Golden City Promotion
×

အကယ္ဒမီ ခိုင္သင္းၾကည္ရဲ့ တစ္ဦးတည္ေသာ သမီးေလး စံထိပ္ထားတစ္ေယာက္ မင္းသမီး ျဖစ္မွာမဟုတ္ဘူး သရဲကားပဲရိုက္ လို႔ အေျပာခံလိုက္ရေၾကာင္း သိရပါတယ္။

ပရိတ္သတ္အမ်ားကေတာ့ ခိုင္သင္းၾကည္ရဲ့ သမီးေလးကို ဝိုင္းခ်စ္ေနၾကပါတယ္။ ဒါေပမယ့္လည္း ေဖ့စ္ဘြက္ လူမႈကြန္ယက္ေပၚမွာေတာ့ အခ်ိဳ႕က မညွာမတာေတြ ေျပာေနၾကပါတယ္။

ဒီလိုအေျပာခံလုိက္ရေၾကာင္း စံထိပ္ထားကိုယ္တုိင္ စက္တင္ဘာလ ၂၇ ရက္ Sunday Journal နဲ႔ အင္တာဗ်ဴးမွာ ေျဖထားတာ ျဖစ္ပါတယ္။

“အေမက သဘာဝက်က် အိုက္တင္လုပ္လို႔ ေျပာပါတယ္” “ အေမ့ဇာတ္ကားၾကည့္လို႔ရွိရင္ အိုက္တင္ယူဖို႔ ေနေနသာသာ ရီေနရတာ” ၊ “ မင္းသမီးတစ္ေယာက္အေနနဲ႔ ဘယ္လိုခံစားရသလဲဆိုေတာ့ ေပ်ာ္ေတာ့ေပ်ာ္ပါတယ္။

ဒါေပမယ့္လည္း ေဖ့စ္ဘြက္မွာ လူေတြက ေရးၾကတယ္။ မခိုင္ေလးသမီးက မေခ်ာဘူး။ အေမကပိုႏုတယ္ သမီးက ရင့္တယ္။ မင္းသမီး ျဖစ္မွာမဟုတ္ဘူး သရဲကားပဲရိုက္ လို႔ေျပာေတာ့ ဝမ္းေတာ့ ဝမ္းနည္းတာေပါ့” လို႔ ခိုင္သင္းၾကည္ရဲ့ သမီးေလးက ေျဖထားသည္။

ခိုင္သင္းၾကည္ကလည္း သမီးေလးကို ဘယ္သူေတြ မေခ်ာဘူးေျပာေျပာ ေမေမ့ မ်က္လံုးထဲမွာေတာ့ အခ်ိန္တိုင္း လွေနတယ္ လို႔ ေျပာဖူးသည္။

တကယ္ေတာ့ မခိုင္ေလးရဲ့ သမီးက ရိုးသားသည္။ မာန္မာနလည္း မထင္ရွားပါဘူး။ သူမရဲ့စကားေျပာပံုကို ၾကည့္မိတဲ့သူတိုင္းကေတာ့ သူမကို ခ်စ္သြားၾကမွာပါပဲ။ အသံေကာင္းၿပီး သီခ်င္းဆိုတာလည္း ဝါသနာ ပါသူျဖစ္သည္။ ဒီဂုဏ္၊ အရည္အခ်င္းမ်ားေၾကာင့္ တေန႔မွာေတာ့ ပရိတ္သတ္ တစ္ခုခုလုပ္ျပႏိုင္မယ္လို႔ ယံုၾကည္ရပါတယ္။ ခုကေတာ့ အသက္ ၁၄ ႏွစ္သာရွိေသးတဲ့အတြက္ ငယ္ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: panpwint

#Unicode Version#
အကယ်ဒမီ ခိုင်သင်းကြည်ရဲ့ တစ်ဦးတည်သော သမီးလေး စံထိပ်ထားတစ်ယောက် မင်းသမီး ဖြစ်မှာမဟုတ်ဘူး သရဲကားပဲရိုက် လို့ အပြောခံလိုက်ရကြောင်း သိရပါတယ်။

ပရိတ်သတ်အများကတော့ ခိုင်သင်းကြည်ရဲ့ သမီးလေးကို ဝိုင်းချစ်နေကြပါတယ်။ ဒါပေမယ့်လည်း ဖေ့စ်ဘွက် လူမှုကွန်ယက်ပေါ်မှာတော့ အချို့က မညှာမတာတွေ ပြောနေကြပါတယ်။

ဒီလိုအပြောခံလိုက်ရကြောင်း စံထိပ်ထားကိုယ်တိုင် စက်တင်ဘာလ ၂၇ ရက် Sunday Journal နဲ့ အင်တာဗျူးမှာ ဖြေထားတာ ဖြစ်ပါတယ်။

“အမေက သဘာဝကျကျ အိုက်တင်လုပ်လို့ ပြောပါတယ်” “ အမေ့ဇာတ်ကားကြည့်လို့ရှိရင် အိုက်တင်ယူဖို့ နေနေသာသာ ရီနေရတာ” ၊ “ မင်းသမီးတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရသလဲဆိုတော့ ပျော်တော့ပျော်ပါတယ်။

ဒါပေမယ့်လည်း ဖေ့စ်ဘွက်မှာ လူတွေက ရေးကြတယ်။ မခိုင်လေးသမီးက မချောဘူး။ အမေကပိုနုတယ် သမီးက ရင့်တယ်။ မင်းသမီး ဖြစ်မှာမဟုတ်ဘူး သရဲကားပဲရိုက် လို့ပြောတော့ ဝမ်းတော့ ဝမ်းနည်းတာပေါ့” လို့ ခိုင်သင်းကြည်ရဲ့ သမီးလေးက ဖြေထားသည်။

ခိုင်သင်းကြည်ကလည်း သမီးလေးကို ဘယ်သူတွေ မချောဘူးပြောပြော မေမေ့ မျက်လုံးထဲမှာတော့ အချိန်တိုင်း လှနေတယ် လို့ ပြောဖူးသည်။

တကယ်တော့ မခိုင်လေးရဲ့ သမီးက ရိုးသားသည်။ မာန်မာနလည်း မထင်ရှားပါဘူး။ သူမရဲ့စကားပြောပုံကို ကြည့်မိတဲ့သူတိုင်းကတော့ သူမကို ချစ်သွားကြမှာပါပဲ။ အသံကောင်းပြီး သီချင်းဆိုတာလည်း ဝါသနာ ပါသူဖြစ်သည်။ ဒီဂုဏ်၊ အရည်အချင်းများကြောင့် တနေ့မှာတော့ ပရိတ်သတ် တစ်ခုခုလုပ်ပြနိုင်မယ်လို့ ယုံကြည်ရပါတယ်။ ခုကတော့ အသက် ၁၄ နှစ်သာရှိသေးတဲ့အတွက် ငယ်ပါသေးတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: panpwint
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top