ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဘယ္ေလာက္ပဲစားစား၊ အ႐ိုးေျခာက္႐ုပ္ျဖစ္ေနလို႔ စိတ္ပူပင္ေသာကေရာက္ေနသူေတြအတြက္ ပံုမွန္ေလး၀လာေအာင္ ကူညီေပးမယ့္ နည္းလမ္းေတြရွိပါတယ္။
အိပ္ေရးကို အေလးထားပါ
---
ေလ့က်င့္ခန္းလုပ္ၿပီး အိပ္ေရး၀၀အိပ္တာက ႂကြက္သားေတြကို ျပန္လည္ရွင္သန္ဖြံ႕ၿဖိဳးေစတယ္လို႔ ကၽြမ္းက်င္သူေတြက ဆိုထားပါတယ္။ အစာမ်ားမ်ားစားေပမယ့္ ေကာင္းမြန္တဲ့ အိပ္ေရးမရွိဘူးဆိုရင္ေတာ့ ႂကြက္သားႀကီးထြားမႈကို အေႏွ
ာင့္အယွက္ ျဖစ္ေစတဲ့ ေကာ္တီေစာေဟာ္မုန္းေတြ အထြက္မ်ားၿပီး ပိန္ၿမဲအတိုင္းသာ ပိန္ေနမွာပါ။ ဒါေၾကာင့္ ၀၀ျပည့္ျပည့္ေလးက်န္းမာခ်င္ရင္ အရင္ဆံုး မိမိအိပ္ခ်ိန္ကို စစ္ေဆးၾကည့္ပါ။
အျပင္ထြက္စားပါ
---
တခ်ဳိ႕ စားေသာက္ဆိုင္က အစားအစာေတြက အိမ္မွာ ခ်က္ထားတဲ့ အစာေတြထက္ ကယ္လိုရီပိုမ်ားတာေၾကာင့္ တစ္ဖက္တစ္လမ္းကေန ကိုယ္အေလးခ်ိန္တိုးေအာင္ ကူညီႏိုင္ပါတယ္။ ေန႔တိုင္းမဟုတ္ေတာင္ တစ္ပတ္ႏွစ္ရက္၊ သံုးရက္ေလာက္ အျပင္ထြက္စားသင့္ပါတယ္။
သေရစာ စားပါ
---
ေရခဲမုန္႔လို သေရစာ စားတာေၾကာင့္ အရသာရွိတဲ့အျပင္ ကယ္လိုရီလည္း လိုအပ္သေလာက္ရရွိၿပီး ကိုယ္အေလးခ်ိန္ တိုးေပးႏိုင္ပါတယ္။ အခ်ဳိမ်ားတဲ့ အစာေတြ အမ်ားႀကီးစားတာမ်ဳိး မဟုတ္ဘဲ ကိုယ္စားတဲ့ အစာတစ္ခုရဲ႕ ကယ္လိုရီပမာဏကို တြက္ခ်က္ၿပီးလည္း စားေပးႏိုင္ပါတယ္။
ပန္းကန္ႀကီးႀကီး သံုးပါ
---
ကိုယ္အေလးခ်ိန္က်ခ်င္သူေတြ အၿမဲလိုလို ျပဳလုပ္ေလ့ရွိတာက အစာစားတဲ့အခါ မ်ားမ်ားမစားျဖစ္ေအာင္ ပန္းကန္ေသးေသးနဲ႔ အစာေတြ ထည့္စားတာျဖစ္ပါတယ္။ ဒီေတာ့ ကိုယ္အေလးခ်ိန္တက္ခ်င္သူေတြအတြက္ေတာ့ သူတို႔နဲ႔ ေျပာင္းျပန္အစာစားတဲ့အခါ ပန္းကန္ႀကီးႀကီးနဲ႔ ထည့္စားပါ။ ကိုယ္စားႏိုင္သေလာက္ပမာဏကို ထည့္ၿပီး ကုန္ေအာင္ စားေပးပါ။
စိတ္ရွည္ပါ
---
ခႏၶာကိုယ္မွာ ႂကြက္သား သန္မာဖြံၿဖိဳးလာဖို႔ဆိုတာ အခုခ်က္ခ်င္း ျဖစ္ႏိုင္တဲ့ လုပ္ငန္းစဥ္မဟုတ္ပါဘူး။ ဒါေၾကာင့္ စိတ္ရွည္ရွည္ထားၿပီး နည္းလမ္းတက် က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ လမ္းစဥ္အတိုင္း ျပဳလုပ္ပါ။ ေျခာက္လ ဒါမွမဟုတ္ လအ
နည္းငယ္ၾကာ အခ်ိန္ယူၿပီး ၾကည့္ေကာင္းတဲ့ ခႏၶာကိုယ္မ်ဳိးရေအာင္ အစားအစာ၊ အိပ္ေရး၊ ေလ့က်င့္ခန္း စတာေတြကို အခ်ဳိးက်က်ေဆာင္ရြက္ပါ။
ေစာင့္ၾကည့္ပါ
---
အစာစားတဲ့အခါ၊ ေလ့က်င့္ခန္းလုပ္တဲ့အခါ ေပါ႔ေပါ႔ဆဆမဟုတ္ဘဲ စည္းကမ္းတက် ဒါမွမဟုတ္ Gym တစ္ခုခုက အားကစားဆရာတစ္ဦးရဲ႕ အႀကံဥာဏ္အတိုင္း ျပဳလုပ္ပါ။ ကိုယ္အေလးခ်ိန္ကို ေန႔တိုင္း တိုင္းတာၾကည့္သင့္ၿပီး ကိုယ္ခႏ
ၶာက ဘာေတြ ေျပာင္းလဲတိုးတက္လာတယ္ဆိုတာ သတိထားေစာင့္ၾကည့္ပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: သံလြင္(ေဆး၀ါး)

#Unicode Version#
ဘယ်လောက်ပဲစားစား၊ အရိုးခြောက်ရုပ်ဖြစ်နေလို့ စိတ်ပူပင်သောကရောက်နေသူတွေအတွက် ပုံမှန်လေးဝလာအောင် ကူညီပေးမယ့် နည်းလမ်းတွေရှိပါတယ်။
အိပ်ရေးကို အလေးထားပါ
---
လေ့ကျင့်ခန်းလုပ်ပြီး အိပ်ရေး၀၀အိပ်တာက ကြွက်သားတွေကို ပြန်လည်ရှင်သန်ဖွံ့ဖြိုးစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။ အစာများများစားပေမယ့် ကောင်းမွန်တဲ့ အိပ်ရေးမရှိဘူးဆိုရင်တော့ ကြွက်သားကြီးထွားမှုကို အနှေ
ာင့်အယှက် ဖြစ်စေတဲ့ ကော်တီစောဟော်မုန်းတွေ အထွက်များပြီး ပိန်မြဲအတိုင်းသာ ပိန်နေမှာပါ။ ဒါကြောင့် ၀၀ပြည့်ပြည့်လေးကျန်းမာချင်ရင် အရင်ဆုံး မိမိအိပ်ချိန်ကို စစ်ဆေးကြည့်ပါ။
အပြင်ထွက်စားပါ
---
တချို့ စားသောက်ဆိုင်က အစားအစာတွေက အိမ်မှာ ချက်ထားတဲ့ အစာတွေထက် ကယ်လိုရီပိုများတာကြောင့် တစ်ဖက်တစ်လမ်းကနေ ကိုယ်အလေးချိန်တိုးအောင် ကူညီနိုင်ပါတယ်။ နေ့တိုင်းမဟုတ်တောင် တစ်ပတ်နှစ်ရက်၊ သုံးရက်လောက် အပြင်ထွက်စားသင့်ပါတယ်။
သရေစာ စားပါ
---
ရေခဲမုန့်လို သရေစာ စားတာကြောင့် အရသာရှိတဲ့အပြင် ကယ်လိုရီလည်း လိုအပ်သလောက်ရရှိပြီး ကိုယ်အလေးချိန် တိုးပေးနိုင်ပါတယ်။ အချိုများတဲ့ အစာတွေ အများကြီးစားတာမျိုး မဟုတ်ဘဲ ကိုယ်စားတဲ့ အစာတစ်ခုရဲ့ ကယ်လိုရီပမာဏကို တွက်ချက်ပြီးလည်း စားပေးနိုင်ပါတယ်။
ပန်းကန်ကြီးကြီး သုံးပါ
---
ကိုယ်အလေးချိန်ကျချင်သူတွေ အမြဲလိုလို ပြုလုပ်လေ့ရှိတာက အစာစားတဲ့အခါ များများမစားဖြစ်အောင် ပန်းကန်သေးသေးနဲ့ အစာတွေ ထည့်စားတာဖြစ်ပါတယ်။ ဒီတော့ ကိုယ်အလေးချိန်တက်ချင်သူတွေအတွက်တော့ သူတို့နဲ့ ပြောင်းပြန်အစာစားတဲ့အခါ ပန်းကန်ကြီးကြီးနဲ့ ထည့်စားပါ။ ကိုယ်စားနိုင်သလောက်ပမာဏကို ထည့်ပြီး ကုန်အောင် စားပေးပါ။
စိတ်ရှည်ပါ
---
ခန္ဓာကိုယ်မှာ ကြွက်သား သန်မာဖွံဖြိုးလာဖို့ဆိုတာ အခုချက်ချင်း ဖြစ်နိုင်တဲ့ လုပ်ငန်းစဉ်မဟုတ်ပါဘူး။ ဒါကြောင့် စိတ်ရှည်ရှည်ထားပြီး နည်းလမ်းတကျ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လမ်းစဉ်အတိုင်း ပြုလုပ်ပါ။ ခြောက်လ ဒါမှမဟုတ် လအ
နည်းငယ်ကြာ အချိန်ယူပြီး ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်မျိုးရအောင် အစားအစာ၊ အိပ်ရေး၊ လေ့ကျင့်ခန်း စတာတွေကို အချိုးကျကျဆောင်ရွက်ပါ။
စောင့်ကြည့်ပါ
---
အစာစားတဲ့အခါ၊ လေ့ကျင့်ခန်းလုပ်တဲ့အခါ ပေါ့ပေါ့ဆဆမဟုတ်ဘဲ စည်းကမ်းတကျ ဒါမှမဟုတ် Gym တစ်ခုခုက အားကစားဆရာတစ်ဦးရဲ့ အကြံဉာဏ်အတိုင်း ပြုလုပ်ပါ။ ကိုယ်အလေးချိန်ကို နေ့တိုင်း တိုင်းတာကြည့်သင့်ပြီး ကိုယ်ခန
္ဓာက ဘာတွေ ပြောင်းလဲတိုးတက်လာတယ်ဆိုတာ သတိထားစောင့်ကြည့်ပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: သံလွင်(ဆေးဝါး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top