ကန်တော်ကြီးအနီး နိုင်ငံတကာအဆင့်မီ Royal Garden View ကွန်ဒို အထူးအရောင်းပြပွဲ
×





Credit: duwun

#Unicode Version#
ဝါဆိုမိုးဦးကတော့ သူမကို အသက်ကြီးနေပြီလို့ ပြောတဲ့သူတွေသူတွေကို ပုံနဲ့တကွ သက်သေပြလိုက်တာ ဖြစ်ပါတယ်။

သူမကလေးသရုပ်ဆောင် လုပ်တုန်းက (၁၀)နှစ်သမီး ပုံနဲ့ ယခုလက်ရှိပုံလေးတွေကို ယှဉ်ပြီးပြသလိုက်တာလည်း ဖြစ်ပါတယ်။

အဲ့ဒီဓာတ်ပုံလေးထဲမှာတော့ ဝါဆိုမိုးဦး ငယ်ငယ်က နေတိုးနဲ့ ရိုက်ထားတဲ့ ပုံနဲ့ ယခုလက်ရှိ နေတိုးနဲ့ ရိုက်ထားတဲ့ ပုံလေးတွေကို တွဲတင်ပြီး ယခုလို စာသားလေးလည်း ရေးသားလိုက်ပါတယ်။

"ဝါဆိုကိုအသက်လိမ်နေတယ်တို့ အသက်ကြီးပြီလို့ ဘူးညင်းပြောဆိုနေသော haters တွေကို ဝါဆို ၁၀ သမီးထဲက ကလေးသရုပ်ဆောင်လုပ်တုန်းကပုံနဲ့ အခု  ပုံနဲ့တွဲတင်ပေးလိုက်ပါတယ်အခုဆို ဝါဆိုအနုပညာ တက်သမ်း ၁၃နှစ်ရှိသွားပါပြီ ဝါဆိုကိုချစ်တဲ့ ချစ်ပရိတ်သတ်ကြီးများအတွက်အမြဲကြိုးစား နေပါမယ်လို့" ဆိုတဲ့ စာသားနဲ့အတူ ဓာတ်ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။

ဝါဆိုမိုးဦးကတော့ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်ဘဝနဲ့ အနုပညာလောကထဲကို ရောက်ရှိလာသူ တစ်ဦးဖြစ် ပါတယ်။ ဂီတပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း အမိုက်စားသီချင်းတွေနဲ့ ရိုက်ကူးမှုတွေ ပါဝင်ထားတဲ့ "မိုက်လား ပြောကြည့်" စီးရီးခွေကို ထွက်ရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။
Photo : ဝါဆိုမိုးဦး ဖေ့စ်ဘွတ်

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top