Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

(၁)
"မျမဝင္းရယ္...ေလွလံႏွစ္ဖက္နင္းမယ္ဆိုလည္း က်ဳပ္ဘက္ကို ပိုပိုသာသာေလး ဖိနင္းလိုက္စမ္းပါဗ်ာ..။ "
ဗိုလ္ေအာင္ဒင္

(၂) "မယ္သီတာရယ္ မင္းပံုရိပ္ကေလး ျမင္ခဲ့ ကတည္းက စြဲလမ္းခဲ့ရတာပါ..။ မင္းဘာသာ လင္ဘယ္ႏွေယာက္ရဲ႕ မယားျဖစ္ေနေန ငါဂရုမစိုက္ဘူး ။ ငါလိုခ်င္တာ မင္းအခ်စ္ကိုပါ..။ သိပ္ခ်စ္လြန္းလို႔ မင္းႏွလံုးသားကိုရဖို႔ ငါ အရူးတစ္ေယာက္လို ႀကိဳးစားခဲ့တာ...ၾကည့္ပါဦး..။ ငါ့ေဆြေတြ ၊ မ်ိဳးေတြ အကုန္ေသ..ငါ့တိုင္းျပည္ႀကီး မီးဟုန္းဟုန္းေတာက္ေလာင္ေနၿပီ..၊ မင္းအခ်စ္ကိုရဖို႔.. ငါေသျပဖို႔ပဲ.. လိုေတာ့သလား..ဟင္။ .."
ဒႆဂီရိ

(၃) " ေသေစႏိုင္တဲ့ အဆိပ္ေတြပါမွန္း သိသိႀကီးနဲ႔ က်ဳပ္မေရွာင္ႏိုင္ခဲ့တာ မင္းႏႈတ္ခမ္းေတြပါပဲ ေရႊအိမ္စည္ရယ္...။ "
ပရိကၡရားမင္းသား

(၄) " သြားေပဦးေတာ့ ေစာမြန္လွေရ.. သြားေပဦးေတာ့။ မင့္မျမင္ႏိုင္တဲ့ ဘုရင္တပါးရဲ႕ အခ်စ္နဲ႔ မ်က္ရည္ေတြကို ေဟာဟိုက မၿပီးေသးတဲ့ ေရႊစည္းခံု ဘုရားႀကီး သက္ေသတည္ၿပီ... ဆုထားခဲ့ခ်င္ပါရဲ႕..။ ေနာင္ဘဝ ဆိုတာရိွခဲ့ရင္......"
အေနာ္ရထာ

(၅) " ခ်စ္ျခင္းအတြက္ ... ေသျခင္းကို ရင္ဆိုင္ရမယ္ေပါ့..။ မအံ့ၾသပါဘူး...။ အရွင့္သားကို စခ်စ္မိကတည္းက ခင့္ႏွလံုးသားေရာ ဘဝတခုလံုးပါ ေသဆံုးခဲ့ ၿပီးသားပဲ.."
ဒိုင္းခင္ခင္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kumar Khadka

# Unicode Version #
(၁)
"မမြဝင်းရယ်...လှေလံနှစ်ဖက်နင်းမယ်ဆိုလည်း ကျုပ်ဘက်ကို ပိုပိုသာသာလေး ဖိနင်းလိုက်စမ်းပါဗျာ..။ "
ဗိုလ်အောင်ဒင်

(၂) "မယ်သီတာရယ် မင်းပုံရိပ်ကလေး မြင်ခဲ့ ကတည်းက စွဲလမ်းခဲ့ရတာပါ..။ မင်းဘာသာ လင်ဘယ်နှယောက်ရဲ့ မယားဖြစ်နေနေ ငါဂရုမစိုက်ဘူး ။ ငါလိုချင်တာ မင်းအချစ်ကိုပါ..။ သိပ်ချစ်လွန်းလို့ မင်းနှလုံးသားကိုရဖို့ ငါ အရူးတစ်ယောက်လို ကြိုးစားခဲ့တာ...ကြည့်ပါဦး..။ ငါ့ဆွေတွေ ၊ မျိုးတွေ အကုန်သေ..ငါ့တိုင်းပြည်ကြီး မီးဟုန်းဟုန်းတောက်လောင်နေပြီ..၊ မင်းအချစ်ကိုရဖို့.. ငါသေပြဖို့ပဲ.. လိုတော့သလား..ဟင်။ .."
ဒဿဂီရိ

(၃) " သေစေနိုင်တဲ့ အဆိပ်တွေပါမှန်း သိသိကြီးနဲ့ ကျုပ်မရှောင်နိုင်ခဲ့တာ မင်းနှုတ်ခမ်းတွေပါပဲ ရွှေအိမ်စည်ရယ်...။ "
ပရိက္ခရားမင်းသား

(၄) " သွားပေဦးတော့ စောမွန်လှရေ.. သွားပေဦးတော့။ မင့်မမြင်နိုင်တဲ့ ဘုရင်တပါးရဲ့ အချစ်နဲ့ မျက်ရည်တွေကို ဟောဟိုက မပြီးသေးတဲ့ ရွှေစည်းခုံ ဘုရားကြီး သက်သေတည်ပြီ... ဆုထားခဲ့ချင်ပါရဲ့..။ နောင်ဘဝ ဆိုတာရှိခဲ့ရင်......"
အနော်ရထာ

(၅) " ချစ်ခြင်းအတွက် ... သေခြင်းကို ရင်ဆိုင်ရမယ်ပေါ့..။ မအံ့သြပါဘူး...။ အရှင့်သားကို စချစ်မိကတည်းက ခင့်နှလုံးသားရော ဘဝတခုလုံးပါ သေဆုံးခဲ့ ပြီးသားပဲ.."
ဒိုင်းခင်ခင်

ဖိုးသူတော် (www.phothutaw.com)
Credit: Kumar Khadka
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top