Golden City Promotion
×

အသက္အရြယ္မေရြး၊ က်ားမမေရြးျဖစ္တတ္တဲ့ ေသြးေပါင္က်ျခင္းက ႀကီးမားတဲ့က်န္းမာေရးဆိုင္ရာ ခႏၶာကိုယ္အတြက္လုိအပ္တဲ့ vitamin B12နဲ႔ folic acid လံုေလာက္မႈမရွိရင္ ေသြးေပါက္က်ျခင္းမ်ိဳး ျဖစ္တတ္ပါတယ္။ အမ်ိဳးသမီးမ်ားအေနနဲ႔ ရာသီလာစဥ္ကာလမွာ သံဓာတ္အားနည္းျခင္းေၾကာင့္ ေသြးေပါင္က်တယ္ဆိုရင္ သံဓာတ္အားျဖည့္ေဆးမ်ားနဲ႔ အာဟာရျပည့္ဝတဲ့ အစားအစာမ်ားကို ေရြးခ်ယ္စားသံုးသင့္ပါတယ္။ ဆိုးက်ိဳးမ်ားစြာျဖစ္ေပၚႏိုင္တဲ့ ေသြးေပါင္က်ျခင္းျပႆနာကို အခ်ိန္မွီသတိထားမိေစဖို႔အတြက္ ေသြးေပါက္က်ျခင္းရဲ႕ လကၡဏာရပ္မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

(၁) ေခါင္းမူးျခင္း

ေသြးေပါင္က်ျခင္းရဲ႕ သိသာထင္ရွားတဲ့လကၡဏာရပ္ကေတာ့ ေခါင္းမူးျခင္းပါပဲ။ ဦးေခါင္းထိပ္က ေသြးမ်ားစုၿပီးတင္းေနသလို မူးေနပါလိမ့္မယ္။ ေသြးလည္ပတ္မႈမေကာင္းျခင္းနဲ႔ ေအာက္ဆီဂ်င္ အလံုအေလာက္မရျခင္းေၾကာင့္ ေခါင္းမူးရျခင္းပဲ ျဖစ္ပါတယ္။

(၂) ႏွလံုးခုန္ႏႈန္းျမန္ျခင္း

ေသြးေပါင္က်တဲ့သူေတြက ေမာပန္း၊ ပင္ပန္းလြယ္ၿပီး ႏွလံုးခုန္ႏႈန္းကလည္း ျမန္ေနတတ္ပါတယ္။ ႏွလံုးေသြးေၾကာမ်ား ေသြးအလံုအေလာက္မရရွိႏုိင္တာေၾကာင့္ ႏွလံုးေအာင့္ျခင္းနဲ႔ ႏွလံုးခုန္ႏႈန္းမူမမွန္ျခင္းမ်ိဳး ျဖစ္လာရတာပါ။

(၃) ပင္ပန္းႏြမ္းနယ္ျခင္း

ကိုယ္လက္မသယ္ခ်င္ေလာက္ေအာင္ ပင္ပန္းႏံုးခ်ိတာကလည္း ေသြးေပါက္က်ျခင္းရဲ႕ လကၡဏာတစ္ရပ္ပါပဲ။ ေရဓာတ္ခမ္းေျခာက္တဲ့အခါမွာလည္း အင္အားကုန္ခမ္းၿပီး ပင္ပန္းႏြမ္းနယ္ေနတတ္တာေၾကာင့္ ေရမ်ားမ်ားေသာက္ဖုိ႔ လိုပါတယ္။

(၄) မ်က္လံုးေဝဝါးလာျခင္း

ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ေအာက္ဆီဂ်င္မ်ား အလံုအေလာက္မရျခင္းနဲ႔ ေသြးလည္ပတ္မႈပံုမွန္မျဖစ္ျခင္းေၾကာင့္ ေသြးေပါင္က်ရတာပါ။ မ်က္လံုးမ်ားေဝဝါးလာၿပီး ေခါင္းမူးတာကလည္း ေသြးေပါင္က်သူေတြ ခံစားရတဲ့ ေဝဒနာတစ္ခုပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နန္း(ေရႊအင္းေလး)

#Unicode Version#
အသက်အရွယ်မရွေး၊ ကျားမမရွေးဖြစ်တတ်တဲ့ သွေးပေါင်ကျခြင်းက ကြီးမားတဲ့ကျန်းမာရေးဆိုင်ရာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ vitamin B12နဲ့ folic acid လုံလောက်မှုမရှိရင် သွေးပေါက်ကျခြင်းမျိုး ဖြစ်တတ်ပါတယ်။ အမျိုးသမီးများအနေနဲ့ ရာသီလာစဉ်ကာလမှာ သံဓာတ်အားနည်းခြင်းကြောင့် သွေးပေါင်ကျတယ်ဆိုရင် သံဓာတ်အားဖြည့်ဆေးများနဲ့ အာဟာရပြည့်ဝတဲ့ အစားအစာများကို ရွေးချယ်စားသုံးသင့်ပါတယ်။ ဆိုးကျိုးများစွာဖြစ်ပေါ်နိုင်တဲ့ သွေးပေါင်ကျခြင်းပြဿနာကို အချိန်မှီသတိထားမိစေဖို့အတွက် သွေးပေါက်ကျခြင်းရဲ့ လက္ခဏာရပ်များကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) ခေါင်းမူးခြင်း

သွေးပေါင်ကျခြင်းရဲ့ သိသာထင်ရှားတဲ့လက္ခဏာရပ်ကတော့ ခေါင်းမူးခြင်းပါပဲ။ ဦးခေါင်းထိပ်က သွေးများစုပြီးတင်းနေသလို မူးနေပါလိမ့်မယ်။ သွေးလည်ပတ်မှုမကောင်းခြင်းနဲ့ အောက်ဆီဂျင် အလုံအလောက်မရခြင်းကြောင့် ခေါင်းမူးရခြင်းပဲ ဖြစ်ပါတယ်။

(၂) နှလုံးခုန်နှုန်းမြန်ခြင်း

သွေးပေါင်ကျတဲ့သူတွေက မောပန်း၊ ပင်ပန်းလွယ်ပြီး နှလုံးခုန်နှုန်းကလည်း မြန်နေတတ်ပါတယ်။ နှလုံးသွေးကြောများ သွေးအလုံအလောက်မရရှိနိုင်တာကြောင့် နှလုံးအောင့်ခြင်းနဲ့ နှလုံးခုန်နှုန်းမူမမှန်ခြင်းမျိုး ဖြစ်လာရတာပါ။

(၃) ပင်ပန်းနွမ်းနယ်ခြင်း

ကိုယ်လက်မသယ်ချင်လောက်အောင် ပင်ပန်းနုံးချိတာကလည်း သွေးပေါက်ကျခြင်းရဲ့ လက္ခဏာတစ်ရပ်ပါပဲ။ ရေဓာတ်ခမ်းခြောက်တဲ့အခါမှာလည်း အင်အားကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်နေတတ်တာကြောင့် ရေများများသောက်ဖို့ လိုပါတယ်။

(၄) မျက်လုံးဝေဝါးလာခြင်း

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အောက်ဆီဂျင်များ အလုံအလောက်မရခြင်းနဲ့ သွေးလည်ပတ်မှုပုံမှန်မဖြစ်ခြင်းကြောင့် သွေးပေါင်ကျရတာပါ။ မျက်လုံးများဝေဝါးလာပြီး ခေါင်းမူးတာကလည်း သွေးပေါင်ကျသူတွေ ခံစားရတဲ့ ဝေဒနာတစ်ခုပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: နန်း(ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top