Golden City Promotion
×

ျမန္မာေငြက်ပ္ ၃၀၀ ခိုးယူမႈနဲ႕ တတိယတန္းကေလးအပါအဝင္ ကေလးငယ္ သုံးဦးကို ေတာင္ဒဂုံ ေအာင္ေဗာဓိေဂါပကမွ တာဝန္ရွိသူတစ္ဦးက ပုဒ္မ ၃၇၉ နဲ႕ တရားစြဲဆိုထားေၾကာင္း ေတာင္ဒဂုံအမွတ္ ၁ မဲဆႏၵနယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ကိုညီညီထံမွ သတင္းရရွိသည္။

အမႈ(ပ)နံပါတ္က ၁၇၂၆ ျဖစ္ပါတယ္။ ပထမေတာ့ ကေလးေတြကိုတစ္ခါမွ အခုလိုအျပစ္က်ဴးလြန္ျခင္းလည္းမရွိတဲ့အတြက္ မိဘအုပ္ထိန္းသူမ်ားလည္း ရွိေနတဲ့အတြက္.. လက္ရွိေက်ာင္းတက္ေနတဲ့ ေက်ာင္းသားေလးေတြလည္း ျဖစ္တဲ့အတြက္.. မိဘထံကို ၿမိဳ႕နယ္ရဲစန္းမႉးကိုယ္တိုင္ မိဘမ်ားကိုခံဝန္ထိုးခိုင္းၿပီး ျပန္လြတ္ေပးခဲ့ၿပီးပါၿပီ။ ကေလးေတြကိုျပန္လြတ္လို႔ ေန႕ေတာင္မကူးဘူး စခန္းကေခၚလို႔ ျပန္ပို႔လိုက္ရပါတယ္လို႔ ကေလးမိဘမ်ားကေျပာျပပါတယ္။

ဦးညီရယ္ ကေလးေတြကိုကယ္ေပးပါဦး အငယ္ဆုံးေလးဆို မိဘနဲ႕တစ္ခါမွခြဲမအိပ္ဘူးပါဘူး။ ကေလးငိုေနတာေတြ႕ေတာ့ ကိုယ္သာျဖစ္လိုက္ခ်င္ပါေတာ့တယ္တဲ့ မိခင္ျဖစ္သူကငိုယိုၿပီး ေျပာပါတယ္။ ျမင္ရတာရင္ထဲမခ်ိလိုက္တာ။

ဘာေၾကာင့္ဒီလိုျဖစ္ရတယ္ဆိုတာအေျဖရွာရမယ္?
ပုဒ္မ ၃၇၉ ဆိုတဲ့ ကေလးနဲ႕မမွ်တဲ့ပုဒ္မ၊ အာမခံေပးဖို႔ေတာင္းတာေတာင္မရဘူး။ က်ေနာ္တို႔ရဲ႕ သက္ဆိုင္ရာဝန္ႀကီးနဲ႕ လႊတ္ေတာ္ဥကၠ႒ကလည္း ဒီကိစၥနဲ႕ပတ္သက္ၿပီး အမွန္အတိုင္းျဖစ္ေစဖို႔ ႀကီးတဲ့အမႈ႕ေသးေစဖို႔ ႀကိဳးစားေဆာင္႐ြက္ေနၾကပါတယ္။

ကေလးေတြရင္ထဲမွာအနာျဖစ္သြားၿပီ ခေလးေတြဟာစနစ္ဆိုးတစ္ခုေအာက္မွာ အခ်ိန္မ်ားစြာ ျဖတ္သန္းႀကီးျပင္းခဲ့ရတယ္။

က်ေနာ့ၿမိဳ႕နယ္မွာျဖစ္တဲ့ကိစၥ က်ေနာ္မွာလည္းတာဝန္ရွိပါတယ္။ က်ေနာ့တာဝန္မကင္းပါဘူး။ ကေလးေတြရင္ဘက္ထဲက နာက်င္မႈ႕ေတြစိတ္ဒဏ္ရာေတြကိုပါ ႀကိဳးစားေျဖေဖ်ာက္မွ ရေတာ့မယ္။ အခုေတာ့ကေလးေတြ ေနာက္ထပ္ေနရာတစ္ခုဆီကို ပို႔လိုက္ျပန္ၿပီလို႔ မိဘမ်ားထံမွသိရပါတယ္။

ကိုညီညီ
ေတာင္ဒဂုံအမွတ္(၁)မဲဆႏၵနယ္
ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္
၀၉ ၄၀ ၁၆၆၁၆၅၆
ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
 မြန်မာငွေကျပ် ၃၀၀ ခိုးယူမှုနဲ့ တတိယတန်းကလေးအပါအဝင် ကလေးငယ် သုံးဦးကို တောင်ဒဂုံ အောင်ဗောဓိဂေါပကမှ တာဝန်ရှိသူတစ်ဦးက ပုဒ်မ ၃၇၉ နဲ့ တရားစွဲဆိုထားကြောင်း တောင်ဒဂုံအမှတ် ၁ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ကိုညီညီထံမှ သတင်းရရှိသည်။

အမှု(ပ)နံပါတ်က ၁၇၂၆ ဖြစ်ပါတယ်။ ပထမတော့ ကလေးတွေကိုတစ်ခါမှ အခုလိုအပြစ်ကျူးလွန်ခြင်းလည်းမရှိတဲ့အတွက် မိဘအုပ်ထိန်းသူများလည်း ရှိနေတဲ့အတွက်.. လက်ရှိကျောင်းတက်နေတဲ့ ကျောင်းသားလေးတွေလည်း ဖြစ်တဲ့အတွက်.. မိဘထံကို မြို့နယ်ရဲစန်းမှူးကိုယ်တိုင် မိဘများကိုခံဝန်ထိုးခိုင်းပြီး ပြန်လွတ်ပေးခဲ့ပြီးပါပြီ။ ကလေးတွေကိုပြန်လွတ်လို့ နေ့တောင်မကူးဘူး စခန်းကခေါ်လို့ ပြန်ပို့လိုက်ရပါတယ်လို့ ကလေးမိဘများကပြောပြပါတယ်။

ဦးညီရယ် ကလေးတွေကိုကယ်ပေးပါဦး အငယ်ဆုံးလေးဆို မိဘနဲ့တစ်ခါမှခွဲမအိပ်ဘူးပါဘူး။ ကလေးငိုနေတာတွေ့တော့ ကိုယ်သာဖြစ်လိုက်ချင်ပါတော့တယ်တဲ့ မိခင်ဖြစ်သူကငိုယိုပြီး ပြောပါတယ်။ မြင်ရတာရင်ထဲမချိလိုက်တာ။

ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာအဖြေရှာရမယ်?
ပုဒ်မ ၃၇၉ ဆိုတဲ့ ကလေးနဲ့မမျှတဲ့ပုဒ်မ၊ အာမခံပေးဖို့တောင်းတာတောင်မရဘူး။ ကျနော်တို့ရဲ့ သက်ဆိုင်ရာဝန်ကြီးနဲ့ လွှတ်တော်ဥက္ကဋ္ဌကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အမှန်အတိုင်းဖြစ်စေဖို့ ကြီးတဲ့အမှု့သေးစေဖို့ ကြိုးစားဆောင်ရွက်နေကြပါတယ်။

ကလေးတွေရင်ထဲမှာအနာဖြစ်သွားပြီ ခလေးတွေဟာစနစ်ဆိုးတစ်ခုအောက်မှာ အချိန်များစွာ ဖြတ်သန်းကြီးပြင်းခဲ့ရတယ်။

ကျနော့မြို့နယ်မှာဖြစ်တဲ့ကိစ္စ ကျနော်မှာလည်းတာဝန်ရှိပါတယ်။ ကျနော့တာဝန်မကင်းပါဘူး။ ကလေးတွေရင်ဘက်ထဲက နာကျင်မှု့တွေစိတ်ဒဏ်ရာတွေကိုပါ ကြိုးစားဖြေဖျောက်မှ ရတော့မယ်။ အခုတော့ကလေးတွေ နောက်ထပ်နေရာတစ်ခုဆီကို ပို့လိုက်ပြန်ပြီလို့ မိဘများထံမှသိရပါတယ်။

ကိုညီညီ
တောင်ဒဂုံအမှတ်(၁)မဲဆန္ဒနယ်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
၀၉ ၄၀ ၁၆၆၁၆၅၆

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top