Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

စင္ကာပူႏုိင္ငံတြင္ သြားတိုက္ေဆးဘူး တစ္ဘူးႏွင့္ ပတ္သက္၍ အျငင္းပြားၿပီးေနာက္ ခင္ပြန္းျဖစ္သူအား ကတ္ေၾကး ျဖင့္ ၿခိမ္းေျခာက္ေသာ အသက္ (၄၁)ႏွစ္အရြယ္ အမ်ဳိးသမီးတစ္ ဦးကုိ စက္တင္ဘာ ၁၁ ရက္က ဖမ္းဆီးခဲ့သည္။

၄၄၇ ရပ္ကြက္ Hougang Avenue ၁၀ လမ္း၌ ေဒသစံ ေတာ္ခ်ိန္ နံနက္ ၈ နာရီ ၅၃ မိနစ္ ခန္႔တြင္ ရဲတပ္ဖြဲ႕က ယင္းသုိ႔ ကတ္ေၾကးျဖင့္ လိုက္လံၿခိမ္းေျခာက္ ေသာ သတင္းတစ္ခုကုိ ရရိွခဲ့ သည္။

တ႐ုတ္ႏုိင္ငံသား အမ်ိဳးသမီးယူေဟာင္ေဟာင္သည္ မၾကာ ေသးမီက စင္ကာပူႏုိင္ငံသားအ ျဖစ္ ခံယူခဲ့သူျဖစ္သည္။

အိမ္အကူ မိန္းကေလးက ယူေဟာင္ေဟာင္၏ ခင္ပြန္းအား ၎တို႔အသံုးျပဳေသာ သြားတုိက္ ေဆးဘူး အသံုးျပဳလိုေၾကာင္း ေျပာၾကားခဲ့သည္။

ထိုအခါ ယင္းအမ်ိဳးသားက ထို အိမ္အကူမိန္းကေလးအား သြားတိုက္ေဆးဘူး အသံုးျပဳခြင့္ ေပးခဲ့ရာ ယူေဟာင္ေဟာင္က မေက်မနပ္ျဖစ္ခဲ့ၿပီး ဆူပူႀကိမ္း ေမာင္းကာ အိမ္ကူကုိ ပါး႐ိုက္ခဲ့ သည္။

ထို႔ေနာက္ ယူေဟာင္ေဟာင္ က ခင္ပြန္းအနီးသုိ႔ ခ်ဥ္းကပ္သြားၿပီး ကတ္ေၾကးတစ္လက္ကုိင္ကာ ၿခိမ္းေျခာက္ခဲ့ရာ  အမ်ိဳးသားက ယူေဟာင္ေဟာင္ကို တြန္းထုတ္ ခဲ့ရသည္။

 အဆုိပါျဖစ္ရပ္ႏွင့္ ပတ္ သက္၍ ရဲတပ္ဖြဲ႕က စံုစမ္းစစ္ေဆးေနေၾကာင္း သိရသည္။

—Ref: Straitstimes
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#

စင်ကာပူနိုင်ငံတွင် သွားတိုက်ဆေးဘူး တစ်ဘူးနှင့် ပတ်သက်၍ အငြင်းပွားပြီးနောက် ခင်ပွန်းဖြစ်သူအား ကတ်ကြေး ဖြင့် ခြိမ်းခြောက်သော အသက် (၄၁)နှစ်အရွယ် အမျိုးသမီးတစ် ဦးကို စက်တင်ဘာ ၁၁ ရက်က ဖမ်းဆီးခဲ့သည်။

၄၄၇ ရပ်ကွက် Hougang Avenue ၁၀ လမ်း၌ ဒေသစံ တော်ချိန် နံနက် ၈ နာရီ ၅၃ မိနစ် ခန့်တွင် ရဲတပ်ဖွဲ့က ယင်းသို့ ကတ်ကြေးဖြင့် လိုက်လံခြိမ်းခြောက် သော သတင်းတစ်ခုကို ရရှိခဲ့ သည်။

တရုတ်နိုင်ငံသား အမျိုးသမီးယူဟောင်ဟောင်သည် မကြာ သေးမီက စင်ကာပူနိုင်ငံသားအ ဖြစ် ခံယူခဲ့သူဖြစ်သည်။

အိမ်အကူ မိန်းကလေးက ယူဟောင်ဟောင်၏ ခင်ပွန်းအား ၎င်းတို့အသုံးပြုသော သွားတိုက် ဆေးဘူး အသုံးပြုလိုကြောင်း ပြောကြားခဲ့သည်။

ထိုအခါ ယင်းအမျိုးသားက ထို အိမ်အကူမိန်းကလေးအား သွားတိုက်ဆေးဘူး အသုံးပြုခွင့် ပေးခဲ့ရာ ယူဟောင်ဟောင်က မကျေမနပ်ဖြစ်ခဲ့ပြီး ဆူပူကြိမ်း မောင်းကာ အိမ်ကူကို ပါးရိုက်ခဲ့ သည်။

ထို့နောက် ယူဟောင်ဟောင် က ခင်ပွန်းအနီးသို့ ချဉ်းကပ်သွားပြီး ကတ်ကြေးတစ်လက်ကိုင်ကာ ခြိမ်းခြောက်ခဲ့ရာ  အမျိုးသားက ယူဟောင်ဟောင်ကို တွန်းထုတ် ခဲ့ရသည်။

 အဆိုပါဖြစ်ရပ်နှင့် ပတ် သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

—Ref: Straitstimes

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top