လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

     ေအာင္ဘာေလထီကံစမ္းရန္ ထီလက္မွတ္ေရြးခ်ယ္ေနသူအခ်ိဳ႕ (ဓာတ္ပံု-စိုင္းေဇာ္)
ရန္ကုန္ၿမိဳ႕ ၂၇ လမ္းအထက္ဘေလာက္ရိွ ပင္ရင္းထီဆုိင္ႀကီးတစ္ခု၏ အတြင္း၌ အသက္ (၆၀)ႏွစ္ခန္႔အရြယ္ ထီလုပ္ငန္းရွင္တစ္ဦးက လက္ကိုင္ဖုန္းျဖင့္ တစ္ဖက္က ေျပာၾကားမႈကုိ စိတ္ဝင္တစားနားေထာင္ေနသည္။

သံုးမိနစ္ခန္႔ၾကာ ဖုန္းေျပာေနစဥ္အေတာအတြင္း သူ႔မ်က္ႏွာတြင္ အံ့ၾသမႈျဖစ္ေပၚေနသည့္ အမူအရာကုိ ထင္ရွားစြာ ေတြ႕ရသည္။

 ‘‘သိန္းတစ္ေသာင္းဆုကုိ သိန္းတစ္ေထာင့္ငါးရာအထိ အလိုက္တင္ေရာင္းဖို႔ဆုိၿပီး သတင္းထြက္ေနတယ္။ ျပန္ဝယ္မယ့္သူ ေတြဘက္က သိန္းငါးရာထက္ ပုိမေပးေသးဘူး’’ဟု ထီေလာကမွ အသိျဖစ္သူထံ စံုစမ္းေမးျမန္းၿပီး ေနာက္ၾကားရသည့္ သတင္းကုိ ၎ကေျပာသည္။

က်ပ္ ၅၀၀ တန္ ေအာင္ဘေလထီ၏အျမင့္ဆံုးဆုျဖစ္သည့္ က်ပ္သိန္းတစ္ေသာင္းဆုကို ထီဖြင့္လွစ္သည့္ ေျခာက္ႀကိမ္ေျမာက္၌ ထီကံထူးသူအမည္ထြက္ေပၚ ျခင္းမရိွေသးေသာေၾကာင့္ ထီကံစမ္းသူမ်ားအျပင္ ထီအေရာင္း အဝယ္လုပ္ငန္းလုပ္ကုိင္သူမ်ားအၾကား စိတ္ဝင္စားမႈ ျမင့္တက္ေနသည့္ အေၾကာင္းအရာျဖစ္ေနသည္။

ထီဖြင့္လွစ္ၿပီး ႏွစ္ပတ္နီးပါးအၾကာ စက္တင္ဘာ ၁၁ ရက္အထိ ယင္းထီဆုေငြက်ပ္သိန္းတစ္ေသာင္းကုိ လာေရာက္ထုတ္ယူျခင္းမရိွေသးသကဲ့သို႔ ထီဆုရွင္ကိုလည္း ေၾကညာႏုိင္ျခင္းမရီွေသးေသာေၾကာင့္ ထင္ျမင္ခ်က္မ်ားစြာ ထြက္ေပၚေနသည္။

‘‘လံုၿခံဳေရးအရဆုိရင္ေတာ့ အဲဒီေလာက္ထိ မၾကာႏုိင္ဘူးေလ။ ထီလက္မွတ္အေရာင္းအဝယ္ရိွ ႏုိင္လုိ႔ ၾကာေနတာလုိ႔ ထင္တယ္။ ေသခ်ာေတာ့ မေျပာႏုိင္ေပမယ့္ ေလာေလာဆယ္သတင္းထြက္ေနတာေတာ့ အဲဒီလိုပဲ’’ဟု ထီပင္ရင္း လုပ္ငန္းကုိ ႏွစ္ ၂၀ခန္႔ လုပ္ကို္င္ခဲ့ သည့္ အမည္မေဖာ္လိုသူ အထက္ပါထီလုပ္ငန္းရွင္က သူ၏အျမင္ကုိ ေျပာသည္။

ေအာင္ဘာေလထီ၏ ေပါက္မဲဆုေငြအေပၚ ဝင္ေငြခြန္ကင္းလြတ္ခြင့္ရရိွထားျခင္းေၾကာင့္ အခြန္တိမ္းေရွာင္လုိသည့္ စီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕က ေပါက္မဲထီလက္မွတ္မ်ားကို လြန္ခဲ့သည့္ ဆယ္စုႏွစ္မ်ားစြာ ကတည္းက လုိက္လံဝယ္ယူေသာ ေစ်းကြက္ရွိသည္။ ေပါက္မဲထီလက္မွတ္ကုိ မူလကံထူးရွင္ကုိယ္တုိင္ထုတ္ယူျခင္းမရိွဘဲ တစ္ဆင့္ခံျပန္လည္ေရာင္းခ်ျခင္းက ထီေလာကသားမ်ားအတြက္ အထူးအဆန္းျဖစ္ရပ္ေတာ့ မဟုတ္ေပ။

စီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕သည္ ထီေပါက္မဲလက္မွတ္မ်ားကုိ ျပန္လည္ဝယ္ယူေသာ ေစ်းကြက္ရိွေနသည္ဆုိေသာ္လည္း အျမင့္ဆံုးဆုေပါက္မဲ လက္မွတ္မ်ားထက္ အလယ္အလတ္ဆု ေပါက္မဲလက္မွတ္မ်ားကိုသာ အမ်ားဆံုး ဝယ္ယူေလ့ရိွေၾကာင္းလည္း အဆိုပါထီလက္မွတ္အေရာင္းအဝယ္လုပ္ငန္းလုပ္ကုိင္ သူအခ်ိဳ႕က မွတ္ခ်က္ျပဳသည္။


              ထီဆုိင္တစ္ခုတြင္ ထီထုိးေနစဥ္ ဓာတ္ပုံ−စိုင္းေဇာ္
‘‘က်ပ္ ႏွစ္ရာတန္ထီတုန္းကလည္း အျမင့္ဆံုးဆုကုိ ဝယ္ယူတာနည္းတယ္။ ရိပ္မိမွာစိုးတာေၾကာင့္ အလယ္အလတ္ဆုထဲကပဲ လုိသေလာက္ တန္ဖိုးအေစာင္ေရမ်ားမ်ား ဝယ္ၾကတယ္’’ဟု ထီအေရာင္းဆုိင္ ကုိယ္စားလွယ္တစ္ ဦးက ေျပာသည္။

‘‘အိမ္ၿခံေျမတစ္ခုုခုဝယ္မယ့္သူေတြ၊ ေငြျဖဴလုပ္ခ်င္တဲ့သူေတြက ေပါက္မဲထီလက္မွတ္ေတြကုိ ဝယ္ၾကတာေလ။ ထီဆုိင္ေတြကေတာ့ မ်ားေသာအားျဖင့္ ၾကားခံေပါ့။ ဒီေစ်းကြက္ကို အေၾကာင္းျပဳ ၿပီးလုပ္ေနတဲ့ ပဲြစားေတြလည္း ေတာ္ေတာ္မ်ားမ်ားရိွပါတယ္’’ဟု ပန္းဘဲတန္းၿမိဳ႕နယ္ ၂၇ လမ္းရိွ ထီ အေရာင္းဆုိင္ဝန္ထမ္း ကိုေပါက္က ဖြင့္ဟသည္။

အျမင့္ဆံုးဆုေငြ က်ပ္သိန္းတစ္ေသာင္းျဖစ္သည့္ က်ပ္ငါးရာတန္ေအာင္ဘာေလထီကို အစိုးရသစ္တာဝန္ယူၿပီး တစ္ႏွစ္အၾကာ ၂၀၁၇ မတ္လတြင္ စတင္ထုတ္လုပ္ျဖန္႔ျဖဴးခဲ့ၿပီး ပထမအႀကိမ္ကုိ ဧၿပီ ၁ ရက္တြင္ ဖြင့္လွစ္ခဲ့သည္။

ယခင္က ထီတစ္ေစာင္လွ်င္ က်ပ္ ႏွစ္ရာႏႈန္းျဖင့္ အစိုးရက သတ္မွတ္ေရာင္းခ်ခဲ့ၿပီး အျမင့္ဆံုးဆုေငြ က်ပ္သိန္း ၁၅၀၀ သာ ရိွခဲ့သည္။

က်ပ္ငါးရာတန္ထီ၏ အျမင့္ဆံုးဆုေငြကုိမူ က်ပ္သိန္းတစ္ေသာင္းသတ္မွတ္ထားျခင္းေၾကာင့္ ယင္းထီလက္မွတ္ မေရာင္းခ်မီကပင္ ထီကံစမ္းသူမ်ား၏ စိတ္ဝင္စားမႈကုိ ဖမ္းစားႏုိင္ခဲ့သည္။

အဆုိပါထီ၏ က်ပ္သိန္းတစ္ေသာင္းဆုကံထူးရွင္ကုိ ေလးႀကိမ္ေျမာက္အထိ ဖြင့္လွစ္သည့္ ေန႔ႏွင့္ ထီဖြင့္ၿပီး ရက္ပုိုင္းတြင္ သိရိွႏိုင္ခဲ့ေသာ္လည္း ငါးႀကိမ္ေျမာက္ႏွင့္ ေျခာက္ႀကိမ္ေျမာက္တုိ႔တြင္ ကံထူးရွင္ မသိရိွႏုိင္ခဲ့ျခင္းေၾကာင့္ ထီလက္မွတ္လက္ဝယ္ရိွမႈအေပၚ ထီကံစမ္းသူမ်ားႏွင့္ ထီလုပ္ငန္းလုပ္ကုိင္သူမ်ားအၾကား ေမးခြန္းထုတ္သံ က်ယ္ေလာင္လာသည္။

သို႔ေသာ္ ငါးႀကိမ္ေျမာက္ က်ပ္သိန္းတစ္ေသာင္း ထီကံထူး သူမ်ားသည္ ၎၏လံုၿခံဳေရးအရ အမည္ထုတ္ေဖာ္မႈ မျပဳလုပ္ျခင္း ျဖစ္သည္ဟု ယင္းထီလက္မွတ္ကုိ ေရာင္းခ်သည့္ မုိးယံေရႊလမင္းႏွင့္ ျမတ္ဆုကုေဋထီဆုိင္က သတင္း ထုတ္ျပန္သည္။

စက္တင္ဘာ ၁ ရက္က ဖြင့္လွစ္ခဲ့သည့္ ေျခာက္ႀကိမ္ေျမာက္၌မူ က်ပ္သိန္းတစ္ေသာင္းကံထူးရွင္သာမက ေရာင္းခ်သည့္ ပင္ရင္းထီဆုိင္ပါ အစအနေပ်ာက္ေနသည္။

ထီေပါက္မဲဆုေငြကုိ သက္ဆုိင္ရာၿမိဳ႕နယ္ အခြန္ဦးစီးဌာန႐ံုးမ်ားႏွင့္ ေအာင္ဘာေလသိန္းဆုဌာနတို႔တြင္ ထုတ္ေပးေနသည္ဆိုေသာ္လည္း စာရြက္စာတမ္းမ်ား ျဖည့္သြင္းတင္ျပရျခင္း၊ အခ်ိန္ၾကာျမင့္တတ္ျခင္းမ်ားေၾကာင့္ ထီလက္မွတ္ကို အလြယ္တကူ ျပန္လည္ေရာင္းခ်ေလ့ရိွလာျခင္း ျဖစ္သည္ဟုလည္း ထီကံထူးသူအခ်ိဳ႕က ေျပာသည္။

‘‘အခ်ိန္ကုန္လည္း သက္သာတယ္။ အလုပ္လည္း မ႐ႈပ္ဘူး။ တန္ေၾကးအတုိင္းလည္းရတာေၾကာင့္ ထီ႐ံုးမွာ သြားမထုတ္ေတာ့ဘဲ ထီဆုိင္ပဲ ျပန္သြင္းလိုက္တယ္’’ ဟု ငါးႀကိမ္ေျမာက္ထီဖြင့္လွစ္စဥ္က က်ပ္ငါးေသာင္းဆုေပါက္ခဲ့ သည့္ ေျမာက္ဥကၠလာပၿမိဳ႕နယ္မွ မသက္စိုးက ဆုိသည္။

အဆုိပါထီလက္မွတ္ကို ဆုေငြ က်ပ္ငါးေသာင္းမွ တစ္သိန္းဆုအထိ အပိုေငြေပးေလ့မရိွဘဲ ဆုေငြတန္ဖိုးအတုိင္းသာ ထီအေရာင္းဆုိင္မ်ားႏွင့္ ပဲြစားမ်ားက ျပန္လည္ဝယ္ယူေလ့ရိွၿပီး က်ပ္တစ္သိန္းအထက္ ဆုေငြပမာဏ မ်ားသည့္ ေပါက္မဲထီလက္မွတ္မ်ားကို ေစ်းပိုေပး၍ ဝယ္ယူေနသည္။

လက္ရိွျဖစ္ေပၚေနေသာ ေစ်းကြက္အရ ထီဆုေငြက်ပ္ဆယ္သိန္းအထိ ထီလက္မွတ္ကုိ ယင္းေငြ၏ ၁ ရာခိုင္ႏႈန္းခန္႔ျဖင့္လည္း ေကာင္း၊ ထီဆုေငြသိန္းတစ္ေထာင္ခန္႔အထိကုိ ဆုေငြ၏ ၂ ရာခုိင္ႏႈန္းမွ ၃ ရာခိုင္ႏႈန္းခန္႔အထိ လည္းေကာင္း ဆုေငြပမာဏအေပၚ မူတည္၍ အပုိထပ္ေဆာင္း ေငြေပး၍ ဝယ္ယူမႈမ်ားရိွေနခဲ့ေၾကာင္း ထီလုပ္ငန္းလုပ္ကုိင္ေနသူအခ်ိဳ႕က ဆုိသည္။

‘‘ျပန္ေရာင္းတဲ့ အခါမွာလည္း ရာခုိင္ႏႈန္းအလုိက္ သတ္မွတ္ေစ်းေတြနဲ႔ပဲျဖစ္တယ္။ ထီလက္မွတ္ဆုေငြရဲ႕ ၆ ရာခုိင္ႏႈန္းေလာက္အထိ သတ္မွတ္ေရာင္းတာမ်ိဳးလည္း ရိွတယ္။ တရားဝင္ ေစ်းကြက္မဟုတ္တာေၾကာင့္ တစ္သမတ္လည္း ေစ်းႏႈန္းဆိုတာ မရိွဘူး’’ဟု ၂၇ လမ္းတြင္ ထီလက္မွတ္ဝယ္၊ ေရာင္းလုပ္ကိုင္ေနသူတစ္ဦးက ေျပာသည္။

ထို႔အျပင္ ထီေပါက္မဲဆုႀကီးမ်ားမွာ စီးပြားေရးလုပ္ငန္းရွင္မ်ား ဝယ္လုိမႈအတြက္သာမက ထီအေရာင္းဆုိင္ႀကီးမ်ားအတြက္လည္း လစဥ္ေမွ်ာ္လင့္စရာမက္လံုးျဖစ္ေနသည္။

ထို႔ေၾကာင့္ ဆုႀကီးမ်ားကုိ ေရာင္းခ်ေပးႏုိင္သည္ဟူေသာ ဂုဏ္ျဖင့္ လူသိမ်ားလာေစရန္ ထီအေရာင္းဆုိင္ႀကီးမ်ားကလည္း ယင္းဆုႀကီးမ်ား ရရိွေရာင္းခ်ေပး ႏုိင္ရန္ ႀကိဳးစားမႈမ်ားရိွသည္။

ထီအေရာင္းဆုိင္ႀကီးမ်ား၏ ႀကိဳးစားမႈသည္ စီးပြားေရးလုပ္ငန္းရွင္မ်ားကဲ့သို႔ ေပါက္မဲထီလက္မွတ္ကုိ ဝယ္ယူျခင္း မဟုတ္ဘဲ ကုိယ္ပုိင္ထီေရာင္းခ်သူမ်ားကုိ စည္း႐ံုး၍ ကုိယ္စားလွယ္အျဖစ္ထားရိွျခင္းျဖစ္ေၾကာင္း ပင္ရင္း ထီအေရာင္းဆုိင္ပုိင္ရွင္အခ်ိဳ႕က ေျပာသည္။

ကုိယ္ပုိင္ထီေရာင္းခ်သူမ်ားက ေအာင္ဘာေလသိန္းဆုဌာနမွ ထုတ္ယူသည့္ ထီလက္မွတ္စာရင္းကုိ ပင္ရင္းထီအေရာင္းဆိုင္ တစ္ခုုခုသို႔ ႀကိဳတင္ေပးပို႔ထားၾကရၿပီး ယင္းထီလက္မွတ္မ်ားထဲမွ ဆုႀကီးထြက္သြားပါက ပင္ရင္းဆုိင္က ေရာင္းခ်ေပးႏုိင္သည္ဟု အမည္ထြက္မည္ျဖစ္ၿပီး စာရင္းသြင္းထားသူက ကိုယ္စားလွယ္ဆုကုိ ခံစားခြင့္ရရိွေစမည္စနစ္ကုိ က်င့္သံုးထားျခင္းျဖစ္သည္။

ထို႔ေၾကာင့္ ပင္ရင္းအေရာင္းဆုိင္မ်ားသည္ ဆုမဲမ်ားမ်ား ရရိွႏုိင္ေရး ကုိယ္ပုိင္ထီေရာင္းခ်သူမ်ားကို အၿပိဳင္အဆုိင္ စုေဆာင္းလာေၾကာင္း ထီလုပ္ငန္းရွင္မ်ားက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily


#Unicode Version#
အောင်ဘာလေထီကံစမ်းရန် ထီလက်မှတ်ရွေးချယ်နေသူအချို့ (ဓာတ်ပုံ-စိုင်းဇော်)

 ရန်ကုန်မြို့ ၂၇ လမ်းအထက်ဘလောက်ရှိ ပင်ရင်းထီဆိုင်ကြီးတစ်ခု၏ အတွင်း၌ အသက် (၆၀)နှစ်ခန့်အရွယ် ထီလုပ်ငန်းရှင်တစ်ဦးက လက်ကိုင်ဖုန်းဖြင့် တစ်ဖက်က ပြောကြားမှုကို စိတ်ဝင်တစားနားထောင်နေသည်။

သုံးမိနစ်ခန့်ကြာ ဖုန်းပြောနေစဉ်အတောအတွင်း သူ့မျက်နှာတွင် အံ့သြမှုဖြစ်ပေါ်နေသည့် အမူအရာကို ထင်ရှားစွာ တွေ့ရသည်။

 ‘‘သိန်းတစ်သောင်းဆုကို သိန်းတစ်ထောင့်ငါးရာအထိ အလိုက်တင်ရောင်းဖို့ဆိုပြီး သတင်းထွက်နေတယ်။ ပြန်ဝယ်မယ့်သူ တွေဘက်က သိန်းငါးရာထက် ပိုမပေးသေးဘူး’’ဟု ထီလောကမှ အသိဖြစ်သူထံ စုံစမ်းမေးမြန်းပြီး နောက်ကြားရသည့် သတင်းကို ၎င်းကပြောသည်။

ကျပ် ၅၀၀ တန် အောင်ဘလေထီ၏အမြင့်ဆုံးဆုဖြစ်သည့် ကျပ်သိန်းတစ်သောင်းဆုကို ထီဖွင့်လှစ်သည့် ခြောက်ကြိမ်မြောက်၌ ထီကံထူးသူအမည်ထွက်ပေါ် ခြင်းမရှိသေးသောကြောင့် ထီကံစမ်းသူများအပြင် ထီအရောင်း အဝယ်လုပ်ငန်းလုပ်ကိုင်သူများအကြား စိတ်ဝင်စားမှု မြင့်တက်နေသည့် အကြောင်းအရာဖြစ်နေသည်။

ထီဖွင့်လှစ်ပြီး နှစ်ပတ်နီးပါးအကြာ စက်တင်ဘာ ၁၁ ရက်အထိ ယင်းထီဆုငွေကျပ်သိန်းတစ်သောင်းကို လာရောက်ထုတ်ယူခြင်းမရှိသေးသကဲ့သို့ ထီဆုရှင်ကိုလည်း ကြေညာနိုင်ခြင်းမရှီသေးသောကြောင့် ထင်မြင်ချက်များစွာ ထွက်ပေါ်နေသည်။

‘‘လုံခြုံရေးအရဆိုရင်တော့ အဲဒီလောက်ထိ မကြာနိုင်ဘူးလေ။ ထီလက်မှတ်အရောင်းအဝယ်ရှိ နိုင်လို့ ကြာနေတာလို့ ထင်တယ်။ သေချာတော့ မပြောနိုင်ပေမယ့် လောလောဆယ်သတင်းထွက်နေတာတော့ အဲဒီလိုပဲ’’ဟု ထီပင်ရင်း လုပ်ငန်းကို နှစ် ၂၀ခန့် လုပ်ကိုင်ခဲ့ သည့် အမည်မဖော်လိုသူ အထက်ပါထီလုပ်ငန်းရှင်က သူ၏အမြင်ကို ပြောသည်။

အောင်ဘာလေထီ၏ ပေါက်မဲဆုငွေအပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိထားခြင်းကြောင့် အခွန်တိမ်းရှောင်လိုသည့် စီးပွားရေးလုပ်ငန်းရှင်အချို့က ပေါက်မဲထီလက်မှတ်များကို လွန်ခဲ့သည့် ဆယ်စုနှစ်များစွာ ကတည်းက လိုက်လံဝယ်ယူသော ဈေးကွက်ရှိသည်။ ပေါက်မဲထီလက်မှတ်ကို မူလကံထူးရှင်ကိုယ်တိုင်ထုတ်ယူခြင်းမရှိဘဲ တစ်ဆင့်ခံပြန်လည်ရောင်းချခြင်းက ထီလောကသားများအတွက် အထူးအဆန်းဖြစ်ရပ်တော့ မဟုတ်ပေ။

စီးပွားရေးလုပ်ငန်းရှင်အချို့သည် ထီပေါက်မဲလက်မှတ်များကို ပြန်လည်ဝယ်ယူသော ဈေးကွက်ရှိနေသည်ဆိုသော်လည်း အမြင့်ဆုံးဆုပေါက်မဲ လက်မှတ်များထက် အလယ်အလတ်ဆု ပေါက်မဲလက်မှတ်များကိုသာ အများဆုံး ဝယ်ယူလေ့ရှိကြောင်းလည်း အဆိုပါထီလက်မှတ်အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင် သူအချို့က မှတ်ချက်ပြုသည်။


ထီဆိုင်တစ်ခုတွင် ထီထိုးနေစဉ် ဓာတ်ပုံ−စိုင်းဇော်

‘‘ကျပ် နှစ်ရာတန်ထီတုန်းကလည်း အမြင့်ဆုံးဆုကို ဝယ်ယူတာနည်းတယ်။ ရိပ်မိမှာစိုးတာကြောင့် အလယ်အလတ်ဆုထဲကပဲ လိုသလောက် တန်ဖိုးအစောင်ရေများများ ဝယ်ကြတယ်’’ဟု ထီအရောင်းဆိုင် ကိုယ်စားလှယ်တစ် ဦးက ပြောသည်။

‘‘အိမ်ခြံမြေတစ်ခုုခုဝယ်မယ့်သူတွေ၊ ငွေဖြူလုပ်ချင်တဲ့သူတွေက ပေါက်မဲထီလက်မှတ်တွေကို ဝယ်ကြတာလေ။ ထီဆိုင်တွေကတော့ များသောအားဖြင့် ကြားခံပေါ့။ ဒီဈေးကွက်ကို အကြောင်းပြု ပြီးလုပ်နေတဲ့ ပွဲစားတွေလည်း တော်တော်များများရှိပါတယ်’’ဟု ပန်းဘဲတန်းမြို့နယ် ၂၇ လမ်းရှိ ထီ အရောင်းဆိုင်ဝန်ထမ်း ကိုပေါက်က ဖွင့်ဟသည်။

အမြင့်ဆုံးဆုငွေ ကျပ်သိန်းတစ်သောင်းဖြစ်သည့် ကျပ်ငါးရာတန်အောင်ဘာလေထီကို အစိုးရသစ်တာဝန်ယူပြီး တစ်နှစ်အကြာ ၂၀၁၇ မတ်လတွင် စတင်ထုတ်လုပ်ဖြန့်ဖြူးခဲ့ပြီး ပထမအကြိမ်ကို ဧပြီ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

ယခင်က ထီတစ်စောင်လျှင် ကျပ် နှစ်ရာနှုန်းဖြင့် အစိုးရက သတ်မှတ်ရောင်းချခဲ့ပြီး အမြင့်ဆုံးဆုငွေ ကျပ်သိန်း ၁၅၀၀ သာ ရှိခဲ့သည်။

ကျပ်ငါးရာတန်ထီ၏ အမြင့်ဆုံးဆုငွေကိုမူ ကျပ်သိန်းတစ်သောင်းသတ်မှတ်ထားခြင်းကြောင့် ယင်းထီလက်မှတ် မရောင်းချမီကပင် ထီကံစမ်းသူများ၏ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့သည်။

အဆိုပါထီ၏ ကျပ်သိန်းတစ်သောင်းဆုကံထူးရှင်ကို လေးကြိမ်မြောက်အထိ ဖွင့်လှစ်သည့် နေ့နှင့် ထီဖွင့်ပြီး ရက်ပိုင်းတွင် သိရှိနိုင်ခဲ့သော်လည်း ငါးကြိမ်မြောက်နှင့် ခြောက်ကြိမ်မြောက်တို့တွင် ကံထူးရှင် မသိရှိနိုင်ခဲ့ခြင်းကြောင့် ထီလက်မှတ်လက်ဝယ်ရှိမှုအပေါ် ထီကံစမ်းသူများနှင့် ထီလုပ်ငန်းလုပ်ကိုင်သူများအကြား မေးခွန်းထုတ်သံ ကျယ်လောင်လာသည်။

သို့သော် ငါးကြိမ်မြောက် ကျပ်သိန်းတစ်သောင်း ထီကံထူး သူများသည် ၎င်း၏လုံခြုံရေးအရ အမည်ထုတ်ဖော်မှု မပြုလုပ်ခြင်း ဖြစ်သည်ဟု ယင်းထီလက်မှတ်ကို ရောင်းချသည့် မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်က သတင်း ထုတ်ပြန်သည်။

စက်တင်ဘာ ၁ ရက်က ဖွင့်လှစ်ခဲ့သည့် ခြောက်ကြိမ်မြောက်၌မူ ကျပ်သိန်းတစ်သောင်းကံထူးရှင်သာမက ရောင်းချသည့် ပင်ရင်းထီဆိုင်ပါ အစအနပျောက်နေသည်။

ထီပေါက်မဲဆုငွေကို သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနရုံးများနှင့် အောင်ဘာလေသိန်းဆုဌာနတို့တွင် ထုတ်ပေးနေသည်ဆိုသော်လည်း စာရွက်စာတမ်းများ ဖြည့်သွင်းတင်ပြရခြင်း၊ အချိန်ကြာမြင့်တတ်ခြင်းများကြောင့် ထီလက်မှတ်ကို အလွယ်တကူ ပြန်လည်ရောင်းချလေ့ရှိလာခြင်း ဖြစ်သည်ဟုလည်း ထီကံထူးသူအချို့က ပြောသည်။

‘‘အချိန်ကုန်လည်း သက်သာတယ်။ အလုပ်လည်း မရှုပ်ဘူး။ တန်ကြေးအတိုင်းလည်းရတာကြောင့် ထီရုံးမှာ သွားမထုတ်တော့ဘဲ ထီဆိုင်ပဲ ပြန်သွင်းလိုက်တယ်’’ ဟု ငါးကြိမ်မြောက်ထီဖွင့်လှစ်စဉ်က ကျပ်ငါးသောင်းဆုပေါက်ခဲ့ သည့် မြောက်ဥက္ကလာပမြို့နယ်မှ မသက်စိုးက ဆိုသည်။

အဆိုပါထီလက်မှတ်ကို ဆုငွေ ကျပ်ငါးသောင်းမှ တစ်သိန်းဆုအထိ အပိုငွေပေးလေ့မရှိဘဲ ဆုငွေတန်ဖိုးအတိုင်းသာ ထီအရောင်းဆိုင်များနှင့် ပွဲစားများက ပြန်လည်ဝယ်ယူလေ့ရှိပြီး ကျပ်တစ်သိန်းအထက် ဆုငွေပမာဏ များသည့် ပေါက်မဲထီလက်မှတ်များကို ဈေးပိုပေး၍ ဝယ်ယူနေသည်။

လက်ရှိဖြစ်ပေါ်နေသော ဈေးကွက်အရ ထီဆုငွေကျပ်ဆယ်သိန်းအထိ ထီလက်မှတ်ကို ယင်းငွေ၏ ၁ ရာခိုင်နှုန်းခန့်ဖြင့်လည်း ကောင်း၊ ထီဆုငွေသိန်းတစ်ထောင်ခန့်အထိကို ဆုငွေ၏ ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းခန့်အထိ လည်းကောင်း ဆုငွေပမာဏအပေါ် မူတည်၍ အပိုထပ်ဆောင်း ငွေပေး၍ ဝယ်ယူမှုများရှိနေခဲ့ကြောင်း ထီလုပ်ငန်းလုပ်ကိုင်နေသူအချို့က ဆိုသည်။

‘‘ပြန်ရောင်းတဲ့ အခါမှာလည်း ရာခိုင်နှုန်းအလိုက် သတ်မှတ်ဈေးတွေနဲ့ပဲဖြစ်တယ်။ ထီလက်မှတ်ဆုငွေရဲ့ ၆ ရာခိုင်နှုန်းလောက်အထိ သတ်မှတ်ရောင်းတာမျိုးလည်း ရှိတယ်။ တရားဝင် ဈေးကွက်မဟုတ်တာကြောင့် တစ်သမတ်လည်း ဈေးနှုန်းဆိုတာ မရှိဘူး’’ဟု ၂၇ လမ်းတွင် ထီလက်မှတ်ဝယ်၊ ရောင်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ထို့အပြင် ထီပေါက်မဲဆုကြီးများမှာ စီးပွားရေးလုပ်ငန်းရှင်များ ဝယ်လိုမှုအတွက်သာမက ထီအရောင်းဆိုင်ကြီးများအတွက်လည်း လစဉ်မျှော်လင့်စရာမက်လုံးဖြစ်နေသည်။

ထို့ကြောင့် ဆုကြီးများကို ရောင်းချပေးနိုင်သည်ဟူသော ဂုဏ်ဖြင့် လူသိများလာစေရန် ထီအရောင်းဆိုင်ကြီးများကလည်း ယင်းဆုကြီးများ ရရှိရောင်းချပေး နိုင်ရန် ကြိုးစားမှုများရှိသည်။

ထီအရောင်းဆိုင်ကြီးများ၏ ကြိုးစားမှုသည် စီးပွားရေးလုပ်ငန်းရှင်များကဲ့သို့ ပေါက်မဲထီလက်မှတ်ကို ဝယ်ယူခြင်း မဟုတ်ဘဲ ကိုယ်ပိုင်ထီရောင်းချသူများကို စည်းရုံး၍ ကိုယ်စားလှယ်အဖြစ်ထားရှိခြင်းဖြစ်ကြောင်း ပင်ရင်း ထီအရောင်းဆိုင်ပိုင်ရှင်အချို့က ပြောသည်။

ကိုယ်ပိုင်ထီရောင်းချသူများက အောင်ဘာလေသိန်းဆုဌာနမှ ထုတ်ယူသည့် ထီလက်မှတ်စာရင်းကို ပင်ရင်းထီအရောင်းဆိုင် တစ်ခုုခုသို့ ကြိုတင်ပေးပို့ထားကြရပြီး ယင်းထီလက်မှတ်များထဲမှ ဆုကြီးထွက်သွားပါက ပင်ရင်းဆိုင်က ရောင်းချပေးနိုင်သည်ဟု အမည်ထွက်မည်ဖြစ်ပြီး စာရင်းသွင်းထားသူက ကိုယ်စားလှယ်ဆုကို ခံစားခွင့်ရရှိစေမည်စနစ်ကို ကျင့်သုံးထားခြင်းဖြစ်သည်။

ထို့ကြောင့် ပင်ရင်းအရောင်းဆိုင်များသည် ဆုမဲများများ ရရှိနိုင်ရေး ကိုယ်ပိုင်ထီရောင်းချသူများကို အပြိုင်အဆိုင် စုဆောင်းလာကြောင်း ထီလုပ်ငန်းရှင်များက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top