မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×





Credit: popolay

#Unicode Version#
ကနေဒါနိုင်ငံ အိုတာဝါမြို့မှ မော်ဒယ်တစ်ယောက်ဟာ သူ့ရဲ့မျက်လုံးကို ခရမ်းပြာရောင်ဖြစ်ရန် တက်တူးထိုးစဉ် တစ်စုံတစ်ခု မှားယွင်းခဲ့ပြီးနောက် သူမ၏ ညာဖက်မျက်လုံး ကွယ်ခဲ့ရသည်။

အသက် ၂၄ နှစ်အရွယ် မော်ဒယ်ဟာ သူမရဲ့ မျက်လုံးမှာ တက်တူးထိုးဖို့ ဆုံးဖြတ်ခဲ့မှုအတွက် အကြီးအကျယ်နောင်တရနေပြီး ပြန်လည်ကျန်းမာလာရန် ကြိုးစားနေရသည်။ သူမရဲ့ ဖေ့စ်ဘွခ်ပေါ်မှာ ပျက်ဆီးနေတဲ့ သူမရဲ့ မျက်လုံးပုံ အဆင့်ဆင့်ကိုတင်ထားပါတယ်။

ခရမ်းပြာရောင်တွေ လျော့ကျသွားစေဖို့ ဆေးရုံက မျက်စဉ်းပေးထားပေမယ့် သူမရဲ့ အခြေအနေက ပိုမိုဆိုရွားလာပါတယ်။ ဆရာဝန်တွေက ဆေးထိုးပေးပေမယ့် သုံးပတ်လောက်အကြာမှာတော့ တက်တူးအရည်တွေဟာ မျက်ကြည်လွှာအနီးတဝိုက်မှာ ခဲစပြုလာပါတယ်။ အမြင်အာရုံတွေဝါးလားပြီး နေရထိုင်ရ အဆင်မပြေမှုတွေ ဆိုးဆိုးရွားရွား ခံစားခဲ့ရပါတယ်။

လတ်တလောအနေအထားမှာတော့ သူမဟာ ထာဝရမျက်လုံးကွာ်ဖို့ အခြေအနေရှိတယ်လို့ ဆရာဝန်တေါကဆိုပါတယ်။ သူမ မျက်လုံးကို တက်တူးထိုးစဉ်မှာ အသုံးပြုခဲ့တဲ့ ကရိယာတွေက ပိုးသေချာမသတ်ထားတာ ဖြစ်နိုင်တယ်လို့ ဆရာဝန်များက မှတ်ချက်ချခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top