ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အစားအစာေတြကို စိတ္ႀကိဳက္စားမိသြားၿပီ ဆိုရင္ ဘာျဖစ္မလဲ ဆိုၿပီး စိုးရိမ္စိတ္ေတြ ၀င္တတ္ပါတယ္။ ျမန္မာ့ေဆးၿမီးတိုမ်ားမွ နည္းလမ္းေလးေတြကို ျပန္လည္ မွ်ေ၀လိုက္ရပါတယ္။

(၁) လက္ဖက္ကို အျမဲနိုင္တာ လွ်က္ဆားျဖစ္ပါတယ္။ အစာမေၾက၊ ေလပြ၊ ရင္ျပည့္ရင္ကယ္ မျဖစ္ေအင္ လက္ဖက္သုပ္စားျပီး ၁၅ မိနစ္ခန့္ၾကာရင္ လွ်က္ဆား၊ ကိုးပါးေဆး၊ မဟာေျဖေဆး စတဲ့ ေလနဲ့ဆိုင္တဲ့ ဗမာေဆးတစ္ခုခုကို အနည္းငယ္ လွ်က္ေပးလိုက္ရင္ အဆင္ေျပပါျပီ။

(၂) လက္ဖက္သုပ္၊ ဂ်င္းသုပ္ စတဲ့ အသုပ္စံုတို့ကို စားတဲ့အခါ ၾကက္သြန္ျဖဴနဲ့ ငရုတ္သီးစိမ္းကိုက္ေလ့ရွိၾကတယ္။ တစ္ခ်ိဳ့က ပါးစပ္နံမွာစိုးရိမ္ျပီး စားခ်င္လ်ွက္နဲ့ မစားဘူး။ ဘာမွမပူနဲ့ စားသာစား။ မစားခင္ေလးမွာ ေျမပဲေစ့ ၄၊ ၅ ေစ့ကိုသာ အရင္ဖယ္ထား။

စားျပီးတာနဲ့ ေျမပဲကို ၀ါးျပီး ပါးစပ္ထဲ ၁ မိနစ္ခန့္ ငံုထား။ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ စတဲ့အနံ့ေတြကို ေျမပဲက စုပ္ယူႏိုင္တဲ့ အစြမ္းသတၱိရွိပါတယ္။ ခ်က္ခ်င္း အနံ့ေပ်ာက္တယ္။

(၃) ငွက္ေပ်ာသီးအလြန္ၾကိဳက္သူေတြ တစ္ဖီးကုန္ေအာင္ စားႏိုင္တယ္တဲ့။ စားျပီးလွ်င္ အခ်ိဳေၾကာင့္ ဗိုက္နာတယ္။ ဘာမွမပူနဲ့ ဆားအနည္းငယ္နဲ့သာ တို့ျပီးစား။ လံုး၀ ဗိုက္မနာေတာ့ဘူး။
Chili

(၄) ငရုတ္သီးၾဳကိဳက္သူေတြ၊ အစပ္မ်ားမ်ားစားခ်င္သူေတြ အတြက္ ရခိုင္တို့ရဲ့ အစပ္စားႏိုင္ျခင္း လွ်ိဳ့၀ွက္ခ်က္ကေတာ့ ငရုတ္သီးကို အပူေပးျပီးမွ စားျခင္းျဖစ္ပါတယ္။ ငရုတ္သီးကို အစိမ္းလိုက္ ဘယ္ေတာ့မွ မစားနဲ့။ ေလွာ္၊ ေၾကာ္၊ ျပဳတ္၊ ဖုတ္၊ အဲလိုအပူေပးျပီးမွ ၾကိဳက္သေလာက္စား။ သံပုရာသီးေလးညွစ္ထည့္ျပီးမွ စား။ ဗိုက္မနာေတာ့ဘူး။

(၅) အုန္းႏို႔ေခါက္ဆြဲ၊ မုန့္တီ၊ အသုပ္မ်ိဳးစံု၊ မုန္းဟင္းခါးစတဲ့ အဆီအဆိမ့္မ်ားသည့္ အစားအစာတို့ကို မစားမီ ေရွးဦးစြာ သံပုရာသီးတစ္စိတ္ အရင္ကိုက္စားလိုက္ပါ။ သို့မဟုတ္ ဇြန္းထဲတြင္ အရည္ညႇစ္၍ ေသာက္ခ်ျပီးမွ မုန္႔မ်ားကို စားပါ။ အႏၲရာယ္ကင္းေသာ မုန္႔စားနည္း ျဖစ္ပါသည္။

(၆) လက္ဖက္ကို ေဘးဥပဒ္ျဖစ္ေစႏိုင္သည့္ ပထမဦးစြာ ဆား၊ သံပုရာရည္တို႔ျဖင့္ နာနာပြတ္နယ္၍ ေရေဆးျပီး အလြန္ျပင္းထန္ေသာ အခါးဓါတ္ေလွ်ာ့ခ်ျပီးမွ သုပ္စားလ်ွင္ အႏၱရာယ္ကင္းပါသည္။ အစာမေၾကျခင္း၊ ေလေအာင့္ျဖစ္ေစျခင္းတို့မွလည္း ေလွ်ာ့နည္းေစပါသည္။

(၇) အဆီအဆိမ့္မ်ားလြန္းေသာ ဒံေပါက္ထမင္း၊ ေထာက္ပတ္ထမင္း၊ ၾကက္ဆီထမင္းတို့ကိုမစားမီ အနားမွာ ခ်ေပးထားတဲ့ ပူဒီနာ (ပုစီနံ) ရြက္မ်ားကို အရင္ဝါးစားျပီးမွ ထမင္းစားပါ။ အဆိပ္အေတာက္ ကင္းပါသည္။

(၈) အဆိပ္အေတာက္မ်ားေသာ မွ်စ္ခ်ဥ္၊ အသည္းပ်က္တတ္ေသာ မွ်စ္ခ်ဥ္ကို လံုးဝမစားဘဲေနက အႏၲရာယ္ကင္းပါသည္။ စိတ္မခိုင္၍ စားလိုပါက မွ်စ္ခ်ဥ္ထဲသို႔ သံပုရာရည္ အႏွံ႔ညႇစ္ခ်ျပီး နာနာနယ္၍ ေရေဆးျပီး စစ္ထားပါ။ ျပီးမွ မိမိစတ္ႀကိဳက္ ခ်က္စားပါ။ သို႔မဟုတ္-မွ်စ္ခ်ဥ္ခ်က္ထဲသို႔ သံပုရာရည္ ညႇစ္ခ်ျပီ ေမႊေႏွာက္ကာ ဟင္းအိုးကို မီးဖိုမွခ်၍ သံုးေဆာင္ပါ။ အဆိပ္အေတာက္ နည္းသြားပါသည္။

(၉) ရင္က်ပ္ေရာဂါ မျဖစ္ႏိုင္ေအာင္ မန္က်ည္းသီးစိမ္းကို အေပၚမွ အေပြးခြံ ညိဳညစ္ညစ္မ်ားကို ျခစ္ထုတ္ျပီး အစိမ္းေရာင္ မန္က်ည္းသီးသားမ်ားကိုသာ ေထာင္း၍ ခ်က္စားသင့္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystylemyanmar

#Unicode Version#
အစားအစာတွေကို စိတ်ကြိုက်စားမိသွားပြီ ဆိုရင် ဘာဖြစ်မလဲ ဆိုပြီး စိုးရိမ်စိတ်တွေ ဝင်တတ်ပါတယ်။ မြန်မာ့ဆေးမြီးတိုများမှ နည်းလမ်းလေးတွေကို ပြန်လည် မျှဝေလိုက်ရပါတယ်။

(၁) လက်ဖက်ကို အမြဲနိုင်တာ လျှက်ဆားဖြစ်ပါတယ်။ အစာမကြေ၊ လေပွ၊ ရင်ပြည့်ရင်ကယ် မဖြစ်အေင် လက်ဖက်သုပ်စားပြီး ၁၅ မိနစ်ခန့်ကြာရင် လျှက်ဆား၊ ကိုးပါးဆေး၊ မဟာဖြေဆေး စတဲ့ လေနဲ့ဆိုင်တဲ့ ဗမာဆေးတစ်ခုခုကို အနည်းငယ် လျှက်ပေးလိုက်ရင် အဆင်ပြေပါပြီ။


(၂) လက်ဖက်သုပ်၊ ဂျင်းသုပ် စတဲ့ အသုပ်စုံတို့ကို စားတဲ့အခါ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းကိုက်လေ့ရှိကြတယ်။ တစ်ချို့က ပါးစပ်နံမှာစိုးရိမ်ပြီး စားချင်လျှက်နဲ့ မစားဘူး။ ဘာမှမပူနဲ့ စားသာစား။ မစားခင်လေးမှာ မြေပဲစေ့ ၄၊ ၅ စေ့ကိုသာ အရင်ဖယ်ထား။

စားပြီးတာနဲ့ မြေပဲကို ဝါးပြီး ပါးစပ်ထဲ ၁ မိနစ်ခန့် ငုံထား။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စတဲ့အနံ့တွေကို မြေပဲက စုပ်ယူနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ချက်ချင်း အနံ့ပျောက်တယ်။

(၃) ငှက်ပျောသီးအလွန်ကြိုက်သူတွေ တစ်ဖီးကုန်အောင် စားနိုင်တယ်တဲ့။ စားပြီးလျှင် အချိုကြောင့် ဗိုက်နာတယ်။ ဘာမှမပူနဲ့ ဆားအနည်းငယ်နဲ့သာ တို့ပြီးစား။ လုံး၀ ဗိုက်မနာတော့ဘူး။
Chili

(၄) ငရုတ်သီးြုကိုက်သူတွေ၊ အစပ်များများစားချင်သူတွေ အတွက် ရခိုင်တို့ရဲ့ အစပ်စားနိုင်ခြင်း လျှို့ဝှက်ချက်ကတော့ ငရုတ်သီးကို အပူပေးပြီးမှ စားခြင်းဖြစ်ပါတယ်။ ငရုတ်သီးကို အစိမ်းလိုက် ဘယ်တော့မှ မစားနဲ့။ လှော်၊ ကြော်၊ ပြုတ်၊ ဖုတ်၊ အဲလိုအပူပေးပြီးမှ ကြိုက်သလောက်စား။ သံပုရာသီးလေးညှစ်ထည့်ပြီးမှ စား။ ဗိုက်မနာတော့ဘူး။

(၅) အုန်းနို့ခေါက်ဆွဲ၊ မုန့်တီ၊ အသုပ်မျိုးစုံ၊ မုန်းဟင်းခါးစတဲ့ အဆီအဆိမ့်များသည့် အစားအစာတို့ကို မစားမီ ရှေးဦးစွာ သံပုရာသီးတစ်စိတ် အရင်ကိုက်စားလိုက်ပါ။ သို့မဟုတ် ဇွန်းထဲတွင် အရည်ညှစ်၍ သောက်ချပြီးမှ မုန့်များကို စားပါ။ အန္တရာယ်ကင်းသော မုန့်စားနည်း ဖြစ်ပါသည်။

(၆) လက်ဖက်ကို ဘေးဥပဒ်ဖြစ်စေနိုင်သည့် ပထမဦးစွာ ဆား၊ သံပုရာရည်တို့ဖြင့် နာနာပွတ်နယ်၍ ရေဆေးပြီး အလွန်ပြင်းထန်သော အခါးဓါတ်လျှော့ချပြီးမှ သုပ်စားလျှင် အန္တရာယ်ကင်းပါသည်။ အစာမကြေခြင်း၊ လေအောင့်ဖြစ်စေခြင်းတို့မှလည်း လျှော့နည်းစေပါသည်။

(၇) အဆီအဆိမ့်များလွန်းသော ဒံပေါက်ထမင်း၊ ထောက်ပတ်ထမင်း၊ ကြက်ဆီထမင်းတို့ကိုမစားမီ အနားမှာ ချပေးထားတဲ့ ပူဒီနာ (ပုစီနံ) ရွက်များကို အရင်ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ်အတောက် ကင်းပါသည်။

(၈) အဆိပ်အတောက်များသော မျှစ်ချဉ်၊ အသည်းပျက်တတ်သော မျှစ်ချဉ်ကို လုံးဝမစားဘဲနေက အန္တရာယ်ကင်းပါသည်။ စိတ်မခိုင်၍ စားလိုပါက မျှစ်ချဉ်ထဲသို့ သံပုရာရည် အနှံ့ညှစ်ချပြီး နာနာနယ်၍ ရေဆေးပြီး စစ်ထားပါ။ ပြီးမှ မိမိစတ်ကြိုက် ချက်စားပါ။ သို့မဟုတ်-မျှစ်ချဉ်ချက်ထဲသို့ သံပုရာရည် ညှစ်ချပြီ မွှေနှောက်ကာ ဟင်းအိုးကို မီးဖိုမှချ၍ သုံးဆောင်ပါ။ အဆိပ်အတောက် နည်းသွားပါသည်။

(၉) ရင်ကျပ်ရောဂါ မဖြစ်နိုင်အောင် မန်ကျည်းသီးစိမ်းကို အပေါ်မှ အပွေးခွံ ညိုညစ်ညစ်များကို ခြစ်ထုတ်ပြီး အစိမ်းရောင် မန်ကျည်းသီးသားများကိုသာ ထောင်း၍ ချက်စားသင့်ပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top