Golden City Promotion
×

ကင္မရြန္းႏြယ္ဖြား တိုက္ခိုက္ေရးသမား ဂါလာနီနဲ႔ ထိုးသတ္မယ့္ ပြဲမွာ ျမန္မာပရိသတ္ႀကီးေရွ႕မွာ ယွဥ္ၿပိဳင္ရမွာ ျဖစ္တာေၾကာင့္ ခက္ခဲေပမယ့္လည္း အားတက္ေစမိတယ္လို႔ ေအာင္လအန္ဆန္က ထုတ္ေဖာ္ေျပာခဲ့ပါတယ္။

ကင္မရြန္းႏြယ္ဖြား ဂါလာနီအေနနဲ႔ ေအာင္လအန္ဆန္ထက္ ၀ိတ္တန္းမ်ားသူျဖစ္တာေၾကာင့္ ၀ိတ္တန္းမတူပဲထိုးသတ္မယ့္ စိန္ေခၚပြဲလည္း ျဖစ္လာမွာ ျဖစ္ပါတယ္။

ေအာင္လအန္ဆန္အေနနဲ႔ အဆိုပါ ပြဲကို သမိုင္း၀င္ပြဲတစ္ပြဲအျဖစ္ သတ္မွတ္ကာ လက္ခံခဲ့တာေၾကာင့္ယခုလို စီစဥ္ျဖစ္တာ ျဖစ္တယ္လု႔ိလည္း သိရပါတယ္။

"ကၽြန္ေတာ့္ဘ၀အတြက္ သမုိင္း၀င္မယ့္ ပြဲတစ္ပြဲ ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ဘ၀မွာ စိန္ေခၚမႈေတြအမ်ားႀကီးရွိေနတာဟာ ကၽြန္ေတာ္တို႔ကို ပိုၿပီးစြမ္းေဆာင္ႏိုင္ေစဖို႔ တြန္းအားေတြ ျဖစ္ေစေနတာပါ။ကၽြန္ေတာ္ ေျပာခ်င္တာကေတာ့ ဒီပြဲဟာ ခက္ခဲမယ့္ ပြဲဆိုတာ သိေပမယ့္လည္း ျမန္မာပရိသတ္ႀကီးေရွ႕မွာ ထိုးသတ္ရမွာ ျဖစ္တာေၾကာင့္ တစ္ကယ့္ကို အားတက္ေစပါတယ္။ျမန္မာႏိုင္ငံဂုဏ္ကို ေဆာင္ႏိုင္ဖို႔ အေကာင္းဆုံး ႀကိဳးစားသြားမယ္လို႔ ကတိေပးပါတယ္။" လို႔ ေအာင္လအန္ဆန္က ၎ရဲ့ ကိုယ္ပိုင္ လူမႈ စာမ်က္ႏွာကေနတဆင့္ေရးသား ေဖာ္ျပခဲ့ပါတယ္။

ေအာင္လအန္ဆန္နဲ႔ ထိုးသတ္မယ့္ ကင္မရြန္းႏြယ္ဖြားဂါလာနီအေနနဲ႔ ေနာက္ဆုံး ထိုးသတ္ခဲ့တဲ့ ပြဲမွာ ၁၁ စကၠန္႔ ပြဲသိမ္းႏိုင္ခဲ့ၿပီး အျမန္ဆုံး စံခ်ိန္ကို တင္ထားႏုိင္သူလည္း ျဖစ္ပါတယ္။MMA ၿပိဳင္ပြဲမွာ ၇ ပြဲထိုးသတ္ထားသူလည္း ျဖစ္ကာ ဟဲဗီး၀ိတ္တန္း ဖိုက္တာ တစ္ဦးလည္း ျဖစ္ပါတယ္။

လာမယ့္ ႏို၀င္ဘာလ ၃ ရက္ေန႔မွာေတာ့ ရန္ကုန္ၿမိဳ႕မွာ ေအာင္လအန္ဆန္နဲ႔ ထိုးသတ္သြားမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ကင်မရွန်းနွယ်ဖွား တိုက်ခိုက်ရေးသမား ဂါလာနီနဲ့ ထိုးသတ်မယ့် ပွဲမှာ မြန်မာပရိသတ်ကြီးရှေ့မှာ ယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် ခက်ခဲပေမယ့်လည်း အားတက်စေမိတယ်လို့ အောင်လအန်ဆန်က ထုတ်ဖော်ပြောခဲ့ပါတယ်။

ကင်မရွန်းနွယ်ဖွား ဂါလာနီအနေနဲ့ အောင်လအန်ဆန်ထက် ဝိတ်တန်းများသူဖြစ်တာကြောင့် ဝိတ်တန်းမတူပဲထိုးသတ်မယ့် စိန်ခေါ်ပွဲလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

အောင်လအန်ဆန်အနေနဲ့ အဆိုပါ ပွဲကို သမိုင်းဝင်ပွဲတစ်ပွဲအဖြစ် သတ်မှတ်ကာ လက်ခံခဲ့တာကြောင့်ယခုလို စီစဉ်ဖြစ်တာ ဖြစ်တယ်လု့ိလည်း သိရပါတယ်။

"ကျွန်တော့်ဘဝအတွက် သမိုင်းဝင်မယ့် ပွဲတစ်ပွဲ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ဘဝမှာ စိန်ခေါ်မှုတွေအများကြီးရှိနေတာဟာ ကျွန်တော်တို့ကို ပိုပြီးစွမ်းဆောင်နိုင်စေဖို့ တွန်းအားတွေ ဖြစ်စေနေတာပါ။ကျွန်တော် ပြောချင်တာကတော့ ဒီပွဲဟာ ခက်ခဲမယ့် ပွဲဆိုတာ သိပေမယ့်လည်း မြန်မာပရိသတ်ကြီးရှေ့မှာ ထိုးသတ်ရမှာ ဖြစ်တာကြောင့် တစ်ကယ့်ကို အားတက်စေပါတယ်။မြန်မာနိုင်ငံဂုဏ်ကို ဆောင်နိုင်ဖို့ အကောင်းဆုံး ကြိုးစားသွားမယ်လို့ ကတိပေးပါတယ်။" လို့ အောင်လအန်ဆန်က ၎င်းရဲ့ ကိုယ်ပိုင် လူမှု စာမျက်နှာကနေတဆင့်ရေးသား ဖော်ပြခဲ့ပါတယ်။

အောင်လအန်ဆန်နဲ့ ထိုးသတ်မယ့် ကင်မရွန်းနွယ်ဖွားဂါလာနီအနေနဲ့ နောက်ဆုံး ထိုးသတ်ခဲ့တဲ့ ပွဲမှာ ၁၁ စက္ကန့် ပွဲသိမ်းနိုင်ခဲ့ပြီး အမြန်ဆုံး စံချိန်ကို တင်ထားနိုင်သူလည်း ဖြစ်ပါတယ်။MMA ပြိုင်ပွဲမှာ ၇ ပွဲထိုးသတ်ထားသူလည်း ဖြစ်ကာ ဟဲဗီးဝိတ်တန်း ဖိုက်တာ တစ်ဦးလည်း ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာတော့ ရန်ကုန်မြို့မှာ အောင်လအန်ဆန်နဲ့ ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top