ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကၽြန္ေတာ့္ အေဖက စစ္သားဆိုေတာ့ အေဖတာ၀န္က်ရာေနရာကို ကၽြန္ေတာ္တို႕ မိသားစုက လိုက္ေနရပါတယ္…။ ဒါေၾကာင့္ ေနရာေတာ္ေတာ္မ်ားမ်ားကိုကၽြန္ေတာ္ ေရာက္ဖူးၿပီး မရိုးလွတဲ့ အေတြ႕အၾကံဳ အသစ္ မ်ားစြာကိုလည္း ရရွိခဲ့ရပါတယ္..။ကၽြန္ေတာ့္အေနနဲ႕ အရင္တုန္းက ေျပာခဲ့သလိုပါပဲ…၊ ကၽြန္ေတာ့္မွာ ထူးျခားတဲ့ ပါရမီေခၚမလား..၊ကံပဲ နိမ့္တယ္ ေခၚမလား..၊ ကၽြန္ေတာ္ ဟာ သရဲ၊ ၀ိဥာဥ္ ၊ တို႕ရဲ႕ ေျခာက္လွန္႕ျခင္း ကိုအၾကိမ္ေပါင္းမ်ားစြာ ခံခဲ့ရပါတယ္…။ဒီလိုျဖစ္ရပ္မ်ိဳးေတြမွာ ေၾကာက္စရာသိပ္မေကာင္းခဲ့တဲ့ျဖစ္ရပ္မ်ိဳးေတြ ရွိေပမယ့္ တစ္ခ်ိဳ႕ျဖစ္ရပ္ေတြကေတာ့အသည္းငယ္သူေတြအဖို႕ေတာ့သည္းေခ်ပ်က္ႏိုင္ေလာက္တဲ့ ျဖစ္ရပ္မ်ိဳးေတြပါ…။ အဲ့ဒီထဲက ျဖစ္ရပ္ တစ္ခုကို ကၽြန္ေတာ္ ဒီပို႕စ္ေလးမွာ ေဖာက္သည္ခ်ၿပီးေျပာျပပါ့မယ္…။
ကၽြန္ေတာ့္ အေမက ရွမ္းစစ္စစ္ပါ…။ စစ္သားျဖစ္တဲ့အညာသား အေဖက ရွမ္းျပည္နယ္ဖက္မွာ တာ၀န္က်ရာ ကေန အေမနဲ႕ အေၾကာင္းပါခဲ့ပါတယ္..။ အေမ့ရဲ႕ရြာျဖစ္တဲ့ မိုင္းေယာ္ဆိုတဲ့ရြာေလးက လားရႈိးကေန မိုင္ ၁၀၀ ေလာက္ ကြာေ၀းတဲ့ ေနရာမွာရွိပါတယ္…။ တစ္ေန႕မွာ… ရြာကို မေရာက္ျဖစ္တာၾကာၿပီ ျဖစ္တဲ့ အေမက ရြာကို အလည္သြားမယ္..၊တစ္ခါမွ မေရာက္ဖူးေသးတဲ့ ကၽြန္ေတာ့္ကိုလည္း အမ်ိဳးေတြနဲ႕ မိတ္ဆက္ေပးၿပီး ေခၚသြား မယ္လို႕ေျပာပါတယ္…။ ကၽြန္ေတာ္ကလည္း တစ္ခါမွ မေရာက္ဖူးေသးတဲ့ ကိုယ့္ေဆြမ်ိဳးေတြရွိရာ ရြာကိုသြား လည္ရမွာ ဆိုေတာ့ ေပ်ာ္လို႕ရႊင္လို႕ေပါ့ဗ်ာ…။အဲ့ဒီအခ်ိန္တုန္းက ကၽြန္ေတာ့္အသက္ကက ၁၂ ႏွစ္သားအရြယ္ေလာက္သာ ရွိပါအံုးမယ္…။ မိုင္းေယာ္ဆိုတဲ့ ရြာကလည္း ကားလမ္းေတာင္ ေကာင္းေကာင္းမေပါက္ေသးတဲ့ေခတ္မွာ အေတာ္ကို ခက္ခက္ခဲခဲ သြားလာ ရပါတယ္.. (အခုေတာ့ လမ္းေတြေပါက္ၿပီး ၿမိဳ႕ တစ္ခုျဖစ္ေနပါၿပီ…)…။

ကားကို တစ္ေနကုန္ စီးလိုက္..ဗြက္နစ္ရင္ ဆင္းတြန္း လိုက္…လုပ္ၿပီး ၁၅ နာရီေလာက္ၾကာေအာင္စီးလို႕အျပီးမွာ အေမတို႕ရြာ ကို ေရာက္ပါေတာ့တယ္…။ကၽြန္ေတာ္ ရြာကိုေရာက္ၿပီးမွ သိခဲ့ရတာကရြာက အယူသည္းမႈေတြကိုပါ..။ ထုံးစံ ဓေလ့လို႕လည္း ေျပာလို႕ ရမွာေပါ့ေလ…။ ဥပမာ – ဗိုက္ၾကီးသည္ခရီးသည္ကို ရြာမွာရွိတဲ့ ဘယ္သူ႕အိမ္မွာမွ ညအိပ္/ညေန ေနခြင့္မျပဳပါဘူး..၊ အဲ့လိုပဲ လင္မယားခရီးသည္ကိုလည္းရြာမွာ တည္းခြင့္မေပးပါဘူး..။ တစ္ျခား အယူေတြ လည္းအမ်ားၾကီးရွိၿပီး အခုခ်ိန္ထိေတာင္ဒီအယူေတြ ရွိပါေသးတယ္…။ အဲ… ပိုဆိုးတာက… ရြာမွာ စုန္း.၊ ကေ၀ေတြ တတ္တဲ့ လူေတြလည္း အမ်ားသားဆိုပဲ…၊ အေမ ကေတာ့ သတိေပးတယ္..။ စကားေျပာရင္သတိထားဖို႕..၊ သူမ်ားေတြ စိတ္တိုေအာင္ မေျပာဖို႕..၊ အျမင္ကတ္ေအာင္ မေနဖို႕ ဘာညာေပါ့ဗ်ာ…။ ကၽြန္ေတာ္ကို႕ အေမ သက္သက္ ေၾကာက္ေအာင္ ေျခာက္ေျပာတယ္ ပဲ မွတ္ေနခဲ့တာပါ..။ ကိုယ္တုိင္ၾကံဳမွပဲဒီအျဖစ္အပ်က္ေတြကို ကၽြန္ေတာ္ ယံုၾကည္ခဲ့ ရပါေတာ့တယ္….။
တစ္ေန႕ ကၽြန္ေတာ့္ ဦးေလးနဲ႕ ရြာထဲလမ္းေလွ်ာက္ထြက္လာရင္း သရဲေမြးတယ္လို႕ နာမည္ၾကီးတဲ့ အိမ္ကို ဦးေလးက ကၽြန္ေတာ့္ကိုအေ၀းကေန ျပပါတယ္..။ အိမ္က တဲကုပ္သာသာေလးျဖစ္ၿပီး လူေတြနဲ႕ ေ၀းတဲ့ ရြာျပင္စပ္စပ္မွာတစ္လံုးတည္း တည္ရွိေနပါတယ္..။ ကၽြန္ေတာ္ ဒီေနရာကို မွတ္ထားလိုက္တယ္..။ လူကလည္း ငယ္ငယ္…၊စူးစမ္းခ်င္စိတ္ကလည္းရွိတာမို႕ ဒီေနရာ ကို ငါျပန္လာခဲ့အံုးမယ္လို႕ စိတ္ေတးထားလိုက္ပါတယ္..။ လူၾကီးေတြ လစ္တဲ့ တစ္ေန႕မွာ ကၽြန္ေတာ္အဲ့ဒီ အိမ္ကို ထြက္ခဲ့ပါတယ္..။ အခိ်န္ကေတာ့ ေန႕လည္ၾကီးပါ…၊ ညဘက္ထြက္ရေအာင္ေတာ့ ကၽြန္ေတာ္သတၱိ မေကာင္းပါဘူး..။ အဲ့ဒီတဲေရွ႕ေရာက္ၿပီဆိုရင္ပဲ ကၽြန္ေတာ္ ရပ္ၿပီး ေသခ်ာၾကည့္လိုက္တယ္…။ ဘာမွန္းမသိတဲ့ ၀မ္းနည္းတဲ့ ခံစားမႈ တစ္ခုကို ကၽြန္ေတာ္ခံစားလာရၿပီး ဒီအခ်ိန္မွာပဲ ကၽြန္ေတာ့္တစ္ကိုယ္လည္းၾကက္သီးေမြးညွင္းေတြ တျဖန္းျဖန္းထလာခဲ့ပါတယ္…။ ကၽြန္ေတာ္ ေၾကာက္ေၾကာက္လန္႕လန္႕နဲ႕ ခဲလံုးကိုေကာက္ၿပီးအိမ္ကို ေလးငါးခ်က္ေလာက္ေပါက္လိုက္ပါတယ္…။ ၿပီးေတာ့ ေသးနဲ႕လွည့္ပန္း လိုက္ၿပီး “နင့္ကိုငါ မေၾကာက္ဘူးေဟ့…” ဆိုၿပီးေအာ္ကာ အိမ္ကို ကၽြန္ေတာ္ ထြက္ေျပးခဲ့ပါေတာ့တယ္…။ လံုး၀ မရပ္မနားပဲ အိမ္ကို ေတာက္ေလွ်ာက္ျပန္ေျပးခဲ့ရာမွာလမ္းမွာေတာ့ ကၽြန္ေတာ္ တစ္ခါ ေခ်ာ္လဲခဲ့ပါတယ္…။

ကၽြန္ေတာ္ အဲ့ဒီေန႕ကစၿပီး ေနာက္တစ္ပတ္အတြင္းျဖစ္ပ်က္ခဲ့တဲ့ အျဖစ္အပ်က္ေတြကို ကၽြန္ေတာ္ လံုး၀ မမွတ္ မိေတာ့ပါ..။ ေအာက္ပါ ျဖစ္ရပ္မ်ားကအေမက ကၽြန္ေတာ့္ကို ျပန္ေျပာျပျခင္းအား ေရးသားထားျခင္း ျဖစ္ပါသည္…။
ကၽြန္ေတာ္ အိမ္ကို ေခၽြးတလံုးလံုးနဲ႕ကမူးကတိုး ျပန္ေျပးလာၿပီး အရမ္းကို ေမာဟုိက္ေနပါတယ္..။ ကၽြန္ေတာ္ ရွမ္းလို ေရေသာက္ခ်င္တယ္လို႕လွမ္းေတာင္းပါသတဲ့ (ကၽြန္ေတာ္ ခုခ်ိန္ထိ ရွမ္းစကားလံုး၀ကိုမတတ္ပါ..) အေမတို႕ကေတာ့ အံ့ၾသလို႕ေပါ့…။ အဲ့ဒီအခ်ိန္မွာပဲ ေနာက္ေဖးမီးဖိုေခ်ာင္ထဲေျပး၀င္သြားၿပီးအမဲသားေရေျခာက္ ေတြကို အစိမ္းလိုက္ ကိုက္စားေနပါတယ္..။ အေမတို႕က ကၽြန္ေတာ့္ကို ၀ိုင္းၿပီးခ်ဳပ္ၿပီး ေမးျမန္းၾကပါတယ္..။ ဘယ္သြားခဲ့လဲ..? ဘယ္လုပ္ခဲ့လဲ ? ဘာစားခဲ့လဲ ဆိုတာေတြကိုေပါ့ဗ်ာ…။ကၽြန္ေတာ္ ဘာမွကို ျပန္မေျဖပဲ ရုန္းပဲ ရုန္းေနပါသတဲ့..။ အေမေျပာတာကေတာ့ အဲ့ဒီအခ်ိန္မွာကၽြန္ေတာ္ဟာ ကၽြန္ေတာ္မဟုတ္တဲ့ တစ္ျခား တစ္ေယာက္ ျဖစ္ေနတယ္ဆိုတာကိုပါပဲ…။အေမတို႕က ကၽြန္ေတာ့္ကို ဘုန္းၾကီးေတြပင့္ၿပီးကမၼ၀ါဖတ္..၊ ပရိတ္ရြတ္လုပ္ေပးၾကတယ္လို႕ေျပာပါတယ္..။ ကၽြန္ေတာ္ကေတာ့ မထူးျခားလာပါဘူး..၊ေန႕တိုင္း ေန႕ဘက္ေတြဆိုျငိမ္ၿပီး အိပ္ေနတတ္ေပမယ့္ ညသန္းေခါင္ခ်ိန္ေရာက္ ရင္ ထၿပီး မီးဖိုေခ်ာင္ထဲမွာရွိသမွ် အသားစိမ္း၊ ငါးစိမ္းကို အကုန္စားပါသတဲ့..။ အထူးျခားဆံုးကေတာ့ ည (၁၂) ထိုးတိုင္းအိမ္ေရွ႕ဟင္းလင္းျပင္ကိုထြက္ၿပီး ရွမ္းသီခ်င္းေအာ္ဆိုကာ ရွမ္းအက ကို ကေတာ့တာပဲျဖစ္ပါတယ္…၊
အေမတို႕ခမ်ာ ေၾကာက္ၿပီး ဘယ္လို ခံစားေနရမလဲ စဥ္းသာ စဥ္းစားၾကည့္လိုက္ပါေတာ့ဗ်ာ.။
ေနာက္ဆံုးလားရႈိးကိုျပန္ေခၚၿပီး ကုဖို႕ပဲ စီစဥ္ၾကပါေတာ့တယ္…။
အဲ့ဒီအခ်ိန္မွာ ဦးေလးျဖစ္သူက ကၽြန္ေတာ့္ကိုရြာစြန္က အိမ္ကို တစ္ခါေခၚျပဖူးေၾကာင္း ေျပာျပလိုက္ေတာ့ အဖိုး၊ အဖြားတို႕ကို ဦးေလးျဖစ္သူကိုဆူပူၾကိမ္းေမာင္းလိုက္တာမ်ား ဦးေလးခမ်ာ ငိုေတာင္ငိုရတယ္လို႕ ေျပာပါတယ္.။
အေျဖက ေသခ်ာေနၿပီေလ..ကၽြန္ေတာ္ အခုလို ျဖစ္တာ အဲ့ဒီျခံရဲ႕ လက္ခ်က္ပဲဆိုတာ..။ အဘိုးက ခ်က္ခ်င္းပဲ အဲ့ဒီျခံကို ထြက္သြားတယ္..ေနာက္ကေနအဘြားက ငွက္ေပ်ာပြဲ၊ အုန္းပြဲနဲ႕ လိုက္သြားတယ္..။ ျခံေရွ႕မွာ အဘိုးအပါအ၀င္ အသက္ၾကီးတဲ့လူၾကီးေလးငါးေျခာက္ေယာက္ေလာက္က လက္ အုပ္ခ်ီၿပီး ဘုရားစာမဟုတ္တဲ့ ရွမ္းဂါထာေတြကို သံျပိဳင္ရြတ္ဆိုၾကပါတယ္။ အဲ့ဒီအခ်ိန္မွာပဲ အဲ့ဒီတဲထဲက အသက္ (၈၀) ေလာက္ရွိၿပီ ျဖစ္တဲ့ အဘြားအိုတစ္ေယာက္ ထြက္လာပါတယ္..။အေမေျပာျပတဲ့ အဘြားအို ပံုစံကို ကၽြန္ေတာ္ မမွတ္မိေတာ့ပါ..။
ေတာ္ေတာ့္ကို ေၾကာက္စရာေကာင္းေၾကာင္းေတာ့မွတ္မိပါသည္..။ အဘြားအိုက ရွမ္းလို… “ေအး..ေနာက္ခါငါ့အိမ္ဘက္ လာမေဆာ့ေစနဲ႕..၊ ငါ့သားေတြက အရင္လို ငါ့စကား သိပ္နားမေထာင္ေတာ့ဘူး..”လို႕ေျပာၿပီး ေဆးေလးတစ္လံုး လာေပးပါတယ္…ၿပီးေတာ့ ခ်က္ခ်င္းပဲ အိမ္ထဲျပန္၀င္သြားပါတယ္…။ကၽြန္ေတာ္ ျပန္မွတ္မိတာကေတာ့ အဲ့ဒီေဆးေသာက္ၿပီးေနာက္ပိုင္းကာလေတြကိုပါ..။ ကၽြန္ေတာ္ ဒီတစ္ပတ္ထဲ ဘယ္ေရာက္ၿပီး ဘာေတြလုပ္ေနသလဲဆိုတာကေတာ့ေတာ္ေတာ္ကိုေျပာဖို႕ခက္တဲ့ ကိစၥတစ္ခုပါ..။ ကၽြန္ေတာ္ မဟုတ္တဲ့ ကၽြန္ေတာ့္ကို ၀င္ပူးတဲ့ရွမ္းေကာင္ေလးက ဟို အဘြားၾကီးရဲ႕ ေရနစ္ၿပီးေသသြားတဲ့ သားလို႕လည္း ေျပာၾကျပန္ပါတယ္..။ ကၽြန္ေတာ္ေတာ့ မစဥ္းစားတတ္ေတာ့ပါဘူး..။
အဘိုးတို႕ ေျပာၾကတာကေတာ့ သူတို႕က ဘယ္သူ႕ကိုမွ ဒုကၡမေပးတတ္ေၾကာင္း၊ သူ႕တို႕ဟာသူတို႕ေနၾကတာျဖစ္ေၾကာင္းနဲ႕ အဘြားၾကီးမွာ ကၽြန္ေတာ့္အရြယ္ သား (၃) ေယာက္ရွိေၾကာင္း၊ ေခ်ာင္းထဲေရဆင္းကူးရင္း သံုးေယာက္လံုး ေသဆံုးသြားရာမွာ ကေလးေတြကို ျခံထဲမွာပဲ ျမွပ္ထားေၾကာင္း၊ညဘက္ဆိုရင္ အဲ့ဒီအိမ္မွ စကားေျပာသံေတြ ၾကားရေၾကာင္း ကၽြန္ေတာ္ ျပန္ၾကားသိရပါတယ္…။
ကၽြန္ေတာ္နဲ႕ အေမကေတာ့ ကၽြန္ေတာ္ ေဆးေသာက္လို႕ေနေကာင္းၿပီး ေနာက္တစ္ရက္မွာပဲ လားရႈိးကို ျပန္လာခဲ့ၾကပါတယ္..။ အခုခ်ိန္မွာေတာ့ ဒီလိုမ်ိဳးကိစၥေတြအဲ့ဒီရြာေလးမွာ မရွိေလာက္ေတာ့ပါဘူး..၊ အခြင့္အခါၾကံဳရင္ေတာ့ ေနာက္တစ္ၾကိမ္သြားလည္ ဖို႕ၾကိဳးစားလိုက္ပါအံုး မယ္ဗ်ာ….။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: tartaygyi

#Unicode Version#
ကျွန်တော့် အဖေက စစ်သားဆိုတော့ အဖေတာဝန်ကျရာနေရာကို ကျွန်တော်တို့ မိသားစုက လိုက်နေရပါတယ်…။ ဒါကြောင့် နေရာတော်တော်များများကိုကျွန်တော် ရောက်ဖူးပြီး မရိုးလှတဲ့ အတွေ့အကြုံ အသစ် များစွာကိုလည်း ရရှိခဲ့ရပါတယ်..။ကျွန်တော့်အနေနဲ့ အရင်တုန်းက ပြောခဲ့သလိုပါပဲ…၊ ကျွန်တော့်မှာ ထူးခြားတဲ့ ပါရမီခေါ်မလား..၊ကံပဲ နိမ့်တယ် ခေါ်မလား..၊ ကျွန်တော် ဟာ သရဲ၊ ဝိဉာဉ် ၊ တို့ရဲ့ ခြောက်လှန့်ခြင်း ကိုအကြိမ်ပေါင်းများစွာ ခံခဲ့ရပါတယ်…။ဒီလိုဖြစ်ရပ်မျိုးတွေမှာ ကြောက်စရာသိပ်မကောင်းခဲ့တဲ့ဖြစ်ရပ်မျိုးတွေ ရှိပေမယ့် တစ်ချို့ဖြစ်ရပ်တွေကတော့အသည်းငယ်သူတွေအဖို့တော့သည်းချေပျက်နိုင်လောက်တဲ့ ဖြစ်ရပ်မျိုးတွေပါ…။ အဲ့ဒီထဲက ဖြစ်ရပ် တစ်ခုကို ကျွန်တော် ဒီပို့စ်လေးမှာ ဖောက်သည်ချပြီးပြောပြပါ့မယ်…။
ကျွန်တော့် အမေက ရှမ်းစစ်စစ်ပါ…။ စစ်သားဖြစ်တဲ့အညာသား အဖေက ရှမ်းပြည်နယ်ဖက်မှာ တာဝန်ကျရာ ကနေ အမေနဲ့ အကြောင်းပါခဲ့ပါတယ်..။ အမေ့ရဲ့ရွာဖြစ်တဲ့ မိုင်းယော်ဆိုတဲ့ရွာလေးက လားရှိုးကနေ မိုင် ၁၀၀ လောက် ကွာဝေးတဲ့ နေရာမှာရှိပါတယ်…။ တစ်နေ့မှာ… ရွာကို မရောက်ဖြစ်တာကြာပြီ ဖြစ်တဲ့ အမေက ရွာကို အလည်သွားမယ်..၊တစ်ခါမှ မရောက်ဖူးသေးတဲ့ ကျွန်တော့်ကိုလည်း အမျိုးတွေနဲ့ မိတ်ဆက်ပေးပြီး ခေါ်သွား မယ်လို့ပြောပါတယ်…။ ကျွန်တော်ကလည်း တစ်ခါမှ မရောက်ဖူးသေးတဲ့ ကိုယ့်ဆွေမျိုးတွေရှိရာ ရွာကိုသွား လည်ရမှာ ဆိုတော့ ပျော်လို့ရွှင်လို့ပေါ့ဗျာ…။အဲ့ဒီအချိန်တုန်းက ကျွန်တော့်အသက်ကက ၁၂ နှစ်သားအရွယ်လောက်သာ ရှိပါအုံးမယ်…။ မိုင်းယော်ဆိုတဲ့ ရွာကလည်း ကားလမ်းတောင် ကောင်းကောင်းမပေါက်သေးတဲ့ခေတ်မှာ အတော်ကို ခက်ခက်ခဲခဲ သွားလာ ရပါတယ်.. (အခုတော့ လမ်းတွေပေါက်ပြီး မြို့ တစ်ခုဖြစ်နေပါပြီ…)…။

ကားကို တစ်နေကုန် စီးလိုက်..ဗွက်နစ်ရင် ဆင်းတွန်း လိုက်…လုပ်ပြီး ၁၅ နာရီလောက်ကြာအောင်စီးလို့အပြီးမှာ အမေတို့ရွာ ကို ရောက်ပါတော့တယ်…။ကျွန်တော် ရွာကိုရောက်ပြီးမှ သိခဲ့ရတာကရွာက အယူသည်းမှုတွေကိုပါ..။ ထုံးစံ ဓလေ့လို့လည်း ပြောလို့ ရမှာပေါ့လေ…။ ဥပမာ – ဗိုက်ကြီးသည်ခရီးသည်ကို ရွာမှာရှိတဲ့ ဘယ်သူ့အိမ်မှာမှ ညအိပ်/ညနေ နေခွင့်မပြုပါဘူး..၊ အဲ့လိုပဲ လင်မယားခရီးသည်ကိုလည်းရွာမှာ တည်းခွင့်မပေးပါဘူး..။ တစ်ခြား အယူတွေ လည်းအများကြီးရှိပြီး အခုချိန်ထိတောင်ဒီအယူတွေ ရှိပါသေးတယ်…။ အဲ… ပိုဆိုးတာက… ရွာမှာ စုန်း.၊ ကဝေတွေ တတ်တဲ့ လူတွေလည်း အများသားဆိုပဲ…၊ အမေ ကတော့ သတိပေးတယ်..။ စကားပြောရင်သတိထားဖို့..၊ သူများတွေ စိတ်တိုအောင် မပြောဖို့..၊ အမြင်ကတ်အောင် မနေဖို့ ဘာညာပေါ့ဗျာ…။ ကျွန်တော်ကို့ အမေ သက်သက် ကြောက်အောင် ခြောက်ပြောတယ် ပဲ မှတ်နေခဲ့တာပါ..။ ကိုယ်တိုင်ကြုံမှပဲဒီအဖြစ်အပျက်တွေကို ကျွန်တော် ယုံကြည်ခဲ့ ရပါတော့တယ်….။
တစ်နေ့ ကျွန်တော့် ဦးလေးနဲ့ ရွာထဲလမ်းလျှောက်ထွက်လာရင်း သရဲမွေးတယ်လို့ နာမည်ကြီးတဲ့ အိမ်ကို ဦးလေးက ကျွန်တော့်ကိုအဝေးကနေ ပြပါတယ်..။ အိမ်က တဲကုပ်သာသာလေးဖြစ်ပြီး လူတွေနဲ့ ဝေးတဲ့ ရွာပြင်စပ်စပ်မှာတစ်လုံးတည်း တည်ရှိနေပါတယ်..။ ကျွန်တော် ဒီနေရာကို မှတ်ထားလိုက်တယ်..။ လူကလည်း ငယ်ငယ်…၊စူးစမ်းချင်စိတ်ကလည်းရှိတာမို့ ဒီနေရာ ကို ငါပြန်လာခဲ့အုံးမယ်လို့ စိတ်တေးထားလိုက်ပါတယ်..။ လူကြီးတွေ လစ်တဲ့ တစ်နေ့မှာ ကျွန်တော်အဲ့ဒီ အိမ်ကို ထွက်ခဲ့ပါတယ်..။ အချိန်ကတော့ နေ့လည်ကြီးပါ…၊ ညဘက်ထွက်ရအောင်တော့ ကျွန်တော်သတ္တိ မကောင်းပါဘူး..။ အဲ့ဒီတဲရှေ့ရောက်ပြီဆိုရင်ပဲ ကျွန်တော် ရပ်ပြီး သေချာကြည့်လိုက်တယ်…။ ဘာမှန်းမသိတဲ့ ဝမ်းနည်းတဲ့ ခံစားမှု တစ်ခုကို ကျွန်တော်ခံစားလာရပြီး ဒီအချိန်မှာပဲ ကျွန်တော့်တစ်ကိုယ်လည်းကြက်သီးမွေးညှင်းတွေ တဖြန်းဖြန်းထလာခဲ့ပါတယ်…။ ကျွန်တော် ကြောက်ကြောက်လန့်လန့်နဲ့ ခဲလုံးကိုကောက်ပြီးအိမ်ကို လေးငါးချက်လောက်ပေါက်လိုက်ပါတယ်…။ ပြီးတော့ သေးနဲ့လှည့်ပန်း လိုက်ပြီး “နင့်ကိုငါ မကြောက်ဘူးဟေ့…” ဆိုပြီးအော်ကာ အိမ်ကို ကျွန်တော် ထွက်ပြေးခဲ့ပါတော့တယ်…။ လုံး၀ မရပ်မနားပဲ အိမ်ကို တောက်လျှောက်ပြန်ပြေးခဲ့ရာမှာလမ်းမှာတော့ ကျွန်တော် တစ်ခါ ချော်လဲခဲ့ပါတယ်…။

ကျွန်တော် အဲ့ဒီနေ့ကစပြီး နောက်တစ်ပတ်အတွင်းဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကျွန်တော် လုံး၀ မမှတ် မိတော့ပါ..။ အောက်ပါ ဖြစ်ရပ်များကအမေက ကျွန်တော့်ကို ပြန်ပြောပြခြင်းအား ရေးသားထားခြင်း ဖြစ်ပါသည်…။
ကျွန်တော် အိမ်ကို ချွေးတလုံးလုံးနဲ့ကမူးကတိုး ပြန်ပြေးလာပြီး အရမ်းကို မောဟိုက်နေပါတယ်..။ ကျွန်တော် ရှမ်းလို ရေသောက်ချင်တယ်လို့လှမ်းတောင်းပါသတဲ့ (ကျွန်တော် ခုချိန်ထိ ရှမ်းစကားလုံးဝကိုမတတ်ပါ..) အမေတို့ကတော့ အံ့သြလို့ပေါ့…။ အဲ့ဒီအချိန်မှာပဲ နောက်ဖေးမီးဖိုချောင်ထဲပြေးဝင်သွားပြီးအမဲသားရေခြောက် တွေကို အစိမ်းလိုက် ကိုက်စားနေပါတယ်..။ အမေတို့က ကျွန်တော့်ကို ဝိုင်းပြီးချုပ်ပြီး မေးမြန်းကြပါတယ်..။ ဘယ်သွားခဲ့လဲ..? ဘယ်လုပ်ခဲ့လဲ ? ဘာစားခဲ့လဲ ဆိုတာတွေကိုပေါ့ဗျာ…။ကျွန်တော် ဘာမှကို ပြန်မဖြေပဲ ရုန်းပဲ ရုန်းနေပါသတဲ့..။ အမေပြောတာကတော့ အဲ့ဒီအချိန်မှာကျွန်တော်ဟာ ကျွန်တော်မဟုတ်တဲ့ တစ်ခြား တစ်ယောက် ဖြစ်နေတယ်ဆိုတာကိုပါပဲ…။အမေတို့က ကျွန်တော့်ကို ဘုန်းကြီးတွေပင့်ပြီးကမ္မဝါဖတ်..၊ ပရိတ်ရွတ်လုပ်ပေးကြတယ်လို့ပြောပါတယ်..။ ကျွန်တော်ကတော့ မထူးခြားလာပါဘူး..၊နေ့တိုင်း နေ့ဘက်တွေဆိုငြိမ်ပြီး အိပ်နေတတ်ပေမယ့် ညသန်းခေါင်ချိန်ရောက် ရင် ထပြီး မီးဖိုချောင်ထဲမှာရှိသမျှ အသားစိမ်း၊ ငါးစိမ်းကို အကုန်စားပါသတဲ့..။ အထူးခြားဆုံးကတော့ ည (၁၂) ထိုးတိုင်းအိမ်ရှေ့ဟင်းလင်းပြင်ကိုထွက်ပြီး ရှမ်းသီချင်းအော်ဆိုကာ ရှမ်းအက ကို ကတော့တာပဲဖြစ်ပါတယ်…၊
အမေတို့ခမျာ ကြောက်ပြီး ဘယ်လို ခံစားနေရမလဲ စဉ်းသာ စဉ်းစားကြည့်လိုက်ပါတော့ဗျာ.။
နောက်ဆုံးလားရှိုးကိုပြန်ခေါ်ပြီး ကုဖို့ပဲ စီစဉ်ကြပါတော့တယ်…။
အဲ့ဒီအချိန်မှာ ဦးလေးဖြစ်သူက ကျွန်တော့်ကိုရွာစွန်က အိမ်ကို တစ်ခါခေါ်ပြဖူးကြောင်း ပြောပြလိုက်တော့ အဖိုး၊ အဖွားတို့ကို ဦးလေးဖြစ်သူကိုဆူပူကြိမ်းမောင်းလိုက်တာများ ဦးလေးခမျာ ငိုတောင်ငိုရတယ်လို့ ပြောပါတယ်.။
အဖြေက သေချာနေပြီလေ..ကျွန်တော် အခုလို ဖြစ်တာ အဲ့ဒီခြံရဲ့ လက်ချက်ပဲဆိုတာ..။ အဘိုးက ချက်ချင်းပဲ အဲ့ဒီခြံကို ထွက်သွားတယ်..နောက်ကနေအဘွားက ငှက်ပျောပွဲ၊ အုန်းပွဲနဲ့ လိုက်သွားတယ်..။ ခြံရှေ့မှာ အဘိုးအပါအဝင် အသက်ကြီးတဲ့လူကြီးလေးငါးခြောက်ယောက်လောက်က လက် အုပ်ချီပြီး ဘုရားစာမဟုတ်တဲ့ ရှမ်းဂါထာတွေကို သံပြိုင်ရွတ်ဆိုကြပါတယ်။ အဲ့ဒီအချိန်မှာပဲ အဲ့ဒီတဲထဲက အသက် (၈၀) လောက်ရှိပြီ ဖြစ်တဲ့ အဘွားအိုတစ်ယောက် ထွက်လာပါတယ်..။အမေပြောပြတဲ့ အဘွားအို ပုံစံကို ကျွန်တော် မမှတ်မိတော့ပါ..။
တော်တော့်ကို ကြောက်စရာကောင်းကြောင်းတော့မှတ်မိပါသည်..။ အဘွားအိုက ရှမ်းလို… “အေး..နောက်ခါငါ့အိမ်ဘက် လာမဆော့စေနဲ့..၊ ငါ့သားတွေက အရင်လို ငါ့စကား သိပ်နားမထောင်တော့ဘူး..”လို့ပြောပြီး ဆေးလေးတစ်လုံး လာပေးပါတယ်…ပြီးတော့ ချက်ချင်းပဲ အိမ်ထဲပြန်ဝင်သွားပါတယ်…။ကျွန်တော် ပြန်မှတ်မိတာကတော့ အဲ့ဒီဆေးသောက်ပြီးနောက်ပိုင်းကာလတွေကိုပါ..။ ကျွန်တော် ဒီတစ်ပတ်ထဲ ဘယ်ရောက်ပြီး ဘာတွေလုပ်နေသလဲဆိုတာကတော့တော်တော်ကိုပြောဖို့ခက်တဲ့ ကိစ္စတစ်ခုပါ..။ ကျွန်တော် မဟုတ်တဲ့ ကျွန်တော့်ကို ဝင်ပူးတဲ့ရှမ်းကောင်လေးက ဟို အဘွားကြီးရဲ့ ရေနစ်ပြီးသေသွားတဲ့ သားလို့လည်း ပြောကြပြန်ပါတယ်..။ ကျွန်တော်တော့ မစဉ်းစားတတ်တော့ပါဘူး..။
အဘိုးတို့ ပြောကြတာကတော့ သူတို့က ဘယ်သူ့ကိုမှ ဒုက္ခမပေးတတ်ကြောင်း၊ သူ့တို့ဟာသူတို့နေကြတာဖြစ်ကြောင်းနဲ့ အဘွားကြီးမှာ ကျွန်တော့်အရွယ် သား (၃) ယောက်ရှိကြောင်း၊ ချောင်းထဲရေဆင်းကူးရင်း သုံးယောက်လုံး သေဆုံးသွားရာမှာ ကလေးတွေကို ခြံထဲမှာပဲ မြှပ်ထားကြောင်း၊ညဘက်ဆိုရင် အဲ့ဒီအိမ်မှ စကားပြောသံတွေ ကြားရကြောင်း ကျွန်တော် ပြန်ကြားသိရပါတယ်…။
ကျွန်တော်နဲ့ အမေကတော့ ကျွန်တော် ဆေးသောက်လို့နေကောင်းပြီး နောက်တစ်ရက်မှာပဲ လားရှိုးကို ပြန်လာခဲ့ကြပါတယ်..။ အခုချိန်မှာတော့ ဒီလိုမျိုးကိစ္စတွေအဲ့ဒီရွာလေးမှာ မရှိလောက်တော့ပါဘူး..၊ အခွင့်အခါကြုံရင်တော့ နောက်တစ်ကြိမ်သွားလည် ဖို့ကြိုးစားလိုက်ပါအုံး မယ်ဗျာ….။

ဖိုးသူတော် (www.phothutaw.com)
Credit: tartaygyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top