Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

၁၉၅၅ ခုႏွစ္ ရဲ႕ေန႔တေန႔မွာ အသက္၂၅ႏွစ္ အရြယ္အေမရိကန္လူငယ္ေလး Jim_Rohn (ဂ်င္မ္)ကို
သူအလုပ္ပိုင္ရွင္ အေမရိကန္ မီလီယံနာသူေ႒းႀကီး John_Earl_Shoaff_(ဂၽြန္အားလ္ေရွာ့) က ေမးခြန္းတခုေမးလိုက္ပါတယ္။

"ဂ်င္မ္ မင္းငါ့ကုမၸဏီမွာ အလုပ္လုပ္ေနတာ ၆ႏွစ္ရွိသြားၿပီ။ မင္းပိုက္ဆံ ဘယ္ေလာက္စုမိၿပီလဲ" တဲ့။
ဂ်င္မ္ကလဲ "သူေ႒းႀကီးခင္ဗ်ား က်ေနာ္တျပားမွမစုမိပါဘူး။ ရတဲ့လခကလဲ က်ေနာ့္အသံုးစရိတ္ကာမိရံုပဲ ရွိပါတယ္။ လစာေလးနဲနဲတိုးလိုက္ ကုန္ေစ်းႏူန္းတက္လိုက္မို႔ ဘာမွမက်န္လို႔ မစုႏိုင္တာပါ"လို႔႐ိုး႐ိုးသားသားေလးပဲေျဖလိုက္ပါတယ္။

လူငယ္ေလးဂ်င္မ္ဟာ အလုပ္ကိုအရမ္းႀကိဳးစားလုပ္ကိုင္တတ္သူတေယာက္မို႔ သူေ႒းႀကီးက အလြန္သေဘာက်တယ္။ သူေ႒းႀကီးက ဆက္ေျပာတယ္။ "မင္း ႀကီးပြားခ်မ္းသာခ်င္သလား" တဲ့။
ဂ်င္မ္ကလဲ "ဗ်ာ ခ်မ္းသာခ်င္တာေပါ့။ ခ်မ္းသာေအာင္ ဘယ္လိုလုပ္ရမွန္းမသိလို႔ပါ"။
သူေ႒းႀကီးက"မင္းအလုပ္လုပ္ေနတာ၆ႏွစ္ရွိသြားလို႔ ဘာမွလဲမစုမိဘူးမဟုတ္လား။ မင္း ဒီအတိုင္းဆက္လုပ္ေနရင္ ေနာက္၆ႏွစ္လဲ ဒီအတိုင္းျဖစ္ေနမွာပဲ။ အဲဒီေတာ့ တကယ္ခ်မ္းသာခ်င္ရင္ မင္းဘဝကိုေျပာင္းလဲပစ္ရလိမ့္မယ္။ ေျပာင္းလဲႏိုင္မလား"တဲ့။

ဂ်င္မ္က သူေ႒းႀကီးကို ဘယ္လိုမိ်ဳးေျပာင္းလဲရမွာလဲလိုျပန္႔ေမးေတာ့ သူေ႒းႀကီးက "မင္း အလုပ္မွာ ႀကိဳးစားတာထက္ မင္းကိုယ္တိုင္အတြက္ပိုၿပီး ႀကိဳးစားပါ"တဲ့။ သူေ႒းႀကီးရဲ႕အၾကံေပးခ်က္ဟာ တိုတိုေလးပါ။ ဒါေပမယ့္ အဲဒီစကားတိုတိုေလးဟာ ဂ်င္မ္ရဲ႕အသိအျမင္ကိုပြင့္သြားေစခဲ့ပါတယ္။ သူေ႒းႀကီးေျပာတဲ့အတိုင္း သူအတြက္ႀကိဳးစားလိုက္တာ ဂ်င္မ္ဟာ အသက္၃၁ႏွစ္အရြယ္မွာ မီလီယံနာသူေ႒းတေယာက္ျဖစ္သြားခဲ့ပါတယ္။ အဲဒီေခတ္က အေမရိကန္ႏိုင္ငံမွာ မီလီယံနာသူေ႒းဆိုတာ လက္ခ်ိဳးေရတြက္လို႔ရေလာက္ေအာင္ အလြန္ကိုနည္းပါတယ္။

ဒီစာကိုဖတ္ေနသူေတြအေနနဲ႔ ဂ်င္မ္ဟာ သူ႔အတြက္ဘာေတြႀကိဳးစားခဲ့လို႔ ၆ႏွစ္ အတြင္းပိုက္ဆံတျပားမွမစုႏိုင္တဲ့လူငယ္ေလးကေန မီလီယံနာသူေ႒းႀကီးျဖစ္သြားရတာလဲလို႔ သိခ်င္ေနမွာပါ။

သူေ႒းႀကီးရဲ႕အျကံေပးစကားမၾကားခင္ ဂ်င္မ္တေယာက္ ၆ႏွစ္ တာကာလကို ဘယ္လိုကုန္ဆံုးခဲ့သလဲၾကည့္ၾကရေအာင္။ ဂ်င္မ္ဟာ အလုပ္ထဲမွာ အရမ္းႀကိဳးစားလုပ္တယ္။ အလုပ္မွာပင္ပန္းတယ္လို႔သူ႔ကိုယ္သူအေၾကာင္းျပၿပီး အလုပ္ကျပန္ အိမ္ေရာက္ညစာစားၿပီးတာနဲ႔ သူငယ္ခ်င္းေတြနဲ႔ေကာ္ဖီဆိုင္ၿပီး ေထြရာေလးပါးစကားေတြေလွ်ာက္ေျပာၾကတယ္။ ညမိုးႀကီးခ်ဳပ္မွျပန္လာတယ္။ ျပန္ေရာက္တာနဲ႔အိပ္ယာထဲဝင္တယ္။ တခါတေလအျပင္မထြက္ျဖစ္ရင္ အိမ္မွာဘီယာေလးနဲ႔ၿငိမ့္ေနေလ့ရွိတယ္။ တခါတေလ တီဗြီထိုင္ၾကည့္ေနတယ္။ ညနက္ေရာက္ေတာ့ အိပ္ယာဝင္လိုက္တယ္။ သူ႔မွာ ႀကီးပြားခ်မ္းသာခ်င္စိတ္ေတာ့ရွိတယ္။ တေန႔ေတာ့ ကံေကာင္းရင္ ခ်မ္းသာလာမယ္လို႔ေမွ်ာ္လင့္ေနတယ္။ သူေမ်ာ္လင့္ေနတဲ့ကံေကာင္းတဲ့ေန႔ဆိုတာ ၆ႏွစ္ သာၾကာသြားတယ္ ေရာက္မလာပါဘူး။ သူ႔ဘဝဟာ ဒံုရင္းပါပဲ။

သူေ႒းႀကီးအၾကံေပးခ်က္ကိုၾကားၿပီး ေနာက္တရက္ကစၿပီး သူ႔ကိုယ္သူေျပာင္းလဲပစ္လိုက္တယ္။ ဘာေတြေျပာင္းလဲလိုက္တာလဲ။ အလုပ္ကျပန္တာနဲ႔ထမင္းစာၿပီး သူငယ္ခ်င္းေတြနဲ႔ေကာ္ဖီဆိုင္သြားမထိုင္ေတာ့ဘူး။ အိမ္ကခပ္လွမ္းလွမ္းမွာရွိတဲ့ စာၾကည့္တိုက္ကိုသြားတယ္။ စာၾကည့္တိုက္ပိတ္တဲ့ ည၁၁နာရီထိ စာအုပ္ေတြဖတ္တယ္။ ပရိသတ္ကိုစကားေျပာနည္း ေဖါက္သည္တေယာက္ကို ေစ်းဝယ္ခ်င္ေအာင္ ဆြဲေဆာင္နည္း ေစ်းကြက္ရွာေဖြျခင္း ေငြစာရင္းတြက္ခ်က္နည္း အစုရွယ္ယာအေၾကာင္းစတာေတြ အသဲအသန္ဖတ္ၿပီးေလ့လာေတာ့တယ္။ သူဟာ ေကာလိပ္တပိုင္းတစနဲ႔ေက်ာင္းထြက္အလုပ္လုပ္လို႔ ဘြဲ႕တခုေတာင္မရခဲ့ပါဘူး။

တႏွစ္ေလာက္ ႐ုံးဖြင့္ရက္ညတိုင္းနဲ႔ ရံုးပိတ္ရက္ဆို တေနကုန္စာေတြဖတ္လိုက္တာ ကုမၸဏီကသူ႔အရည္အခ်င္းေတြတက္လာတာကိုသေဘာက်ၿပီး ရာထူးတိုးေပးတယ္။ ေနာက္ထပ္တႏွစ္ၾကာျပန္ေတာ့ အရည္အခ်င္းေတြပိုတိုးတက္လာတာနဲ႔အမွ် ရာထူးတိုးခံရ လစာအတိုးခံခဲ့ရျပန္တယ္။ ေနာက္ႏွစ္အနဲငယ္ၾကာေတာ့ သူ အရည္အခ်င္းကိုသူယံုၾကည္လို႔ အလုပ္ကထြက္ၿပီး ကိုယ္ပိုင္ကုမၸဏီေထာင္တယ္။ လုပ္ငန္းေအာင္ျမင္လာလို႔ ၆ႏွစ္ အၾကာ အသက္၃၁ႏွစ္နဲ႔ငယ္ငယ္ရြယ္ရြယ္မွာပဲ မီလီယံနာသူေ႒းတေယာက္ျဖစ္သြားတယ္။
ဂ်င္မ္ဟာ မီလီယံနာသူေ႒းျဖစ္ၿပီးေနာက္ပိုင္းမွာ စီးပြားေရးမလုပ္ေတာ့ပါဘူး။ ႀကီးပြားခ်မ္းသာေအာင္လုပ္နည္းနဲ႔ပတ္သက္တဲ့ေဟာေျပာပဲြေတြမွာလိုက္ေဟာေျပာတယ္။ လူေပါင္းမ်ားစြာေစ်းႀကီးေပးၿပီး သူ႔ေဟာေျပာပြဲကိုတက္ေရာက္နားေထာင္ၾကတယ္။ ေဟာေျပာခဝင္ေငြေတြအမ်ားႀကီးရသလို အဲဒီေခတ္က အေမရိကန္ႏိုင္ငံမွာ ေအာင္ျမင္ႀကီးပြားေရးေဟာေျပာသူေတြထဲမွာ ထင္ရွားအေက်ာ္ၾကားဆံုးပုဂၢိဳလ္တေယာက္ျဖစ္လာခဲ့ပါတယ္။

ဂ်င္မ္ ဘာလို႔ ႀကီးပြားခ်မ္းသာသြားတာလဲ။ အေျဖက...
၁။ သူ႔မွာႀကီးပြားခ်မ္းသာခ်င္တဲ့ျပင္းျပတဲ့စိတ္ဆႏၵ(Burning_Desire)ရွိတယ္။
၂။ သူ႔အေနအထိုင္ အက်င့္စ႐ိုက္ေတြကို လံုးဝျပဳျပင္ေျပာင္းလဲလိုက္တယ္။
၃။ စာအုပ္ေတြဖတ္တယ္ ေလ့လာတယ္ ဖတ္ထားတာေတြကို အသံုးခ်တယ္။
၄။ အၾကံေကာင္းေပးတတ္တဲ့Earl_Shoaffနဲ႔ဆံုေတြ႕ခြင့္ရလိုက္တယ္။ ဒါကိုေတာ့ ကံေကာင္းတယ္လို႔ေျပာရမလားပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Bamaw Thein Pe

# Unicode Version #
၁၉၅၅ ခုနှစ် ရဲ့နေ့တနေ့မှာ အသက်၂၅နှစ် အရွယ်အမေရိကန်လူငယ်လေး Jim_Rohn (ဂျင်မ်)ကို
သူအလုပ်ပိုင်ရှင် အမေရိကန် မီလီယံနာသူေဋ္ဌးကြီး John_Earl_Shoaff_(ဂျွန်အားလ်ရှော့) က မေးခွန်းတခုမေးလိုက်ပါတယ်။

"ဂျင်မ် မင်းငါ့ကုမ္ပဏီမှာ အလုပ်လုပ်နေတာ ၆နှစ်ရှိသွားပြီ။ မင်းပိုက်ဆံ ဘယ်လောက်စုမိပြီလဲ" တဲ့။
ဂျင်မ်ကလဲ "သူေဋ္ဌးကြီးခင်ဗျား ကျနော်တပြားမှမစုမိပါဘူး။ ရတဲ့လခကလဲ ကျနော့်အသုံးစရိတ်ကာမိရုံပဲ ရှိပါတယ်။ လစာလေးနဲနဲတိုးလိုက် ကုန်ဈေးနူန်းတက်လိုက်မို့ ဘာမှမကျန်လို့ မစုနိုင်တာပါ"လို့ရိုးရိုးသားသားလေးပဲဖြေလိုက်ပါတယ်။

လူငယ်လေးဂျင်မ်ဟာ အလုပ်ကိုအရမ်းကြိုးစားလုပ်ကိုင်တတ်သူတယောက်မို့ သူေဋ္ဌးကြီးက အလွန်သဘောကျတယ်။ သူေဋ္ဌးကြီးက ဆက်ပြောတယ်။ "မင်း ကြီးပွားချမ်းသာချင်သလား" တဲ့။
ဂျင်မ်ကလဲ "ဗျာ ချမ်းသာချင်တာပေါ့။ ချမ်းသာအောင် ဘယ်လိုလုပ်ရမှန်းမသိလို့ပါ"။
သူေဋ္ဌးကြီးက"မင်းအလုပ်လုပ်နေတာ၆နှစ်ရှိသွားလို့ ဘာမှလဲမစုမိဘူးမဟုတ်လား။ မင်း ဒီအတိုင်းဆက်လုပ်နေရင် နောက်၆နှစ်လဲ ဒီအတိုင်းဖြစ်နေမှာပဲ။ အဲဒီတော့ တကယ်ချမ်းသာချင်ရင် မင်းဘဝကိုပြောင်းလဲပစ်ရလိမ့်မယ်။ ပြောင်းလဲနိုင်မလား"တဲ့။

ဂျင်မ်က သူေဋ္ဌးကြီးကို ဘယ်လိုမျိုးပြောင်းလဲရမှာလဲလိုပြန့်မေးတော့ သူေဋ္ဌးကြီးက "မင်း အလုပ်မှာ ကြိုးစားတာထက် မင်းကိုယ်တိုင်အတွက်ပိုပြီး ကြိုးစားပါ"တဲ့။ သူေဋ္ဌးကြီးရဲ့အကြံပေးချက်ဟာ တိုတိုလေးပါ။ ဒါပေမယ့် အဲဒီစကားတိုတိုလေးဟာ ဂျင်မ်ရဲ့အသိအမြင်ကိုပွင့်သွားစေခဲ့ပါတယ်။ သူေဋ္ဌးကြီးပြောတဲ့အတိုင်း သူအတွက်ကြိုးစားလိုက်တာ ဂျင်မ်ဟာ အသက်၃၁နှစ်အရွယ်မှာ မီလီယံနာသူေဋ္ဌးတယောက်ဖြစ်သွားခဲ့ပါတယ်။ အဲဒီခေတ်က အမေရိကန်နိုင်ငံမှာ မီလီယံနာသူေဋ္ဌးဆိုတာ လက်ချိုးရေတွက်လို့ရလောက်အောင် အလွန်ကိုနည်းပါတယ်။

ဒီစာကိုဖတ်နေသူတွေအနေနဲ့ ဂျင်မ်ဟာ သူ့အတွက်ဘာတွေကြိုးစားခဲ့လို့ ၆နှစ် အတွင်းပိုက်ဆံတပြားမှမစုနိုင်တဲ့လူငယ်လေးကနေ မီလီယံနာသူေဋ္ဌးကြီးဖြစ်သွားရတာလဲလို့ သိချင်နေမှာပါ။

သူေဋ္ဌးကြီးရဲ့အကြံပေးစကားမကြားခင် ဂျင်မ်တယောက် ၆နှစ် တာကာလကို ဘယ်လိုကုန်ဆုံးခဲ့သလဲကြည့်ကြရအောင်။ ဂျင်မ်ဟာ အလုပ်ထဲမှာ အရမ်းကြိုးစားလုပ်တယ်။ အလုပ်မှာပင်ပန်းတယ်လို့သူ့ကိုယ်သူအကြောင်းပြပြီး အလုပ်ကပြန် အိမ်ရောက်ညစာစားပြီးတာနဲ့ သူငယ်ချင်းတွေနဲ့ကော်ဖီဆိုင်ပြီး ထွေရာလေးပါးစကားတွေလျှောက်ပြောကြတယ်။ ညမိုးကြီးချုပ်မှပြန်လာတယ်။ ပြန်ရောက်တာနဲ့အိပ်ယာထဲဝင်တယ်။ တခါတလေအပြင်မထွက်ဖြစ်ရင် အိမ်မှာဘီယာလေးနဲ့ငြိမ့်နေလေ့ရှိတယ်။ တခါတလေ တီဗွီထိုင်ကြည့်နေတယ်။ ညနက်ရောက်တော့ အိပ်ယာဝင်လိုက်တယ်။ သူ့မှာ ကြီးပွားချမ်းသာချင်စိတ်တော့ရှိတယ်။ တနေ့တော့ ကံကောင်းရင် ချမ်းသာလာမယ်လို့မျှော်လင့်နေတယ်။ သူမျော်လင့်နေတဲ့ကံကောင်းတဲ့နေ့ဆိုတာ ၆နှစ် သာကြာသွားတယ် ရောက်မလာပါဘူး။ သူ့ဘဝဟာ ဒုံရင်းပါပဲ။

သူေဋ္ဌးကြီးအကြံပေးချက်ကိုကြားပြီး နောက်တရက်ကစပြီး သူ့ကိုယ်သူပြောင်းလဲပစ်လိုက်တယ်။ ဘာတွေပြောင်းလဲလိုက်တာလဲ။ အလုပ်ကပြန်တာနဲ့ထမင်းစာပြီး သူငယ်ချင်းတွေနဲ့ကော်ဖီဆိုင်သွားမထိုင်တော့ဘူး။ အိမ်ကခပ်လှမ်းလှမ်းမှာရှိတဲ့ စာကြည့်တိုက်ကိုသွားတယ်။ စာကြည့်တိုက်ပိတ်တဲ့ ည၁၁နာရီထိ စာအုပ်တွေဖတ်တယ်။ ပရိသတ်ကိုစကားပြောနည်း ဖေါက်သည်တယောက်ကို ဈေးဝယ်ချင်အောင် ဆွဲဆောင်နည်း ဈေးကွက်ရှာဖွေခြင်း ငွေစာရင်းတွက်ချက်နည်း အစုရှယ်ယာအကြောင်းစတာတွေ အသဲအသန်ဖတ်ပြီးလေ့လာတော့တယ်။ သူဟာ ကောလိပ်တပိုင်းတစနဲ့ကျောင်းထွက်အလုပ်လုပ်လို့ ဘွဲ့တခုတောင်မရခဲ့ပါဘူး။

တနှစ်လောက် ရုံးဖွင့်ရက်ညတိုင်းနဲ့ ရုံးပိတ်ရက်ဆို တနေကုန်စာတွေဖတ်လိုက်တာ ကုမ္ပဏီကသူ့အရည်အချင်းတွေတက်လာတာကိုသဘောကျပြီး ရာထူးတိုးပေးတယ်။ နောက်ထပ်တနှစ်ကြာပြန်တော့ အရည်အချင်းတွေပိုတိုးတက်လာတာနဲ့အမျှ ရာထူးတိုးခံရ လစာအတိုးခံခဲ့ရပြန်တယ်။ နောက်နှစ်အနဲငယ်ကြာတော့ သူ အရည်အချင်းကိုသူယုံကြည်လို့ အလုပ်ကထွက်ပြီး ကိုယ်ပိုင်ကုမ္ပဏီထောင်တယ်။ လုပ်ငန်းအောင်မြင်လာလို့ ၆နှစ် အကြာ အသက်၃၁နှစ်နဲ့ငယ်ငယ်ရွယ်ရွယ်မှာပဲ မီလီယံနာသူေဋ္ဌးတယောက်ဖြစ်သွားတယ်။
ဂျင်မ်ဟာ မီလီယံနာသူေဋ္ဌးဖြစ်ပြီးနောက်ပိုင်းမှာ စီးပွားရေးမလုပ်တော့ပါဘူး။ ကြီးပွားချမ်းသာအောင်လုပ်နည်းနဲ့ပတ်သက်တဲ့ဟောပြောပွဲတွေမှာလိုက်ဟောပြောတယ်။ လူပေါင်းများစွာဈေးကြီးပေးပြီး သူ့ဟောပြောပွဲကိုတက်ရောက်နားထောင်ကြတယ်။ ဟောပြောခဝင်ငွေတွေအများကြီးရသလို အဲဒီခေတ်က အမေရိကန်နိုင်ငံမှာ အောင်မြင်ကြီးပွားရေးဟောပြောသူတွေထဲမှာ ထင်ရှားအကျော်ကြားဆုံးပုဂ္ဂိုလ်တယောက်ဖြစ်လာခဲ့ပါတယ်။

ဂျင်မ် ဘာလို့ ကြီးပွားချမ်းသာသွားတာလဲ။ အဖြေက...
၁။ သူ့မှာကြီးပွားချမ်းသာချင်တဲ့ပြင်းပြတဲ့စိတ်ဆန္ဒ(Burning_Desire)ရှိတယ်။
၂။ သူ့အနေအထိုင် အကျင့်စရိုက်တွေကို လုံးဝပြုပြင်ပြောင်းလဲလိုက်တယ်။
၃။ စာအုပ်တွေဖတ်တယ် လေ့လာတယ် ဖတ်ထားတာတွေကို အသုံးချတယ်။
၄။ အကြံကောင်းပေးတတ်တဲ့Earl_Shoaffနဲ့ဆုံတွေ့ခွင့်ရလိုက်တယ်။ ဒါကိုတော့ ကံကောင်းတယ်လို့ပြောရမလားပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Bamaw Thein Pe
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top