Golden City Promotion
×

သ႐ုပ္ေဆာင္/လူရႊင္ေတာ္ ကိုဇာဂနာက သည္းေျခခြဲစိပ္ရန္ မၾကာမီေဆး႐ုံတက္ေရာက္ကုသမည္ျဖစ္ေၾကာင္း သိရွိရသည္။ ကိုဇာဂနာသည္ က်န္းမာေရး မေကာင္းသည့္အတြက္ ေဆးကုသမွုခံယူေနရေသာ္လည္း တစ္ဖက္က အႏုပညာအလုပ္မ်ားတြင္ ပါဝင္ကူညီေဆာင္ရြက္ေနသျဖင့္ ေဆးေသခ်ာမကုျဖစ္ဘူးလို႔ ဆိုပါတယ္။

“ကၽြန္ေတာ္ က်န္းမာေရးလည္းမေကာင္းဘူး။ ေဆး႐ုံျပန္တက္ရဦးမယ္။ ဒီမိုကေရစီ႐ုပ္ရွင္ပြဲေတာ္ေရာ ေနာက္႐ုပ္ရွင္အစည္းအ႐ုံး ေရြးေကာက္ပြဲမွာေရာ ကၽြန္တာ္တတ္နိုင္သေလာက္ ကူညီေဆာင္ရြက္ေပးေနတဲ့ အခါက်ေတာ့ ေဆးကုသမွု ေသခ်ာမခံနိုင္ဘူးျဖစ္ေနတာ။ ေဆး႐ုံကေတာ့ ေတာက္ေလ်ာက္ကို တက္ေနရတာ။ အလုပ္သာလုပ္ေနတာ ေဆး႐ုံတက္လိုက္ အလုပ္ေတြလုပ္လိုက္ ျဖစ္ေနတာ။ အခုေတာ့တစ္ခါးတည္းပဲ ခြဲလိုက္ေတာ့မယ္”

“ခြဲလိုက္ၿပီးရင္ေတာ့ ေသခ်ာေလးေပ်ာက္သြားမယ္။ အခုက အလုပ္ေတြရွုပ္ေနေတာ့ ခြဲစိတ္ဖို႔ကို မလုပ္နိုင္ဘူးျဖစ္ေနတာ။ ခြဲစိပ္ဖို႔ရက္ကေတာ့ ဘယ္ေတာ့ျဖစ္မယ္ ေသခ်ာမသိေသးဘူး။ အခု ီုလ(စက္တင္ဘာ) ကုန္တာနဲ႔ ကၽြန္ေတာ္ စထားတဲ့ျပႆနာ အလုပ္ေလးေတြ အားလုံးၿပီးမယ္။ အလုပ္ေတြအားလုံးၿပီးတာနဲ႔ ေနာက္မွလုပ္လို႔ရတဲ့ အလုပ္ေတြကို ခဏနားၿပီးေတာ့ ခြဲစိပ္ကုသမွုခံယူမယ္” ဟု ကိုဇာဂနာက ေျပာၾကားခဲ့သည္။

လက္ရွိတြင္ ကိုဇာဂနာက ႐ုပ္ရွင္ဇာတ္ကားမ်ားကို လက္ခံရိုက္ကူးလၽွက္ရွိၿပီး ဇာတ္ညႊန္းေရးသားျခင္းမ်ားအျပင္ ျမန္မာ့ဒီမိုကေရစီ႐ုပ္ရွင္ရက္သတၱပတ္ပြဲေတာ္ ျဖစ္ေျမာက္ေရး၊ ႐ုပ္ရွင္အစည္းအ႐ုံး အမွုေဆာင္သစ္ေရြးခ်ယ္ပြဲတြင္လည္း တစ္ဖက္တစ္လမ္းမွ ႏွိုးေဆာ္မွုမ်ား ေဆာင္ရြက္လၽွက္ရီသည္။

သည္းေျခခြဲစိတ္ကုသမွုကို ဝိတိုရိယေဆး႐ုံတြင္ ခြဲစိတ္ကုသမွုခံယူမည္ျဖစ္ေၾကာင္း သိရွိရသည္။

သတင္းရင္းျမစ္ - ဒီမိုကေရစီတူေဒး
ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
သရုပ်ဆောင်/လူရွှင်တော် ကိုဇာဂနာက သည်းခြေခွဲစိပ်ရန် မကြာမီဆေးရုံတက်ရောက်ကုသမည်ဖြစ်ကြောင်း သိရှိရသည်။ ကိုဇာဂနာသည် ကျန်းမာရေး မကောင်းသည့်အတွက် ဆေးကုသမှုခံယူနေရသော်လည်း တစ်ဖက်က အနုပညာအလုပ်များတွင် ပါဝင်ကူညီဆောင်ရွက်နေသဖြင့် ဆေးသေချာမကုဖြစ်ဘူးလို့ ဆိုပါတယ်။

“ကျွန်တော် ကျန်းမာရေးလည်းမကောင်းဘူး။ ဆေးရုံပြန်တက်ရဦးမယ်။ ဒီမိုကရေစီရုပ်ရှင်ပွဲတော်ရော နောက်ရုပ်ရှင်အစည်းအရုံး ရွေးကောက်ပွဲမှာရော ကျွန်တာ်တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးနေတဲ့ အခါကျတော့ ဆေးကုသမှု သေချာမခံနိုင်ဘူးဖြစ်နေတာ။ ဆေးရုံကတော့ တောက်လျောက်ကို တက်နေရတာ။ အလုပ်သာလုပ်နေတာ ဆေးရုံတက်လိုက် အလုပ်တွေလုပ်လိုက် ဖြစ်နေတာ။ အခုတော့တစ်ခါးတည်းပဲ ခွဲလိုက်တော့မယ်”

“ခွဲလိုက်ပြီးရင်တော့ သေချာလေးပျောက်သွားမယ်။ အခုက အလုပ်တွေရှုပ်နေတော့ ခွဲစိတ်ဖို့ကို မလုပ်နိုင်ဘူးဖြစ်နေတာ။ ခွဲစိပ်ဖို့ရက်ကတော့ ဘယ်တော့ဖြစ်မယ် သေချာမသိသေးဘူး။ အခု ီုလ(စက်တင်ဘာ) ကုန်တာနဲ့ ကျွန်တော် စထားတဲ့ပြဿနာ အလုပ်လေးတွေ အားလုံးပြီးမယ်။ အလုပ်တွေအားလုံးပြီးတာနဲ့ နောက်မှလုပ်လို့ရတဲ့ အလုပ်တွေကို ခဏနားပြီးတော့ ခွဲစိပ်ကုသမှုခံယူမယ်” ဟု ကိုဇာဂနာက ပြောကြားခဲ့သည်။

လက်ရှိတွင် ကိုဇာဂနာက ရုပ်ရှင်ဇာတ်ကားများကို လက်ခံရိုက်ကူးလျှက်ရှိပြီး ဇာတ်ညွှန်းရေးသားခြင်းများအပြင် မြန်မာ့ဒီမိုကရေစီရုပ်ရှင်ရက်သတ္တပတ်ပွဲတော် ဖြစ်မြောက်ရေး၊ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်ရွေးချယ်ပွဲတွင်လည်း တစ်ဖက်တစ်လမ်းမှ နှိုးဆော်မှုများ ဆောင်ရွက်လျှက်ရီသည်။

သည်းခြေခွဲစိတ်ကုသမှုကို ဝိတိုရိယဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းရင်းမြစ် - ဒီမိုကရေစီတူဒေး

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top