ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

၁၉၆၁ ခုႏွစ္ ဧျပီလရဲ႕ ၂၉ ရက္ေန႔မွာ 6th soviet Antarctic Expadition ရဲ႕ အသက္ ၂၇ ႏွစ္အရြယ္ ဆရာဝန္တစ္ဦးျဖစ္သု Leonid Rogozov ဟာ ညဖက္ဝမ္းဗိုက္မွာ နာက်င္မႈေဝဒနာကို ခံစားခဲ့ရျပီး အဖ်ားေတြလည္း တက္လာခဲ့ပါတယ္ ။ ေနာက္တစ္ရက္မွာလည္း ေဝဒနာဟာ တျဖည္းျဖည္း ဆိုးသထက္ ဆိုးလာခဲ့တယ္ ။ ဧျပီ၃၀ ရက္ေန႔ည Novolazarevskaya station မွာ ဆရာဝန္ဆိုလို႔ သူတစ္ဦးတည္း ရွိေနခဲ့တယ္ ။


အဲဒီခြဲစိတ္ဆရာဝန္ဟာ Local anesthesia လို႔ ေခၚတဲ့ ထံုေဆးကို အသံုးျပဳျပီး သူတစ္ဦးတည္း မိမိကိုယ္ကိုယ္ အူအတက္ျဖတ္ထုတ္ျခင္း ဆိုတဲ့ Apprndix removal ကို အံ့ၾသဖြယ္ရာ ျပဳလုပ္ခဲ့ပါတယ္ ။ သူ႔ကိုကူညီေပးခဲ့သူဆိုလို႔ အင္ဂ်င္နီယာတစ္ေယာက္ရယ္ station ရဲ႕ မိုးေလဝသ ပညာရွင္တစ္ေယာက္ရယ္ပဲ ရွိေနခဲ့တယ္ ။

၁၉၅၉ ခုႏွစ္မွာ Leonid Rofozow ဟာ တကၠသိုလ္ကေန ေဆးပညာဘြဲ႔ရရွိခဲ့ျပီး တခဧအတြင္းမွာပဲ ခြဲစိတ္ဆရာဝန္အျဖစ္ တိုးျမွင့္ခံခဲ့ရသူျဖစ္ပါတယ္ ။ ၁၉၆- ျပည့္ႏွစ္ရဲ႕ စက္တင္ဘာလမွာေတာ့ လီယိုနစ္ဟာ Antarctica ကို ခရီးထြက္ဖို႔ ျဖစ္လာခဲ့တာေၾကာင့္ သူ႕ရဲ႕ေနရပ္မွာ ေဆးပညာေလ့လာခြင့္ဟာ ပ်င္သလိုျဖစ္ခဲ့ ရပါတယ္ ။ ဒီလိုအခ်ိန္ကာလအတြင္းမွာ အသက္ ၂၇ ႏွစ္အရြယ္ ခြဲစိတ္ဆရာဝန္ေလးကို ကမၻာေက်ာ္ေစမယ့္ အျဖစ္တစ္ခုက ျဖစ္ေပၚလာခဲ့ပါတယ္ ။


ေဆာင္းရာသီရဲ႕ ေလးခုေျမာက္ ဧျပီလမွာေတာ့ ၁၉၆၁ ခု ၂၉ ရပ္ေန႔မွာ လီယိုနစ္စဟာ အားနည္းျခင္း ပ်ိဳ႕ျခင္း အဖ်ားတက္ျခင္းနဲ႔ ညာဖက္ဝမ္းဗိုက္နာျခင္း စတဲ့ လကၡဏာေတြကို ခံစားခဲ့ရပါတယ္ ။ အဲဒီရက္ေနာက္ပိုင္းမွာလည္း သူရဲ႕ ခႏၵာကိုယ္အပူခ်ိန္ဟာ ျမင့္သထက္ ျမင့္လာခဲ့ရတယ္ ။ လူ ၁၃ ေယာက္ ဖြဲ႔စည္းထားတဲ့ ခရီးသြားအဖြဲ႔မွာ သူဟာ တစ္ဦးတည္း ဆရာဝန္ေလးလည္း ျဖစ္တယ္ ။

လီယိုနစ္ဟာ သူဘာျဖစ္ေနသလဲဆိုတာ သူ႔ကိုယ္သူ ေရာဂြအမည္တက္ diagnosis လုပ္ခဲ့ပါတယ္ ။ အဲဒါကေတာ့ အူအတက္ေယာင္ျခင္း Appendicitis ပဲ ျဖစ္ပါတယ္ ။ အနီးဆံုးေဆးရံုကို သြားဖို႔ ဘာေလယာဥ္မွလည္းရွိမေနခဲ့ဘူး ။ ဖ်ားနာေနတဲ့ အဖြဲ႔ဝင္ကို ကယ္ဆယ္ဖို႔အတြက္ အဲဒီေနရာမွာပဲ အေရးေပၚခြဲစိတ္မႈတစ္ခု ျပဳလုပ္ဖို႔ လိုအပ္ေနခဲ့တယ္ ။ တစ္ခုတည္းေသာ နည္းလမ္းကေတာ့ သူ႕ကိုယ္သူ ခြဲစိတ္ခဲ့တာပါပဲ ။

၁၉၆၁ ခုႏွစ္ ဧျပီလ ၃၀ ရက္ေန႔ညမွာေတာ့ ခြဲစိတ္ဆရာဝန္ေလးဟာ အင္ဂ်င္နီယာတစ္ဦးရယ္ မိုးေလဝသပညာရွင္တစ္ဦးရယ္ကို ခြဲစိတ္ကိရိယာေတြကူေပးေစျပီး သူ႔ဝမ္းဗိုက္ကို စတင္ခြဲစိတ္ခဲ့တယ္ ။ ဘယ္ဖက္ကို အနည္းငယ္ ေစာင္းျပီး လဲေလ်ာင္းေနျပီး ဆရာဝန္ ေလးဟာ ထံုေဆး novocanie solution ကို သံုးျပီး ၁၂ စင္တီမီတာရွည္တဲ့ ခြဲစိတ္ရာ Incision တစ္ခုကို ျပဳလုပ္ခဲ့ပါတယ္ ။

သူ႕ဝမ္းဗိုက္ကို သူကိုယ္တိုင္ၾကည့္ယံုသာမက ေရာင္ေနတဲ့ အူအတက္ကိုပါ ျဖတ္ထုတ္ျပီး ဝမ္းဗိုက္ထဲကို ပိုးသတ္ေဆးေရေတြလည္း ထုိုးသြင္ခဲ့ပါတယ္ ။ မိနစ္ ၃၀ ၊ ၄၀ ေလာက္ၾကာျပီးတဲ့အခါမွာေတာ့ သတိလစ္ခ်င္သလိုျဖစ္လာတဲ့အတြက္ ဆရာဝန္ေလးဟာ ခြဲစိတ္မႈကို ခဏရပ္နားျပီး အနားယူခဲ့တယ္ ။ ည သန္းေခါင္ယံမွာ ခြဲစိတ္မႈစာ ၁ နာရီနဲ႔ ၄၅ မိနစ္ေက်ာ္ခန္႔ ၾကာျမင့္ခဲ့ပါတယ္ ။ ငါးရက္ေျမာက္ေန႔မွာေတာ့ အဖ်ားက ေပ်ာက္ျပီး အပႈခ်ိန္ ပံုမွန္ျပန္ျဖစ္လာခဲ့တယ္ ။ ၇ ရက္ေျမာက္ေန႔မွာေတာ့ ခ်ဳပ္ရိုးျဖည္ခဲ့ပါတယ္ ။

ရုရွားႏိုင္ငံ St.Petersburg ရဲ႕ ျပတိုက္မွာ Leonid Rogozov ရဲ႕ မလြယ္ကူတဲ့ ခြဲစိတ္မႈမွာ အသံုးျပဳခဲ့တဲ့ ခြဲစိတ္ပစၥည္းေတြကို ျပသထားခဲ့ပါတယ္ ။

Leonid Eogozov ဟာ အသက္ ၆၆ ႏွစ္ (၂၀၀၀ ခုႏွစ္) မွာ ရုရွားႏိုင္ငံ စိန္႔ပီတာဘတ္စ္ျမိဳ႕မွာ ကြယ္လြန္ခဲ့ပါတယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သက္တန္႔ခ်ိဳ

# Unicode Version #
၁၉၆၁ ခုနှစ် ဧပြီလရဲ့ ၂၉ ရက်နေ့မှာ 6th soviet Antarctic Expadition ရဲ့ အသက် ၂၇ နှစ်အရွယ် ဆရာဝန်တစ်ဦးဖြစ်သု Leonid Rogozov ဟာ ညဖက်ဝမ်းဗိုက်မှာ နာကျင်မှုဝေဒနာကို ခံစားခဲ့ရပြီး အဖျားတွေလည်း တက်လာခဲ့ပါတယ် ။ နောက်တစ်ရက်မှာလည်း ဝေဒနာဟာ တဖြည်းဖြည်း ဆိုးသထက် ဆိုးလာခဲ့တယ် ။ ဧပြီ၃၀ ရက်နေ့ည Novolazarevskaya station မှာ ဆရာဝန်ဆိုလို့ သူတစ်ဦးတည်း ရှိနေခဲ့တယ် ။

အဲဒီခွဲစိတ်ဆရာဝန်ဟာ Local anesthesia လို့ ခေါ်တဲ့ ထုံဆေးကို အသုံးပြုပြီး သူတစ်ဦးတည်း မိမိကိုယ်ကိုယ် အူအတက်ဖြတ်ထုတ်ခြင်း ဆိုတဲ့ Apprndix removal ကို အံ့သြဖွယ်ရာ ပြုလုပ်ခဲ့ပါတယ် ။ သူ့ကိုကူညီပေးခဲ့သူဆိုလို့ အင်ဂျင်နီယာတစ်ယောက်ရယ် station ရဲ့ မိုးလေဝသ ပညာရှင်တစ်ယောက်ရယ်ပဲ ရှိနေခဲ့တယ် ။

၁၉၅၉ ခုနှစ်မှာ Leonid Rofozow ဟာ တက္ကသိုလ်ကနေ ဆေးပညာဘွဲ့ရရှိခဲ့ပြီး တခဧအတွင်းမှာပဲ ခွဲစိတ်ဆရာဝန်အဖြစ် တိုးမြှင့်ခံခဲ့ရသူဖြစ်ပါတယ် ။ ၁၉၆- ပြည့်နှစ်ရဲ့ စက်တင်ဘာလမှာတော့ လီယိုနစ်ဟာ Antarctica ကို ခရီးထွက်ဖို့ ဖြစ်လာခဲ့တာကြောင့် သူ့ရဲ့နေရပ်မှာ ဆေးပညာလေ့လာခွင့်ဟာ ပျင်သလိုဖြစ်ခဲ့ ရပါတယ် ။ ဒီလိုအချိန်ကာလအတွင်းမှာ အသက် ၂၇ နှစ်အရွယ် ခွဲစိတ်ဆရာဝန်လေးကို ကမ္ဘာကျော်စေမယ့် အဖြစ်တစ်ခုက ဖြစ်ပေါ်လာခဲ့ပါတယ် ။

ဆောင်းရာသီရဲ့ လေးခုမြောက် ဧပြီလမှာတော့ ၁၉၆၁ ခု ၂၉ ရပ်နေ့မှာ လီယိုနစ်စဟာ အားနည်းခြင်း ပျို့ခြင်း အဖျားတက်ခြင်းနဲ့ ညာဖက်ဝမ်းဗိုက်နာခြင်း စတဲ့ လက္ခဏာတွေကို ခံစားခဲ့ရပါတယ် ။ အဲဒီရက်နောက်ပိုင်းမှာလည်း သူရဲ့ ခန္ဒာကိုယ်အပူချိန်ဟာ မြင့်သထက် မြင့်လာခဲ့ရတယ် ။ လူ ၁၃ ယောက် ဖွဲ့စည်းထားတဲ့ ခရီးသွားအဖွဲ့မှာ သူဟာ တစ်ဦးတည်း ဆရာဝန်လေးလည်း ဖြစ်တယ် ။

လီယိုနစ်ဟာ သူဘာဖြစ်နေသလဲဆိုတာ သူ့ကိုယ်သူ ရောဂွအမည်တက် diagnosis လုပ်ခဲ့ပါတယ် ။ အဲဒါကတော့ အူအတက်ယောင်ခြင်း Appendicitis ပဲ ဖြစ်ပါတယ် ။ အနီးဆုံးဆေးရုံကို သွားဖို့ ဘာလေယာဉ်မှလည်းရှိမနေခဲ့ဘူး ။ ဖျားနာနေတဲ့ အဖွဲ့ဝင်ကို ကယ်ဆယ်ဖို့အတွက် အဲဒီနေရာမှာပဲ အရေးပေါ်ခွဲစိတ်မှုတစ်ခု ပြုလုပ်ဖို့ လိုအပ်နေခဲ့တယ် ။ တစ်ခုတည်းသော နည်းလမ်းကတော့ သူ့ကိုယ်သူ ခွဲစိတ်ခဲ့တာပါပဲ ။

၁၉၆၁ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ညမှာတော့ ခွဲစိတ်ဆရာဝန်လေးဟာ အင်ဂျင်နီယာတစ်ဦးရယ် မိုးလေဝသပညာရှင်တစ်ဦးရယ်ကို ခွဲစိတ်ကိရိယာတွေကူပေးစေပြီး သူ့ဝမ်းဗိုက်ကို စတင်ခွဲစိတ်ခဲ့တယ် ။ ဘယ်ဖက်ကို အနည်းငယ် စောင်းပြီး လဲလျောင်းနေပြီး ဆရာဝန် လေးဟာ ထုံဆေး novocanie solution ကို သုံးပြီး ၁၂ စင်တီမီတာရှည်တဲ့ ခွဲစိတ်ရာ Incision တစ်ခုကို ပြုလုပ်ခဲ့ပါတယ် ။

သူ့ဝမ်းဗိုက်ကို သူကိုယ်တိုင်ကြည့်ယုံသာမက ရောင်နေတဲ့ အူအတက်ကိုပါ ဖြတ်ထုတ်ပြီး ဝမ်းဗိုက်ထဲကို ပိုးသတ်ဆေးရေတွေလည်း ထိုးသွင်ခဲ့ပါတယ် ။ မိနစ် ၃၀ ၊ ၄၀ လောက်ကြာပြီးတဲ့အခါမှာတော့ သတိလစ်ချင်သလိုဖြစ်လာတဲ့အတွက် ဆရာဝန်လေးဟာ ခွဲစိတ်မှုကို ခဏရပ်နားပြီး အနားယူခဲ့တယ် ။ ည သန်းခေါင်ယံမှာ ခွဲစိတ်မှုစာ ၁ နာရီနဲ့ ၄၅ မိနစ်ကျော်ခန့် ကြာမြင့်ခဲ့ပါတယ် ။ ငါးရက်မြောက်နေ့မှာတော့ အဖျားက ပျောက်ပြီး အပှုချိန် ပုံမှန်ပြန်ဖြစ်လာခဲ့တယ် ။ ၇ ရက်မြောက်နေ့မှာတော့ ချုပ်ရိုးဖြည်ခဲ့ပါတယ် ။

ရုရှားနိုင်ငံ St.Petersburg ရဲ့ ပြတိုက်မှာ Leonid Rogozov ရဲ့ မလွယ်ကူတဲ့ ခွဲစိတ်မှုမှာ အသုံးပြုခဲ့တဲ့ ခွဲစိတ်ပစ္စည်းတွေကို ပြသထားခဲ့ပါတယ် ။

Leonid Eogozov ဟာ အသက် ၆၆ နှစ် (၂၀၀၀ ခုနှစ်) မှာ ရုရှားနိုင်ငံ စိန့်ပီတာဘတ်စ်မြို့မှာ ကွယ်လွန်ခဲ့ပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit: သက်တန့်ချို
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top