ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အေရးယူ ပိတ္ဆို႔မႈမ်ားက မိမိတို႔၏ ႏ်ဴကလီးယား လက္နက္ ရည္မွန္းခ်က္မ်ား အေကာင္အထည္ ေဖာ္မႈကို ပိုမို ျမန္ဆန္ေအာင္ အရွိန္ျမႇင့္ေပးရာ ေရာက္ေနေၾကာင္း ေျမာက္ကိုရီးယားက သတိေပး ေျပာၾကားလုိက္သည္။

အေမရိကန္ ဦးေဆာင္တင္သြင္းသည့္ ေျမာက္ကိုရီးယားအေပၚ အေရးယူ ပိတ္ဆို႔မႈ အသစ္မ်ားကို ကုလသမဂၢက အတည္ျပဳ ျပ႒ာန္းလုိက္ၿပီးေနာက္ ကြန္ျမဴနစ္ ႏုိင္ငံဘက္က ျပင္းျပင္းထန္ထန္ တံု႔ျပန္ေဝဖန္သည့္ ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့သည္။

ေျမာက္ကိုရီးယား၏ ေနာက္ဆံုးအႀကိမ္ ႏ်ဴကလီးယားဗံုး စမ္းသပ္ေဖာက္ခြဲမႈ အၿပီးတြင္ ႏုိင္ငံ၏ ေရနံဝယ္ယူခြင့္ႏွင့္ အဝတ္အထည္မ်ား တင္ပို႔ေရာင္းခ်ခြင့္တို႔ကို ပိုမိုတင္းက်ပ္စြာ ကန္႔သတ္လာသည့္ အေရးယူမႈ အသစ္မ်ားကို ကုလသမဂၢက အတည္ျပဳလိုက္သည္။

ထို႔ေနာက္တြင္ ေျမာက္ကိုရီးယားက ဂ်ပန္ေလပိုင္နက္ကို ျဖတ္ေက်ာ္ကာ တာလတ္ တိုက္ခ်င္းပစ္ ဒံုးက်ည္တစ္စင္း ပစ္ခတ္ျပၿပီး တံု႔ျပန္ခဲ့သည္။

ယခုအခါ ေျမာက္ကိုရီးယား ႏုိင္ငံျခားေရး ဝန္ႀကီးဌာန၏ ေၾကညာခ်က္ကို အစိုးရပိုင္ ေကစီအန္ေအ သတင္းစာက ထပ္ဆင့္ ေဖာ္ျပခဲ့ရာ အေရးယူ ပိတ္ဆို႔မႈမ်ားေၾကာင့္ အေျခအေန ပိုမို ဆိုးရြားလာေစမည္ဟု ကုလသမဂၢႏွင့္ အေမရိကန္ကို ရည္ရြယ္ ၿခိမ္းေျခာက္ထားေၾကာင္း ေတြ႕ရသည္။

ေျမာက္ကိုရီးယားအေပၚ အေရးယူ ပိတ္ဆို႔မႈမ်ား ျပ႒ာန္းျခင္းက ၎တို႔၏ ရည္မွန္းခ်က္ ပန္းတိုင္ျဖစ္သည့္ ႏ်ဴကလီးယား လက္နက္အင္အားႀကီး ႏုိင္ငံတစ္ခုအျဖစ္ ရပ္တည္ေရးကို ပိုမို အရွိန္ျမႇင့္ လုပ္ေဆာင္ရန္ တြန္းအားမ်ိဳးသာ ျဖစ္ေစလိမ့္မည္ဟု ဝန္ႀကီးဌာန ေၾကညာခ်က္တြင္ ေဖာ္ျပပါရွိသည္။

ေျမာက္ကိုရီးယားအေပၚ အေရးယူပိတ္ဆို႔သည့္ ခ်ဉ္းကပ္မႈမ်ားသည္ အမွန္တကယ္ အက်ိဳးသက္ေရာက္မႈ ရွိမရွိ ဆိုျခင္းကို ႏုိင္ငံတကာ ေဝဖန္ ေထာက္ျပမႈမ်ားလည္း ထြက္ေပၚေနသည္။ အဓိက ကုန္သြယ္ဖက္ႏိုင္ငံျဖစ္သည့္ တ႐ုတ္ကို မွီခိုရပ္တည္ၿပီး ေျမာက္ကိုရီးယား၏ စီးပြားေရး အရွိန္အဟုန္သည္ ၿပီးခဲ့သည့္ႏွစ္အတြင္း ၃.၉ ရာခုိင္ႏႈန္းမွ် ျမင့္တက္လာေၾကာင္း ေလ့လာသူမ်ားက ေျပာၾကားထားသည္။

Ref: CNA
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#

အရေးယူ ပိတ်ဆို့မှုများက မိမိတို့၏ နျူကလီးယား လက်နက် ရည်မှန်းချက်များ အကောင်အထည် ဖော်မှုကို ပိုမို မြန်ဆန်အောင် အရှိန်မြှင့်ပေးရာ ရောက်နေကြောင်း မြောက်ကိုရီးယားက သတိပေး ပြောကြားလိုက်သည်။

အမေရိကန် ဦးဆောင်တင်သွင်းသည့် မြောက်ကိုရီးယားအပေါ် အရေးယူ ပိတ်ဆို့မှု အသစ်များကို ကုလသမဂ္ဂက အတည်ပြု ပြဋ္ဌာန်းလိုက်ပြီးနောက် ကွန်မြူနစ် နိုင်ငံဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်ဝေဖန်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယား၏ နောက်ဆုံးအကြိမ် နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲမှု အပြီးတွင် နိုင်ငံ၏ ရေနံဝယ်ယူခွင့်နှင့် အဝတ်အထည်များ တင်ပို့ရောင်းချခွင့်တို့ကို ပိုမိုတင်းကျပ်စွာ ကန့်သတ်လာသည့် အရေးယူမှု အသစ်များကို ကုလသမဂ္ဂက အတည်ပြုလိုက်သည်။

ထို့နောက်တွင် မြောက်ကိုရီးယားက ဂျပန်လေပိုင်နက်ကို ဖြတ်ကျော်ကာ တာလတ် တိုက်ချင်းပစ် ဒုံးကျည်တစ်စင်း ပစ်ခတ်ပြပြီး တုံ့ပြန်ခဲ့သည်။

ယခုအခါ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်ကို အစိုးရပိုင် ကေစီအန်အေ သတင်းစာက ထပ်ဆင့် ဖော်ပြခဲ့ရာ အရေးယူ ပိတ်ဆို့မှုများကြောင့် အခြေအနေ ပိုမို ဆိုးရွားလာစေမည်ဟု ကုလသမဂ္ဂနှင့် အမေရိကန်ကို ရည်ရွယ် ခြိမ်းခြောက်ထားကြောင်း တွေ့ရသည်။

မြောက်ကိုရီးယားအပေါ် အရေးယူ ပိတ်ဆို့မှုများ ပြဋ္ဌာန်းခြင်းက ၎င်းတို့၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် နျူကလီးယား လက်နက်အင်အားကြီး နိုင်ငံတစ်ခုအဖြစ် ရပ်တည်ရေးကို ပိုမို အရှိန်မြှင့် လုပ်ဆောင်ရန် တွန်းအားမျိုးသာ ဖြစ်စေလိမ့်မည်ဟု ဝန်ကြီးဌာန ကြေညာချက်တွင် ဖော်ပြပါရှိသည်။

မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့သည့် ချဉ်းကပ်မှုများသည် အမှန်တကယ် အကျိုးသက်ရောက်မှု ရှိမရှိ ဆိုခြင်းကို နိုင်ငံတကာ ဝေဖန် ထောက်ပြမှုများလည်း ထွက်ပေါ်နေသည်။ အဓိက ကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် တရုတ်ကို မှီခိုရပ်တည်ပြီး မြောက်ကိုရီးယား၏ စီးပွားရေး အရှိန်အဟုန်သည် ပြီးခဲ့သည့်နှစ်အတွင်း ၃.၉ ရာခိုင်နှုန်းမျှ မြင့်တက်လာကြောင်း လေ့လာသူများက ပြောကြားထားသည်။

Ref: CNA

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top