Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မေကြးတိုင္းေဒသႀကီး မင္းလွ ၿမိဳ႕နယ္မွာ စက္တင္ဘာ ၁၃ရက္ေန႔က ႀကိဳးဆြဲခ် ေသဆံုးမႈ ၂ မႈ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

“မင္းလွၿမိဳ႕နယ္ ေရနံမနယ္ေျမရဲစခန္းအပိုင္ ႏြားလဲေက်းရြာမွာ စက္တင္ဘာ ၁၃ ရက္ေန႔ မနက္က အသက္ ၃၅ ႏွစ္အရြယ္ ေအာင္ေက်ာ္မိုး (ခ) ညီညီ ဟာ အျမင့္ေပ ၉ ေပေလာက္ရွိတဲ့ ေခါင္မိုး ဝါးလံုးႂကြတ္ေလွ်ာက္တန္းမွာ အ႐ွည္(၈)ေပေလာက္႐ွိတဲ့ ႀကိဳးကို ေခါက္ခ်ည္ကာ လည္ပင္းအား ႀကိဳးကြင္းစြပ္ကာ ႀကိဳးဆြဲခ်ေသဆံုးခဲ့တယ္”လို႔ ေရနံမနယ္ ေျမစခန္းမႉး ရဲအုပ္မ်ိဳးမင္းထြန္းက ဒီဗီြဘီကို ေျပာပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္လို႔ ဓမၼတာအတိုင္းေသဆံုးတာ ဟုတ္/မဟုတ္ စစ္ေဆးႏိုင္ဖို႔ ေရနံမနယ္ေျမ ရဲစခန္း ေသမႈေသခင္း အမွတ္စဥ္(၆/၂၀၁၇) နဲ႔ အမႈဖြင့္ကာ စခန္းမႉး ရဲအုပ္မ်ိဳးမင္းထြန္းမွ အမႈကို စစ္ေဆးေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။

အလားတူ မင္းလွၿမိဳ႕ ကုန္းႀကီးဆီျခံကုန္းမွာည္း စက္တင္ဘာ ၁၃ ရက္ မနက္ပိုင္းက မင္းလွၿမိဳ႕နယ္ ဥယ်ာဥ္ေက်းရြာေန အသက္ ၃၂ ႏွစ္အရြယ္ ႏိုင္ကိုဦးဟာ ကုန္းႀကီးဆီ ျခံတဲအတြင္း အျမင့္ ၆ ေပခြဲေလာက္ရွိတဲ့ ထုတ္တန္းမွာ ႀကိဳးဆြဲခ် ေသဆံုးေနတာ ေတြ႔ရတဲ့အတြက္ ဓမၼာအတိုင္းေသဆံုးတာ ဟုတ္မဟုတ္ စစ္ေဆးႏိုင္ဖို႔ မင္းလွၿမိဳ႕မရဲစခန္း ေသမႈေသခင္း အမွတ္စဥ္ ၆/၂၀၁၇ နဲ႔ အမႈဖြင့္ စစ္ေဆးေဆာင္ရြက္လ်က္႐ွိေၾကာင္း၊ မင္းလွၿမိဳ႕နယ္အတြင္း တေန႔တည္း ႀကိဳးဆြဲခ်ေသဆံုးမႈ ၂ မႈဆက္တိုက္ ျဖစ္ပြားခဲ့တယ္လို႔ ၿမိဳ႕နယ္ရဲတပ္ဖြဲမႉး ရဲမႉးထင္ေအာင္လင္းက ဒီဗီြဘီကို ေျပာပါတယ္။

သတင္း-မင္းထီး
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  DVB

#Unicode Version#
မကွေးတိုင်းဒေသကြီး မင်းလှ မြို့နယ်မှာ စက်တင်ဘာ ၁၃ရက်နေ့က ကြိုးဆွဲချ သေဆုံးမှု ၂ မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“မင်းလှမြို့နယ် ရေနံမနယ်မြေရဲစခန်းအပိုင် နွားလဲကျေးရွာမှာ စက်တင်ဘာ ၁၃ ရက်နေ့ မနက်က အသက် ၃၅ နှစ်အရွယ် အောင်ကျော်မိုး (ခ) ညီညီ ဟာ အမြင့်ပေ ၉ ပေလောက်ရှိတဲ့ ခေါင်မိုး ဝါးလုံးကြွတ်လျှောက်တန်းမှာ အရှည်(၈)ပေလောက်ရှိတဲ့ ကြိုးကို ခေါက်ချည်ကာ လည်ပင်းအား ကြိုးကွင်းစွပ်ကာ ကြိုးဆွဲချသေဆုံးခဲ့တယ်”လို့ ရေနံမနယ် မြေစခန်းမှူး ရဲအုပ်မျိုးမင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်/မဟုတ် စစ်ဆေးနိုင်ဖို့ ရေနံမနယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၆/၂၀၁၇) နဲ့ အမှုဖွင့်ကာ စခန်းမှူး ရဲအုပ်မျိုးမင်းထွန်းမှ အမှုကို စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အလားတူ မင်းလှမြို့ ကုန်းကြီးဆီခြံကုန်းမှာည်း စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းက မင်းလှမြို့နယ် ဥယျာဉ်ကျေးရွာနေ အသက် ၃၂ နှစ်အရွယ် နိုင်ကိုဦးဟာ ကုန်းကြီးဆီခြံတဲအတွင်း အမြင့် ၆ ပေခွဲလောက်ရှိတဲ့ ထုတ်တန်းမှာ ကြိုးဆွဲချ သေဆုံးနေတာ တွေ့ရတဲ့အတွက် ဓမ္မာအတိုင်းသေဆုံးတာ ဟုတ်မဟုတ် စစ်ဆေးနိုင်ဖို့ မင်းလှမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၆/၂၀၁၇ နဲ့ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ မင်းလှမြို့နယ်အတွင်း တနေ့တည်း ကြိုးဆွဲချသေဆုံးမှု ၂ မှုဆက်တိုက် ဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးထင်အောင်လင်းက ဒီဗွီဘီကို ပြောပါတယ်။

သတင်း-မင်းထီး

ဖိုးသူတော် (www.phothutaw.com)
Credit:  DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top