နာနတ္သီးဆိုရင္ အသားဝါ ဝါေလးေတြကိုသာ စားေလ့ရွိၾက ေပမယ့္ အခြံေတြကိုေတာ့ အမႈိက္ အျဖစ္သာ စြန္႔ပစ္ေလ့ရွိၾကပါ တယ္။ နာနတ္သီးအခြံမွာလည္း  က်န္းမာေရး ေကာင္းက်ိဳးေတြ ရွိေနတာမို႔ အမႈိက္မဟုတ္တဲ့ အေၾကာင္းရင္းေလး သိထားရ ေအာင္ ေဖာ္ျပလိုက္ပါတယ္။

ႏႊာၿပီးသား နာနတ္သီးခြံေတြ ကို ေရနဲ႔ေသခ်ာေဆးၿပီး အိုးတစ္ လံုးထဲတည့္ကာ ေသခ်ာဆူ ေအာင္တည္ၿပီး ရလာတဲ့အရည္ ကို စစ္ကာ ေရခဲေသတၱာထဲမွာ သိမ္းဆည္းပါ။ နာနတ္သီးလက္ ဖက္ရည္ၾကမ္းကို အပူေသာက္ လိုက ျပန္ေႏႊးေသာက္ႏိုင္ၿပီး ေရခဲ ေလးထည့္ၿပီးေတာ့လည္း အေအး လိုေသာက္ႏိုင္ပါတယ္။ အရသာ ပိုေကာင္းခ်င္ရင္ေတာ့ ပ်ားရည္ အနည္းငယ္ ထည့္ၿပီးေတာ့လည္း ေသာက္ႏိုင္ပါတယ္။

နာနတ္သီး လက္ဖက္ရည္ ၾကမ္း ေသာက္ေပးျခင္းျဖင့္ကိုယ္ ခံစြမ္းအား ျမင့္ေစၿပီး ဗီတာမင္စီ ႂကြယ္ဝတဲ့အတြက္ အေအးမိ၊ တုပ္ေကြးနဲ႔တျခားေရာဂါ ပိုးကူး စက္ခံရမႈေတြကို ကာကြယ္ေပးႏိုင္ ပါတယ္။

ေနာက္ၿပီး အဆစ္အျမစ္နာ က်င္မႈလည္း ကင္းေစသလို တ ဆစ္ဆစ္ကိုက္ခဲတာ၊ ေရာင္ကိုင္း တာနဲ႔ ေတာင့္တင္းမာေက်ာေန တာမ်ိဳးေတြကိုလည္း သက္သာ ေစပါတယ္။

အိုမင္းရင့္ေရာ္မႈကိုလည္း ေႏွးေကြးေစသလို ေသြးတြင္းက အဆိပ္အေတာက္ေတြကိုလည္း ဖယ္ရွားေပးပါတယ္။ ေသြးတြင္း သၾကားဓာတ္ကိုလည္း ထိန္းညႇိ ေပးသလို ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေအာင္လည္း ကူညီေပးပါ တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
နာနတ်သီးဆိုရင် အသားဝါ ဝါလေးတွေကိုသာ စားလေ့ရှိကြ ပေမယ့် အခွံတွေကိုတော့ အမှိုက် အဖြစ်သာ စွန့်ပစ်လေ့ရှိကြပါ တယ်။ နာနတ်သီးအခွံမှာလည်း  ကျန်းမာရေး ကောင်းကျိုးတွေ ရှိနေတာမို့ အမှိုက်မဟုတ်တဲ့ အကြောင်းရင်းလေး သိထားရ အောင် ဖော်ပြလိုက်ပါတယ်။

နွှာပြီးသား နာနတ်သီးခွံတွေ ကို ရေနဲ့သေချာဆေးပြီး အိုးတစ် လုံးထဲတည့်ကာ သေချာဆူ အောင်တည်ပြီး ရလာတဲ့အရည် ကို စစ်ကာ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းပါ။ နာနတ်သီးလက် ဖက်ရည်ကြမ်းကို အပူသောက် လိုက ပြန်နွှေးသောက်နိုင်ပြီး ရေခဲ လေးထည့်ပြီးတော့လည်း အအေး လိုသောက်နိုင်ပါတယ်။ အရသာ ပိုကောင်းချင်ရင်တော့ ပျားရည် အနည်းငယ် ထည့်ပြီးတော့လည်း သောက်နိုင်ပါတယ်။

နာနတ်သီး လက်ဖက်ရည် ကြမ်း သောက်ပေးခြင်းဖြင့်ကိုယ် ခံစွမ်းအား မြင့်စေပြီး ဗီတာမင်စီ ကြွယ်ဝတဲ့အတွက် အအေးမိ၊ တုပ်ကွေးနဲ့တခြားရောဂါ ပိုးကူး စက်ခံရမှုတွေကို ကာကွယ်ပေးနိုင် ပါတယ်။

နောက်ပြီး အဆစ်အမြစ်နာ ကျင်မှုလည်း ကင်းစေသလို တ ဆစ်ဆစ်ကိုက်ခဲတာ၊ ရောင်ကိုင်း တာနဲ့ တောင့်တင်းမာကျောနေ တာမျိုးတွေကိုလည်း သက်သာ စေပါတယ်။

အိုမင်းရင့်ရော်မှုကိုလည်း နှေးကွေးစေသလို သွေးတွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းညှိ ပေးသလို ကိုယ်အလေးချိန် လျော့ကျအောင်လည်း ကူညီပေးပါ တယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top