မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး (ဆဋ္ဌမအကြိမ်မြောက်)
×

    
     
     
    
အဲဒါတွေကတော့ -
  
    
    
    
     
     

Credit: HtetNadi

# Unicode Version #
ပျမ်းမျှအားဖြင့်အမျိုးသမီးတစ်ယောက်ဟာ မိတ်ကပ်လိမ်းခြယ်ဖို့အတွက်တစ်နေ့ကို ၁၁မိနစ်အချိန်ကုန်ဆုံးစေကြပါတယ်။
မိတ်ကပ်လိမ်းခြယ်မှုနဲ့ပတ်သက်ပြီးတော့လူ့အဖွဲ့အစည်းမှာသမိုင်းရှည်ကြီးတစ်ပုဒ်ရှိခဲ့ပါတယ်။
    
စင်စစ်မှာတော့အလှကုန်ပစ္စည်းတွေရဲ့သုံးစွဲခြင်းသက်သေအထောက်အထားတွေဟာ 1000BC ကတည်းက အီဂျစ်မှာစတင်ခဲ့တယ်။
အမျိုးသားတွေရောအမျိုးသမီးတွေပါအသားရေထိန်းသိမ်းဖို့နှင့် ကိုယ်ခန္ဓာမှအနံ့ဆိုးတွေကို ဖုံးကွယ်ဖို့စေးပျစ်တဲ့လိမ်းဆေးတွေကို အသုံးပြုခဲ့ကြပြီး နေရောင်ခြည်ထိတွေ့မှုကို လျော့ချဖို့မျက်စိထိခိုက်မှုကို ကာကွယ်ဖို့အတွက်Kohlလို့ခေါ ်တဲ့အမည်းရောင်သတ္တု တစ်မျိုးကို မျက်လုံးတွေမှာလိမ်းခြယ်လာခဲ့ကြတယ်။
     
အဲ့နောက်မှာတော့ ရောင်စုံရွ ံ့စေးတွေဆိုးဆေးတွေကိုနှုတ်ခမ်းတွေမှာလိမ်းခြယ်ဖို့လက်သည်းတွေမှာအလှဖော်ဖို့အတွက် အသုံးပြုလာခဲ့ကြတယ်။
စစ်တမ်းတခုအရ ကမ္ဘာတစ်ဝန်း အလှကုန်ပစ္စည်းတွေရဲ့ ရောင်းအားဟာ ၂၀၁၅ခုနစ်မှာ အမေရိကန်ဒေါ ်လာ ၄၁.၄သန်း ဖြစ်ရှိခဲ့ပါတယ်။
     
ဒါတောင်မှ အဲဒါဟာနှုတ်ခမ်းနီဆိုးဆေး အတွက်စစ်တမ်းပါ။
သို့ပေမယ့်လည်း မိတ်ကပ်သုံးစွဲမှုဟာမကြာသေးမီကပင်အနည်းငယ်ကျဆင်းလာပြန်ပါတယ်။
အကြောင်းကတော့ အမျိုးသမီးတွေဟာစင်စစ်မှာတော့မိတ်ကပ်လိမ်းခြယ်မှုနဲ့ပတ်သက်ပြီး ကောင်းတယ် မကောင်းဘူး နဲ့ဒွဟတွေဖြစ်နေကြတုန်း ဆိုတာကြောင့်ပါ။
    
အချို့အမျိုးသမီးတွေက မိတ်ကပ်လိမ်းချင်ပေမဲ့လည်း မဝံ့ရဲဖြစ်နေကြပြီး အချို့ကြပြန်တော့လည်း မိတ်ကပ်လိမ်းပြီးမလုံမလဲဖြစ်ကြပါတယ်။
မိတ်ကပ်နဲ့အဆင်မပြေတဲ့သူအတွက်ကတော့မိတ်ကပ် မလိမ်းတာပိုသင့်တော်ပါတယ်။
ဒါပေမဲ့မိတ်ကပ်လိမ်းခြယ်ဖို့အတွက် အကြောင်းပြချက်ကောင်းများစွာနဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေရှိတယ်ဆိုတာတော့ ငြင်းလို့ မရပါဘူး။
အဲဒါတွေကတော့ -
1. မိတ်ကပ်ဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုကိုတိုးမြှင့်ပေးနိုင်ပါတယ်။
မိတ်ကပ်လိမ်းထားခြင်းဟာ ဒေါက်မြင့်ဖိနပ်တွေစီးထားသလိုပဲ မင်းကို ယုံကြည်မှုတွေ ပေးနိုင်ပါတယ်။
မိတ်ကပ်အနည်းငယ်လိမ်းခြယ်လိုက်ခြင်းက မင်းရဲ့စိတ်နေစိတ်ထားနှင့်အသွင်အပြင်ကို အနည်းငယ် အရောင်တင်လိုက်သလိုပါပဲ။ စစ်တမ်းတခုအရ မိတ်ကပ်လိမ်းခြယ်ခြင်းက ပိုပြီးကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစေပြီး လူတောထဲဝင်ဆန့်နိုင်တယ်လို့သိရပါတယ်။
  
2.အခြားအမျိုးသမီးတွေနဲ့ပြောဆိုဆက်ဆံရာမှာ အဆင်ပြေစေတယ်။ မိတ်ကပ် ဟာ အမျိုးသမီးတွေကို ရန်စောင်စေတယ်လိ ု့ထင်နေကြသော်လည်း အမှန်ကတော့ဆန့်ကျင်ဘက်ပါ။
အမျိုးသမီးတွေဟာ သူတို့မနှစ်မျို့တဲ့အကြောင်းအရာတွေကို အခြားသူတွေကိုပြောတတ်တဲ့သဘာဝရှိကြပါတယ်။ မျက်နှာကအမည်းစက်တွေကို ဘယ်လို ဖုံးကွယ်ရယ်ဆိုတာ ပြောရင်းနဲ့ ပဲ တယောက်နဲ့တယောက် စကားတွေ ပြောရင်းက လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ ဖြစ်လာနိုင်ပါတယ်။
    
3.မိတ်ကပ်က မင်းကို Ever Ready ဖြစ်စေတယ်။ အပြင်သွားဖို့အတွက် ငါတို့မှာအဝတ်အစားတွေကို ဝတ်ဆင်နေရသလိုပဲ မျက်နှာမှာမိတ်ကပ်လိမ်းခြယ်ခြင်းဟာလည်း စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုအတွင်အကူအညီပေးနိုင်တယ်။ မင်းကိုတက်ကြွစေပြီး နေ့သစ်တိုင်းကိုအဆင့်သင့်ဖြစ်စေပါတယ်။
    
4.မိတ်ကပ်လိမ်းခြင်းဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပါးနီအချို့ ခဲတံ အချို့ နဲ့ အလှပြင်ပစ္စည်းအချို့ကို ကိုယ်ရဲ့မျက်နှာပေါ်မှာတင်ပြီး ပုံဖော်ရတာဟာ အပြီးသတ်မှာ ဘယ်လိုပုံစံ ထွက်လာမယ်ဆိုတာကို မှန်းဆရင်းလုပ်ရတဲ့အတွက် စိတ်ဝင်စားဖို့ကောင်းလှပါတယ်။
    
5.မိတ်ကပ်က အမျိုးသမီးတွေအတွက် တိုက်ပွဲမဝင်ခင် လက်နက်တွေတပ်လိုက်သလိုပါပဲ ယှဉ်ပြိုင်နိုင်စွမ်းကိုဖြစ်စေတယ်။ အရေးကြီးတဲ့ ပွှဲလမ်းသဘင်တွေမှာ အမျိုးသမီးတွေဟာ ဘာလို့မိတ်ကပ်လိမ်းခြယ်ကြတယ်လို့ ထင်ပါလဲ။
အဖြေကရှင်းပါတယ် အဲလိုနေရာတွေမှာ ကိုယ့်ရဲ့ပြိုင်ဘက်အမျိုးသမီးတွေရှိနေတတ်ပြီး မင်းကသူတို့နဲ့ယှဉ်ရင် အလှဆုံး ဖြစ်မယ်မဟုတ်လား။
     
6.မိတ်ကပ်လိမ်းနေတဲ့ အချိန်ဟာ မင်းရဲ့ကိုယ်ပိုင်အချိန်ပါပဲ။ မင်းအလုပ်များမှန်းသိပါတယ်။ဒါပေမဲ့မနက်တိုင်း မင်းရဲ့မိတ်ကပ်ပြင်တင်ချိန်ဟာ 4 မိနစ် သို့ 40 မိနစ် ကြာမယ် ဒါပေမယ့် အဲဒါဟာ မင်းကိုယ်အတွက်ကိုယ်သုံးလိုက်တဲ့ မင်းရဲ့အချိန်တွေပါ။ မိတ်ကပ်လိမ်းခြယ်ခြင်းရဲ့နောက်ထပ်အကျို းကျေးဇူးတစ်ခုက လုပ်နေကျတစ်စုံတစ်ခုကိုစွဲမြဲလုပ်ကိုင်စေတာပါပဲ။စိတ်ပိုင်ဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါ ကောင်းတဲ့အချက်ပါ။ တချို့တွေအတွက်တော့အဲ့ဒီအချိန်တွေဟာတရားထိုင်နေသလိုပါပဲ မှန်ထဲမှာ ကိုယ့်ကိုယ်ကို ကြည့်ရင်း လိုအပ်ချက်တွေ စမ်းစစ်ရင်းနဲ့။
     
7. မင်းကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတယ်။ ငါတို့မသိသေးတဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ မိတ်ကပ်လိမ်းခြယ်ခြင်းကညတွေမှာမင်းကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတယ်။စိတ်ပညာဂျာနယ်ရဲ့လေ့လာမှုအရ တစ်ပတ်မှာ 2ကြိမ်ထက်ပိုပြီး မိတ်ကပ်လိမ်းခြယ်ပြီးအိပ်လေ့ရှိတဲ့အမျိုးသမီးဟာ တစ်ပတ်မှာတစ်ခါသာ မိတ်ကပ်လိမ်းပြီးအိပ်လေ့ရှိတဲ့(သို့)မလိမ်းဘဲအိပ်လေ့ရှိတဲ့သူတွေထက်ပိုပြီး အိပ်ပျော်ကြောင်းတွေ့ရှိရပါတယ်။
ဒါတွေကတော့ မိတ်ကပ်လိမ်းခြင်းနဲ့ ပတ်သတ်တဲ့ ကောင်းမွန်နဲ့ အချက် ၇ ချက်ပါ။
ကဲ မင်းကော မိတ်ကပ်လိမ်းသင့်လား မလိမ်းသင့်ဘူး လားဆိုတာနဲ့ပတ်သတ်ပြီးတော့ ဘယ်လိုထင်လဲ?

ဖိုးသူတော် (www.phothutaw.com)
Credit: HtetNadi
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top