Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဘယ္သူအေပ်ာ္ဆံုးလဲ
✿✿✿✿✿✿✿✿✿✿


.
တစ္ခါက က်ီးကန္းတစ္ေကာင္ရွိတယ္...
သူက သူ႔ကိုယ္သူ "ေလာကမွာ ငါဟာ
အေပ်ာ္ဆံုးငွက္တစ္ေကာင္ပဲ" ဆိုျပီး ဘ၀ကို
သာယာေနတယ္...

တစ္ေန႔ သူ ဗ်ိဳင္းတစ္ေကာင္ကိုေတြ႔တယ္...
"သူ႔တစ္ကိုယ္လံုးက ျဖဴေဖြးေနတာပဲ... ငါကေတာ့
မည္းနက္ေနတယ္... သူဟာ ေလာကမွာ
အေပ်ာ္ဆံုးငွက္ျဖစ္လိမ့္မယ္" လို႔ေတြးမိတယ္။

ဒီလိုနဲ႔ သူဗိ်ဳင္းကိုသြားေျပာတယ္... " ကိုဗ်ိဳင္းရာ..
ခင္ဗ်ားအေရာင္က ျဖဴေဖြးေနတာပဲ လွလိုက္တာ...
ဧကႏၱ ခင္ဗ်ားဟာ ေလာကမွာ အေပ်ာ္ဆံုးငွက္ပဲမလား"။

ဒီေတာ့ ဗ်ိဳင္းကျပန္ေျပာတယ္ "ကၽြန္ေတာ္လည္း
အစက ဒီလိုေတြးမိတာ ၾကက္တူေရြးကိုမေတြ႔ခင္
အထိကပဲဗ်ာ... ကၽြန္ေတာ္ကသာ
အျဖဴေရာင္တစ္ခုတည္းရွိတာ... သူမွာက
အေရာင္ ၂မ်ိဳးရွိတယ္ သိပ္လွတယ္ဗ်..."

ဒီလိုနဲ႔ က်ီးကန္းလည္း ၾကက္တူေရြးဆီသြားတယ္...
" ခင္ဗ်ားက အေရာင္ ၂မ်ိဳးနဲ႔ သိပ္လွတယ္ဗ်ာ...
ခင္ဗ်ားက ကမၻာေပၚမွာ အေပ်ာ္ဆံုးငွက္ ပဲမလား"..

ၾကက္တူေရြးက " ဟား ကၽြန္ေတာ္ကဘာဟုတ္ေသးလဲဗ်ာ...
ကၽြန္ေတာ့္မွာ အေရာင္၂မ်ိဳးပဲရွိတာ ေဒါင္းမွာ
အေရာင္ေတြ အမ်ားၾကီးနဲ႔ဗ်...
ခင္ဗ်ားသူ႔ကိုသြားေမးပါလား" လို႔ေျဖလိုက္တယ္။

ဒီလိုနဲ႔ က်ီးကန္းလည္း ေဒါင္းကိုလိုက္ရွာရင္း
တိရစၦာန္ရံု တစ္ခုထဲမွာ လူေတြအမ်ားၾကီး
၀ိုင္းၾကည့္ေနတဲ့ ေဒါင္းကိုေတြ႔လိုက္တယ္...
"အား..ပါး.. လွလိုက္တာ... သူက ေသခ်ာေပါက္
အေပ်ာ္ဆံုးငွက္ပဲ" လို႔ ေတြးလိုက္တယ္။
ဒီလိုနဲ႔ တိရစၦာန္ရံုပိတ္ခ်ိန္ထိေစာင့္ေနျပီး
ညေနလူရွင္းေတာ့ ေဒါင္းဆီသြားေျပာတယ္..

" ကိုေဒါင္း ခင္ဗ်ား ဒီေလာက္လွတာ ခင္ဗ်ားက
ေလာကမွာ အေပ်ာ္ဆံုးငွက္ပဲဗ်ာ... လူေတြက
ခင္ဗ်ားရဲ႔ အလွကို ဒီလိုတကူးတက လာၾကည့္တယ္...
က်ုပ္ကိုျမင္ရင္ျဖင့္ေတာ့ ေမာင္းလႊတ္တာပဲဗ်ိဳ႔...
တစ္ခါတစ္ေလ ခဲနဲ႔ေတာင္ ေပါက္လို႔
မနည္းေရွာင္ရတယ္ဗ်ာ" လို႔ေျပာတယ္။

ဒီခ်ိန္မွာ ေဒါင္းက "အင္းဗ်ာ ကၽြန္ေတာ္က
အလွဆံုးငွက္ဆိုတာ မွန္ပါရဲ႔၊ ဒါေပမယ့္ ကၽြန္ေတာ့ရဲ႔
အလွတရားေၾကာင့္ ကၽြန္ေတာ္ဟာ
ေလွာင္အိမ္ထဲခ်ဳပ္ေႏွာင္ခံထားရတယ္...

ဒီမွာ မိတ္ေဆြက်ီး ကၽြန္ေတာ္ တိရိစၦာန္ရံုတစ္ခုလံုးကို
ေသခ်ာ စူးစမ္းျပီးျပီ... ေလွာင္အိမ္ထဲထည့္မထား
ခံရတာဆိုလို႔ က်ီးကန္း ပဲရွိတယ္ဗ်...

ကၽြန္ေတာ္ တစ္ခါတစ္ေလေတြးမိတယ္...
ေလာကမွာ အေပ်ာ္ဆံုးငွက္ဟာ က်ီးကန္းပဲျဖစ္မယ္လို႔ေပါ့...
လြတ္လြတ္လပ္လပ္ပ်ံသန္းေနတဲ့
က်ီးကန္းေတြျမင္ရင္ ကၽြန္ေတာ္အရမ္းအားက်တယ္ဗ်ာ"...
လို႔ျပန္ေျပာတယ္။

..
.

သင္ခန္းစာ။ ။ကၽြန္ေတာ္တို႔ဟာ တစ္ခါတစ္ေလ
ကၽြန္ေတာ္တို႔ ျကံုေတြ႔ေနရတဲ့ ဘ၀အေျခအေနနဲ႔
ျပႆနာေတြအေပၚမွာ မေက်မနပ္ျဖစ္ျပီး
သူမ်ားဘ၀ေတြကို အားက်မိတတ္ၾကတယ္..
တကယ္ေတာ့ ဘယ္လိုဘ၀မ်ိဳး ျဖစ္ျဖစ္ လူတိုင္းမွာ
အခက္အခဲေတြ ရွိေနတတ္ပါတယ္။ ျပီးျပည့္စံုတယ္ဆိုတာ
မရွိပါဘူး။ ကိုယ့္ဘ၀ကိုကိုယ္ ေက်နပ္ႏိုင္သူသာ
ေလာကမွာ အေပ်ာ္ဆံုး လူသားျဖစ္ပါလိမ့္မယ္။

━━━━━━━━━━━━━━━━━━━━
🗿🗿(#သိမွတ္ဖြယ္ရာ_ဗဟုသုတရြာ)
https://www.facebook.com/knowledgevillage11/


 ဖိုးသူေတာ္ (www.phothutaw.com)
Credit:
သိမွတ္ဖြယ္ရာ_ဗဟုသုတရြာ

#Unicode Version#
ဘယ်သူအပျော်ဆုံးလဲ
✿✿✿✿✿✿✿✿✿✿

.
တစ်ခါက ကျီးကန်းတစ်ကောင်ရှိတယ်...
သူက သူ့ကိုယ်သူ "လောကမှာ ငါဟာ
အပျော်ဆုံးငှက်တစ်ကောင်ပဲ" ဆိုပြီး ဘဝကို
သာယာနေတယ်...

တစ်နေ့ သူ ဗျိုင်းတစ်ကောင်ကိုတွေ့တယ်...
"သူ့တစ်ကိုယ်လုံးက ဖြူဖွေးနေတာပဲ... ငါကတော့
မည်းနက်နေတယ်... သူဟာ လောကမှာ
အပျော်ဆုံးငှက်ဖြစ်လိမ့်မယ်" လို့တွေးမိတယ်။

ဒီလိုနဲ့ သူဗျိုင်းကိုသွားပြောတယ်... " ကိုဗျိုင်းရာ..
ခင်ဗျားအရောင်က ဖြူဖွေးနေတာပဲ လှလိုက်တာ...
ဧကန္တ ခင်ဗျားဟာ လောကမှာ အပျော်ဆုံးငှက်ပဲမလား"။

ဒီတော့ ဗျိုင်းကပြန်ပြောတယ် "ကျွန်တော်လည်း
အစက ဒီလိုတွေးမိတာ ကြက်တူရွေးကိုမတွေ့ခင်
အထိကပဲဗျာ... ကျွန်တော်ကသာ
အဖြူရောင်တစ်ခုတည်းရှိတာ... သူမှာက
အရောင် ၂မျိုးရှိတယ် သိပ်လှတယ်ဗျ..."

ဒီလိုနဲ့ ကျီးကန်းလည်း ကြက်တူရွေးဆီသွားတယ်...
" ခင်ဗျားက အရောင် ၂မျိုးနဲ့ သိပ်လှတယ်ဗျာ...
ခင်ဗျားက ကမ္ဘာပေါ်မှာ အပျော်ဆုံးငှက် ပဲမလား"..

ကြက်တူရွေးက " ဟား ကျွန်တော်ကဘာဟုတ်သေးလဲဗျာ...
ကျွန်တော့်မှာ အရောင်၂မျိုးပဲရှိတာ ဒေါင်းမှာ
အရောင်တွေ အများကြီးနဲ့ဗျ...
ခင်ဗျားသူ့ကိုသွားမေးပါလား" လို့ဖြေလိုက်တယ်။

ဒီလိုနဲ့ ကျီးကန်းလည်း ဒေါင်းကိုလိုက်ရှာရင်း
တိရစ္ဆာန်ရုံ တစ်ခုထဲမှာ လူတွေအများကြီး
ဝိုင်းကြည့်နေတဲ့ ဒေါင်းကိုတွေ့လိုက်တယ်...
"အား..ပါး.. လှလိုက်တာ... သူက သေချာပေါက်
အပျော်ဆုံးငှက်ပဲ" လို့ တွေးလိုက်တယ်။
ဒီလိုနဲ့ တိရစ္ဆာန်ရုံပိတ်ချိန်ထိစောင့်နေပြီး
ညနေလူရှင်းတော့ ဒေါင်းဆီသွားပြောတယ်..

" ကိုဒေါင်း ခင်ဗျား ဒီလောက်လှတာ ခင်ဗျားက
လောကမှာ အပျော်ဆုံးငှက်ပဲဗျာ... လူတွေက
ခင်ဗျားရဲ့ အလှကို ဒီလိုတကူးတက လာကြည့်တယ်...
ကျုပ်ကိုမြင်ရင်ဖြင့်တော့ မောင်းလွှတ်တာပဲဗျို့...
တစ်ခါတစ်လေ ခဲနဲ့တောင် ပေါက်လို့
မနည်းရှောင်ရတယ်ဗျာ" လို့ပြောတယ်။

ဒီချိန်မှာ ဒေါင်းက "အင်းဗျာ ကျွန်တော်က
အလှဆုံးငှက်ဆိုတာ မှန်ပါရဲ့၊ ဒါပေမယ့် ကျွန်တော့ရဲ့
အလှတရားကြောင့် ကျွန်တော်ဟာ
လှောင်အိမ်ထဲချုပ်နှောင်ခံထားရတယ်...

ဒီမှာ မိတ်ဆွေကျီး ကျွန်တော် တိရိစ္ဆာန်ရုံတစ်ခုလုံးကို
သေချာ စူးစမ်းပြီးပြီ... လှောင်အိမ်ထဲထည့်မထား
ခံရတာဆိုလို့ ကျီးကန်း ပဲရှိတယ်ဗျ...

ကျွန်တော် တစ်ခါတစ်လေတွေးမိတယ်...
လောကမှာ အပျော်ဆုံးငှက်ဟာ ကျီးကန်းပဲဖြစ်မယ်လို့ပေါ့...
လွတ်လွတ်လပ်လပ်ပျံသန်းနေတဲ့
ကျီးကန်းတွေမြင်ရင် ကျွန်တော်အရမ်းအားကျတယ်ဗျာ"...
လို့ပြန်ပြောတယ်။

..
.

သင်ခန်းစာ။ ။ကျွန်တော်တို့ဟာ တစ်ခါတစ်လေ
ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ဘဝအခြေအနေနဲ့
ပြဿနာတွေအပေါ်မှာ မကျေမနပ်ဖြစ်ပြီး
သူများဘဝတွေကို အားကျမိတတ်ကြတယ်..
တကယ်တော့ ဘယ်လိုဘဝမျိုး ဖြစ်ဖြစ် လူတိုင်းမှာ
အခက်အခဲတွေ ရှိနေတတ်ပါတယ်။ ပြီးပြည့်စုံတယ်ဆိုတာ
မရှိပါဘူး။ ကိုယ့်ဘဝကိုကိုယ် ကျေနပ်နိုင်သူသာ
လောကမှာ အပျော်ဆုံး လူသားဖြစ်ပါလိမ့်မယ်။

━━━━━━━━━━━━━━━━━━━━
🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
https://www.facebook.com/knowledgevillage11/



 ဖိုးသူတော် (www.phothutaw.com)
Credit: သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top