ေကာင္”

“ေဟ . . . ရင္ေကာင္ဟုတ္လား။ ရင္ေမာင္ညီ ရင္ေကာင္မို႕လား။ ဟ. . . ဒီေကာင္ရူးေနတယ္ဆို”

ကိုစိန္မိုးက အံ႔ၾသသြားသဗ်။ က်ဳပ္ကလည္း အံ႕ၾသတာာေပါ့ဗ်ာ။

ေက်ာက္ခဲနဲ႕ သံမဏိကလည္း အရူးလာေခၚတာဆိုေတာ့ အံ့ၾသေနတာေပါ့ဗ်ာ။

“ဒါဆိုေခၚလိုက္ဗ်ာ”
က်ဳပ္က ကိုမင္းယာကို ေျပာေတာ့ ကိုမင္းယာက . . .

“ဟာ . . . တာေတ၊ ရင္ေကာင္က ဘယ္သူ႕အိမ္မွ တက္တာမဟုတ္ဘူးကြ။ ငါေခၚလည္း လာမွာမဟုတ္ဘူး။ လာ. . . မင္းလာၾကည့္”

က်ဳပ္ ကိုမင္းယာေဘးကေန ရပ္ျပီး ငံု႕ၾကည့္လိုက္တယ္။ဆံပင္ရွည္ၾကီးနဲ႕ဗ်။ ဆံပင္ေတြက ပခံုးေပၚမွာ ၀ဲက်ေနတယ္။

မ်က္တြင္းက ေဟာက္ပက္နဲ႕။ ႏႈတ္ခမ္းေမြးေတြကလည္း ေတာ္ေတာ္ရွည္ေနျပီ။

“ဟာ. . . ကိုရင္ေကာင္ကို က်ဳပ္လံုး၀ မမွတ္မိေတာ့ဘူးဗ်။ ပံုပ်က္ပန္းပ်က္ကို ျဖစ္ေနတာပါလား”

“ေၾသာ္ . . . တာေတကလည္း၊ ရူးေနပါတယ္ဆိုမွကြာ ဘယ္မွာ နဂိုရုပ္ရွိေတာ့မွာလဲကြာ”

က်ဳပ္တို႕ကို ၀ိုင္း၀ကေန ေမာ့ၾကည့္ေနတာဗ်။ ၀ိုင္းထဲလည္း ၀င္မလာဘူး။ ပုဆိုးက ဒူးေခါင္းေလာက္ ၀တ္ထားတာ။

အေပၚက ဖ်င္ၾကမ္းအကၤ်ီအျဖဴ လက္ရွည္ကို အျပင္ခ်ျပီး ဖားလ်ားၾကီး ၀တ္ထားတယ္။

“တာေတ. . . ေအာက္ဆင္းခဲ့ဦး”
သူ က်ဳပ္ကို လွမ္းေခၚေနတာ။ က်ဳပ္ခ်က္ခ်င္းပဲ ေလွကားက
ဆင္းခဲ့တယ္။

“ကိုၾကီးတာေတ. . . သတိထားေနာ္”
ေက်ာက္ခဲက က်ဳပ္ကို လွမ္းျပီးသတိေပးတယ္။

က်ဳပ္၀ိုင္းထဲေရာက္ေတာ့ ကိုရင္ေကာင္က က်ဳပ္ကို ျပံဳးျပံဳးၾကီးၾကည့္ေနတယ္ဗ်ိဳ႕။ သူ႕ကိုၾကည့္ရတာ ၀မ္းသာအားရ

ျဖစ္ေနပံုပဲဗ်။
“တာေတ . . . မင္းက ဒီပံုအတိုင္းပါပဲလားကြ”

က်ဳပ္ကို ကိုရင္ေကာင္က ျပံဳးျပီး ႏႈတ္ဆက္လိုက္တယ္။
“ကိုရင္ေကာင္ အေတာ္ပိန္သြားတာပဲ”

က်ဳပ္က စိတ္မေကာင္းျဖစ္သြားျပီး ပါးစပ္က လႊတ္ခနဲ ေျပာလိုက္မိတယ္။

“ဟေကာင္ တာေတရ၊ ငါက ရူးေနတာေလကြာ။ ထမင္းမွန္း၊ ဟင္းမွန္းမသိေအာင္ကို ရူးေနတာဆိုေတာ့ ပိန္ေတာ့တာေပါ့ကြာ”

“ဗ်ာ”

က်ဳပ္ေတာ္ေတာ္ အံ့ၾသသြားတယ္ဗ်။ ကိုရင္ေကာင္ အၾကည့္ေတြ၊ ျပီးေတာ့ ေျပာတဲ့စကားေတြက အရူးပံုစံမဟုတ္ဘူးဗ်။

“မင္း ငါနဲ႕ ခနလိုုက္ခဲ့ကြ တာေတ။ ငါ မင္းကို ေျပာစရာေတြ ရွိေနလို႕ကြ။ ဒီရက္မွာမွ မင္းေရာက္လာတာ ငါေတာ္ေတာ္ကို ၀မ္းသာေနတာကြ”

“ကိုရင္ေကာင္ ခင္ဗ်ားေနေကာင္းေနတာလား”
“ေအး . . . ဟုတ္တယ္ တာေတ။ ငါေနေကာင္းသြားတာ တစ္ရက္၊ ႏွစ္ရက္ေလာက္ပဲ ရွိေသးတယ္ကြ။

ဘယ္သူမွေတာင္ မသိၾကေသးဘူး။ မသိဆို အိမ္မွာလည္း ဘယ္သူမွ မရွိၾကဘူးေလကြာ။ ေဘးမဲ့ပြဲကိစၥနဲ႕ အဘတို႕၊ အေမတို႕ေရာ၊

ကိုၾကီးရင္ေမာင္ေရာ အလုပ္မ်ားေနၾကတာမို႕လား။ ငါျပန္ေနေကာင္းတာ သူတို႕ေတာင္ မသိေသးဘူးကြ”

“ကိုရင္ေကာင္ ဘယ္လိုျဖစ္သြားတာတံုးဗ်”
“ငါ အဲဒီအေၾကာင္းေတြ မင္းကို ေျပာျပခ်င္လို႕ လာေခၚတာကြ။

ငါတို႕အိမ္ကို ခဏလိုက္ခဲ့ကြာ။ အိမ္မွာ ဘယ္သူမွမရွိၾကေတာ့ဘူးကြ။ ဘုန္းၾကီးေက်ာင္းမွာ ညကတည္းက သြားအိပ္ၾကတာ။ အိမ္မွာက

ငါတစ္ေယာက္ပဲ က်န္ေနတာ။ ဒါေၾကာင့္ မင္းနဲ႕ လြတ္လြတ္လပ္လပ္ စကားေျပာခ်င္လို႕ လာေခၚတာကြ”

“နို႕ . . . က်ဳပ္ေရာက္ေနတာ ကိုရင္ေကာင္ ဘယ္လိုသိတံုး”
“ငါတို႕၀ိုင္းေရွ႕က ေစ်းဆိုင္မွာ မင္းယာရဲ႕တူ

ေက်ာ္မိုးနဂါးေဆးေပါ့လိပ္တို႕၊ လက္ဖက္တို႕ လာ၀ယ္ရင္း ေျပာေနတာ ၾကားလိုက္လို႕ကြ။ ထေနာင္းကုန္းက

ဧည့္သည္ေရာက္လို႕ဆိုေတာ့ ဆိုင္ရွင္က ဘယ္သူလဲလို႕ ေမးတယ္။ ေက်ာ္မိုးက ကိုတာေတတဲ့ဗ်လို႕ ျပန္ေျပာတာ ငါၾကားလိုက္လို႕

မင္းေရာက္ေနမွန္း ငါသိတာကြ”
“ကိုမင္းယာေရ . . . က်ဳပ္ ကိုရင္ေကာင္တို႕အိမ္ကို

ခဏလိုက္သြားဦးမယ္ဗ်ိဳ႕”
က်ဳပ္က ျပတင္းေပါက္မွာရပ္ျပီး ၾကည့္ေနတဲ့ ကိုမင္းယာကို

ေမာ့ျပီးေျပာလိုက္တယ္။ ျပီးေတာ့ ကိုရင္ေကာင္နဲ႕ လိုက္လာခဲ့တယ္။ လမ္းမွာေတြ႕တဲ့လူေတြက အရူးနဲ႕ စကားတေျပာေျပာလုပ္ျပီး

ေလွ်ာက္လာတဲ့ က်ဳပ္ကို အထူးအတန္း ျဖစ္ေနၾကတာေပါ့ဗ်ာ။ ဟိုလူၾကည့္၊ ဒီလူၾကည့္နဲ႕ဗ်။

ကိုရင္ေကာင္တို႕အိမ္က အၾကီးၾကီးဗ်။ လူခ်မ္းသာရဲ႕ အိမ္ကိုဗ်။
“ေရာ့ . . . ေသာက္ေဟ့ တာေတ။ မင္းက နဂါးေဆးေပါ့လိပ္

ၾကိဳက္တယ္ဆိုတာ ေစာေစာက ေက်ာ္မိုးေျပာလို႕ ငါသိတာ။ ကိုရင္ေမာင္ကလည္း နဂါးေသာက္တယ္ေလကြာ”

က်ဳပ္က နဂါးေဆးေပါ့လိပ္ကို မီးညွိျပီး ဖြာလိုက္တယ္။ မီးခိုးေတြကို အားရပါးရ မႈတ္ထုတ္လိုက္ျပီး . . .

“ကဲ . . . ကိုရင္ေကာင္ ေျပာဗ်ာ။ ခင္ဗ်ား ဘာျဖစ္တာလဲဆိုတာ။ က်ဳပ္က ေတာ္ေတာ္ကို သိခ်င္ေနျပီဗ်”

ကိုရင္ေကာင္က သက္ျပင္းတစ္ခ်က္ ခ်လိုက္တယ္။
“အင္း . . . မနက္ျဖန္ ကဆုန္လျပည့္ေန႕ေနာ္ တာေတ”

“ဟုတ္တယ္ေလ ကိုရင္ေကာင္”
“အဲဒီလို လျပည့္ေန႔မွာ ငါရူးသြားတာေပါ့ကြ တာေတရဲ႕”

“ဟာ . . . ဟုတ္လား ကိုရင္ေကာင္”
“ဒီ္လိုကြ တာေတရ။ ငါတို႕ရြာရဲ႕ ေျမာက္ဘက္က

ယာေတာတစ္ခုထဲမွာ အိ္မ္၀ိုင္းၾကီးတစ္ခု ရွိတယ္”
“ဘယ္လိုလဲဗ် ကိုရင္ေကာင္ရဲ႕။ အိမ္၀ိုင္းက ရြာျပင္မွာဟုတ္လား။ ရြာထဲမွာ မဟုတ္ဘူးလား”

“ဟုတ္တယ္ တာေတ၊ ရြာျပင္မွာကြ။ ၀ိုင္းက အက်ယ္ၾကီးပဲ။ အထဲမွာ တိုက္ပ်က္ၾကီးတစ္လံုး ရွိတယ္။ ျပီးေတာ့ ၀ိုင္းအေနာက္ဘက္မွာ

ပ်ိဳက်ေနတဲ့ တန္းလ်ားလိုလို တစ္ခုလည္းရွိေသးတယ္။ ၀ိုင္းၾကီးတစ္ခုလံုးကေတာ့ မရန္းပင္ေတြ၊ သရက္ပင္ေတြ၊

ဂြးခ်ိဳပင္ေတြနဲ႕ ျပည့္ေနတာကြ။ အပင္ၾကီးေတြမွ နည္းတဲ့ လံုးပတ္ၾကီးေတြ မဟုတ္ဘူးေဟ့။ အသီးေတြဆိုတာကလည္း

သီးလိုက္သမွ ျပြတ္ခဲေနတာကြ။ တစ္၀ိုင္းလံုးမွာ ခ်ံဳေတြကလည္းျပည့္ေနတာေပါ့ကြာ။ လူသူအသြားအလာမွမရွိတာ”

“ဟင္ . . . အဲဒီအထဲက သစ္သီး၀လံေတြကို သြားျပီးမခူးၾကဘူးလားဗ်”

“ဟာ . . . ဒါေတာ့ ခူးၾကတာေပါ့ကြာ။ ေန႕ဘက္ကို လူစုျပီး သြားၾကတာေပါ့။ ေမွာင္လာရင္ေတာ့ အဲဒီ၀ိုင္းၾကီးနားကို

ျဖတ္ေလွ်ာက္ရဲတဲ့လူေတာင္ မရွိဘူးကြ”
“ဘာျဖစ္လို႕တံုး ကိုရင္ေကာင္ရဲ႕”

“အို . . . ဘာျဖစ္ရမွာတုန္း တာေတရဲ႕။ အင္မတန္ သရဲေျခာက္တယ္လို႕ ဒီအနီးအနားတစ္၀ိုက္က လူတိုင္းသိတာကြ”

“ဟင္ . . . ဟုတ္လား။ တကယ္ေျခာက္တာေရာ ဟုတ္ရဲ႕လားဗ်”
“တကယ္ေျခာက္တာေပါ့ကြ။ ေျခာက္လို႕ ငါရူးသြားတာေလ”

“ဗ်ာ . . . ကိုရင္ေကာင္ ရူးသြားတာ အဲဒီ၀ိုင္းထဲက သရဲေျခာက္လိုက္လို႕ ဟုတ္လား”

“ဟုတ္တယ္ တာေတ။ ငါေျပာျပမယ္။ အဲဒီ၀ိုင္းၾကီးက ခ်စ္တီးကုလားၾကီး ပိုင္တဲ့၀ုိင္းၾကီးကြ။ အဲဒီ၀ိုင္းထဲမွာ အစက

ဆီၾကိတ္တဲ့စက္ ရွိတယ္တဲ့။ ငါတို႕ေတာ့ ဘယ္မီမလဲ။ လူၾကီးေတြ ျပန္ေျပာၾကတာေပါ့ကြာ။ ခ်စ္တီးက ဗမာမနဲ႕ညားတာေဟ့။

အဲဒီခ်စ္တီးေသသြားေတာ့ ဗမာမက ဒီမွာပဲ ဆက္ေနတာတဲ့။ အခုလိုအမ်ိဳးအေဆြေတြနဲ႕ပဲ ဆီဆံုကို ဆက္လုပ္ေနတာဆိုပဲ။ အခုလို

ကဆုန္လျပည့္ညမွာ သူ႕အိမ္သားေတြက ေရွးေက်ာင္းၾကီးက ေဘးမဲ့ပြဲမွာ အျငိမ့္သြင္းေတာ့ တစ္အိမ္လံုး ပြဲသြားၾကည့္ၾကတာတဲ့။

အိမ္မွာ အဲဒီခ်စ္တီး မိန္းမၾကီးပဲ က်န္ခဲ့တာဆိုပဲ။ ဒီမွာတင္ ဓားျပတိုုက္ခံရတာတဲ့ေဟ့။ ဓားျပက ပစၥည္းေတြေတာင္းမွာေပါ့ကြာ။

ဒီမိန္းမက မီးခံေသတၱာေသာ့ ၀ွက္ထားတဲ့ေနရာကို မေျပာဘူးထင္ပါတယ္။ ဓားျပက ဆန္ေကာကို ေဖာက္ျပီး

စိ္န္လည္ဂ်ာလွည့္ေတာ့တာေပါ့ကြာ။ ရြာထဲမွာကလည္း ရြာလံုးကၽြတ္ပြဲသြားၾကည့္ေနၾကတာဆိုေတာ့ ေအာ္သံဟစ္သံလည္း

မၾကားၾကဘူးေပါ့ကြာ။ ေနာက္ေတာ့လည္း ဒီမိန္းမၾကီးက မခံနိုင္ေတာ့ ေသာ့ေပးလိုက္ရမွာေပါ့ကြာ။ မနက္မိုးလင္းခါနီးေလာက္

သူ႕အိမ္သားေတြ ျပန္လာေတာ့ မီးခံေသတၱာလည္း ေဟာင္းေလာင္းၾကီးပြင့္လို႕တဲ့။ မိန္းမၾကီးလည္း

စိန္လည္ဂ်ာလွည့္ထားတဲ့ လည္ပင္းက ေသြးထြက္လြန္ျပီး ေခါင္းငိုက္စိုက္ၾကီး က်ျပီး ေသေနေရာတဲ့ကြ။ သူ႕ကို

စိ္န္လည္ဂ်ာလွည့္တဲ့ေနရာက ဒီမိန္းမၾကီးအိပ္တဲ့ အိပ္ခန္းၾကီးထဲမွာတဲ့ကြ။ ကုလားထိုင္မွာ ထိုင္ခိုင္းျပီး ၾကိဳးနဲ႕တုပ္ျပီး

လွည့္တာတဲ့ေဟ့။ အဲဒီေရွ႕တည့္တည့္မွာ ကိုယ္လံုးေပၚမွန္ၾကီး တစ္ခ်ပ္ကလည္း ရွိတယ္တဲ့။ ထူးဆန္းတာက အဲဒီမွန္ၾကီးမွာ

အက္ေၾကာင္းေတြ ထင္ေနသတဲ့ကြ။ လူေတြက ထင္တာကေတာ့ ဒီမိန္းမကို ဓားျပကရိုက္ပုတ္ေမးရင္းျမန္းရင္းနဲ႕ တစ္ခုခုနဲ႕

ထိမိသြားတာျဖစ္မယ္လို႕ ထင္ၾကတာေပါ့ကြာ။ ဒါေပမဲ့ ထူးဆန္းတာက အဲဒီမွန္ၾကီးက အဲဒီအခ်ိန္ကစျပီး

အရိပ္မေပၚေတာ့ဘူးကြ”
“ဗ်ာ . . . ဘယ္လို . . . ဘယ္လိုဗ် ကိုရင္ေကာင္”

“အဲဒီမွန္မွာ ဘာပံုရိပ္မွ မေပၚေတာ့ဘူးကြ တာေတရ။ မွန္ေရွ႕မွာ မင္းရပ္ရင္လည္း မင္းပံုမေပၚဘူး။ ငါရပ္ရင္လည္း ငါ့ပံုမေပၚဘူးကြ။ ဒါကိုေျပာတာ”

“ဟာ . . . ဟုတ္ရဲ႕လားဗ်ာ။ မွန္ပါဆိုေနမွေတာ့ ပံုမေပၚဘဲ ရွိပ့ါမလားဗ်”

“ဟုတ္တယ္ တာေတ။ ငါတို႕ငယ္ငယ္ေလးကတည္းက လူစုျပီး အဲဒီတိုက္ပ်က္ၾကီးကို သြားၾကတာ။ အိမ္ေပၚထပ္ကိုတက္ျပီး

အက္ေၾကာင္းေတြျပည့္ေနတဲ့ မွန္ၾကီးေရွ႕မွာ ရပ္ရပ္ျပီး ၾကည့္ၾကတာ . . . ဘယ္သူ႕အရိပ္မွ မေပၚဘူးကြ”

“ဟင္ . . . အဲဒီမွန္ၾကီးက အခု ဘယ္ေရာက္သြားတံုးဗ်”
“ဘယ္မွ မေရာက္ဘူးေလကြာ။ အဲဒီအိမ္ပ်က္ၾကီးရဲ႕ အေပၚထပ္မွာ

အခုထိ ရွိေနတာပဲေလ”
“ႏို႕ . . . ကိုရင္ေကာင္ ရူးသြားတာက ဒီအိမ္ၾကီးနဲ႕ ဘယ္လိုပတ္သတ္ေနတာတံုးဗ်”

“အဲဒီႏွစ္က ေဘးမဲ့ပြဲက ဒီႏွစ္လိုပဲ လႊတ္စည္တာကြ။ ကဆုန္လျပည့္ညမွာ ပြဲလာၾကည့္တဲ့ ထိန္ကုန္းက

ငါ့သူငယ္ခ်င္းေအာင္သန္းကို ရြာျပင္ဘက္လိုက္ပို႕တာေပါ့။ ေအာင္သန္းကို ပို႕ျပီးေတာ့ ျပန္လာတဲ့အခ်ိန္မွာ အဲဒီ၀ုိင္းၾကီးဘက္ကို လွမ္းၾကည့္လိုက္မိတာကြ”

“ဟင္ . . . ကိုရင္ေကာင္ ဘာေတြ႕လို႕တံုး”
“မီးေရာင္ေဟ့ . . . မီးေရာင္။ တိိုက္ပ်က္ၾကီးအေပၚထပ္က

ျပတင္းေပါက္မွာ လင္းေနတာကြ။ ဒါနဲ႕ ငါလည္း အဲဒီတိုက္ပ်က္ၾကီးဆီ သြားၾကည့္မယ္လို႕ ဆံုးျဖတ္လိုက္တာ”

“နို႕ . . . ကိုရင္ေကာင္ မေၾကာက္ဘူးလား”
“ငါမေၾကာက္တတ္ဘူးကြ တာေတရ။ ငယ္ငယ္ကတည္းကကို

ငါမေၾကာက္တတ္တာ။ ငါသစ္သားေလွကားၾကီးကေန အိမ္ေပၚထပ္ကို တက္ခဲ့တာ။ ေလွကားၾကီးကလည္း ေဟာင္းေနေတာ့

လႈပ္တုတ္လႈပ္တုတ္နဲ႕ကြ။ အေပၚထပ္ေရာက္ေတာ့ အလင္းေရာင္က အိပ္ခန္းထဲက ထြက္ေနတာကြ. ငါလည္း အိပ္ခန္းထဲ ၀င္ၾကည့္တာေပါ့”

“ဟင္ . . . ဘာေတြ႕တံုးဗ်”
“ဖေယာင္းတိုင္ၾကီးတစ္တိုင္ ထြန္းလို႕ကြ။ ဖေယာင္းတိုင္မွ

ေသးေသးမဟုတ္ဘူးေဟ့။ ၀ါဆိုဖေယာင္းတိုင္ၾကီးကြ။ ဘယ္သူမ်ားရွိေနတံုးဆိုျပီး ငါအိမ္ၾကီးထဲမွာ

လွည့္ပတ္ၾကည့္ေသးတယ္။ လူရွိလားဗ်ိဳ႕လို႕ ငါအသံျပဳၾကည့္ေသးတယ္။ ဘာသံမွ် မၾကားဘူးကြ။ ရြာထဲက ပြဲက

ဆိုင္းသံကလည္း ဆူေနေတာ့ ငါအသံပဲ မၾကားလို႕လားဆိုျပီး သံုးေလးခါ ေအာ္ၾကည့္တာကြ”

“နို႕ . . . ေနပါဦးဗ်။ ဖေယာင္းတိုင္က ဘယ္မွာထြန္းထားတာတုံုးဗ်”
“အက္ေၾကာင္းေတြထေနတဲ့ မွန္ၾကီးေရွ႕မွာကြ။ သံျပားကေလးခံျပီး

ထြန္းထားတာ။ အဲဒီမွာ ငါလန္႕သြားတာေပါ့”
“ဟင္ . . . ဘာကိုတံုးဗ်”

“ငါတို႕ငယ္ငယ္ကေလးတည္းက လာလာၾကည့္ေနတဲ့မွန္ၾကီးက ဘယ္တံုးကမွ ပုံရိပ္ေပၚတာမဟုတ္ဘူးကြ။ အခုၾကည့္လိုက္ေတာ့

မွန္ၾကီးထဲမွာ ငါ့ပံုက အထင္းသားၾကီး ေပၚလို႕ေဟ့ ”
“ဟာ . . . ဟုတ္လားဗ်”

“ငါအံ့ၾသျပီး ၾကည့္ေနတုန္းမွာကြာ မွန္္ထဲက ငါ့ပံုက ပါးစပ္ကိုျဖဲျပီး ျပဳံးျပံဳးၾကီး လုပ္ျပတယ္ကြ”

“ဟင္ . . . ခင္ဗ်ားျပံဳးလို႕ မွန္ထဲက ျပံဳးတာေနမွာေပါ့ဗ်။ မွန္ပါဆိုမွ ကိုရင္ေကာင္ရာ . . . “

“ဘယ္က ျပံဳးရမွာတုံးကြာ။ ငါအရမ္းအံ့ၾသသြားျပီး မွန္ထဲက ငါ့ပံုကို ေသေသခ်ာခ်ာၾကည့္မိတယ္ကြ။ ပါးစပ္ကျပံဳးေနရာကေန

တျဖည္းျဖည္းဟလာေရာေဟ့။ သြားေတြ တျဖည္းျဖည္းရွည္ထြက္လာလိုက္တာကြာ အစြယ္ၾကီးေတြ

ျဖစ္လာေရာေဟ့။ မ်က္လံုးၾကီးေတြကလည္း အၾကီးၾကီးေတြ ျဖစ္လာတယ္။ ငါၾကက္ေသေသျပီး ၾကည့္ေနတာ။

လႈပ္ကိုမလႈပ္မိဘူး။ ေနာက္ေတာ့ လည္ပင္းပတ္ပတ္လည္မွာ အနီစင္းၾကီးေပၚလာျပီး ေသြးေတြ စီးက်လာတာ ဒလေဟာပါပဲကြာ။

ဟာ . . . ဒီေတာ့မွ ငါခ်က္ခ်င္းသတိရသြားတာေပါ့။ ဒါ လူၾကီးေတြေျပာဖူးတဲ့ စိန္လည္ဂ်ာအလွည့္ခံရတဲ့

ခ်စ္တီးမိန္းမၾကီးပဲလို႕ ငါလွည့္ေျပးမယ္လုပ္ေတာ့ ငါ့တစ္ကိုယ္လံုး ေတာင့္ေတာင့္ၾကီး ျဖစ္ေနတာက လႈပ္လို႕ေတာင္မရဘူး တာေတ”

“ဟင္ . . . ဟုတ္လား”
“ဒီတုန္းမွာပဲ မွန္ထဲကေန လက္ၾကီးေဖာက္ထြက္လာျပီး ငါ့ကို

ဆြဲေတာ့မယ္ အလုပ္မွာ ငါ တအားလန္႕ျပီး အသံကုန္ေအာ္လိုက္မိတာကြ။ ဒီမွာတင္ ငါလႈပ္လို႕ရသြားျပီး ခ်ာခနဲ

လွည့္ေျပးေတာ့့တာေပါ့။ ေလွကားၾကီးကေန ေျပးအဆင္းမွာ ေျခေခ်ာ္ျပီး ျပဳတ္က်သြားတယ္။ ေခါင္းကို

ဘာနဲ႕ေဆာင့္လိုက္တယ္မသိပါဘူးကြာ။ သတိလစ္သြားတယ္။ သတိျပန္ရေတာ့ ငါ၀ိုင္းၾကီးထဲကေန ေျပးထြက္လာတာကြ။ ဒါေပမဲ့

ငါ့မွာ သတိမရွိေတာ့ဘူး။ ဘယ္ဘက္ကို ေျပးေနမွန္းကို မသိတာ။ ေနာက္ေတာ့ ငါ့ေခါင္းေတြမူးျပီး လဲက်သြားေရာေဟ့။ ငါသတိရေတာ့

အေနာက္ဘက္ကေတာထဲေရာက္ေနတာကြ။ ငါေတာထဲမွာ ဘယ္ေလာက္ၾကာေအာင္ သတိေမ့ေနလဲေတာ့ မသိဘူူး။

ရြာကိုျပန္ေရာက္ေတာ့ ငါ့ရြာကလူေတြကို တစ္ေယာက္မွကို မမွတ္မိေတာ့ဘူး။ ငါျမင္ခဲ့တာေတြကိုလည္း ဘာမွ သတိမရဘူး။

ငါ့အိမ္ကိုေတာင္ ငါမမွတ္မိဘူးကြ။ အဲဒီကတည္းကစျပီး ငါသြက္သြက္လည္ေအာင္ ရူသြားတာေပါ့ကြာ။ ျပန္ေကာင္းသြားတာ

တစ္ရက္၊ ႏွစ္ရက္ပဲ ရွိေသးတာ။ ငါ့အိမ္ကလူေတြေတာင္ ငါေကာင္းသြားတာ မသိၾကေသးဘူး တာေတ”

“မနက္ျဖန္ လျပည့္ညပဲဗ် ကိုရင္ေကာင္ရဲ႕”
“အဲဒါေၾကာင့္ မင္းေရာက္လာတာ ငါ၀မ္းသာသြားတယ္လို႕ ေျပာတာကြ”

“နို႕ . . . ကိုရင္ေကာင္က ဘာမ်ားလုပ္ခ်င္လို႕တံုး”

“ငါ အဲဒီမွန္ထဲက သရဲမၾကီးကို ရွင္းပစ္ခ်င္တယ္။ ဒီလိုမလုပ္ရင္ ဒီရြာကလူေတြ တစ္ေယာက္မဟုတ္တစ္ေယာက္ ငါ့လို ထပ္ျဖစ္ၾကလိမ့္မယ္ တာေတ”

“ေၾသာ္ . . . ဒီလိုေၾကာင့္လား”
“ဟုတ္တယ္ တာေတ။ ဒါေပမဲ့ ငါနားမလည္တာက မွန္ထဲကို

ဒီသရဲမၾကီး ဘယ္လိုေရာက္ေနတာတံုးဆိုတာပဲကြ”
“ဒါက ျဖစ္ႏိုင္တယ္ ကိုရင္ေကာင္ရ။ က်ဳပ္ကို က်ဳပ္ဆရာၾကီး စိုင္းႏြံဖ

ေျပာျပဖူးတယ္။ ေသခါနီးလူတစ္ေယာက္ဟာ မွန္ထဲက သူ႕ပံုကို စိုက္ၾကည့္ရင္းနဲ႕ ေသသြားရင္ အဲဒီမွန္မွာ ဖ်တ္ခနဲ

အက္ေၾကာင္းေတြထျပီး ၀ိညာဥ္က မွန္ထဲကို ၀င္သြားေရာတဲ့ဗ်။ ဒါေၾကာင့္ သိတဲ့လူေတြက အိမ္မွာ

လူတစ္ေယာက္ေသေတာ့မယ္ဆိုရင္ အိမ္မွာရွိတဲ့ မွန္ေတြကို အ၀တ္ေတြနဲ႕ လိုက္ျပီး အုပ္ၾကတာေပါ့ဗ်”

“ေဟ . . . အဲဒီလိုလားကြ တာေတရ။ ငါက ဒါေတြကို သိမွမသိတာ”
“ကိုရင္ေကာင္တို႕ ငယ္ငယ္က ဒီမွန္ၾကီးကို သြားသြားၾကည့္ၾကတာ

အရိပ္မေပၚဘူးဆို”
“ေအးေလ ဟုတ္တယ္”

“အဲဒီကတည္းက ဒီမွန္ၾကီး ထူးေနျပီိဆိုတာ သိရမွာဗ်”
“ဟာ . . . ထူးေနတာေတာ့ သိတာေပါ့ တာေတရ။ ဒီမွန္ထဲမွာ

သရဲမၾကီးရွိေနမယ္လို႕ေတာ့ ဘယ္သူမွ မေတြးမိဘူးေလကြာ။ ႏို႕ . . . ဖေယာင္းတိုင္က ဘယ္သူလာထြန္းတာတုံုးကြ”

“အဲဒါကေတာ့ ေတာ္ေတာ္ကို ထူးဆန္းေနတာဗ်။ က်ဳပ္အထင္ေျပာရရင္ေတာ့ ဒီမိန္းမၾကီး လူ႕ဘ၀တုန္းက ညံေတာက

ေဘးမဲ့ပြဲမွာ ကုသိုလ္အျမဲလုပ္ဖူးတယ္နဲ႕ တူတယ္ဗ်။ ဒီကုသိုလ္ေၾကာင့္ ဒီလို ေဘးမဲ့ပြဲလုပ္တဲ့ ကဆုန္လျပည့္ညမွာ

ဖေယာင္းတိုင္တစ္တိုင္ အလိုလိုေပၚလာတာနဲ႕တူတယ္။ ျပီးေတာ့ မွန္ထဲကေန အျပင္ကို ဒီတစ္ညမွာ ထြက္လို႕ရတယ္နဲ႕ တူတယ္ဗ်”

“ဘာပဲျဖစ္ျဖစ္ တာေတရာ။ မနက္ျဖန္ ကဆုန္လျပည့္ညမွာ မင္းနဲ႕ငါ အဲဒီမွန္ၾကီးကို သြားျပီးရိုက္ခြဲပစ္လိုက္ၾကရေအာင္ကြာ။

ဘယ္ႏွယ့္တံုး. . . ”
“ဒီကိစၥကို မနက္ျဖန္ညမွာ က်ဳပ္လုပ္မွာပါ။ ဒါေပမဲ့ ရမ္းလုပ္လို႕ေတာ့

မျဖစ္ေသးဘူးဗ်။ ေတာ္ေတာ္ၾကာ အဲဒီမွန္ထဲကေန ထြက္သြားျပီး ရြာထဲက တျခားမွန္ေတြထဲ ေလွ်ာက္၀င္ေနမွ ဒုကၡေတြ ျဖစ္ကုန္မွာ ကိုရင္ေကာင္ရဲ႕”

“ေဟ. . . ဒါဆိုရင္ မင္းဘယ္လိုလုပ္မွာတံုး”
“က်ဳပ္လုပ္မယ္ ကိုရင္ေကာင္။ မနက္ျဖန္ညေတာ့

ခင္ဗ်ားဘယ္မွမသြားနဲ႕။ ဒီအိမ္ကပဲ က်ဳပ္ကိုေစာင့္ေန။ က်ဳပ္လာေခၚမယ္။ က်ဳပ္လာမေခၚမခ်င္း ခင္ဗ်ားဘယ္မွမသြားနဲ႕ေနာ္ ကိုရင္ေကာင္”

“ေအးပါကြာ”
“ေၾသာ္. . . ေနဦးဗ်။ ခင္ဗ်ားေကာင္းသြားတာကိုလည္း ဘယ္သူ႕မွ

မသိေစနဲ႕ဦး။ ဒီအတိုင္းသာ ဆက္ေနဦး ကိုရင္ေကာင္”
“ေအး. . . ေအး၊ ငါသေဘာေပါက္တယ္ တာေတ”

“ကဲ. . . ဒါဆိုရင္ က်ဳပ္ ကိုမင္းယာတို႕အိမ္ကို ျပန္ဦးမယ္”
ကိုမင္းယာတို႕ ၀ိုင္းထဲကို က်ဳပ္ျပန္ေရာက္လာေတာ့ အားလံုးက က်ုဳပ္ကိုေစာင့္ေနၾကတာဗ်ိဳ႕။

“ဟာ. . . တာေတရာ။ ငါတို႕မွာ မင္းအတြက္ စိတ္ပူေနၾကတာကြ။
မင္းကလည္း အရူးရင္ေကာင္ ေခၚတာပဲ လိုက္သြားရတယ္လို႕ကြာ”

ကိုမင္းဒင္က က်ဳပ္ကိုေျပာသဗ်။ က်ဳပ္က အျဖစ္အပ်က္ေတကို ခပ္တိုတုိပဲ သူတို႕ကို ေျပာျပတယ္။ သူတို႕လည္း ေတာ္ေတာ္ကို အ့ံၾသေနၾကတာေပါ့ဗ်ာ။

“တာေတ . . . မင္းသတင္းကိုေတာ့ ငါတို႕ ၾကားျပီးသားပါ။ ဒါေပမဲ့ မင္း ဒီကိစၥကို ႏုိင္ပါ့မလား”

“ဟာ . . . ရတယ္ ကိုမင္းယာ။ က်ုဳပ္ေစာေစာကေျပာသလို ၾကက္တစ္ေကာင္သာ ရွာေပးဗ်ာ။ ျပီးရင္ ထမင္းတစ္အိုးခ်က္မယ္ဗ်ာ”

“ဟာ. . . ဒီအတြက္ကေတာ့ မင္းဘာမွမပူနဲ႕။ မင္းေစာေစာက ေျပာျပီးကတည္းက မင္းဒင္နဲ႕ ေက်ာ္မိုး ရြာထဲသြားၾကျပီ။

မင္းလိုတာေတြအားလံုး ငါတို႕ အဆင္သင့္လုပ္ေပးမယ္။ မင္းဒင္က ငွက္ေပ်ာဖက္ပါ တစ္ခါတည္း ခုတ္လာမွာကြ။ မပူနဲ႕ တာေတ”

ကိုစိ္န္မိုးကလည္း ၀င္ေျပာတယ္ဗ်။ က်ဳပ္ေကာင္ေတြ ေက်ာက္ခဲနဲ႕ သံမဏိကေတာ့ ေပ်ာ္ေနတာေပါ့ဗ်ာ။ ဒီေကာင္ေတြက ဒီပြဲမ်ိဳးေတြ

သိပ္ၾကံဳခ်င္ၾကတာမို႕လား။ အခုေတာ့ တည့္တည့္ကို တိုးျပီေလ။
ညေရာက္တာနဲ႕ က်ဳပ္လိုခ်င္တာေတြ အားလံုးေရာက္လာတာဗ်ိဳ႕။

ထမင္းေတာင္းထဲမွာ ငွက္ေပ်ာဖက္နဲ႕ ထုပ္ထားတဲ့ ထမင္းထုပ္ၾကီးဗ်။ ၾကက္သားဟင္းနံ႕ကေတာ့ ငွက္ေပ်ာဖက္ကို ေပါက္ထြက္ေနတာဗ်ိဳ႕။ ေမႊးခ်က္ဗ်ာ. . . ။

ည ၉ နာရီေလာက္ေရာက္ေတာ့ ေက်ာ္မိုးက နတ္၀င္သည္ၾကီးေခၚျပီး ေရာက္လာေရာဗ်။ နတ္၀င္သည္ၾကီးက ထိန္ကုန္းကလို႕ ေျပာတယ္။

နာမည္က ေဒၚလံုးၾကည္တဲ့။ က်ဳပ္က ေဒၚလံုးၾကည္ကို အက်ိဳးအေၾကာင္းေျပာျပေတာ့ ေဒၚလံုးၾကည္ကလည္း

စိတ္ပါလက္ပါ ပါပဲဗ်ာ။ သူကူညီမယ္လို႕ ေျပာပါတယ္။
ဒါနဲ႕ ကိုမင္းယာရယ္၊ ေက်ာက္ခဲနဲ႕ သံမဏိရယ္၊ က်ဳပ္ရယ္၊

ေဒၚလံုးၾကည္ရယ္ ညံေတာသခ်ၤိဳင္းထဲကို ေရာက္လာေရာဗ်ိဳ႕။ ညံေတာသခ်ိဳင္းက အက်ယ္သားဗ်။ ေရွးေဟာင္းရြာၾကီးရဲ႕

သခ်ိဳင္းဆိုေတာ့လည္းအုတ္ဂူေတြ မ်ားသားဗ်။ ဂူပ်က္ ဂူေဟာင္းေတြေရာ၊ ဂူသစ္ေတြပါ မနည္းပါဘူးဗ်ာ။

ေက်ာက္ခဲက က်ဳပ္ကို ဓာတ္မီးနဲ႕ ထိုးျပတယ္။ က်ဳပ္က ခပ္ၾကီးၾကီး ဂူတစ္လံုးကို ေရြးလိုက္တယ္။ ေရွ႕မွာက ျမက္ခင္းကေလးနဲ႕ဆိုေတာ့

ေဒၚလံုးၾကည္အတြက္ ထိုင္လို႕ျပဳလို႕ ေကာင္းတာေပါ့ဗ်ာ။
က်ဳပ္က သံမဏိဆီက ထမင္းေတာင္းယူူျပီး ဂူေပၚမွာ

ျဖန္႕ခင္းလိုက္တယ္။ ေဒၚလံုးၾကည္ကေတာ့ ဂူေရွ႕က ျမက္ခင္းေပၚမွာ ဆံပင္ကို ဖားလ်ားျဖန္႕ခ်ျပီး လက္အုပ္ကေလးခ်ီေနတယ္။ က်ဳပ္က

ေရဖလားနဲ႕ ေရတစ္ခြက္လည္း ဂူေပၚတင္လ္ိုက္တယ္။ ျပီးေတာ့ ဂူထိပ္မ်ာ ဖေယာင္းတိုင္တစ္တိုင္ ထြန္းျပီး စိုက္လိုက္တယ္။
မဖဲ၀ါကို က်ဳပ္ပင့္ျပီေပါ့ဗ်ာ။

“အေရွ႕ေနထြက္ အေနာက္ေန၀င္ ေတာင္တံငါ့ကြန္ ေျမာက္ဓူ၀ံအတြင္း မည္သည့္ေနရာတြင္ ေရာက္ရွိလို႕ေနသည္ျဖစ္ေစ

က်ဳပ္တာေတ ပင့္ဖိတ္ပါတယ္ ထမင္းပြဲ ဟင္းပြဲမ်ားနဲ႕ ၾကိဳေနပါတယ္။ အျမန္ဆံုးသာၾကြခဲ့ပါ သခ်ိဳင္းရွင္မၾကီး မဖဲ၀ါဗ်ာ”

က်ဳပ္က မဖဲ၀ါကို ေနာက္တစ္ေခါက္ ထပ္ပင့္တယ္။
ျပီးေတာ့ ေနာက္တစ္ေခါက္. . . ။

“ဟီး . . . ဟီး. . . ဟီး. . . ဟီး. . . “ေၾကာက္စရာအသံၾကီးကို ၾကားလိုက္ရသည္။

ေဒၚလံုးၾကည္ လက္ၾကီးေတြေကြးေကာက္လာျပီး ပါးစပ္ကလည္း တဟီးဟီးနဲ႕ အသံၾကီးထြက္လာတယ္ဗိ်ဳ႕။ တစ္ကိုယ္လံုး

တဆတ္ဆတ္တုန္ေနတယ္။ ဖားလ်ားခ်ထားတဲ့ ဆံပင္ၾကီးေတြၾကားကေန အုတ္ဂူေပၚမွာျပင္ထားတဲ့ ထမင္းေတြ၊

ဟင္းေတြကို ၾကည့္ေနတယ္ဗ်။
ေဟာ ခုန္ျပီဗ်ိဳ႕၊ ခုန္ျပီ။ မဖဲ၀ါ ဂူေပၚကို လႊားခနဲ ခုန္တက္သြားျပီ။

ဟာ . . . စားျပီဗ်ိဳ႕။ ၾကက္သားဟင္းနဲ႕ ထမင္္းကို ျပိဳက္ခနဲ ျပိဳက္ခနဲ ကုန္ေအာင္ကို စားေနတာဗ်။ စားရင္းနဲ႕ က်ဳပ္ကို

မ်က္လံုးျပဴးၾကီးနဲ႕စုိက္ၾကည့္ေနတယ္။
“ဒီလိုပါ မဖဲ၀ါ။ ညံေတာရြာျပင္က တိုက္ပ်က္ၾကီးထဲမွာ

မွန္ၾကီးတစ္ခ်ပ္ရွိတယ္။ မွန္က ကြဲအက္ေနတယ္လို႕ ေျပာတယ္။ က်ဳပ္ေတာ့ မေရာက္ေသးပါဘူး။ အဲဒီမွန္ထဲမွာ

မေကာင္းဆိုး၀ါးရွိေနတယ္လို႕ ညံေတာက ကိုရင္ေကာင္က ေျပာလို႕ လူေတြအႏၱရာယ္မျဖစ္ေအာင္ ရွင္းပစ္ခ်င္လို႕ပါဗ်ာ”

“အရူး ရင္ေကာင္ေျပာတာမို႕လား။ ဟုတ္တယ္. . . ။ ဒီေကာင္မ ရင္ေကာင္ကုိေျခာက္လိုက္တာ။ ရင္ေကာင္ သြက္သြက္လည္ေအာင္

ရူးသြားတယ္။ အဲဒါ ခ်စ္တီးမယား သရဲမေလ။ ဒီေကာင္မက မွန္ထဲေအာင္းေနတာ။ မွန္ေရွ႕မွာ လာရပ္လို႕ေပၚတဲ့ပံုကို

သူ႕၀ိညာဥ္ပူးကပ္ျပီး ေျခာက္တာေလ။ တာေတ နင္ရွင္းခ်င္ရင္ သိမ္၀င္အပ္ခ်ည္နဲ႕ မွန္ကိုနာနာပတ္ျပီး င့ါဆီေခၚခဲ့။ ဒီအတိုင္း

မွန္ကိုရိုက္ခြဲလို႕ကေတာ့ ရြာထဲကမွန္ေတြထဲ၀င္ျပီး ေသာင္းက်န္းလိမ့္မယ္ ၾကားလား”

“ၾကားပါတယ္ မဖဲ၀ါ။ ဒါဆိုရင္ . . . မနက္ျဖန္ည သန္းေခါင္ေက်ာ္ရင္ က်ဳပ္ အဲဒီမွန္ကို ဒီညံေတာသခၤ် ိဳင္းထဲ ယူခဲ့ပါမယ္။ မဖဲ၀ါကိုယ္တိုင္ ရွင္းေပးပါ”

မဖဲ၀ါက ေခါင္းညိမ့္တယ္ဗ်။ ထမင္းေတြလညး္ ကုန္သြားျပီဆိုေတာ့ ေရခြက္ထဲကေရကိုေသာက္ျပီး အေပၚကိုေမာ့ၾကည့္တယ္။ ေဟာ

မဖဲ၀ါ သြားျပီဗ်ိဳ႕။ ေဒၚလံုးၾကည္ ေနာက္ကိုလန္က်သြားျပီ။ က်ဳပ္နဲ႕ ကိုမင္းယာက ေဒၚလံုးၾကည္ေနာက္ကို ေျပးေပြ႕ျပီး လႈပ္ႏႈိးရတယ္။

ေက်ာ္မိုးက ေဒၚလံုးၾကည္ကို ညတြင္းခ်င္း ထိန္ကုန္းကို လွည္းနဲ႕ ျပန္ပို႕တယ္။ က်ဳပ္က ေဒၚလံုးၾကည္ သံုးဖို႕ေပးလိုက္ပါတယ္။

ကိုမင္းယာက သိမ္၀င္အပ္ခ်ည္လံုးတစ္လံုး ေပးတယ္ဗ်။ သိမ္၀င္ခ်ည္လံုးဆိုတာကေတာ့ဗ်ာ ရဟန္းေလာင္းသိမ္၀င္ရင္

ထည့္ေပးလိုက္တဲ့ ခ်ည္လံုးေပါ့ဗ်ာ။
ကဆုန္လျပည့္ည ၁၀နာရီထိုးေတာ့ က်ဳပ္ရယ္၊ ကိုရင္ေကာင္ရယ္၊

ကိုမင္းယာရယ္၊ က်ဳပ္ေကာင္ေတြ ေက်ာက္ခဲနဲ႕သံမဏိရယ္ ရြာျပင္က တိုက္ပ်က္ၾကီးရွိတဲ့ ၀ိုင္းၾကီးကုိ လာခဲ့ၾကတယ္ဗ်။

က်ဳပ္တို႕ ၀ိုင္းထဲကို ခ်က္ခ်င္းမ၀င္ဘူးဗ်။ အျပင္ကပဲ အရိပ္အျခည္ကို ၾကည့္ေနၾကတာ။ ၁၂နာရီထိုးေတာ့မွ . . .

“ဟာ . . . ကိုၾကီးတာေတ၊ ဟိုမွာ . . . ဟိုမွာ”
ေက်ာက္ခဲက ခပ္တိုးတိုးေျပာေရာဗ်။

“ဘာတံုး ေက်ာက္ခဲရ”
“ဟိုမွာ . . . ဟိုမွာာ အိမ္ပ်က္ၾကီးက မီးလင္းသြားျပီဗ်”

ဟာ . . . ဟုတ္သားဗ်။ တုိက္ပ်က္ၾကီးအေပၚထပ္က ျပတင္းေပါက္က အလင္းေရာင္ထြက္လာတယ္။

“ကဲ . . . ဒါဆိုိ သြားၾကစို႕”
က်ဳပ္တို႕အုပ္စု ၀ိုင္းထဲ၀င္ျပီး တုိက္ပ်က္ၾကီးထဲကို ၀င္ခဲ့ၾကတယ္။

လႈပ္စိလႈပ္စိျဖစ္ေနတဲ့ ေလွကားၾကီးေပၚကို တစ္ေယာက္ခ်င္း တက္လာခဲ့တယ္။ အိမ္ေပၚထပ္ေရာက္ေတာ့

အလင္းေရာင္ထြက္ေနတဲ့ အိပ္ခန္းထဲ ၀င္ခဲ့တယ္။
ဟာ . . . ကိုရင္ေကာင္ ေျပာတဲ့အတိုင္းပဲဗ်ိဳ႕။

၀ါဆိုဖေယာင္းတုိင္ၾကီးတစ္တိုင္ သံျပားကေလးေပၚမွာ ထြန္းထားတယ္။ ဘယ္သူထြန္းထားတာလဲဆိုတာေတာ့ က်ဳပ္လည္း စဥ္းစားလို႕ေတာ့ မရဘူးဗ်။

သူတို႕ေလးေယာက္ မွန္ေရွ႕မွာ တစ္ေယာက္ျပီးတစ္ေယာက္ သြားရပ္ၾကတယ္။ ဘယ္သူ႕အရိပ္မွ ေပၚမလာဘူးဗ်။

က်ဳပ္က ေနာက္ဆံုးေပါ့။ က်ဳပ္မွန္ေရွ႕မွာ သြားရပ္တယ္။ ဟာ . . . က်ဳပ္ပံုၾကီးက မွန္ထဲမွာ ထင္းလို႕ဗ်ိဳ႕။ မွန္က ကိုယ္လံုးေပၚမွန္ဗ်။

နံရံမွာ ဒီအတိုင္းေထာင္ထားတာ။ အက္ရာေတြကေတာ့ မွန္ေပၚမွာ အျပည့္ပဲဗ်ိဳ႕။

“ကဲ ေနာက္ဆုတ္ၾက”
က်ဳပ္ကေျပာေတာ့ အားလံုး ေဘးတစ္ဖက္စီ ဆုတ္သြားၾကတယ္။

မဖဲ၀ါေျပာတဲ့ သိမ္၀င္အပ္ခ်ည္လံုးကို အိတ္ထဲက အဆင္သင့္ထုတ္ယူလိုက္တယ္။

ေဟာ . . . စျပီဗ်ိဳ႕။ က်ဳပ္က ဘယ္လိုပဲလႈပ္လႈပ္ မွန္ထဲက တာေတက ေတာင့္ေတာင့္ၾကီးရပ္လို႕ဗ်။ ဘာမွ မလႈပ္ဘူး။ က်ဳပ္က

ေျခေထာက္ေျမွာက္တယ္။ သူက မေျမွာက္ဘူးဗ်။ က်ဳပ္က လက္ေျမွာက္တယ္။ မွန္ထဲက တာေတက မေျမွာက္ဘူးဗ်။ က်ဳပ္က

ေနာက္ဘက္ကို လွည့္လိုက္တယ္။ မွန္ထဲက တာေတက မလွည့္ဘူးဗ်ိဳ႕။

“ဟာ . . . ”
ဒီေတာ့မွ ကိုမင္းယာတို႕၊ ေက်ာက္ခဲတို႕၊ သံမဏိတို႕

ေတာ္ေတာ္အံ့ၾသသြားၾကတာေပါ့ဗ်ာ။ က်ဳပ္က ပုဆိုးကို ခါးေတာင္းက်ိဳက္လိုက္တယ္။ ဟာ . . . မွန္ထဲက တာေတက ျငိမ္ေနတုန္းပဲဗ်။

“ကဲ ျမင္ျပီမို႕လား တာေတ သတိထားေနာ္”
ကိုရင္ေကာင္က က်ဳပ္ကို သတိေပးျပီဗ်။ ေဟာ . . . လုပ္ျပီဗ်ိဳ႕

လုပ္ျပီ။ ပါးစပ္ၾကီးဟျပီး အစြယ္ေတြထုတ္ျပေနျပီဗ်။
က်ဳပ္ မွန္ေရွ့ကို လႊားခနဲ ခုန္၀င္လိုက္တယ္။ လက္ထဲက

သိမ္၀င္အပ္ခ်ည္ကို ဆြဲယူျပီး မွန္ကို ခပ္သြက္သြက္ေလး ပတ္တယ္။ တစ္ပတ္၊ ႏွစ္ပတ္၊ ျပီးေတာ့ ေနာက္ထပ္၊ ေနာက္ထပ္။

က်ဳပ္ဘယ္ႏွပတ္ေတာင္ ပတ္လိုက္မွန္း မသိေတာ့ပါဘူး။မွန္ေတာင္ ေပ်ာက္သြားတာဗ်ိဳ႕။ ဒီေတာ့မွ က်ဳပ္က မွန္ၾကီးကို လွဲျပီး

ပခံုးေပၚတင္ထမ္းတယ္။ ကိုရင္ေကာင္ေျပးလာျပီ တစ္ဖက္က ၀င္ထမ္းတယ္ဗ်။

ေက်ာက္ခဲနဲ႕ သံမဏိက သူတို႕ထမ္းမယ္ေျပာပါတယ္။ ဒါေပမဲ့ ကိုရင္ေကာင္က

“ဖယ္ၾကစမ္း ေကာင္ေလးေတြ။ ငါ့ကို ရူးေအာင္လုပ္တဲ့ဟာမကို ငါကိုယ္တိုင္ မဖဲ၀ါလက္ထဲ အပ္မယ္ကြ”

လို႕ ေအာ္ေျပာတယ္။ ဒီေတာ့မွ မွန္ထဲက သရဲမက က်ဳပ္တိုွ႕အၾကံကို သိသြားပံုပဲဗ်။

“၀ုန္း . . .ဒုန္း . . . ဒုန္း . . . ”
ဟာ . . . မွန္ထဲကထြက္လာတဲ့ အသံေတြဗ်။ ၾကမ္းျပင္ေပၚမွာ ခုန္ေပါက္ေနတဲ့ အသံမ်ိဳးဗ်ိဳ႕။

“ဂလြမ္း . . . ဂလြမ္း . . . ဒုန္း”
အို . . . ဘာေတြမ်ား တြန္းလွဲေနသလဲ မွတ္ရတယ္။ မွန္ထဲကေန

အသံမ်ိဳးစံုကို ထြက္လာတာဗ်ိဳ႕။ ဒါေပမဲ့ သိမ္၀င္အပ္ခ်ည္ကို ေဖာက္ျပီးထြက္ႏုိင္ပံု မေပၚဘူးဗ်။

က်ဳပ္နဲ႕ ကိုရင္ေကာင္က မွန္ၾကီးထမ္းျပီး ညံေတာသခၤ် ိဳင္းေရာက္ေအာင္ ေျပးၾကတာေပါ့ဗ်ာ။

ကိုမင္းယာတို႕ကလည္း ေနာက္ကေျပးလိုက္ၾကရတာေပါ့။ ရြာဦးက ေရွးေက်ာင္းၾကီးက ဆိုင္းသံကလည္း ပတ္၀န္းက်င္တစ္ခုလံုးကို လႊမ္းထားတာေပါ့ဗ်ာ။

သခၤ် ိဳင္းထဲေရာက္ေတာ့ က်ဳပ္က မွန္ကို ထေနာင္းပင္ပ်ိဳကေလးမွာ ေထာင္ထားလုိက္တယ္။

ျပီးေတာ့ က်ဳပ္မွာ အသင့္ပါလာတဲ့ မ်က္ကြင္းေဆးကို က်ဳပ္ယူလာတဲ့ ေက်ာက္ျပားကေလးမွာ ေရပုလင္းဖြင့္ျပီး ေရထည့္ေသြးလိုက္တယ္။

ျပီးေတာ့ မ်က္စိေတြကို ကြင္းလိုက္တာေပါ့ဗ်ာ။ ဒီပြဲမ်ိဳးကို က်ဳပ္ဘယ္လက္လြတ္ခံမွာတုန္းဗ်ာ။ ဒီပစၥည္းေတြက

က်ဳပ္လြယ္အိတ္ထဲမွာ အျမဲပါေနက်ဗ်။
“သခ်္ ိဳင္းရွင္မၾကီး မဖဲ၀ါခင္ဗ်ာ။ မွန္ခ်ပ္ၾကီးကို က်ဳပ္ယူလာပါျပီ။ အျမန္္ဆံုးၾကြလာခဲ့ပါခင္ဗ်ား”

“၀ူး . . . ၀ူး . . . ၀ူး . . . ၀ူး . . . အီ . . . အီ . . . အီ”
ေဟာ . . . မဖဲ၀ါက က်ဳပ္တို႕ကို ေစာင့္ေနပံုပဲဗ်။ ခ်က္ခ်င္းကို

ေရာက္လာတာ။ ေဟာ . . . ေဟာ . . . လာျပီဗ်ိဳ႕။ ဂူေတြအေပၚက ေရြ႕လာတာ။ သူ႕ေခြးၾကီးေတြကေတာ့ ႏြားေပါက္ေလာက္ရွိတဲ့

ေကာင္ၾကီးေတြဗ်။ ဂူေတြၾကားက ေလွ်ာက္လာတာေပါ့။ မဖဲ၀ါက မွန္ကို စိုက္ၾကည့္ေနတယ္။ ျပီးေတာ့ က်ဳပ္ကို

တစ္ခ်က္စိုက္ၾကည့္တယ္။ က်ဳပ္သေဘာေပါက္လိုက္တယ္။ မွန္မွာ က်ုဳပ္ပတ္ထားတဲ့ သိမ္၀င္ၾကိဳးေတြကို ျဖတ္ခိုင္းတာေလ။

က်ဳပ္လြယ္အိတ္ထဲက ဓားေလးထုတ္ျပီး ခ်က္ခ်င္း ေျပးျဖတ္ပစ္္လိုက္တယ္။ ၾကိဳးေတြအားလံုး ျပတ္သြားျပီး

ထေနာင္းပင္ပ်ိဳေလးမွာ ေထာင္ထားတဲ့ အက္ရာေတြနဲ႕ မွန္ခ်ပ္ကို မဖဲ၀ါကစိုက္ၾကည့္ေနတယ္။ ဂူေပၚမွာ ရပ္ေနတဲ့ မဖဲ၀ါက

ဆယ့္ႏွစ္ေပ၊ ဆယ္သံုးေပေလာက္ကို ျမင့္ေနတာဗ်ိဳ႕။ ဆံပင္ဖားလ်ားၾကီး ခ်ထားတာကလည္း အရွည္ၾကီးဗ်။

မ်က္လံုးၾကီးေတြကလည္းလက္ဖက္ရည္ပန္းကန္ေလာက္ရွိွမွာ။ နီရဲျပီး ေမွာင္ထဲမွာ အေရာင္ေတြေတာက္ေနတာဗ်ိဳ႕။

ေဟာ . . . မဖဲ၀ါ လက္တစ္ဖက္ ေရွ႕ကို ဆန္႕ထုတ္လိုက္တယ္။ မွန္ကို စိုက္ၾကည့္ျပီး လက္ယပ္ေခၚေနတာဗ်။ က်ဳပ္လည္း မွန္ကို

ေသခ်ာၾကည့္ေနတာေပါ့ဗ်ာ။
ဟာ . . . မွန္ထဲက ထြက္လာျပီဗ်ိဳ႕။ ေျခေထာက္ၾကီးေတြဗ်။

ေျခေထာက္ၾကီး လွမ္းထြက္လာတာ။ ေဟာ ေနာက္ထပ္ တစ္ဖက္။ ေဟာ တစ္ကိုယ္လံုးထြက္လာျပီဗ်ိဳ႕။ ဆံပင္ဖားလ်ားၾကီးခ်ထားတဲ့

မိန္းမၾကီး။ ထဘီက ဒူးေခါင္းအေပၚေလာက္အထိ တိုတိုၾကီး၀တ္ထားတာေပါ့။

“၀ူး . . . ၀ူး. . .၀ူး . . . အိ . . . အိ”
မဖဲ၀ါရဲ႕ေခြးၾကီးက ရုတ္တရတ္ ထအူလုိက္တာ က်ုဳပ္ေတာင္ လန္႕သြားတယ္ဗ်ိဳ႕။ ၾကက္သီးေတြဆိုတာ ျဖန္းခနဲေနေအာင္ ထသြားတာ။

မဖဲ၀ါက မွန္ထဲက ထြက္လာတဲ့ သရဲမကို တစ္ခ်က္စိုက္ၾကည့္ျပီး လွည့္ထြက္သြားတယ္။ သရဲမၾကီးက မဖဲ၀ါေနာက္ကို

လိုက္သြားျပီဗ်ိဳ႕။
က်ဳပ္လည္း မ်က္စိတစ္ဆံုး လိုက္ၾကည့္ေနတာဗ်ိဳ႕။ ေနာက္ေတာ့

တျဖည္းျဖည္းေပ်ာက္သြားတယ္ဗ်။
က်ဳပ္လည္း မွန္ကိုခြဲျပီး ေျမျမွု်ပ္လိုက္တယ္။ ေနာက္တစ္္ေန႕ဆိုရင္

ရြာထဲမွာ ကိုရင္ေကာင္ေနေကာင္းသြားတဲ့ သတင္းကေတာ့ ပ်ံ႕ေနေတာ့မွာေပါ့ဗ်ာ။

က်ဳပ္တို႕လည္း ညံေတာေဘးမဲ့ပြဲကို ေရာက္တယ္ဆိုရံုေလးပါပဲဗ်ာ။ မနက္ေ၀လီေ၀လင္းမွာ လွည္းေကာက္ျပီး ထေနာင္းကုန္းကို ျပန္ေမာင္းလာခဲ့ၾကတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: တာေတ(Book)

# Unicode Version #
တာတေတို့နေတဲ့ ထနောင်းကုန်းကနေ ဆရာမနိုင်ကိုသွားတဲ့အခါ လှည်းလမ်းကုန်းကြောင်းမှာ ကုက္ကိုခွတို့၊ သစ်ရာတောတို့၊

သီးတောတို့၊ ထိန်ကုန်းတို့၊ ညံတောတို့ဆိုတဲ့ ရွာတွေကို ဖြစ်သွားရတာဗျ။

ညံတောဆိုတာ ရှေးဟောင်းရွာကြီးဗျ။ ဘယ်လောက်တောင် ရှေးကျတယ်တော့ အတိအကျ မပြောတတ်ဘူးဗျ။

ဒါပေမဲ့ အဲဒီဘက်က ယာတောတွေထဲမှာ ရှေးခေတ်က အုတ်ခဲအကြီးကြီးတွေနဲ့ တည်ထားတဲ့ ဘုရားပျက်တွေ အတော်များများ ရှိတယ်။

အဲဒီက ယာတောတွေကို ခေါ်တာတောင် ဘုရားငုတ်တိုအကွက်တို့၊ ဘုရားပျက်ကုန်းတို့၊ ဘုရားအိုယာကွက်တို့၊ ဥစ္စာသိုက်ကုန်းတို့ ခေါ်တာဗျ။

ညံတောမှာ ယာထွန်ရင်း ရှေးဟောင်းဒင်္ဂါးတွေ ရဖူးတဲ့သူတွေရှိတယ်။ ရှေးခေတ်ကသုံးတဲ့ အိုးတွေ၊ ခွက်တွေကတော့ ခဏခဏကို တွေ့ကြတာဗျ။

ရွာထဲမှာဆိုရင်လည်း ရှေးခေတ်က အိမ်ဟောင်းတွေ၊ အိမ်ပျက်တွေ ပေါမှပေါဗျာ။ ပြီးတော့ သူတို့ရွာထဲမှာ တစ္ဆေလိုလို၊ ဥစ္စာစောင့်လိုလို၊

သရဲလိုလိုတွေလည်း မကြာမကြာ မြင်ကြရတယ်ဆိုပဲ။
ညံတောက ဘုန်းကြီးကျောင်းကြီးတွေဆိုရင် တော်တော်ကို

ရှေးကျတဲ့ ကျောင်းကြီးတွေဗျ။ ကျောင်းဝိုင်းကြီးတွေကလည်း ကျယ်ပါ့ဗျာ။ အုတ်ပုံကြီးတွေ ဖြစ်နေတဲ့ ဘုရားပျက်တွေလည်း

ရှိသဗျ။ ညံတောကို ကျုပ်ရောက်သွားတဲ့အခါတိုင်း စိတ်ထဲမှာ ထိုင်းထိုင်းမှိုင်းမှိုင်းကြီးကို ဖြစ်ရောဗျ။ ဟိုဟာလွမ်းသလိုလို၊ ဒီဟာလွမ်းသလိုနဲ့ ဘယ်လိုကိုပြောရမှန်း မသိတော့ပါဘူးဗျာ။

အခုလည်း ကျုပ်ညံတောမှာ ရောက်နေတာဗျ။ ညံတောမှာ ထူးခြားတဲ့ အစဉ်အလာတစ်ခုရှိတယ်။

လူတွေနဲ့ ဒိုးတူပေါင်ဖက် အလုပ်လုပ်ခဲ့ကြတဲ့ နွားကြီးတွေ အသက်ကြီးလာပြီဆိုရင် ဘေးမဲ့ပေးတဲ့အစဉ်အလာဗျ။

နှစ်တိုင်းရှိတာတော့လည်း မဟုတ်ဘူး။ အိုးမင်းမစွမ်းဖြစ်လာတဲ့ နွားကြီးတွေ ရှိလာမှ ဘေးမဲ့ပွဲ လုပ်ကြတာ။

တစ်ခါတလေများဆိုရင် သူ့အိမ်က တစ်ကောင်၊ ငါ့အိမ်က တစ်ကောင်နဲ့ ငါးကောင်၊ ခြောက်ကောင်လောက် ဖြစ်သွားတာဗျို့။

ဒီနှစ် ညံတောမှာ ဘေးမဲ့ပွဲရှိသတဲ့ဆိုရင် အနီးအနားက ရွာတွေက လှည်းတွေနဲ့ သွားကြသဗျ။ အနည်းဆုံး ဆိုင်းပွဲတော့ ပါတာဗျ။

နွားဘေးမဲ့ပွဲလွှတ်တဲ့သူတွေက ငွေကို မတည်ပြီး ရွာထဲက တတ်နိုင်တဲ့လူတွေကလည်း ငွေတွေ ဝိုင်းထည့်ကြတာပေါ့ဗျာ။

ရှင်ပြုပွဲလိုပဲဗျ။ ရုံထိုးပြီးတော့ကို ထမင်း၊ ဟင်းကျွေးတာဗျ။ ဒါပေမဲ့ ဘေးမဲ့ပွဲမှာ ကျွေးတာက သက်သက်လွတ်ချည်း ကျွေးတာဗျို့။

ကျွေးမွေးတဲ့ ရည်ရွယ်ချက်ကတော့ ဘေးမဲ့လွှတ်တဲ့ နွားကြီးတွေအတွက် ကုသိုလ်လုပ်တာဗျ။

ရွာထဲက ငွေကြေးမတတ်နိုင်သူတွေကလည်း သူတို့စိုက်ခင်းထဲက ခရမ်းခေါင်းသီးတွေ၊ ခရမ်းချဉ်သီးတွေ၊ ကြက်သွန်၊ ငရုတ်သီး၊ ပဲ စတဲ့ သီးနှံတွေထည့်ကြသဗျ။

တချို့ကလည်း ချက်ဖို့ပြုတ်ဖို့ ထင်းတွေ လာပို့ကြတယ်။ ဟိုရွာ၊ ဒီရွာက လာတဲ့လူတွေကလည်း လက်ချည်းလာတာ မဟုတ်ဘူးဗျ။

ငွေကြေးကစပြီး ဆန်တို့၊ ပဲတို့၊ ဆီတို့၊ အသီးအနှံတို့ ပါအောင်ယူလာကြတာ။

တစ်ခါတလေကျတော့လည်း သူတို့ရွာက ဘေးမဲ့ပေးမဲ့ နွားတွေပါ ဆွဲလာပြီး ညံတော ဘေးမဲ့ပွဲမှာ တစ်ခါတည်းပေါင်းပြီး ဘေးမဲ့ပေးကြတာဗျို့။

ဘေးမဲ့ပေးပြီးရင်တော့ အဲဒီနွားအိုကြီးတွေကို အိမ်မှာပဲ ကျကျနန ကျွေးမွေးစောင့်ရှောက်ကြတာ။

ဘာမှ မခိုင်းတော့ဘူးဗျို့။ သေသွားရင်လည်း အသားပေါ်ပြီး မစားကြဘူးဗျ။ ကောင်းကောင်းမွန်မွန် မြေထဲမြှုပ်ကြတာ။

အဲ . . . . . .ပြောရဦးမယ်ဗျို့။ မသမာတဲ့သူတွေက ညဘက်လာပြီး နွားသေကို ဖော်ပြုယူပြီး အသားဖျက်မှာစိုးလို့ မြေမြှုပ်တဲ့အခါ

ရေနံဆီလောင်းပြီးမှ မြှုပ်ကြတာ။ ညံတောသားတွေ နွားချစ်ပုံကတော့ ထူးချက်ဗျာ။

ဒီအစဉ်အလာကလည်း ဘယ်တုန်းကတည်းက ရှိလာမှန်းကို မသိတာဗျ။

ညံတောဘေးမဲ့ပွဲက ကဆုန်လပြည့်နေ့မှာ လုပ်ကြတာဗျ။ ကျုပ်ငယ်ငယ်ကတော့ အဘတို့၊ အမေတို့နဲ့ တစ်ခါနှစ်ခါရောက်ဖူးသားဗျ။

မရောက်တာတော့ ကြာပါပြီ။
ဒီနှစ်တော့ ကျုပ်အကောင်နှစ်ကောင် ပူစာတာနဲ့ ရောက်လာတာဗျို့။ ကျောက်ခဲနဲ့ သံမဏိလေ။

“ကိုကြီးတာတေ . . . ညံတောဘေးမဲ့ပွဲ သွားကြရအောင်ဗျာ။ ဒီနှစ် နွားဆယ့်ငါးကောင်တောင် ဘေးမဲ့ပေးမှာတဲ့ဗျ။
ဆိုင်းပွဲကလည်း ကောင်းမှာလို့ ပြောတယ်ဗျ”

ကျုပ်လည်း ဒီကောင်နှစ်ကောင် လွှတ်သွားချင်နေမှန်းသိလို့
မငြင်းတော့ပါဘူးဗျာ။

(စကားချပ် လွှတ် ဟူသောစကားသည် အရမ်းဟု ဆိုလိုခြင်းဖြစ်သည်။ ဒေသသုံး ဘာသာစကားတစ်ခုဖြစ်ပါသည်။ ကျနော်လည်း ရွာတစ်ခုကိုရောက်ဖူးခြင်းမှ သိခြင်းဖြစ်သည်။)

“အေးလေ . . . . ဒါဆိုလည်း သွားကြတာပေါ့ကွာ”
ဒီကောင်တွေ တော်တော်ပျော်သွားကြတာဗျ။

ကျောက်ခဲနဲ့ သံမဏိက ကလေးသာသာ အရွယ်တွေမို့လား။ ညံတောပွဲသွားရမယ်ဆိုတော့ ပျော်တာပေါ့ဗျာ။

ညံတောမှာက ကျုပ်နဲ့ လူခင်တွေ ရှိတယ်ဗျ။ ကိုမင်းယာတို့ ညီအစ်ကိုတွေ၊ ကိုဖိုးဆန်းတို့ ညီအစ်ကိုတွေ၊

ပြီးတော့ ကိုရင်မောင်တို့၊ ကိုရင်ကောင်တို့ ညီအစ်ကိုတွေ။ အဲ . . . ပြောရဦးမယ်ဗျို့၊ ကိုရင်ကောင်ဆိုလို့။

ညံတောဘေးမဲ့ပွဲကို အမြဲတမ်း ဦးဆောင်ပြီးလုပ်ပေးတဲ့ အလှူ့ဒကာကြီး ဦးဘိုးပရဲ့ သားတွေဗျ။

အကြီးက ကိုရင်မောင်တဲ့။ အငယ်က ကိုရင်အောင်တဲ့။ ဒါပေမဲ့ ညံတောသားတွေက ချစ်စနိုးနဲ့ ရင်အောင်ကို ရင်ကောင်ပဲ ခေါ်ကြတာဗျို့။

ရင်မောင်ညီ ရင်ကောင်လို့ နောက်ရင်းပြောင်ရင်းကနေ ရင်ကောင်ပဲ ခေါ်နေကြတာ။

သူတို့အဖေ ဦးဘိုးပက လူချမ်းသာကြီးဗျ။ ယာတွေမှ လက်ညှိုးထိုးလို့ကို မလွဲဘူးဆိုပဲ။

ထန်းတောကြီးလည်းပိုင်တယ်တဲ့။ ပြီးတော့ အမွေကလည်း နှစ်မွေခံဆိုလား၊ သုံးမွေခံဆိုလားဗျာ။

လူဆိုတာကလည်း အမျိုးမျိုးရှိတာဗျနော။ လူချမ်းသာတိုင်း လှူကြတန်းကြတာ မဟုတ်ဘူးလေဗျာ။

ကိုရင်မောင်တို့အဖေ ဦးဘိုးပကတော့ အားကြီးလှူတာ တန်းတာဗျို့။ စီးပွားကလည်း လှူလေ တက်လေဆိုပဲ။

ဦးဘိုးပရဲ့ မိန်းမ ဒေါ်ဖွားအိဆိုတာကလည်း သူ့ယောက်ျား ဦးဘိုးပလိုပဲ အလှူအတန်း အားကြီးရက်ရောသတဲ့ဗျာ ။

ဒါပေမဲ့ လူ့ဘဝဆိုတာ ဘုန်းကြီးတွေ တရားဟောသလိုပဲဗျ။ ဒုက္ခဘုံကြီးဆိုတာလေ။

အဲဒါဟုတ်မယ်ဗျ။ ဦးဘိုးပတို့မှာ စိတ်ထားရော၊ ဥစ္စာဓနရော ဘာမှကို ပြောစရာမရှိတာ။

ဒါပေမဲ့ သူတို့မိသားစုမှာလည်း ဒုက္ခတော့ မကင်းဘူးဗျာ။
ကျုပ်စောစောကပြောတဲ့ ကိုရင်မောင်ရဲ့ညီ ကိုရင်ကောင်က ရူးနေတာဗျ။

ရူးနေတာမှ သွက်သွက်လည်အောင်ကို ရူးတာဗျို့။ ညီအစ်ကိုနှစ်ယောက်လုံး အရပ်ထောင်ထောင်မောင်းမောင်းနဲ့ လူခန့်တွေဗျ။

ညံတောက အပျိုတိုင်းကြိုက်တဲ့ ညီအစ်ကိုပေါ့ဗျာ။
လွန်ခဲ့တဲ့ လေးနှစ်လောက်ကမှ ရူးသွားတာဗျ။

အကောင်းကနေ ရုတ်တရက်ကြီး ဖြစ်သွားတာတဲ့။ ကိုရင်ကောင် ရွာကနေနှစ်ရက်လောက် ပျောက်သွားသတဲ့။

ရွာလည်းပြန်ရောက်လာရော သွက်သွက်လည်အောင် ရူးနေတာတဲ့ဗျို့။ ဒီကနေ့အထိကို ဘာဖြစ်မှန်း မသိကြတာ။

အမျိုးမျိုးတော့ ပြောကြတာပေါ့ဗျာ။ ကိုရင်ကောင် ဆေးခတ်ခံရတာလို့ ပြောလိုပြော၊ ပြုစားခံရတယ်လို့

ပြောလိုပြောဗျ။ ကိုရင်မောင်ဆိုတာကလည်း နယ်တကာလှည့်ပြီး ဆရာရှာလိုက်၊ သူ့ညီကို ကုလိုက်နဲ့ အားရတယ်ကို မရှိပါဘူးဗျာ။

ကဆုန်လပြည့်နေ့မတိုင်ခင် အဖိတ်နေ့မနက်အစောကြီး ကျောက်ခဲနဲ့ သံမဏိကို ခေါ်ပြီး လှည်းမောင်းထွက်ခဲ့တယ်။

လှည်းမောင်းတယ်သာဆိုတာပါဗျာ။ အဘနွားကြီးနှစ်ကောင်က မောင်းရတယ်မရှိပါဘူးဗျာ။

လှည်းလမ်းကြောင်းရောက်တာနဲ့ တန်းသွားတော့တာဗျ။
“ကိုကြီးတာတေ . . . ပေး၊ ကျူပ်မောင်းမယ်”

ကျောက်ခဲက ကျုပ်လက်ထဲက ကြိုးနဲ့ နှင်တံကို တောင်းတယ်။
“နေပါ ကျောက်ခဲရာ။ ဒီကောင်ကြီးတွေက မောင်းရတာမှ မဟုတ်တာကွာ”

“ဟာ . . . ကိုကြီးတာတေကလည်း၊ ကျုပ်ကို ပေးမှာသာပေးစမ်းပါဗျာ။ ကျုပ်တစ်လှည့် သံမဏိတစ်လှည့်

မောင်းမှာပါ။ ကိုကြီးတာတေ အေးအေးသာ ထိုင်လိုက်ပါဗျာ”
ကျောက်ခဲက ဇွတ်ဗျ။

ကျုပ်လက်ထဲက လှည်းကြိုးနဲ့ နှင်တံကို ဇွတ်ဆွဲယူတာဗျို့။ ကျုပ်လည်း အားသွားတော့ လှည်းနံရံတိုင်ကိုမှီထိုင်ပြီး

နဂါးဆေးပေါ့လိပ်ကလေး မီးညှိဖွာတာပေါ့ဗျာ။
ညံတောကိုရောက်တော့မှ ၈နာရီလောက်ရှိသေးတာဗျ။

ရွာတောင်ပိုင်းက ကိုမင်းယာတို့ဝိုင်းကို တန်းမောင်းခဲ့တယ်။ ကိုရင်မောင်တို့ဝိုင်းကို သွားလည်းရပါတယ်။

ဒါပေမဲ့ ဒီရက်မျိုးမှာ သူတို့အိမ်က လူဝင်လူထွက် သိပ်များမှာဗျ။ ဒါကြောင့် ကိုမင်းယာတို့ဝိုင်းပဲ လာခဲ့တာ။

“ဟာ . . . ထူးထူးဆန်းဆန်းပါလားကွ တာတေရ”
ဝိုင်းထဲဝင်တာနဲ့ ကိုမင်းယာရဲ့ အသံသြသြကြီးကို ကြားရတော့တာပဲဗျို့။

“ဟေ . . . ထနောင်းကုန်းက တာတေလားကွ”
အိမ်ပေါ်က အသံတစ်သံ ကြားလိုက်တယ်။ ဘယ်သူ့အသံမှန်း မသိဘူးဗျ။

“ဟုတ်ပဗျာ။ ညံတောဘေးမဲ့ပွဲ မရောက်တာကြာလို့ သက်သက်ကိုလာခဲ့တာဗျ။

ဟောဒီမှာ ကျုပ်ညီနှစ်ယောက်လည်း ပါသဗျ”

“ဟာ . . . ကောင်းတာပေါ့ တာတေရ။ ဒီနှစ် လွှတ်စည်မှာဗျ။ လွှတ်နွားချည်း ဆယ့်ငါးကောင်ဗျ။

ငါတို့အိမ်က တစ်ကောင်ပါတယ်ကွ”
“ဟာ . . . ဟုတ်လားဗျ”

“ဟေ့ကောင် တာတေ၊ မမြင်တာကြာပေါ့”
ကိုမင်းယာရဲ့ညီ ကိုမင်းဒင်ဗျ။ သူတို့ညီအစ်ကိုတွေက

ကျုပ်ထက်တော့ လေးငါးနှစ် ကြီးကြတယ်ဗျ။ ဒါပေမဲ့ ကျုပ်မြို့ကျောင်းမှာတက်တုန်းက ကိုမင်းဒင်နဲ့ အတူတူဗျ။

သူက ကျုပ်ထက် နှစ်တန်းကြီးတယ်။
“ဟုတ်တယ် ကိုမင်းဒင်ရေ၊ ယာထဲ အဘနဲ့ လိုက်တဲ့အခါလိုက်၊

ရပ်ရေးရွာရေးလုပ်နဲ့ အချိန်ကုန်တာပါပဲဗျာ”
“ဟုတ်ကဲ့လား . . . တာတေရ။ ငါကြားတာတော့

ဒါလောက်မကဘူးနော်။ တစ္ဆေ၊ သရဲတွေတောင် မင်းက နှင်ထုတ်နိုင်နေတယ်ဆို”

“ဟာ . . . မဟုတ်ပါဘူးဗျ။ ကျုပ် ဘာမှတတ်တာမဟုတ်ပါဘူး ကိုမင်းယာရယ်။ ဆရာတွေနဲ့လိုက်ပြီး အကူအညီ ပေးတာပါဗျာ”

“ဟာ . . . ကိုစံမိုးကြီးပါလား”
အိမ်ပေါ်ရောက်တော့ ကိုစံမိုးကို သွားတွေ့တာဗျ။

ကိုစံမိုးဆိုတာက ကိုမင်းယာ သူငယ်ချင်းလေ။ ဒီညံတောသားပါပဲ။ ဒါပေမဲ့ မြို့ကို ပြောင်းသွားပြီး မြို့မှာပဲ အိမ်ထောင်ကျနေတာဗျ။

အခုညံတောဘေးမဲ့ပွဲကို ပြန်လာတာဖြစ်မယ်။
“စောစောက မင်းကို လှမ်းမေးတာ ငါလေကွာ”

“သြော် . . . ဒါကြောင့် ကျုပ်စဉ်းစားနေတာဗျ။ ဒီအသံကြားဖူးပါတယ်လို့”

မတွေ့တာကြာနေတာ့ ဟိုလူ့သတင်းမေး၊ ဒီလူ့သတင်းမေးနဲ့ စကားဝိုင်းက စည်နေရောဗျို့။

ကျောက်ခဲနဲ့ သံမဏိကတော့ ကိုမင်းယာတို့ညီအစ်ကိုချကျွေးတဲ့ မုန့်ဆီကြော်တွေကို အားရပါးရ စားတော့တာဗျို့။

ကျုပ်တို့အညာမှာက ဒီလို အလှူအတန်းများရှိလို့ကတော့ မုန့်ဆီကြော်က တန်းကြော်တော့တာဗျို့။

“နို့. . . ကိုမင်းယာတို့ အဘနဲ့ အမေရော မမြင်ပါလား”
“ဟာ . . . တာတေကလည်း၊ ဒီလိုရက်မျိုးမှာ ဘယ်မြင်လိမ့်မတုံး။

ဘေးမဲ့ပွဲလုပ်မယ့် ရှေးကျောင်းကြီးမှာ ထမင်းဟင်းတွေ ချက်နေပြီလေကွာ။ ဒီမနက်စာကစပြီး ထမင်းကျွေးရတာကွ”

“သြော် . . . ဟုတ်သားပဲ”
“ဒီည ဆိုင်းက မန္တလေးက စိန်ဟန်မောင်ဆိုင်းလေကွာ။

နာမည်ကြီးကွ တာတေရ။ ဒီနှစ်ဘေးမဲ့ပွဲက လူတော်တော်လာမှာကွ။ စောစောက မင်းဒင်ပြန်လာတော့ ရှေးကျောင်းကြီးမှာ

လှည်းဝိုင်းချထားတာ မနည်းဘူးဆိုပဲ”
“ဟင် . . . ကောင်းတာပေါ့ဗျာ”

ကျုပ်တို့လည်း စကားပြောကြဆိုကြနဲ့ ထမင်းစားချိန်ရောက်တော့ ကိုမင်းဒင်နဲ့ ကျော်မိုးက ထမင်းပွဲကြီး ပြင်ရောဗျ။

“တာတေရေ . . . ဟင်းကတော့ သက်သက်လွတ်ပဲကွ။ ဒီရက်တွေဆိုရင် တို့တစ်ရွာလုံး

သက်သက်လွတ်စားကြတာလေကွာ”
“ဟာ. . . ကိုမင်းဒင်ကလည်း၊ ကျုပ်သိပါတယ်ဗျ။
ကဲ . . . လာဟေ့ . . .ကျောက်ခဲနဲ့သံမဏိ”

ကျုပ်တို့လည်း လှည်းစီးလာရတာဆိုတော့ ဗိုက်ဆာတာပေါ့ဗျာ။ သီးစုံဟင်းကလည်း ကောင်းပါ့ဗျာ။

ငံပြာရည်ချက်စပ်စပ်ကလေးနဲ့၊ သရက်သီးစိတ်ကလေးနဲ့ စားကောင်းလိုက်တာ မပြောပါနဲ့တော့ဗျာ။

ထမင်းစားသောက်ပြီးတော့ ကျုပ်တို့အညာဓလေ့ပေါ့ဗျာ။ လက်ဖက်သုပ်နဲ့ ရေနွေးကြမ်း၊ ထန်းလျက်ခဲ၊ မြေပဲကြော်၊

နဂါးဆေးပေါ့လိပ်ကလေး ဖွာလို့လေဗျာ။
ဗိုက်ကလေးကလည်း တင်းသွားတော့

ဆေးလိပ်ကလေးဖွာလိုက်တာနဲ့ မျက်စိကလေးကလည်း စင်းလာရောဗျာ။

ဒါပေမဲ့ တစ်ခါတလေမှ တွေ့ရတဲ့သူတွေဆိုတော့ စကားကလေး တပြောပြောနေကြတာပေါ့ဗျာ။

“တာတေ . . . တာတေ . . . မင်းရောက်နေတယ်ဆို”
“ဟင် . . . ဘယ်သူတုံးဗျ ကိုမင်းယာ၊ ကျုပ်ကိုခေါ်နေတာ”

ပြောပြောဆိုဆို ကိုမင်းယာက အိမ်ရှေ့ပြတင်းပေါက်ကနေ ငုံ့ကြည့်လိုက်တယ်။

“ဟာ . . . ဟေ့ကောင်တွေ အထူးအဆန်းပဲကွ”
“ဟေ. . . ဘာဖြစ်လို့တုံးဟ မင်းယာရဲ့”

ကိုစိန်မိုုးက ကိုမင်းယာကို မေးတာဗျ။
“တာတေ့ကို လာခေါ်တာ ဘယ်သူလို့ထင်တုံး”

“ဟာ. . . မသိဘူးလေကွာ။ ဘယ်သူခေါ်တာတုံး”
“ရင်ကောင်ဗျ၊ ရင်ကောင်”

“ဟေ . . . ရင်ကောင်ဟုတ်လား။ ရင်မောင်ညီ ရင်ကောင်မို့လား။ ဟ. . . ဒီကောင်ရူးနေတယ်ဆို”

ကိုစိန်မိုးက အံ့သြသွားသဗျ။ ကျုပ်ကလည်း အံ့သြတာာပေါ့ဗျာ။

ကျောက်ခဲနဲ့ သံမဏိကလည်း အရူးလာခေါ်တာဆိုတော့ အံ့သြနေတာပေါ့ဗျာ။

“ဒါဆိုခေါ်လိုက်ဗျာ”
ကျုပ်က ကိုမင်းယာကို ပြောတော့ ကိုမင်းယာက . . .

“ဟာ . . . တာတေ၊ ရင်ကောင်က ဘယ်သူ့အိမ်မှ တက်တာမဟုတ်ဘူးကွ။ ငါခေါ်လည်း လာမှာမဟုတ်ဘူး။ လာ. . . မင်းလာကြည့်”

ကျုပ် ကိုမင်းယာဘေးကနေ ရပ်ပြီး ငုံ့ကြည့်လိုက်တယ်။ဆံပင်ရှည်ကြီးနဲ့ဗျ။ ဆံပင်တွေက ပခုံးပေါ်မှာ ဝဲကျနေတယ်။

မျက်တွင်းက ဟောက်ပက်နဲ့။ နှုတ်ခမ်းမွေးတွေကလည်း တော်တော်ရှည်နေပြီ။

“ဟာ. . . ကိုရင်ကောင်ကို ကျုပ်လုံး၀ မမှတ်မိတော့ဘူးဗျ။ ပုံပျက်ပန်းပျက်ကို ဖြစ်နေတာပါလား”

“သြော် . . . တာတေကလည်း၊ ရူးနေပါတယ်ဆိုမှကွာ ဘယ်မှာ နဂိုရုပ်ရှိတော့မှာလဲကွာ”

ကျုပ်တို့ကို ဝိုင်းဝကနေ မော့ကြည့်နေတာဗျ။ ဝိုင်းထဲလည်း ဝင်မလာဘူး။ ပုဆိုးက ဒူးခေါင်းလောက် ဝတ်ထားတာ။

အပေါ်က ဖျင်ကြမ်းအင်္ကျီအဖြူ လက်ရှည်ကို အပြင်ချပြီး ဖားလျားကြီး ဝတ်ထားတယ်။

“တာတေ. . . အောက်ဆင်းခဲ့ဦး”
သူ ကျုပ်ကို လှမ်းခေါ်နေတာ။ ကျုပ်ချက်ချင်းပဲ လှေကားက
ဆင်းခဲ့တယ်။

“ကိုကြီးတာတေ. . . သတိထားနော်”
ကျောက်ခဲက ကျုပ်ကို လှမ်းပြီးသတိပေးတယ်။

ကျုပ်ဝိုင်းထဲရောက်တော့ ကိုရင်ကောင်က ကျုပ်ကို ပြုံးပြုံးကြီးကြည့်နေတယ်ဗျို့။ သူ့ကိုကြည့်ရတာ ဝမ်းသာအားရ

ဖြစ်နေပုံပဲဗျ။
“တာတေ . . . မင်းက ဒီပုံအတိုင်းပါပဲလားကွ”

ကျုပ်ကို ကိုရင်ကောင်က ပြုံးပြီး နှုတ်ဆက်လိုက်တယ်။
“ကိုရင်ကောင် အတော်ပိန်သွားတာပဲ”

ကျုပ်က စိတ်မကောင်းဖြစ်သွားပြီး ပါးစပ်က လွှတ်ခနဲ ပြောလိုက်မိတယ်။

“ဟကောင် တာတေရ၊ ငါက ရူးနေတာလေကွာ။ ထမင်းမှန်း၊ ဟင်းမှန်းမသိအောင်ကို ရူးနေတာဆိုတော့ ပိန်တော့တာပေါ့ကွာ”

“ဗျာ”

ကျုပ်တော်တော် အံ့သြသွားတယ်ဗျ။ ကိုရင်ကောင် အကြည့်တွေ၊ ပြီးတော့ ပြောတဲ့စကားတွေက အရူးပုံစံမဟုတ်ဘူးဗျ။

“မင်း ငါနဲ့ ခနလိုုက်ခဲ့ကွ တာတေ။ ငါ မင်းကို ပြောစရာတွေ ရှိနေလို့ကွ။ ဒီရက်မှာမှ မင်းရောက်လာတာ ငါတော်တော်ကို ဝမ်းသာနေတာကွ”

“ကိုရင်ကောင် ခင်ဗျားနေကောင်းနေတာလား”
“အေး . . . ဟုတ်တယ် တာတေ။ ငါနေကောင်းသွားတာ တစ်ရက်၊ နှစ်ရက်လောက်ပဲ ရှိသေးတယ်ကွ။

ဘယ်သူမှတောင် မသိကြသေးဘူး။ မသိဆို အိမ်မှာလည်း ဘယ်သူမှ မရှိကြဘူးလေကွာ။ ဘေးမဲ့ပွဲကိစ္စနဲ့ အဘတို့၊ အမေတို့ရော၊

ကိုကြီးရင်မောင်ရော အလုပ်များနေကြတာမို့လား။ ငါပြန်နေကောင်းတာ သူတို့တောင် မသိသေးဘူးကွ”

“ကိုရင်ကောင် ဘယ်လိုဖြစ်သွားတာတုံးဗျ”
“ငါ အဲဒီအကြောင်းတွေ မင်းကို ပြောပြချင်လို့ လာခေါ်တာကွ။

ငါတို့အိမ်ကို ခဏလိုက်ခဲ့ကွာ။ အိမ်မှာ ဘယ်သူမှမရှိကြတော့ဘူးကွ။ ဘုန်းကြီးကျောင်းမှာ ညကတည်းက သွားအိပ်ကြတာ။ အိမ်မှာက

ငါတစ်ယောက်ပဲ ကျန်နေတာ။ ဒါကြောင့် မင်းနဲ့ လွတ်လွတ်လပ်လပ် စကားပြောချင်လို့ လာခေါ်တာကွ”

“နို့ . . . ကျုပ်ရောက်နေတာ ကိုရင်ကောင် ဘယ်လိုသိတုံး”
“ငါတို့ဝိုင်းရှေ့က ဈေးဆိုင်မှာ မင်းယာရဲ့တူ

ကျော်မိုးနဂါးဆေးပေါ့လိပ်တို့၊ လက်ဖက်တို့ လာဝယ်ရင်း ပြောနေတာ ကြားလိုက်လို့ကွ။ ထနောင်းကုန်းက

ဧည့်သည်ရောက်လို့ဆိုတော့ ဆိုင်ရှင်က ဘယ်သူလဲလို့ မေးတယ်။ ကျော်မိုးက ကိုတာတေတဲ့ဗျလို့ ပြန်ပြောတာ ငါကြားလိုက်လို့

မင်းရောက်နေမှန်း ငါသိတာကွ”
“ကိုမင်းယာရေ . . . ကျုပ် ကိုရင်ကောင်တို့အိမ်ကို

ခဏလိုက်သွားဦးမယ်ဗျို့”
ကျုပ်က ပြတင်းပေါက်မှာရပ်ပြီး ကြည့်နေတဲ့ ကိုမင်းယာကို

မော့ပြီးပြောလိုက်တယ်။ ပြီးတော့ ကိုရင်ကောင်နဲ့ လိုက်လာခဲ့တယ်။ လမ်းမှာတွေ့တဲ့လူတွေက အရူးနဲ့ စကားတပြောပြောလုပ်ပြီး

လျှောက်လာတဲ့ ကျုပ်ကို အထူးအတန်း ဖြစ်နေကြတာပေါ့ဗျာ။ ဟိုလူကြည့်၊ ဒီလူကြည့်နဲ့ဗျ။

ကိုရင်ကောင်တို့အိမ်က အကြီးကြီးဗျ။ လူချမ်းသာရဲ့ အိမ်ကိုဗျ။
“ရော့ . . . သောက်ဟေ့ တာတေ။ မင်းက နဂါးဆေးပေါ့လိပ်

ကြိုက်တယ်ဆိုတာ စောစောက ကျော်မိုးပြောလို့ ငါသိတာ။ ကိုရင်မောင်ကလည်း နဂါးသောက်တယ်လေကွာ”

ကျုပ်က နဂါးဆေးပေါ့လိပ်ကို မီးညှိပြီး ဖွာလိုက်တယ်။ မီးခိုးတွေကို အားရပါးရ မှုတ်ထုတ်လိုက်ပြီး . . .

“ကဲ . . . ကိုရင်ကောင် ပြောဗျာ။ ခင်ဗျား ဘာဖြစ်တာလဲဆိုတာ။ ကျုပ်က တော်တော်ကို သိချင်နေပြီဗျ”

ကိုရင်ကောင်က သက်ပြင်းတစ်ချက် ချလိုက်တယ်။
“အင်း . . . မနက်ဖြန် ကဆုန်လပြည့်နေ့နော် တာတေ”

“ဟုတ်တယ်လေ ကိုရင်ကောင်”
“အဲဒီလို လပြည့်နေ့မှာ ငါရူးသွားတာပေါ့ကွ တာတေရဲ့”

“ဟာ . . . ဟုတ်လား ကိုရင်ကောင်”
“ဒီ်လိုကွ တာတေရ။ ငါတို့ရွာရဲ့ မြောက်ဘက်က

ယာတောတစ်ခုထဲမှာ အိမ်ဝိုင်းကြီးတစ်ခု ရှိတယ်”
“ဘယ်လိုလဲဗျ ကိုရင်ကောင်ရဲ့။ အိမ်ဝိုင်းက ရွာပြင်မှာဟုတ်လား။ ရွာထဲမှာ မဟုတ်ဘူးလား”

“ဟုတ်တယ် တာတေ၊ ရွာပြင်မှာကွ။ ဝိုင်းက အကျယ်ကြီးပဲ။ အထဲမှာ တိုက်ပျက်ကြီးတစ်လုံး ရှိတယ်။ ပြီးတော့ ဝိုင်းအနောက်ဘက်မှာ

ပျိုကျနေတဲ့ တန်းလျားလိုလို တစ်ခုလည်းရှိသေးတယ်။ ဝိုင်းကြီးတစ်ခုလုံးကတော့ မရန်းပင်တွေ၊ သရက်ပင်တွေ၊

ဂွးချိုပင်တွေနဲ့ ပြည့်နေတာကွ။ အပင်ကြီးတွေမှ နည်းတဲ့ လုံးပတ်ကြီးတွေ မဟုတ်ဘူးဟေ့။ အသီးတွေဆိုတာကလည်း

သီးလိုက်သမှ ပြွတ်ခဲနေတာကွ။ တစ်ဝိုင်းလုံးမှာ ချုံတွေကလည်းပြည့်နေတာပေါ့ကွာ။ လူသူအသွားအလာမှမရှိတာ”

“ဟင် . . . အဲဒီအထဲက သစ်သီးဝလံတွေကို သွားပြီးမခူးကြဘူးလားဗျ”

“ဟာ . . . ဒါတော့ ခူးကြတာပေါ့ကွာ။ နေ့ဘက်ကို လူစုပြီး သွားကြတာပေါ့။ မှောင်လာရင်တော့ အဲဒီဝိုင်းကြီးနားကို

ဖြတ်လျှောက်ရဲတဲ့လူတောင် မရှိဘူးကွ”
“ဘာဖြစ်လို့တုံး ကိုရင်ကောင်ရဲ့”

“အို . . . ဘာဖြစ်ရမှာတုန်း တာတေရဲ့။ အင်မတန် သရဲခြောက်တယ်လို့ ဒီအနီးအနားတစ်ဝိုက်က လူတိုင်းသိတာကွ”

“ဟင် . . . ဟုတ်လား။ တကယ်ခြောက်တာရော ဟုတ်ရဲ့လားဗျ”
“တကယ်ခြောက်တာပေါ့ကွ။ ခြောက်လို့ ငါရူးသွားတာလေ”

“ဗျာ . . . ကိုရင်ကောင် ရူးသွားတာ အဲဒီဝိုင်းထဲက သရဲခြောက်လိုက်လို့ ဟုတ်လား”

“ဟုတ်တယ် တာတေ။ ငါပြောပြမယ်။ အဲဒီဝိုင်းကြီးက ချစ်တီးကုလားကြီး ပိုင်တဲ့ဝိုင်းကြီးကွ။ အဲဒီဝိုင်းထဲမှာ အစက

ဆီကြိတ်တဲ့စက် ရှိတယ်တဲ့။ ငါတို့တော့ ဘယ်မီမလဲ။ လူကြီးတွေ ပြန်ပြောကြတာပေါ့ကွာ။ ချစ်တီးက ဗမာမနဲ့ညားတာဟေ့။

အဲဒီချစ်တီးသေသွားတော့ ဗမာမက ဒီမှာပဲ ဆက်နေတာတဲ့။ အခုလိုအမျိုးအဆွေတွေနဲ့ပဲ ဆီဆုံကို ဆက်လုပ်နေတာဆိုပဲ။ အခုလို

ကဆုန်လပြည့်ညမှာ သူ့အိမ်သားတွေက ရှေးကျောင်းကြီးက ဘေးမဲ့ပွဲမှာ အငြိမ့်သွင်းတော့ တစ်အိမ်လုံး ပွဲသွားကြည့်ကြတာတဲ့။

အိမ်မှာ အဲဒီချစ်တီး မိန်းမကြီးပဲ ကျန်ခဲ့တာဆိုပဲ။ ဒီမှာတင် ဓားပြတိုုက်ခံရတာတဲ့ဟေ့။ ဓားပြက ပစ္စည်းတွေတောင်းမှာပေါ့ကွာ။

ဒီမိန်းမက မီးခံသေတ္တာသော့ ဝှက်ထားတဲ့နေရာကို မပြောဘူးထင်ပါတယ်။ ဓားပြက ဆန်ကောကို ဖောက်ပြီး

စိန်လည်ဂျာလှည့်တော့တာပေါ့ကွာ။ ရွာထဲမှာကလည်း ရွာလုံးကျွတ်ပွဲသွားကြည့်နေကြတာဆိုတော့ အော်သံဟစ်သံလည်း

မကြားကြဘူးပေါ့ကွာ။ နောက်တော့လည်း ဒီမိန်းမကြီးက မခံနိုင်တော့ သော့ပေးလိုက်ရမှာပေါ့ကွာ။ မနက်မိုးလင်းခါနီးလောက်

သူ့အိမ်သားတွေ ပြန်လာတော့ မီးခံသေတ္တာလည်း ဟောင်းလောင်းကြီးပွင့်လို့တဲ့။ မိန်းမကြီးလည်း

စိန်လည်ဂျာလှည့်ထားတဲ့ လည်ပင်းက သွေးထွက်လွန်ပြီး ခေါင်းငိုက်စိုက်ကြီး ကျပြီး သေနေရောတဲ့ကွ။ သူ့ကို

စိန်လည်ဂျာလှည့်တဲ့နေရာက ဒီမိန်းမကြီးအိပ်တဲ့ အိပ်ခန်းကြီးထဲမှာတဲ့ကွ။ ကုလားထိုင်မှာ ထိုင်ခိုင်းပြီး ကြိုးနဲ့တုပ်ပြီး

လှည့်တာတဲ့ဟေ့။ အဲဒီရှေ့တည့်တည့်မှာ ကိုယ်လုံးပေါ်မှန်ကြီး တစ်ချပ်ကလည်း ရှိတယ်တဲ့။ ထူးဆန်းတာက အဲဒီမှန်ကြီးမှာ

အက်ကြောင်းတွေ ထင်နေသတဲ့ကွ။ လူတွေက ထင်တာကတော့ ဒီမိန်းမကို ဓားပြကရိုက်ပုတ်မေးရင်းမြန်းရင်းနဲ့ တစ်ခုခုနဲ့

ထိမိသွားတာဖြစ်မယ်လို့ ထင်ကြတာပေါ့ကွာ။ ဒါပေမဲ့ ထူးဆန်းတာက အဲဒီမှန်ကြီးက အဲဒီအချိန်ကစပြီး

အရိပ်မပေါ်တော့ဘူးကွ”
“ဗျာ . . . ဘယ်လို . . . ဘယ်လိုဗျ ကိုရင်ကောင်”

“အဲဒီမှန်မှာ ဘာပုံရိပ်မှ မပေါ်တော့ဘူးကွ တာတေရ။ မှန်ရှေ့မှာ မင်းရပ်ရင်လည်း မင်းပုံမပေါ်ဘူး။ ငါရပ်ရင်လည်း ငါ့ပုံမပေါ်ဘူးကွ။ ဒါကိုပြောတာ”

“ဟာ . . . ဟုတ်ရဲ့လားဗျာ။ မှန်ပါဆိုနေမှတော့ ပုံမပေါ်ဘဲ ရှိပ့ါမလားဗျ”

“ဟုတ်တယ် တာတေ။ ငါတို့ငယ်ငယ်လေးကတည်းက လူစုပြီး အဲဒီတိုက်ပျက်ကြီးကို သွားကြတာ။ အိမ်ပေါ်ထပ်ကိုတက်ပြီး

အက်ကြောင်းတွေပြည့်နေတဲ့ မှန်ကြီးရှေ့မှာ ရပ်ရပ်ပြီး ကြည့်ကြတာ . . . ဘယ်သူ့အရိပ်မှ မပေါ်ဘူးကွ”

“ဟင် . . . အဲဒီမှန်ကြီးက အခု ဘယ်ရောက်သွားတုံးဗျ”
“ဘယ်မှ မရောက်ဘူးလေကွာ။ အဲဒီအိမ်ပျက်ကြီးရဲ့ အပေါ်ထပ်မှာ

အခုထိ ရှိနေတာပဲလေ”
“နို့ . . . ကိုရင်ကောင် ရူးသွားတာက ဒီအိမ်ကြီးနဲ့ ဘယ်လိုပတ်သတ်နေတာတုံးဗျ”

“အဲဒီနှစ်က ဘေးမဲ့ပွဲက ဒီနှစ်လိုပဲ လွှတ်စည်တာကွ။ ကဆုန်လပြည့်ညမှာ ပွဲလာကြည့်တဲ့ ထိန်ကုန်းက

ငါ့သူငယ်ချင်းအောင်သန်းကို ရွာပြင်ဘက်လိုက်ပို့တာပေါ့။ အောင်သန်းကို ပို့ပြီးတော့ ပြန်လာတဲ့အချိန်မှာ အဲဒီဝိုင်းကြီးဘက်ကို လှမ်းကြည့်လိုက်မိတာကွ”

“ဟင် . . . ကိုရင်ကောင် ဘာတွေ့လို့တုံး”
“မီးရောင်ဟေ့ . . . မီးရောင်။ တိုက်ပျက်ကြီးအပေါ်ထပ်က

ပြတင်းပေါက်မှာ လင်းနေတာကွ။ ဒါနဲ့ ငါလည်း အဲဒီတိုက်ပျက်ကြီးဆီ သွားကြည့်မယ်လို့ ဆုံးဖြတ်လိုက်တာ”

“နို့ . . . ကိုရင်ကောင် မကြောက်ဘူးလား”
“ငါမကြောက်တတ်ဘူးကွ တာတေရ။ ငယ်ငယ်ကတည်းကကို

ငါမကြောက်တတ်တာ။ ငါသစ်သားလှေကားကြီးကနေ အိမ်ပေါ်ထပ်ကို တက်ခဲ့တာ။ လှေကားကြီးကလည်း ဟောင်းနေတော့

လှုပ်တုတ်လှုပ်တုတ်နဲ့ကွ။ အပေါ်ထပ်ရောက်တော့ အလင်းရောင်က အိပ်ခန်းထဲက ထွက်နေတာကွ. ငါလည်း အိပ်ခန်းထဲ ဝင်ကြည့်တာပေါ့”

“ဟင် . . . ဘာတွေ့တုံးဗျ”
“ဖယောင်းတိုင်ကြီးတစ်တိုင် ထွန်းလို့ကွ။ ဖယောင်းတိုင်မှ

သေးသေးမဟုတ်ဘူးဟေ့။ ဝါဆိုဖယောင်းတိုင်ကြီးကွ။ ဘယ်သူများရှိနေတုံးဆိုပြီး ငါအိမ်ကြီးထဲမှာ

လှည့်ပတ်ကြည့်သေးတယ်။ လူရှိလားဗျို့လို့ ငါအသံပြုကြည့်သေးတယ်။ ဘာသံမျှ မကြားဘူးကွ။ ရွာထဲက ပွဲက

ဆိုင်းသံကလည်း ဆူနေတော့ ငါအသံပဲ မကြားလို့လားဆိုပြီး သုံးလေးခါ အော်ကြည့်တာကွ”

“နို့ . . . နေပါဦးဗျ။ ဖယောင်းတိုင်က ဘယ်မှာထွန်းထားတာတုံးဗျ”
“အက်ကြောင်းတွေထနေတဲ့ မှန်ကြီးရှေ့မှာကွ။ သံပြားကလေးခံပြီး

ထွန်းထားတာ။ အဲဒီမှာ ငါလန့်သွားတာပေါ့”
“ဟင် . . . ဘာကိုတုံးဗျ”

“ငါတို့ငယ်ငယ်ကလေးတည်းက လာလာကြည့်နေတဲ့မှန်ကြီးက ဘယ်တုံးကမှ ပုံရိပ်ပေါ်တာမဟုတ်ဘူးကွ။ အခုကြည့်လိုက်တော့

မှန်ကြီးထဲမှာ ငါ့ပုံက အထင်းသားကြီး ပေါ်လို့ဟေ့ ”
“ဟာ . . . ဟုတ်လားဗျ”

“ငါအံ့သြပြီး ကြည့်နေတုန်းမှာကွာ မှန်ထဲက ငါ့ပုံက ပါးစပ်ကိုဖြဲပြီး ပြုံးပြုံးကြီး လုပ်ပြတယ်ကွ”

“ဟင် . . . ခင်ဗျားပြုံးလို့ မှန်ထဲက ပြုံးတာနေမှာပေါ့ဗျ။ မှန်ပါဆိုမှ ကိုရင်ကောင်ရာ . . . “

“ဘယ်က ပြုံးရမှာတုံးကွာ။ ငါအရမ်းအံ့သြသွားပြီး မှန်ထဲက ငါ့ပုံကို သေသေချာချာကြည့်မိတယ်ကွ။ ပါးစပ်ကပြုံးနေရာကနေ

တဖြည်းဖြည်းဟလာရောဟေ့။ သွားတွေ တဖြည်းဖြည်းရှည်ထွက်လာလိုက်တာကွာ အစွယ်ကြီးတွေ

ဖြစ်လာရောဟေ့။ မျက်လုံးကြီးတွေကလည်း အကြီးကြီးတွေ ဖြစ်လာတယ်။ ငါကြက်သေသေပြီး ကြည့်နေတာ။

လှုပ်ကိုမလှုပ်မိဘူး။ နောက်တော့ လည်ပင်းပတ်ပတ်လည်မှာ အနီစင်းကြီးပေါ်လာပြီး သွေးတွေ စီးကျလာတာ ဒလဟောပါပဲကွာ။

ဟာ . . . ဒီတော့မှ ငါချက်ချင်းသတိရသွားတာပေါ့။ ဒါ လူကြီးတွေပြောဖူးတဲ့ စိန်လည်ဂျာအလှည့်ခံရတဲ့

ချစ်တီးမိန်းမကြီးပဲလို့ ငါလှည့်ပြေးမယ်လုပ်တော့ ငါ့တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်နေတာက လှုပ်လို့တောင်မရဘူး တာတေ”

“ဟင် . . . ဟုတ်လား”
“ဒီတုန်းမှာပဲ မှန်ထဲကနေ လက်ကြီးဖောက်ထွက်လာပြီး ငါ့ကို

ဆွဲတော့မယ် အလုပ်မှာ ငါ တအားလန့်ပြီး အသံကုန်အော်လိုက်မိတာကွ။ ဒီမှာတင် ငါလှုပ်လို့ရသွားပြီး ချာခနဲ

လှည့်ပြေးတော့တာပေါ့။ လှေကားကြီးကနေ ပြေးအဆင်းမှာ ခြေချော်ပြီး ပြုတ်ကျသွားတယ်။ ခေါင်းကို

ဘာနဲ့ဆောင့်လိုက်တယ်မသိပါဘူးကွာ။ သတိလစ်သွားတယ်။ သတိပြန်ရတော့ ငါဝိုင်းကြီးထဲကနေ ပြေးထွက်လာတာကွ။ ဒါပေမဲ့

ငါ့မှာ သတိမရှိတော့ဘူး။ ဘယ်ဘက်ကို ပြေးနေမှန်းကို မသိတာ။ နောက်တော့ ငါ့ခေါင်းတွေမူးပြီး လဲကျသွားရောဟေ့။ ငါသတိရတော့

အနောက်ဘက်ကတောထဲရောက်နေတာကွ။ ငါတောထဲမှာ ဘယ်လောက်ကြာအောင် သတိမေ့နေလဲတော့ မသိဘူူး။

ရွာကိုပြန်ရောက်တော့ ငါ့ရွာကလူတွေကို တစ်ယောက်မှကို မမှတ်မိတော့ဘူး။ ငါမြင်ခဲ့တာတွေကိုလည်း ဘာမှ သတိမရဘူး။

ငါ့အိမ်ကိုတောင် ငါမမှတ်မိဘူးကွ။ အဲဒီကတည်းကစပြီး ငါသွက်သွက်လည်အောင် ရူသွားတာပေါ့ကွာ။ ပြန်ကောင်းသွားတာ

တစ်ရက်၊ နှစ်ရက်ပဲ ရှိသေးတာ။ ငါ့အိမ်ကလူတွေတောင် ငါကောင်းသွားတာ မသိကြသေးဘူး တာတေ”

“မနက်ဖြန် လပြည့်ညပဲဗျ ကိုရင်ကောင်ရဲ့”
“အဲဒါကြောင့် မင်းရောက်လာတာ ငါဝမ်းသာသွားတယ်လို့ ပြောတာကွ”

“နို့ . . . ကိုရင်ကောင်က ဘာများလုပ်ချင်လို့တုံး”

“ငါ အဲဒီမှန်ထဲက သရဲမကြီးကို ရှင်းပစ်ချင်တယ်။ ဒီလိုမလုပ်ရင် ဒီရွာကလူတွေ တစ်ယောက်မဟုတ်တစ်ယောက် ငါ့လို ထပ်ဖြစ်ကြလိမ့်မယ် တာတေ”

“သြော် . . . ဒီလိုကြောင့်လား”
“ဟုတ်တယ် တာတေ။ ဒါပေမဲ့ ငါနားမလည်တာက မှန်ထဲကို

ဒီသရဲမကြီး ဘယ်လိုရောက်နေတာတုံးဆိုတာပဲကွ”
“ဒါက ဖြစ်နိုင်တယ် ကိုရင်ကောင်ရ။ ကျုပ်ကို ကျုပ်ဆရာကြီး စိုင်းနွံဖ

ပြောပြဖူးတယ်။ သေခါနီးလူတစ်ယောက်ဟာ မှန်ထဲက သူ့ပုံကို စိုက်ကြည့်ရင်းနဲ့ သေသွားရင် အဲဒီမှန်မှာ ဖျတ်ခနဲ

အက်ကြောင်းတွေထပြီး ဝိညာဉ်က မှန်ထဲကို ဝင်သွားရောတဲ့ဗျ။ ဒါကြောင့် သိတဲ့လူတွေက အိမ်မှာ

လူတစ်ယောက်သေတော့မယ်ဆိုရင် အိမ်မှာရှိတဲ့ မှန်တွေကို အဝတ်တွေနဲ့ လိုက်ပြီး အုပ်ကြတာပေါ့ဗျ”

“ဟေ . . . အဲဒီလိုလားကွ တာတေရ။ ငါက ဒါတွေကို သိမှမသိတာ”
“ကိုရင်ကောင်တို့ ငယ်ငယ်က ဒီမှန်ကြီးကို သွားသွားကြည့်ကြတာ

အရိပ်မပေါ်ဘူးဆို”
“အေးလေ ဟုတ်တယ်”

“အဲဒီကတည်းက ဒီမှန်ကြီး ထူးနေပြီဆိုတာ သိရမှာဗျ”
“ဟာ . . . ထူးနေတာတော့ သိတာပေါ့ တာတေရ။ ဒီမှန်ထဲမှာ

သရဲမကြီးရှိနေမယ်လို့တော့ ဘယ်သူမှ မတွေးမိဘူးလေကွာ။ နို့ . . . ဖယောင်းတိုင်က ဘယ်သူလာထွန်းတာတုံးကွ”

“အဲဒါကတော့ တော်တော်ကို ထူးဆန်းနေတာဗျ။ ကျုပ်အထင်ပြောရရင်တော့ ဒီမိန်းမကြီး လူ့ဘဝတုန်းက ညံတောက

ဘေးမဲ့ပွဲမှာ ကုသိုလ်အမြဲလုပ်ဖူးတယ်နဲ့ တူတယ်ဗျ။ ဒီကုသိုလ်ကြောင့် ဒီလို ဘေးမဲ့ပွဲလုပ်တဲ့ ကဆုန်လပြည့်ညမှာ

ဖယောင်းတိုင်တစ်တိုင် အလိုလိုပေါ်လာတာနဲ့တူတယ်။ ပြီးတော့ မှန်ထဲကနေ အပြင်ကို ဒီတစ်ညမှာ ထွက်လို့ရတယ်နဲ့ တူတယ်ဗျ”

“ဘာပဲဖြစ်ဖြစ် တာတေရာ။ မနက်ဖြန် ကဆုန်လပြည့်ညမှာ မင်းနဲ့ငါ အဲဒီမှန်ကြီးကို သွားပြီးရိုက်ခွဲပစ်လိုက်ကြရအောင်ကွာ။

ဘယ်နှယ့်တုံး. . . ”
“ဒီကိစ္စကို မနက်ဖြန်ညမှာ ကျုပ်လုပ်မှာပါ။ ဒါပေမဲ့ ရမ်းလုပ်လို့တော့

မဖြစ်သေးဘူးဗျ။ တော်တော်ကြာ အဲဒီမှန်ထဲကနေ ထွက်သွားပြီး ရွာထဲက တခြားမှန်တွေထဲ လျှောက်ဝင်နေမှ ဒုက္ခတွေ ဖြစ်ကုန်မှာ ကိုရင်ကောင်ရဲ့”

“ဟေ. . . ဒါဆိုရင် မင်းဘယ်လိုလုပ်မှာတုံး”
“ကျုပ်လုပ်မယ် ကိုရင်ကောင်။ မနက်ဖြန်ညတော့

ခင်ဗျားဘယ်မှမသွားနဲ့။ ဒီအိမ်ကပဲ ကျုပ်ကိုစောင့်နေ။ ကျုပ်လာခေါ်မယ်။ ကျုပ်လာမခေါ်မချင်း ခင်ဗျားဘယ်မှမသွားနဲ့နော် ကိုရင်ကောင်”

“အေးပါကွာ”
“သြော်. . . နေဦးဗျ။ ခင်ဗျားကောင်းသွားတာကိုလည်း ဘယ်သူ့မှ

မသိစေနဲ့ဦး။ ဒီအတိုင်းသာ ဆက်နေဦး ကိုရင်ကောင်”
“အေး. . . အေး၊ ငါသဘောပေါက်တယ် တာတေ”

“ကဲ. . . ဒါဆိုရင် ကျုပ် ကိုမင်းယာတို့အိမ်ကို ပြန်ဦးမယ်”
ကိုမင်းယာတို့ ဝိုင်းထဲကို ကျုပ်ပြန်ရောက်လာတော့ အားလုံးက ကျုုပ်ကိုစောင့်နေကြတာဗျို့။

“ဟာ. . . တာတေရာ။ ငါတို့မှာ မင်းအတွက် စိတ်ပူနေကြတာကွ။
မင်းကလည်း အရူးရင်ကောင် ခေါ်တာပဲ လိုက်သွားရတယ်လို့ကွာ”

ကိုမင်းဒင်က ကျုပ်ကိုပြောသဗျ။ ကျုပ်က အဖြစ်အပျက်တေကို ခပ်တိုတိုပဲ သူတို့ကို ပြောပြတယ်။ သူတို့လည်း တော်တော်ကို အံ့သြနေကြတာပေါ့ဗျာ။

“တာတေ . . . မင်းသတင်းကိုတော့ ငါတို့ ကြားပြီးသားပါ။ ဒါပေမဲ့ မင်း ဒီကိစ္စကို နိုင်ပါ့မလား”

“ဟာ . . . ရတယ် ကိုမင်းယာ။ ကျုုပ်စောစောကပြောသလို ကြက်တစ်ကောင်သာ ရှာပေးဗျာ။ ပြီးရင် ထမင်းတစ်အိုးချက်မယ်ဗျာ”

“ဟာ. . . ဒီအတွက်ကတော့ မင်းဘာမှမပူနဲ့။ မင်းစောစောက ပြောပြီးကတည်းက မင်းဒင်နဲ့ ကျော်မိုး ရွာထဲသွားကြပြီ။

မင်းလိုတာတွေအားလုံး ငါတို့ အဆင်သင့်လုပ်ပေးမယ်။ မင်းဒင်က ငှက်ပျောဖက်ပါ တစ်ခါတည်း ခုတ်လာမှာကွ။ မပူနဲ့ တာတေ”

ကိုစိန်မိုးကလည်း ဝင်ပြောတယ်ဗျ။ ကျုပ်ကောင်တွေ ကျောက်ခဲနဲ့ သံမဏိကတော့ ပျော်နေတာပေါ့ဗျာ။ ဒီကောင်တွေက ဒီပွဲမျိုးတွေ

သိပ်ကြုံချင်ကြတာမို့လား။ အခုတော့ တည့်တည့်ကို တိုးပြီလေ။
ညရောက်တာနဲ့ ကျုပ်လိုချင်တာတွေ အားလုံးရောက်လာတာဗျို့။

ထမင်းတောင်းထဲမှာ ငှက်ပျောဖက်နဲ့ ထုပ်ထားတဲ့ ထမင်းထုပ်ကြီးဗျ။ ကြက်သားဟင်းနံ့ကတော့ ငှက်ပျောဖက်ကို ပေါက်ထွက်နေတာဗျို့။ မွှေးချက်ဗျာ. . . ။

ည ၉ နာရီလောက်ရောက်တော့ ကျော်မိုးက နတ်ဝင်သည်ကြီးခေါ်ပြီး ရောက်လာရောဗျ။ နတ်ဝင်သည်ကြီးက ထိန်ကုန်းကလို့ ပြောတယ်။

နာမည်က ဒေါ်လုံးကြည်တဲ့။ ကျုပ်က ဒေါ်လုံးကြည်ကို အကျိုးအကြောင်းပြောပြတော့ ဒေါ်လုံးကြည်ကလည်း

စိတ်ပါလက်ပါ ပါပဲဗျာ။ သူကူညီမယ်လို့ ပြောပါတယ်။
ဒါနဲ့ ကိုမင်းယာရယ်၊ ကျောက်ခဲနဲ့ သံမဏိရယ်၊ ကျုပ်ရယ်၊

ဒေါ်လုံးကြည်ရယ် ညံတောသင်္ချိုင်းထဲကို ရောက်လာရောဗျို့။ ညံတောသချိုင်းက အကျယ်သားဗျ။ ရှေးဟောင်းရွာကြီးရဲ့

သချိုင်းဆိုတော့လည်းအုတ်ဂူတွေ များသားဗျ။ ဂူပျက် ဂူဟောင်းတွေရော၊ ဂူသစ်တွေပါ မနည်းပါဘူးဗျာ။

ကျောက်ခဲက ကျုပ်ကို ဓာတ်မီးနဲ့ ထိုးပြတယ်။ ကျုပ်က ခပ်ကြီးကြီး ဂူတစ်လုံးကို ရွေးလိုက်တယ်။ ရှေ့မှာက မြက်ခင်းကလေးနဲ့ဆိုတော့

ဒေါ်လုံးကြည်အတွက် ထိုင်လို့ပြုလို့ ကောင်းတာပေါ့ဗျာ။
ကျုပ်က သံမဏိဆီက ထမင်းတောင်းယူူပြီး ဂူပေါ်မှာ

ဖြန့်ခင်းလိုက်တယ်။ ဒေါ်လုံးကြည်ကတော့ ဂူရှေ့က မြက်ခင်းပေါ်မှာ ဆံပင်ကို ဖားလျားဖြန့်ချပြီး လက်အုပ်ကလေးချီနေတယ်။ ကျုပ်က

ရေဖလားနဲ့ ရေတစ်ခွက်လည်း ဂူပေါ်တင်လိုက်တယ်။ ပြီးတော့ ဂူထိပ်မျာ ဖယောင်းတိုင်တစ်တိုင် ထွန်းပြီး စိုက်လိုက်တယ်။
မဖဲဝါကို ကျုပ်ပင့်ပြီပေါ့ဗျာ။

“အရှေ့နေထွက် အနောက်နေဝင် တောင်တံငါ့ကွန် မြောက်ဓူဝံအတွင်း မည်သည့်နေရာတွင် ရောက်ရှိလို့နေသည်ဖြစ်စေ

ကျုပ်တာတေ ပင့်ဖိတ်ပါတယ် ထမင်းပွဲ ဟင်းပွဲများနဲ့ ကြိုနေပါတယ်။ အမြန်ဆုံးသာကြွခဲ့ပါ သချိုင်းရှင်မကြီး မဖဲဝါဗျာ”

ကျုပ်က မဖဲဝါကို နောက်တစ်ခေါက် ထပ်ပင့်တယ်။
ပြီးတော့ နောက်တစ်ခေါက်. . . ။

“ဟီး . . . ဟီး. . . ဟီး. . . ဟီး. . . “ကြောက်စရာအသံကြီးကို ကြားလိုက်ရသည်။

ဒေါ်လုံးကြည် လက်ကြီးတွေကွေးကောက်လာပြီး ပါးစပ်ကလည်း တဟီးဟီးနဲ့ အသံကြီးထွက်လာတယ်ဗျို့။ တစ်ကိုယ်လုံး

တဆတ်ဆတ်တုန်နေတယ်။ ဖားလျားချထားတဲ့ ဆံပင်ကြီးတွေကြားကနေ အုတ်ဂူပေါ်မှာပြင်ထားတဲ့ ထမင်းတွေ၊

ဟင်းတွေကို ကြည့်နေတယ်ဗျ။
ဟော ခုန်ပြီဗျို့၊ ခုန်ပြီ။ မဖဲဝါ ဂူပေါ်ကို လွှားခနဲ ခုန်တက်သွားပြီ။

ဟာ . . . စားပြီဗျို့။ ကြက်သားဟင်းနဲ့ ထမင်းကို ပြိုက်ခနဲ ပြိုက်ခနဲ ကုန်အောင်ကို စားနေတာဗျ။ စားရင်းနဲ့ ကျုပ်ကို

မျက်လုံးပြူးကြီးနဲ့စိုက်ကြည့်နေတယ်။
“ဒီလိုပါ မဖဲဝါ။ ညံတောရွာပြင်က တိုက်ပျက်ကြီးထဲမှာ

မှန်ကြီးတစ်ချပ်ရှိတယ်။ မှန်က ကွဲအက်နေတယ်လို့ ပြောတယ်။ ကျုပ်တော့ မရောက်သေးပါဘူး။ အဲဒီမှန်ထဲမှာ

မကောင်းဆိုးဝါးရှိနေတယ်လို့ ညံတောက ကိုရင်ကောင်က ပြောလို့ လူတွေအန္တရာယ်မဖြစ်အောင် ရှင်းပစ်ချင်လို့ပါဗျာ”

“အရူး ရင်ကောင်ပြောတာမို့လား။ ဟုတ်တယ်. . . ။ ဒီကောင်မ ရင်ကောင်ကိုခြောက်လိုက်တာ။ ရင်ကောင် သွက်သွက်လည်အောင်

ရူးသွားတယ်။ အဲဒါ ချစ်တီးမယား သရဲမလေ။ ဒီကောင်မက မှန်ထဲအောင်းနေတာ။ မှန်ရှေ့မှာ လာရပ်လို့ပေါ်တဲ့ပုံကို

သူ့ဝိညာဉ်ပူးကပ်ပြီး ခြောက်တာလေ။ တာတေ နင်ရှင်းချင်ရင် သိမ်ဝင်အပ်ချည်နဲ့ မှန်ကိုနာနာပတ်ပြီး င့ါဆီခေါ်ခဲ့။ ဒီအတိုင်း

မှန်ကိုရိုက်ခွဲလို့ကတော့ ရွာထဲကမှန်တွေထဲဝင်ပြီး သောင်းကျန်းလိမ့်မယ် ကြားလား”

“ကြားပါတယ် မဖဲဝါ။ ဒါဆိုရင် . . . မနက်ဖြန်ည သန်းခေါင်ကျော်ရင် ကျုပ် အဲဒီမှန်ကို ဒီညံတောသင်္ချ ိုင်းထဲ ယူခဲ့ပါမယ်။ မဖဲဝါကိုယ်တိုင် ရှင်းပေးပါ”

မဖဲဝါက ခေါင်းညိမ့်တယ်ဗျ။ ထမင်းတွေလည်း ကုန်သွားပြီဆိုတော့ ရေခွက်ထဲကရေကိုသောက်ပြီး အပေါ်ကိုမော့ကြည့်တယ်။ ဟော

မဖဲဝါ သွားပြီဗျို့။ ဒေါ်လုံးကြည် နောက်ကိုလန်ကျသွားပြီ။ ကျုပ်နဲ့ ကိုမင်းယာက ဒေါ်လုံးကြည်နောက်ကို ပြေးပွေ့ပြီး လှုပ်နှိုးရတယ်။

ကျော်မိုးက ဒေါ်လုံးကြည်ကို ညတွင်းချင်း ထိန်ကုန်းကို လှည်းနဲ့ ပြန်ပို့တယ်။ ကျုပ်က ဒေါ်လုံးကြည် သုံးဖို့ပေးလိုက်ပါတယ်။

ကိုမင်းယာက သိမ်ဝင်အပ်ချည်လုံးတစ်လုံး ပေးတယ်ဗျ။ သိမ်ဝင်ချည်လုံးဆိုတာကတော့ဗျာ ရဟန်းလောင်းသိမ်ဝင်ရင်

ထည့်ပေးလိုက်တဲ့ ချည်လုံးပေါ့ဗျာ။
ကဆုန်လပြည့်ည ၁၀နာရီထိုးတော့ ကျုပ်ရယ်၊ ကိုရင်ကောင်ရယ်၊

ကိုမင်းယာရယ်၊ ကျုပ်ကောင်တွေ ကျောက်ခဲနဲ့သံမဏိရယ် ရွာပြင်က တိုက်ပျက်ကြီးရှိတဲ့ ဝိုင်းကြီးကို လာခဲ့ကြတယ်ဗျ။

ကျုပ်တို့ ဝိုင်းထဲကို ချက်ချင်းမဝင်ဘူးဗျ။ အပြင်ကပဲ အရိပ်အခြည်ကို ကြည့်နေကြတာ။ ၁၂နာရီထိုးတော့မှ . . .

“ဟာ . . . ကိုကြီးတာတေ၊ ဟိုမှာ . . . ဟိုမှာ”
ကျောက်ခဲက ခပ်တိုးတိုးပြောရောဗျ။

“ဘာတုံး ကျောက်ခဲရ”
“ဟိုမှာ . . . ဟိုမှာာ အိမ်ပျက်ကြီးက မီးလင်းသွားပြီဗျ”

ဟာ . . . ဟုတ်သားဗျ။ တိုက်ပျက်ကြီးအပေါ်ထပ်က ပြတင်းပေါက်က အလင်းရောင်ထွက်လာတယ်။

“ကဲ . . . ဒါဆို သွားကြစို့”
ကျုပ်တို့အုပ်စု ဝိုင်းထဲဝင်ပြီး တိုက်ပျက်ကြီးထဲကို ဝင်ခဲ့ကြတယ်။

လှုပ်စိလှုပ်စိဖြစ်နေတဲ့ လှေကားကြီးပေါ်ကို တစ်ယောက်ချင်း တက်လာခဲ့တယ်။ အိမ်ပေါ်ထပ်ရောက်တော့

အလင်းရောင်ထွက်နေတဲ့ အိပ်ခန်းထဲ ဝင်ခဲ့တယ်။
ဟာ . . . ကိုရင်ကောင် ပြောတဲ့အတိုင်းပဲဗျို့။

ဝါဆိုဖယောင်းတိုင်ကြီးတစ်တိုင် သံပြားကလေးပေါ်မှာ ထွန်းထားတယ်။ ဘယ်သူထွန်းထားတာလဲဆိုတာတော့ ကျုပ်လည်း စဉ်းစားလို့တော့ မရဘူးဗျ။

သူတို့လေးယောက် မှန်ရှေ့မှာ တစ်ယောက်ပြီးတစ်ယောက် သွားရပ်ကြတယ်။ ဘယ်သူ့အရိပ်မှ ပေါ်မလာဘူးဗျ။

ကျုပ်က နောက်ဆုံးပေါ့။ ကျုပ်မှန်ရှေ့မှာ သွားရပ်တယ်။ ဟာ . . . ကျုပ်ပုံကြီးက မှန်ထဲမှာ ထင်းလို့ဗျို့။ မှန်က ကိုယ်လုံးပေါ်မှန်ဗျ။

နံရံမှာ ဒီအတိုင်းထောင်ထားတာ။ အက်ရာတွေကတော့ မှန်ပေါ်မှာ အပြည့်ပဲဗျို့။

“ကဲ နောက်ဆုတ်ကြ”
ကျုပ်ကပြောတော့ အားလုံး ဘေးတစ်ဖက်စီ ဆုတ်သွားကြတယ်။

မဖဲဝါပြောတဲ့ သိမ်ဝင်အပ်ချည်လုံးကို အိတ်ထဲက အဆင်သင့်ထုတ်ယူလိုက်တယ်။

ဟော . . . စပြီဗျို့။ ကျုပ်က ဘယ်လိုပဲလှုပ်လှုပ် မှန်ထဲက တာတေက တောင့်တောင့်ကြီးရပ်လို့ဗျ။ ဘာမှ မလှုပ်ဘူး။ ကျုပ်က

ခြေထောက်မြှောက်တယ်။ သူက မမြှောက်ဘူးဗျ။ ကျုပ်က လက်မြှောက်တယ်။ မှန်ထဲက တာတေက မမြှောက်ဘူးဗျ။ ကျုပ်က

နောက်ဘက်ကို လှည့်လိုက်တယ်။ မှန်ထဲက တာတေက မလှည့်ဘူးဗျို့။

“ဟာ . . . ”
ဒီတော့မှ ကိုမင်းယာတို့၊ ကျောက်ခဲတို့၊ သံမဏိတို့

တော်တော်အံ့သြသွားကြတာပေါ့ဗျာ။ ကျုပ်က ပုဆိုးကို ခါးတောင်းကျိုက်လိုက်တယ်။ ဟာ . . . မှန်ထဲက တာတေက ငြိမ်နေတုန်းပဲဗျ။

“ကဲ မြင်ပြီမို့လား တာတေ သတိထားနော်”
ကိုရင်ကောင်က ကျုပ်ကို သတိပေးပြီဗျ။ ဟော . . . လုပ်ပြီဗျို့

လုပ်ပြီ။ ပါးစပ်ကြီးဟပြီး အစွယ်တွေထုတ်ပြနေပြီဗျ။
ကျုပ် မှန်ရှေ့ကို လွှားခနဲ ခုန်ဝင်လိုက်တယ်။ လက်ထဲက

သိမ်ဝင်အပ်ချည်ကို ဆွဲယူပြီး မှန်ကို ခပ်သွက်သွက်လေး ပတ်တယ်။ တစ်ပတ်၊ နှစ်ပတ်၊ ပြီးတော့ နောက်ထပ်၊ နောက်ထပ်။

ကျုပ်ဘယ်နှပတ်တောင် ပတ်လိုက်မှန်း မသိတော့ပါဘူး။မှန်တောင် ပျောက်သွားတာဗျို့။ ဒီတော့မှ ကျုပ်က မှန်ကြီးကို လှဲပြီး

ပခုံးပေါ်တင်ထမ်းတယ်။ ကိုရင်ကောင်ပြေးလာပြီ တစ်ဖက်က ဝင်ထမ်းတယ်ဗျ။

ကျောက်ခဲနဲ့ သံမဏိက သူတို့ထမ်းမယ်ပြောပါတယ်။ ဒါပေမဲ့ ကိုရင်ကောင်က

“ဖယ်ကြစမ်း ကောင်လေးတွေ။ ငါ့ကို ရူးအောင်လုပ်တဲ့ဟာမကို ငါကိုယ်တိုင် မဖဲဝါလက်ထဲ အပ်မယ်ကွ”

လို့ အော်ပြောတယ်။ ဒီတော့မှ မှန်ထဲက သရဲမက ကျုပ်တိုှ့အကြံကို သိသွားပုံပဲဗျ။

“ဝုန်း . . .ဒုန်း . . . ဒုန်း . . . ”
ဟာ . . . မှန်ထဲကထွက်လာတဲ့ အသံတွေဗျ။ ကြမ်းပြင်ပေါ်မှာ ခုန်ပေါက်နေတဲ့ အသံမျိုးဗျို့။

“ဂလွမ်း . . . ဂလွမ်း . . . ဒုန်း”
အို . . . ဘာတွေများ တွန်းလှဲနေသလဲ မှတ်ရတယ်။ မှန်ထဲကနေ

အသံမျိုးစုံကို ထွက်လာတာဗျို့။ ဒါပေမဲ့ သိမ်ဝင်အပ်ချည်ကို ဖောက်ပြီးထွက်နိုင်ပုံ မပေါ်ဘူးဗျ။

ကျုပ်နဲ့ ကိုရင်ကောင်က မှန်ကြီးထမ်းပြီး ညံတောသင်္ချ ိုင်းရောက်အောင် ပြေးကြတာပေါ့ဗျာ။

ကိုမင်းယာတို့ကလည်း နောက်ကပြေးလိုက်ကြရတာပေါ့။ ရွာဦးက ရှေးကျောင်းကြီးက ဆိုင်းသံကလည်း ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းထားတာပေါ့ဗျာ။

သင်္ချ ိုင်းထဲရောက်တော့ ကျုပ်က မှန်ကို ထနောင်းပင်ပျိုကလေးမှာ ထောင်ထားလိုက်တယ်။

ပြီးတော့ ကျုပ်မှာ အသင့်ပါလာတဲ့ မျက်ကွင်းဆေးကို ကျုပ်ယူလာတဲ့ ကျောက်ပြားကလေးမှာ ရေပုလင်းဖွင့်ပြီး ရေထည့်သွေးလိုက်တယ်။

ပြီးတော့ မျက်စိတွေကို ကွင်းလိုက်တာပေါ့ဗျာ။ ဒီပွဲမျိုးကို ကျုပ်ဘယ်လက်လွတ်ခံမှာတုန်းဗျာ။ ဒီပစ္စည်းတွေက

ကျုပ်လွယ်အိတ်ထဲမှာ အမြဲပါနေကျဗျ။
“သချ် ိုင်းရှင်မကြီး မဖဲဝါခင်ဗျာ။ မှန်ချပ်ကြီးကို ကျုပ်ယူလာပါပြီ။ အမြန်ဆုံးကြွလာခဲ့ပါခင်ဗျား”

“ဝူး . . . ဝူး . . . ဝူး . . . ဝူး . . . အီ . . . အီ . . . အီ”
ဟော . . . မဖဲဝါက ကျုပ်တို့ကို စောင့်နေပုံပဲဗျ။ ချက်ချင်းကို

ရောက်လာတာ။ ဟော . . . ဟော . . . လာပြီဗျို့။ ဂူတွေအပေါ်က ရွေ့လာတာ။ သူ့ခွေးကြီးတွေကတော့ နွားပေါက်လောက်ရှိတဲ့

ကောင်ကြီးတွေဗျ။ ဂူတွေကြားက လျှောက်လာတာပေါ့။ မဖဲဝါက မှန်ကို စိုက်ကြည့်နေတယ်။ ပြီးတော့ ကျုပ်ကို

တစ်ချက်စိုက်ကြည့်တယ်။ ကျုပ်သဘောပေါက်လိုက်တယ်။ မှန်မှာ ကျုုပ်ပတ်ထားတဲ့ သိမ်ဝင်ကြိုးတွေကို ဖြတ်ခိုင်းတာလေ။

ကျုပ်လွယ်အိတ်ထဲက ဓားလေးထုတ်ပြီး ချက်ချင်း ပြေးဖြတ်ပစ်လိုက်တယ်။ ကြိုးတွေအားလုံး ပြတ်သွားပြီး

ထနောင်းပင်ပျိုလေးမှာ ထောင်ထားတဲ့ အက်ရာတွေနဲ့ မှန်ချပ်ကို မဖဲဝါကစိုက်ကြည့်နေတယ်။ ဂူပေါ်မှာ ရပ်နေတဲ့ မဖဲဝါက

ဆယ့်နှစ်ပေ၊ ဆယ်သုံးပေလောက်ကို မြင့်နေတာဗျို့။ ဆံပင်ဖားလျားကြီး ချထားတာကလည်း အရှည်ကြီးဗျ။

မျက်လုံးကြီးတွေကလည်းလက်ဖက်ရည်ပန်းကန်လောက်ရှှိမှာ။ နီရဲပြီး မှောင်ထဲမှာ အရောင်တွေတောက်နေတာဗျို့။

ဟော . . . မဖဲဝါ လက်တစ်ဖက် ရှေ့ကို ဆန့်ထုတ်လိုက်တယ်။ မှန်ကို စိုက်ကြည့်ပြီး လက်ယပ်ခေါ်နေတာဗျ။ ကျုပ်လည်း မှန်ကို

သေချာကြည့်နေတာပေါ့ဗျာ။
ဟာ . . . မှန်ထဲက ထွက်လာပြီဗျို့။ ခြေထောက်ကြီးတွေဗျ။

ခြေထောက်ကြီး လှမ်းထွက်လာတာ။ ဟော နောက်ထပ် တစ်ဖက်။ ဟော တစ်ကိုယ်လုံးထွက်လာပြီဗျို့။ ဆံပင်ဖားလျားကြီးချထားတဲ့

မိန်းမကြီး။ ထဘီက ဒူးခေါင်းအပေါ်လောက်အထိ တိုတိုကြီးဝတ်ထားတာပေါ့။

“ဝူး . . . ဝူး. . .ဝူး . . . အိ . . . အိ”
မဖဲဝါရဲ့ခွေးကြီးက ရုတ်တရတ် ထအူလိုက်တာ ကျုုပ်တောင် လန့်သွားတယ်ဗျို့။ ကြက်သီးတွေဆိုတာ ဖြန်းခနဲနေအောင် ထသွားတာ။

မဖဲဝါက မှန်ထဲက ထွက်လာတဲ့ သရဲမကို တစ်ချက်စိုက်ကြည့်ပြီး လှည့်ထွက်သွားတယ်။ သရဲမကြီးက မဖဲဝါနောက်ကို

လိုက်သွားပြီဗျို့။
ကျုပ်လည်း မျက်စိတစ်ဆုံး လိုက်ကြည့်နေတာဗျို့။ နောက်တော့

တဖြည်းဖြည်းပျောက်သွားတယ်ဗျ။
ကျုပ်လည်း မှန်ကိုခွဲပြီး မြေမြှုျပ်လိုက်တယ်။ နောက်တစ်နေ့ဆိုရင်

ရွာထဲမှာ ကိုရင်ကောင်နေကောင်းသွားတဲ့ သတင်းကတော့ ပျံ့နေတော့မှာပေါ့ဗျာ။

ကျုပ်တို့လည်း ညံတောဘေးမဲ့ပွဲကို ရောက်တယ်ဆိုရုံလေးပါပဲဗျာ။ မနက်ဝေလီဝေလင်းမှာ လှည်းကောက်ပြီး ထနောင်းကုန်းကို ပြန်မောင်းလာခဲ့ကြတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: တာတေ(Book)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top