ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

သင့္ကိုယ္သင္ ယုံၾကည္မူ႔ရိွလား
=====================


လုပ္ငန္း႐ွင္တစ္ေယာက္ဟာ
အေႁကြးေတြနဲ႔နစ္ေနၿပီး ႐ုန္းထြက္ဖို႔နည္းလမ္းလဲ
မျမင္ႏိုင္ေအာင္ပဲ ရိွေနခဲ့ပါတယ္ ။

ေႁကြး႐ွင္ေတြနဲ႔ သူ႔ကိုအကူအညီေပးထားၾကသူ
ေတြကလဲ သူတို႔ရစရာေတြကို ေတာင္းဆိုေနၾကၿပီ ။
သူ႔ကုမၸဏီေဒဝါလီခံရမယ့္ အေျခအေနကေန
လႊတ္ေျမာက္ႏိုင္မယ့္နည္းလမ္းကို ႐ွာေဖြရင္း
ေနာက္ဆုးံ ၾကံရာမရျဖစ္ကာ ပန္းျခံတစ္ခုထဲမွာ
စိတ္ပ်က္လက္ပ်က္ ထိုင္ကာေတြးေတာေနမိတယ္ ။

ဒီအခ်ိန္မွာပဲ
အဘိုးႀကီးတစ္ေယာက္ သူေ႐ွ႕ကိုေရာက္လာၿပီး
စူးစမ္းစိတ္နဲ႔ ေမးလိုက္တယ္ ။

" မင္းမွာ ခက္ခဲတဲ့ျပသနာတစ္ခုခုရိွေနမယ္လို႔
ငါထင္တယ္ "

သူလဲၾကံရာမရပဲ အေၾကာင္းစုံေျပာျပမိတဲ့ေနာက္
အဘိုးႀကီးက ျပန္ေျပာတယ္ ။

" မင္းကို ငါကူညီႏိုင္လိမ့္မယ္လို႔ထင္တယ္ "

အဘိုးႀကီးက သူရဲ႕နာမည္ကိုေမးၿပီး
ခ်က္တစ္ေဆာင္ကို ထုတ္ေရးလိုက္တယ္ ။
ၿပီးေတာ့ သူ႔ရဲ႕လက္ထဲကို ထိုးထည့္ေပးၿပီး
သူ႔ကို ေျပာတယ္ ။

" ဒီေငြေတြကိုယူသြားလိုက္ပါ ...
ဒီေန႔ကစလို႔ ေနာက္တစ္ႏွစ္တင္းတင္းျပည့္တဲ့
အခါ ဒီေနရာကိုလာၿပီး ငါနဲ႔ေတြပါ ...
အဲ့အခ်ိန္ၾကမွ ငါေပးခဲ့တဲ့ေငြကို ျပန္ေပးလို႔ရပါတယ္ "

အဲ့ဒီေနာက္ အဘိုးႀကီးလဲ သူလာရာလမ္းကို
ကပ်ာကယာ ျပန္လွည့္ထြက္ခြာလို႔ ေပ်ာက္ကြယ္
သြားတယ္ ။

လုပ္ငန္း႐ွင္ဆိုသူလဲ သူ႔လက္ထဲက ခ်က္လက္မွတ္
ကိုေသခ်ာၾကည့္ေတာ့ ေဒၚလာ 5 သိန္းတန္ခ်က္
ျဖစ္ေနၿပီး လက္မွတ္ေနရာမွာ ေရးထိုးထားတဲ့
နာမည္ကေတာ့ ကမၻာ့အခ်မ္းသာဆုးံသူေတြထဲက
တစ္ေယာက္ျဖစ္တဲ့ ဂြၽန္ ဒီ ေရာခ္ဖီလာ ( John D
Rockefeller )ဆိုသူျဖစ္လို႔ေနပါတယ္ ။

သူ႔ရဲ႕ဆိုးရိမ္ပူပန္မူ႔ေတြဟာ ခ်က္ျခင္းပဲ လႊင့္ေပ်ာက္
သြားခဲ့တယ္ ။ ဒါေပမယ့္လည္း သူရဲ႕လုံျခဳံမူ႔အတြက္ ဒီခ်က္ကို ေငြသားအျဖစ္မလဲပဲ သူ႔ေ႐ွ႕ဆက္အလုပ္
လုပ္ဖို႔အတြက္ ေနာက္ခံအင့္အားတစ္ခုအျဖစ္
သက္မွတ္ကာ မျဖစ္မေနအေရးေပၚအေျခအေနမ်ိဳး
မွသာ ထုတ္သုးံဖို႔ ဆုးံျဖတ္လိုက္တယ္ ။

ေျပာင္းလဲသြားတဲ့အေတြးနဲ႔အတူ
ပိုမိုေကာင္းမြန္တဲ့ညႇိႏိုင္းမူ႔ေတြနဲ႔ သူလုပ္ငန္းကို
ျပန္လည္တည္ေဆာက္တယ္ ။ စိတ္အားထက္သန္
မူ႔အျပည့္နဲ႔ အျပင္းအထန္အလုပ္ေတြလုပ္ရင္း
ႀကီးမားတဲ့လုပ္ငန္းလုပ္ကြက္ေတြကို ရရိွလာခဲ့တယ္ ။

လပိုင္းအတြင္းမွာပဲ သူ႔ရဲ႕ေႁကြးၿမီေတြကေန
႐ုန္းထြက္ႏိုင္ခဲ့ၿပီး ျပန္လည္ ေငြေၾကးေခ်ာင္လည္လာ
ခဲ့တယ္ ။
ဒီလိုနဲ႔ တစ္ႏွစ္တင္းတင္းျပည့္ေတာ့
သူ႔ရဲ႕ေငြမထုတ္ရေသးတဲ့ခ်က္လက္မွတ္
ကေလးနဲ႔အတူ ပန္းျခံေလးဆီကိုျပန္လာခဲ့တယ္ ။

သူ႔တို္႔သေဘာတူထားသလိုပဲ
ဒီေန႔မွာ အဘိုးႀကီးလဲ ေရာက္လာတယ္ ။

ဒါေပမယ့္လဲ
အဘိုးႀကီးကို
သူရဲ႕ခ်က္လက္မွတ္ကိုျပန္ေပးရင္း
သူ႔ေအာင္ျမင္မူ႔ကို ေျပာျပမယ့္ဆဲဆဲမွာပဲ
သူနာျပဳဆရာမေလးတစ္ေယာက္ သူတို႔အနားကို
အေျပးအလႊားေရာက္လာတယ္ ။

" ေတာ္ေသးတာေပါ့႐ွင္ ...
သူ႔ကို႐ွာေတြ႔လို႔ ..

႐ွင့္ကိုေတာ့
စိတ္အေႏွာက္အ႐ွက္ျဖစ္ေစမယ္မထင္ပါဘူး ...

သူကေလ ခုလိုပဲ
စိတ္က်န္းမာေရးေဆး႐ုံကေန အျမဲလိုလို
ထြက္ထြက္ေျပးတတ္တယ္ ...

ၿပီးေတာ့လဲ လူေတြကို
သူ႔ကိုယ္သူ "ဂြၽန္ ဒီ ေရာခ္ဖီလာ"ဆိုၿပီးေျပာတတ္
ေသးတယ္ေလ ..."

သူနာျပဳဆရာမေလးက ေျပာရင္းဆိုရင္းနဲ႔
အဘိုးႀကီးကို ေခၚေဆာင္လို႔ထြက္သြားတယ္ ။

သူ သတိလစ္မတတ္ အံ့အားသင့္စြာနဲ႔
ေငးေမာရပ္ၾကည့္ေနမိတယ္ ။ တစ္ႏွစ္လုးံလုးံ
သူ႔ေႏွာက္မွာ ေဒၚလာသန္းဝက္ ရိွေနတယ္ဆိုတဲ့
အေတြးနဲ႔ ေနေနခဲ့တာေလ ။

အခုေတာ့ သူသိလိုက္ပါၿပီ ။
ဒါဟာ ေငြေတြမဟုတ္ဘူး ။
ဒါဟာ တကယ့္အစစ္အမွန္ မဟုတ္သလို
စိတ္ကူးယာဥ္လဲမဟုတ္ဘူး ။
ဒါေပမယ့္ သူ႔ဘဝကို အလွည့္အေျပာင္းျဖစ္ေစ
ခဲ့တယ္ ။

တကယ္ေတာ့
ဒါဟာ ေအာင္ျမင္မူ႔အတြက္
စြမ္းအားတစ္ခုျဖစ္တဲ့ **ကိုယ့္ကိုယ္ကို ယုံၾကည္မူ႔**
ဆိုတဲ့ စိတ္ကေလးတစ္ခုကို ျဖစ္ေပၚေစခဲ့တဲ့အရာပါ ။



Ref: Our Self Confidence Can Change
Everything ~


ဖိုးသူေတာ္ (www.phothutaw.com)
Credit: ကိုကိုႀကီး

#Unicode Version#
သင့်ကိုယ်သင် ယုံကြည်မူ့ရှိလား
=====================

လုပ်ငန်းရှင်တစ်ယောက်ဟာ
အကြွေးတွေနဲ့နစ်နေပြီး ရုန်းထွက်ဖို့နည်းလမ်းလဲ
မမြင်နိုင်အောင်ပဲ ရှိနေခဲ့ပါတယ် ။

ကြွေးရှင်တွေနဲ့ သူ့ကိုအကူအညီပေးထားကြသူ
တွေကလဲ သူတို့ရစရာတွေကို တောင်းဆိုနေကြပြီ ။
သူ့ကုမ္ပဏီဒေဝါလီခံရမယ့် အခြေအနေကနေ
လွှတ်မြောက်နိုင်မယ့်နည်းလမ်းကို ရှာဖွေရင်း
နောက်ဆုးံ ကြံရာမရဖြစ်ကာ ပန်းခြံတစ်ခုထဲမှာ
စိတ်ပျက်လက်ပျက် ထိုင်ကာတွေးတောနေမိတယ် ။

ဒီအချိန်မှာပဲ
အဘိုးကြီးတစ်ယောက် သူရှေ့ကိုရောက်လာပြီး
စူးစမ်းစိတ်နဲ့ မေးလိုက်တယ် ။

" မင်းမှာ ခက်ခဲတဲ့ပြသနာတစ်ခုခုရှိနေမယ်လို့
ငါထင်တယ် "

သူလဲကြံရာမရပဲ အကြောင်းစုံပြောပြမိတဲ့နောက်
အဘိုးကြီးက ပြန်ပြောတယ် ။

" မင်းကို ငါကူညီနိုင်လိမ့်မယ်လို့ထင်တယ် "

အဘိုးကြီးက သူရဲ့နာမည်ကိုမေးပြီး
ချက်တစ်ဆောင်ကို ထုတ်ရေးလိုက်တယ် ။
ပြီးတော့ သူ့ရဲ့လက်ထဲကို ထိုးထည့်ပေးပြီး
သူ့ကို ပြောတယ် ။

" ဒီငွေတွေကိုယူသွားလိုက်ပါ ...
ဒီနေ့ကစလို့ နောက်တစ်နှစ်တင်းတင်းပြည့်တဲ့
အခါ ဒီနေရာကိုလာပြီး ငါနဲ့တွေပါ ...
အဲ့အချိန်ကြမှ ငါပေးခဲ့တဲ့ငွေကို ပြန်ပေးလို့ရပါတယ် "

အဲ့ဒီနောက် အဘိုးကြီးလဲ သူလာရာလမ်းကို
ကပျာကယာ ပြန်လှည့်ထွက်ခွာလို့ ပျောက်ကွယ်
သွားတယ် ။

လုပ်ငန်းရှင်ဆိုသူလဲ သူ့လက်ထဲက ချက်လက်မှတ်
ကိုသေချာကြည့်တော့ ဒေါ်လာ 5 သိန်းတန်ချက်
ဖြစ်နေပြီး လက်မှတ်နေရာမှာ ရေးထိုးထားတဲ့
နာမည်ကတော့ ကမ္ဘာ့အချမ်းသာဆုးံသူတွေထဲက
တစ်ယောက်ဖြစ်တဲ့ ဂျွန် ဒီ ရောခ်ဖီလာ ( John D
Rockefeller )ဆိုသူဖြစ်လို့နေပါတယ် ။

သူ့ရဲ့ဆိုးရိမ်ပူပန်မူ့တွေဟာ ချက်ခြင်းပဲ လွှင့်ပျောက်
သွားခဲ့တယ် ။ ဒါပေမယ့်လည်း သူရဲ့လုံခြုံမူ့အတွက် ဒီချက်ကို ငွေသားအဖြစ်မလဲပဲ သူ့ရှေ့ဆက်အလုပ်
လုပ်ဖို့အတွက် နောက်ခံအင့်အားတစ်ခုအဖြစ်
သက်မှတ်ကာ မဖြစ်မနေအရေးပေါ်အခြေအနေမျိုး
မှသာ ထုတ်သုးံဖို့ ဆုးံဖြတ်လိုက်တယ် ။

ပြောင်းလဲသွားတဲ့အတွေးနဲ့အတူ
ပိုမိုကောင်းမွန်တဲ့ညှိနိုင်းမူ့တွေနဲ့ သူလုပ်ငန်းကို
ပြန်လည်တည်ဆောက်တယ် ။ စိတ်အားထက်သန်
မူ့အပြည့်နဲ့ အပြင်းအထန်အလုပ်တွေလုပ်ရင်း
ကြီးမားတဲ့လုပ်ငန်းလုပ်ကွက်တွေကို ရရှိလာခဲ့တယ် ။

လပိုင်းအတွင်းမှာပဲ သူ့ရဲ့ကြွေးမြီတွေကနေ
ရုန်းထွက်နိုင်ခဲ့ပြီး ပြန်လည် ငွေကြေးချောင်လည်လာ
ခဲ့တယ် ။
ဒီလိုနဲ့ တစ်နှစ်တင်းတင်းပြည့်တော့
သူ့ရဲ့ငွေမထုတ်ရသေးတဲ့ချက်လက်မှတ်
ကလေးနဲ့အတူ ပန်းခြံလေးဆီကိုပြန်လာခဲ့တယ် ။

သူ့တို့်သဘောတူထားသလိုပဲ
ဒီနေ့မှာ အဘိုးကြီးလဲ ရောက်လာတယ် ။

ဒါပေမယ့်လဲ
အဘိုးကြီးကို
သူရဲ့ချက်လက်မှတ်ကိုပြန်ပေးရင်း
သူ့အောင်မြင်မူ့ကို ပြောပြမယ့်ဆဲဆဲမှာပဲ
သူနာပြုဆရာမလေးတစ်ယောက် သူတို့အနားကို
အပြေးအလွှားရောက်လာတယ် ။

" တော်သေးတာပေါ့ရှင် ...
သူ့ကိုရှာတွေ့လို့ ..

ရှင့်ကိုတော့
စိတ်အနှောက်အရှက်ဖြစ်စေမယ်မထင်ပါဘူး ...

သူကလေ ခုလိုပဲ
စိတ်ကျန်းမာရေးဆေးရုံကနေ အမြဲလိုလို
ထွက်ထွက်ပြေးတတ်တယ် ...

ပြီးတော့လဲ လူတွေကို
သူ့ကိုယ်သူ "ဂျွန် ဒီ ရောခ်ဖီလာ"ဆိုပြီးပြောတတ်
သေးတယ်လေ ..."

သူနာပြုဆရာမလေးက ပြောရင်းဆိုရင်းနဲ့
အဘိုးကြီးကို ခေါ်ဆောင်လို့ထွက်သွားတယ် ။

သူ သတိလစ်မတတ် အံ့အားသင့်စွာနဲ့
ငေးမောရပ်ကြည့်နေမိတယ် ။ တစ်နှစ်လုးံလုးံ
သူ့နှောက်မှာ ဒေါ်လာသန်းဝက် ရှိနေတယ်ဆိုတဲ့
အတွေးနဲ့ နေနေခဲ့တာလေ ။

အခုတော့ သူသိလိုက်ပါပြီ ။
ဒါဟာ ငွေတွေမဟုတ်ဘူး ။
ဒါဟာ တကယ့်အစစ်အမှန် မဟုတ်သလို
စိတ်ကူးယာဉ်လဲမဟုတ်ဘူး ။
ဒါပေမယ့် သူ့ဘဝကို အလှည့်အပြောင်းဖြစ်စေ
ခဲ့တယ် ။

တကယ်တော့
ဒါဟာ အောင်မြင်မူ့အတွက်
စွမ်းအားတစ်ခုဖြစ်တဲ့ **ကိုယ့်ကိုယ်ကို ယုံကြည်မူ့**
ဆိုတဲ့ စိတ်ကလေးတစ်ခုကို ဖြစ်ပေါ်စေခဲ့တဲ့အရာပါ ။



Ref: Our Self Confidence Can Change
Everything ~


ဖိုးသူတော် (www.phothutaw.com)
Credit: ကိုကိုကြီး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top