ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ကိုယ္ဝန္ေဆာင္တာက မိခင္ရဲ့ ခႏၶာကိုယ္ကို ေျပာင္းလဲေစနိုင္ရံုသာမက ဦးေနွာက္ကိုလည္း ေျပာင္းလဲေပး နိုင္ပါတယ္။

(၁) ဦးေနွာက္က က်ဳံ႕သြားပါတယ္

အဂၤလန္ ဟမ္းမားစမစ္ေဆးရံုမွေလ့လာသူေတြက က်န္းမာတဲ့ ကိုယ္ဝန္ေဆာင္မိခင္ရဲ့ ဦးေနွာက္ဟာ
ေျခာက္ရာခိုင္နႈန္းအထိ က်ဳံ႕သြားေၾကာင္း ဆိုပါတယ္။ ဦးေနွာက္က်ဳံ႕သြားတာေၾကာင့္ မိခင္ေတြက အေတြး အေခၚေတြ ၾကည္လင္ျပတ္သားမႈ မရိွဘဲ မႈန္ဝါးဝါးျဖစ္ေနေၾကာင္း ဆရာဝန္ကို ေျပာေလ့ရိွတတ္ပါတယ္။

သတင္းေကာင္း - ကေလးေမြးျပီး ၂၄ပတ္အၾကာမွာ ကိုယ္ဝန္မေဆာင္ခင္ကအတိုင္း ဦးေနွာက္အရြယ္ အစား ျပန္ျဖစ္သြားပါတယ္။


(၂) အလုပ္အမ်ဳိးမ်ဳိးကို လြယ္လင့္တကူလုပ္နိုင္လာပါတယ္


ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဦးေနွာက္ထဲက အဂၤါအစိတ္အပိုင္းတစ္ခု ေျပာင္းလဲသြားတာေၾကာင့္ အလုပ္ အမ်ဳိး မ်ဳိးကိုလုပ္ကိုင္နိုင္စြမ္း ရိွလာပါတယ္။


(၃) စိတ္ခံစားခ်က္ ျမင့္တက္လာပါတယ္


ကေလးေမြးခိ်န္နဲ႔ မိခင္နို႔ခ်ဳိတိုက္ေကြ်းခိ်န္အေတာအတြင္း ေအာက္ဆီတိုစင္ေဟာ္မုန္းထြက္လာတာေၾကာင့္ အမ်ဳိးသမီးေတြကို စိတ္တည္ျငိမ္မႈနဲ႔ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈ ပိုရိွလာေစပါတယ္။


(၄) မွတ္ဥာဏ္ ပိုေကာင္းလာပါတယ္


၂ဝ၁ဝ ေယးလ္တကၠသိုလ္ေလ့လာမႈအရ ကေလးကို ဥာဏ္ရည္ေကာင္းမွာ၊ လွမွာ စသျဖင့္ အေကာင္းျမင္ တဲ့ စိတ္ခံစားခ်က္ရိွသူ ကိုယ္ဝန္ေဆာင္မိခင္ေတြက ဦးေနွာက္ထဲရိွ တည္ေဆာက္မႈပံုစံအေျပာင္းအလဲျဖစ္
ျပီး သတင္းအခ်က္အလက္ေတြကို မွတ္မိနိုင္စြမ္း ပိုေကာင္းတာကို သိရပါတယ္။


(၅) နိုင္ငံျခားသားေတြကို ျမင္ရတာေၾကာင့္တင္းက်ပ္မႈ ျဖစ္ေစနိုင္ပါတယ္


ကိုယ္ဝန္ ပထမသံုးလပတ္ဟာ ခရီးသြားဖို႔ သင့္ေတာ္တဲ့ အခ်ိန္မဟုတ္ပါဘူး။ အထူးသျဖင့္ နိုင္ငံရပ္ျခားခရီး သြားရင္နိုင္ငံျခားသားေတြရဲ့ မ်က္နွာကို ျမင္ရတိုင္း စိတ္တင္းက်ပ္မႈ ျဖစ္တတ္ပါတယ္။ အေၾကာင္းကေတာ့ ကိုယ္ဝန္ပထမ သံုးလအတြင္း ခႏၶာကိုယ္က ကိုယ္ခံအား ခ်ဳိးနိွမ္မႈျဖစ္ေနျပီး ပိုးမႊားေတြ ကူးစက္ခံရနိုင္ေျခ မ်ားလို႔ပါ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဇြန္ခိုင္ဦး (ေဆးဝါးတကၠသိုလ္)

#Unicode Version#
ကိုယ်ဝန်ဆောင်တာက မိခင်ရဲ့ ခန္ဓာကိုယ်ကို ပြောင်းလဲစေနိုင်ရုံသာမက ဦးနှောက်ကိုလည်း ပြောင်းလဲပေး နိုင်ပါတယ်။

(၁) ဦးနှောက်က ကျုံ့သွားပါတယ်

အင်္ဂလန် ဟမ်းမားစမစ်ဆေးရုံမှလေ့လာသူတွေက ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ဦးနှောက်ဟာ
ခြောက်ရာခိုင်နှုန်းအထိ ကျုံ့သွားကြောင်း ဆိုပါတယ်။ ဦးနှောက်ကျုံ့သွားတာကြောင့် မိခင်တွေက အတွေး အခေါ်တွေ ကြည်လင်ပြတ်သားမှု မရှိဘဲ မှုန်ဝါးဝါးဖြစ်နေကြောင်း ဆရာဝန်ကို ပြောလေ့ရှိတတ်ပါတယ်။

သတင်းကောင်း - ကလေးမွေးပြီး ၂၄ပတ်အကြာမှာ ကိုယ်ဝန်မဆောင်ခင်ကအတိုင်း ဦးနှောက်အရွယ် အစား ပြန်ဖြစ်သွားပါတယ်။


(၂) အလုပ်အမျိုးမျိုးကို လွယ်လင့်တကူလုပ်နိုင်လာပါတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ဦးနှောက်ထဲက အင်္ဂါအစိတ်အပိုင်းတစ်ခု ပြောင်းလဲသွားတာကြောင့် အလုပ် အမျိုး မျိုးကိုလုပ်ကိုင်နိုင်စွမ်း ရှိလာပါတယ်။


(၃) စိတ်ခံစားချက် မြင့်တက်လာပါတယ်

ကလေးမွေးချိန်နဲ့ မိခင်နို့ချိုတိုက်ကျွေးချိန်အတောအတွင်း အောက်ဆီတိုစင်ဟော်မုန်းထွက်လာတာကြောင့် အမျိုးသမီးတွေကို စိတ်တည်ငြိမ်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာစေပါတယ်။


(၄) မှတ်ဉာဏ် ပိုကောင်းလာပါတယ်

၂ဝ၁ဝ ယေးလ်တက္ကသိုလ်လေ့လာမှုအရ ကလေးကို ဉာဏ်ရည်ကောင်းမှာ၊ လှမှာ စသဖြင့် အကောင်းမြင် တဲ့ စိတ်ခံစားချက်ရှိသူ ကိုယ်ဝန်ဆောင်မိခင်တွေက ဦးနှောက်ထဲရှိ တည်ဆောက်မှုပုံစံအပြောင်းအလဲဖြစ်
ပြီး သတင်းအချက်အလက်တွေကို မှတ်မိနိုင်စွမ်း ပိုကောင်းတာကို သိရပါတယ်။


(၅) နိုင်ငံခြားသားတွေကို မြင်ရတာကြောင့်တင်းကျပ်မှု ဖြစ်စေနိုင်ပါတယ်

ကိုယ်ဝန် ပထမသုံးလပတ်ဟာ ခရီးသွားဖို့ သင့်တော်တဲ့ အချိန်မဟုတ်ပါဘူး။ အထူးသဖြင့် နိုင်ငံရပ်ခြားခရီး သွားရင်နိုင်ငံခြားသားတွေရဲ့ မျက်နှာကို မြင်ရတိုင်း စိတ်တင်းကျပ်မှု ဖြစ်တတ်ပါတယ်။ အကြောင်းကတော့ ကိုယ်ဝန်ပထမ သုံးလအတွင်း ခန္ဓာကိုယ်က ကိုယ်ခံအား ချိုးနှိမ်မှုဖြစ်နေပြီး ပိုးမွှားတွေ ကူးစက်ခံရနိုင်ခြေ များလို့ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) 
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top