Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အုတ္စီပံုမွာ ဓါးစီခုတ္ (ေခၚ) ဓါးျဖင့္ေရႊခုတ္ၿပီးမွ သရြတ္ အဂၤေတညွပ္စီျခင္းျဖစ္ေသာေၾကာင့္ အပ္ထိုး၍ပင္မရေအာင္ ေစ့စပ္သည္ဟုဆိုၾကပါတယ္။ ေပါင္းကူးမ်ားနဲ႔ အတြင္းနံရံမ်ားဟာ အလြန္ခိုင္ခံ့ပါတယ္။ ပႏၷက္ပံုစံဟာ အာနႏၵာလိုဏ္ဂူဘုရားႀကီး ပႏၷက္ပံုစံနဲ႔ ဆင္တူပါတယ္။ စတုရန္းပံုစံျဖစ္ၿပီး ေလးမ်က္နွာမွာ အာရံုခံမုဒ္မ်ားရွိပါတယ္။ ဂရိတို႔ရဲ႕ ၾကက္ေျခခတ္ပံုစံသေဘာမ်ိဳး တည္ရွိၾကပါတယ္။

 အာနႏၵာကဲ့သို႔႔ အမိုးနွစ္ဆင့္နိမ့္ေလွ်ာရွိၿပီး ပစၥယာေလးဆင့္တက္ထားပါတယ္။ အဲဒီအထက္မွာေတာ့ ကြမ္းေတာင္နဲ႔ အထြတ္တို႔ဟာ ပ်က္စီးလ်က္ရွိေနပါတယ္။

ထိုကဲ့သို႔ ထုထည္ႀကီးမားေသာ ဓမၼရံႀကီးအတြင္းမွာ အျပင္လိုဏ္ပတ္စႀကႍလမ္းမ်ားအထိသာ ၀င္ေရာက္နိုင္ၿပီးေတာ့ အတြင္းလိုဏ္ပတ္စႀကႍလမ္းမ်ားကို ပိတ္ဆို႔ထားတာ ေတြ႔ရပါတယ္။

မည္သည့္အေၾကာင္းေၾကာင့္ မည္သည့္အခါက ပိတ္ထားေၾကာင္းကို မသိရပါဘူး။ ဓမၼရံႀကီးတည္ေသာ မင္းလက္ထက္ကပင္ ပိတ္ဆို႔ထားခဲ့ေလသလား။ ထိုမင္းနတ္ရြာစံၿပီးေနာက္မွ ပိတ္ဆို႔ထားခဲ့ေလသလား။ အျခားေသာ လိုဏ္ဂူဘုရားမ်ားတြင္ အျပင္လိုဏ္ပတ္စႀကႍလမ္းမွ အတြင္းလိုဏ္ပတ္စႀကႍလမ္းမ်ားသို႔ ေပါက္ေရာက္ၿပီး အလယ္မ႑ိဳင္ရွိ ဗုဒၶရုပ္ပြားေတာ္မ်ားအထိ သြားေရာက္ဖူးေမွ်ာ္နိုင္ပါတယ္။ သမိုင္းမ်ားမွာေတာ့ ဒီကိစၥကို ေျဖရွင္းမထားပါဘူး။

ဓမၼရံႀကီးလိုဏ္ဂူကို နရသူမင္း (၁၁၆၃-၁၁၆၅) က တည္ေဆာက္ခဲ့ပါတယ္။ ထုိမင္းဟာ အိႏိၵယျပည္ ပဋိကၠယားကုလားမင္းကေစလႊတ္တဲ့ ကုလားလူမ်ိဳးရွစ္ေယာက္တို႔က ပုဏၰားအေယာင္ေဆာင္ၿပီး သတ္ေသာေၾကာင့္ အနိစၥေရာက္ခဲ့ရပါတယ္။ ပဋိကၠယားမင္း၏ သမီးေတာ္ကို  နရသူမင္းအမ်က္ေတာ္ရွိေသာေၾကာင့္ ကြပ္မ်က္ခဲ့ပါတယ္။

ထုိရန္ၿငိဳးေၾကာင့္ နရသူကို ကုလားတို႔လုပ္ႀကံေသာေၾကာင့္ နတ္ရြာစံသျဖင့္ “ကုလားက်မင္း” ဟု ေခၚဆိုခဲ့ၾကပါတယ္။ သမိုင္းသုေတသီ အခ်ိဳ႕ကေတာ့ သီဟုိ႒္ျပည္ ပထမပရကၠမဗာဟုမင္း (၁၁၅၃-၁၁၈၆) လက္ထက္ သီဟို႒္ကြ်န္းသား ကုန္သည္မ်ားကို နရသူက မတန္တဆအခြန္ေကာက္ယူၿပီး မတရားညွဥ္းဆဲနွိပ္ကြပ္ သတ္ျဖတ္ေသာေၾကာင့္ (၁၁၆၅) ခုနွစ္မွာ ရန္တံု႔ျပန္ကာ စစ္ခ်ီတက္သတ္ျဖတ္ၾကသည္ဟု ဆိုခဲ့ၾကပါတယ္။

ဓမၼရံႀကီး ဘုရားကိုေတာ့ ပုဂံျမိဳ႕ကေန မင္းနန္သူရြာဘက္ သြားရာလမ္းအတိုင္း သြားေရာက္ရင္ လက်္ာဘက္အျခမ္း မလွမ္းမကမ္းမွာ ဖူးေတြ႕နိုင္ၾကမွာ ျဖစ္ပါတယ္။ ဓမၼရံႀကီးဆိုတဲ့ ေ၀ါဟာရကေတာ့ ပုဂံေခတ္ကာလ အေနာက္ဘက္မွာ သီတင္းသံုးေနထိုင္တဲ့ အရွင္ဓမၼရံသီမေထရ္ျမတ္ကို အစြဲျပဳျပီး ေခၚေ၀ၚခဲ့တာလို႕ ေလ့လာသိရွိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Kumudara Hotel
ဓမၼရံႀကီးလုိဏ္ဂူေတာ္ႀကီးဟာ ပုဂံရွိထုထည္အႀကီးမားဆံုး ဘုရားမ်ားတြင္ တစ္ခုအပါအ၀င္ျဖစ္သလို အရပ္ေလးမ်က္နွာမွ ဖူးေမွ်ာ္နိုင္ေသာဘုရားတစ္ဆူလည္းျဖစ္ပါတယ္။ လိုဏ္ဂူ၏ထူးျခားခ်က္ကေတာ့ အုတ္၊ အဂၤေတပန္းရန္ ဗိသုကာလက္ရာျဖစ္ပါတယ္။

# Unicode Version #
 ဓမ္မရံကြီးလိုဏ်ဂူတော်ကြီးဟာ ပုဂံရှိထုထည်အကြီးမားဆုံး ဘုရားများတွင် တစ်ခုအပါအဝင်ဖြစ်သလို အရပ်လေးမျက်နှာမှ ဖူးမျှော်နိုင်သောဘုရားတစ်ဆူလည်းဖြစ်ပါတယ်။ လိုဏ်ဂူ၏ထူးခြားချက်ကတော့ အုတ်၊ အင်္ဂတေပန်းရန် ဗိသုကာလက်ရာဖြစ်ပါတယ်။

အုတ်စီပုံမှာ ဓါးစီခုတ် (ခေါ်) ဓါးဖြင့်ရွှေခုတ်ပြီးမှ သရွတ် အင်္ဂတေညှပ်စီခြင်းဖြစ်သောကြောင့် အပ်ထိုး၍ပင်မရအောင် စေ့စပ်သည်ဟုဆိုကြပါတယ်။ ပေါင်းကူးများနဲ့ အတွင်းနံရံများဟာ အလွန်ခိုင်ခံ့ပါတယ်။ ပန္နက်ပုံစံဟာ အာနန္ဒာလိုဏ်ဂူဘုရားကြီး ပန္နက်ပုံစံနဲ့ ဆင်တူပါတယ်။ စတုရန်းပုံစံဖြစ်ပြီး လေးမျက်နှာမှာ အာရုံခံမုဒ်များရှိပါတယ်။ ဂရိတို့ရဲ့ ကြက်ခြေခတ်ပုံစံသဘောမျိုး တည်ရှိကြပါတယ်။

 အာနန္ဒာကဲ့သို့ အမိုးနှစ်ဆင့်နိမ့်လျှောရှိပြီး ပစ္စယာလေးဆင့်တက်ထားပါတယ်။ အဲဒီအထက်မှာတော့ ကွမ်းတောင်နဲ့ အထွတ်တို့ဟာ ပျက်စီးလျက်ရှိနေပါတယ်။

ထိုကဲ့သို့ ထုထည်ကြီးမားသော ဓမ္မရံကြီးအတွင်းမှာ အပြင်လိုဏ်ပတ်စင်္ကြံလမ်းများအထိသာ ဝင်ရောက်နိုင်ပြီးတော့ အတွင်းလိုဏ်ပတ်စင်္ကြံလမ်းများကို ပိတ်ဆို့ထားတာ တွေ့ရပါတယ်။

မည်သည့်အကြောင်းကြောင့် မည်သည့်အခါက ပိတ်ထားကြောင်းကို မသိရပါဘူး။ ဓမ္မရံကြီးတည်သော မင်းလက်ထက်ကပင် ပိတ်ဆို့ထားခဲ့လေသလား။ ထိုမင်းနတ်ရွာစံပြီးနောက်မှ ပိတ်ဆို့ထားခဲ့လေသလား။ အခြားသော လိုဏ်ဂူဘုရားများတွင် အပြင်လိုဏ်ပတ်စင်္ကြံလမ်းမှ အတွင်းလိုဏ်ပတ်စင်္ကြံလမ်းများသို့ ပေါက်ရောက်ပြီး အလယ်မဏ္ဍိုင်ရှိ ဗုဒ္ဓရုပ်ပွားတော်များအထိ သွားရောက်ဖူးမျှော်နိုင်ပါတယ်။ သမိုင်းများမှာတော့ ဒီကိစ္စကို ဖြေရှင်းမထားပါဘူး။

ဓမ္မရံကြီးလိုဏ်ဂူကို နရသူမင်း (၁၁၆၃-၁၁၆၅) က တည်ဆောက်ခဲ့ပါတယ်။ ထိုမင်းဟာ အိန္ဒိယပြည် ပဋိက္ကယားကုလားမင်းကစေလွှတ်တဲ့ ကုလားလူမျိုးရှစ်ယောက်တို့က ပုဏ္ဏားအယောင်ဆောင်ပြီး သတ်သောကြောင့် အနိစ္စရောက်ခဲ့ရပါတယ်။ ပဋိက္ကယားမင်း၏ သမီးတော်ကို  နရသူမင်းအမျက်တော်ရှိသောကြောင့် ကွပ်မျက်ခဲ့ပါတယ်။

ထိုရန်ငြိုးကြောင့် နရသူကို ကုလားတို့လုပ်ကြံသောကြောင့် နတ်ရွာစံသဖြင့် “ကုလားကျမင်း” ဟု ခေါ်ဆိုခဲ့ကြပါတယ်။ သမိုင်းသုတေသီ အချို့ကတော့ သီဟိုဋ္ဌ်ပြည် ပထမပရက္ကမဗာဟုမင်း (၁၁၅၃-၁၁၈၆) လက်ထက် သီဟိုဋ္ဌ်ကျွန်းသား ကုန်သည်များကို နရသူက မတန်တဆအခွန်ကောက်ယူပြီး မတရားညှဉ်းဆဲနှိပ်ကွပ် သတ်ဖြတ်သောကြောင့် (၁၁၆၅) ခုနှစ်မှာ ရန်တုံ့ပြန်ကာ စစ်ချီတက်သတ်ဖြတ်ကြသည်ဟု ဆိုခဲ့ကြပါတယ်။

ဓမ္မရံကြီး ဘုရားကိုတော့ ပုဂံမြို့ကနေ မင်းနန်သူရွာဘက် သွားရာလမ်းအတိုင်း သွားရောက်ရင် လကျ်ာဘက်အခြမ်း မလှမ်းမကမ်းမှာ ဖူးတွေ့နိုင်ကြမှာ ဖြစ်ပါတယ်။ ဓမ္မရံကြီးဆိုတဲ့ ဝေါဟာရကတော့ ပုဂံခေတ်ကာလ အနောက်ဘက်မှာ သီတင်းသုံးနေထိုင်တဲ့ အရှင်ဓမ္မရံသီမထေရ်မြတ်ကို အစွဲပြုပြီး ခေါ်ဝေါ်ခဲ့တာလို့ လေ့လာသိရှိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  Kumudara Hotel
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top