Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လစဥ္ ရာသီလာတာက ခါတိုင္းနဲ႔မတူဘဲ အရမ္းမ်ားတာ၊ ပံုမွန္ထက္ ရက္အၾကာႀကီးလာတာေတြကို ေသြးဆံုးခါနီးအခ်ိန္ေတြမွာ ႀကံဳေတြ႕ရႏုိင္သလို ေရာဂါတစ္ခုခုေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္။ ရာသီေသြးဆင္း မ်ားတာက အေရးေပၚအေျခအေန တစ္ခုခုေၾကာင့္လည္း ျဖစ္ႏုိင္တဲ့အတြက္ ေစာင့္ၾကည့္မေနဘဲ အေရးေပၚကုသမႈ ခံယူဖို႔လိုတဲ့ အေျခအေနေတြ ရွိပါတယ္။ ပ်မ္းမွ်အားျဖင့္ အမ်ိဳးသမီးတစ္ေယာက္ဟာ ဘ၀မွာ ရာသီလာခ်ိန္ 400, 500 ႀကိမ္ေလာက္ ႀကံဳရေလ့ရွိပါတယ္။

ရာသီေသြးဆင္းမ်ားရင္ လိုက္နာသင့္တဲ့အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

>> ခႏၶာကိုယ္အေျပာင္းအလဲကို ေသခ်ာၾကည့္ပါ။

ရာသီ ပထမဆံုး စလာတဲ့အခ်ိန္နဲ႔ ေသြးဆံုးခါနီးအခ်ိန္ေတြမွာ အေျပာင္းအလဲျဖစ္တာ ပံုမွန္ပါပဲ။ အၿမဲတမ္း ပံုမမွန္ဘူးဆိုရင္ေတာ့ ဘာေၾကာင့္လဲဆိုတာ အေျဖရွာရပါမယ္။ စိတ္ဖိစီးမႈေတြ၊ ေဆး၀ါးေတြနဲ႔ အျခားအေၾကာင္းအရာေတြေၾကာင့္ ဓမၼတာအေပၚ အက်ိဳးသက္ေရာက္မႈ ရွိႏုိင္ပါတယ္။ အၿမဲတမ္း ရာသီေသြးဆင္း မ်ားတာကိုေတာ့ ဒီအတိုင္း မထားသင့္ပါဘူး။ ဆရာ၀န္နဲ႔ တိုင္ပင္ပါ။



>> ေသခ်ာေစာင့္ၾကည့္ပါ။

          တစ္လေလးပဲ ေသြးဆင္းမ်ားတာက ျပႆနာမဟုတ္ပါဘူး။ လအေတာ္ၾကာေအာင္ ေသြးဆင္းမ်ားရရင္၊ ရာသီပံုမမွန္ရင္ ဆရာ၀န္ျပပါ။ ရာသီေသြးဆင္းမ်ားတဲ့ အေၾကာင္းအရင္းေတြကေတာ့ -

•        သားအိမ္အသားလံုး

•        ေရာဂါပိုး၀င္ျခင္း

•        လိင္မွတစ္ဆင့္ ကူးစက္တတ္ေသာေရာဂါမ်ား

•        သိုင္း႐ြိဳက္ေရာဂါမ်ား

•        ကင္ဆာ

•        သားအိမ္နံရံ အသားလံုး စတာေတြျဖစ္ၿပီး ဒါေတြအားလံုးက ခ်က္ခ်င္း ေဆးကုသမႈ ခံယူဖို႔ လိုပါတယ္။

          ဒါေၾကာင့္ ဆရာ၀န္နဲ႔ ေသခ်ာျပၿပီး ေရာဂါရွာေဖြဖို႔ လိုပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe (www.drmyanmar.com)

#Unicode Version#
 လစဉ် ရာသီလာတာက ခါတိုင်းနဲ့မတူဘဲ အရမ်းများတာ၊ ပုံမှန်ထက် ရက်အကြာကြီးလာတာတွေကို သွေးဆုံးခါနီးအချိန်တွေမှာ ကြုံတွေ့ရနိုင်သလို ရောဂါတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရာသီသွေးဆင်း များတာက အရေးပေါ်အခြေအနေ တစ်ခုခုကြောင့်လည်း ဖြစ်နိုင်တဲ့အတွက် စောင့်ကြည့်မနေဘဲ အရေးပေါ်ကုသမှု ခံယူဖို့လိုတဲ့ အခြေအနေတွေ ရှိပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသမီးတစ်ယောက်ဟာ ဘဝမှာ ရာသီလာချိန် 400, 500 ကြိမ်လောက် ကြုံရလေ့ရှိပါတယ်။


ရာသီသွေးဆင်းများရင် လိုက်နာသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

>> ခန္ဓာကိုယ်အပြောင်းအလဲကို သေချာကြည့်ပါ။


ရာသီ ပထမဆုံး စလာတဲ့အချိန်နဲ့ သွေးဆုံးခါနီးအချိန်တွေမှာ အပြောင်းအလဲဖြစ်တာ ပုံမှန်ပါပဲ။ အမြဲတမ်း ပုံမမှန်ဘူးဆိုရင်တော့ ဘာကြောင့်လဲဆိုတာ အဖြေရှာရပါမယ်။ စိတ်ဖိစီးမှုတွေ၊ ဆေးဝါးတွေနဲ့ အခြားအကြောင်းအရာတွေကြောင့် ဓမ္မတာအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ အမြဲတမ်း ရာသီသွေးဆင်း များတာကိုတော့ ဒီအတိုင်း မထားသင့်ပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ပါ။



>> သေချာစောင့်ကြည့်ပါ။

          တစ်လလေးပဲ သွေးဆင်းများတာက ပြဿနာမဟုတ်ပါဘူး။ လအတော်ကြာအောင် သွေးဆင်းများရရင်၊ ရာသီပုံမမှန်ရင် ဆရာဝန်ပြပါ။ ရာသီသွေးဆင်းများတဲ့ အကြောင်းအရင်းတွေကတော့ -

•        သားအိမ်အသားလုံး

•        ရောဂါပိုးဝင်ခြင်း

•        လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ

•        သိုင်းရွိုက်ရောဂါများ

•        ကင်ဆာ

•        သားအိမ်နံရံ အသားလုံး စတာတွေဖြစ်ပြီး ဒါတွေအားလုံးက ချက်ချင်း ဆေးကုသမှု ခံယူဖို့ လိုပါတယ်။

          ဒါကြောင့် ဆရာဝန်နဲ့ သေချာပြပြီး ရောဂါရှာဖွေဖို့ လိုပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top