Golden City Promotion
×

ဒါေလးကေတာ့ အင္တာနက္မွာ လူစိတ္ဝင္စားၾကတဲ့ အရာေလးပါပဲ ။ တံခါးခ်ပ္ ၅ခ်ပ္ေပးထားတယ္။ ကိုယ္ေရြးလိုက္တဲ့ တံခါးခ်ပ္က ကိုယ့္အေၾကာင္းကို ေျပာျပေနတယ္လို႔ ဆိုပါတယ္ ။ဒီေတာ့ စိတ္ထဲကေန တံခါးတစ္ခ်ပ္ကို ေရြးခ်ယ္လိုက္ပါ ။ ျပီးရင္ေတာ့ ေအာက္မွာ မွန္၊မမွန္ ၾကည့္လိုက္ရ ေအာင္….

၁။အစိမ္းေရာင္တံခါး

အစိမ္းေရာင္တံခါးေပါက္ကို ေရြးခ်ယ္ခဲ့မယ္ဆိုလွ်င္ သင္ဟာ အရာရာကို အေလးအနက္ထားတတ္သူ တစ္ဦးျဖစ္ပါတယ္ ။ သင့္ရဲ႔ အားသာခ်က္ကေတာ့ အျခားသူေတြအေပၚမွာ ဂရုစိုက္ေပးတတ္တာပဲ ျဖစ္ျပီး သင္ဟာ အေကာင္းျမင္တတ္တဲ့ စိတ္ေလးလည္း ရွိပါတယ္ ။ အျခားသူေတြရဲ႕ စကားကိုလည္း ေကာင္းစြာနားေထာင္တတ္သူ ျဖစ္ျပီး သူငယ္ခ်င္းအတြက္လည္း အၾကံေကာင္းေတြ ေပးတတ္တဲ့ သူတစ္ဦးပါ ။

၂။အျပာေရာင္တံခါး

အျပာေရာင္တံခါးကို ေရြးခ်ယ္ခဲ့လွ်င္ေတာ့ အၿမဲတမ္း စူးစမ္းေလ့လာေနတတ္ျပီး သူမ်ားနဲ႔မတူတဲ့ စြမ္းရည္ေတြ ပိုင္ဆိုင္ထားသူတစ္ေယာက္ပါ ။ သင့္မွာ ခြဲျခမ္းစိတ္ျဖာနိုင္တဲ့ စြမ္းရည္ရွိျပီး ေဒါသလည္း ထြက္ခဲပါတယ္ ။ ကိုယ့္ကိုကိုယ္ ထိန္းခ်ဳပ္နိုင္ျခင္း နဲ႔ စည္းကမ္းလိုက္နာျခင္းကေတာ့ သင့္ရဲ႔ အေကာင္းဆံုး ပင္ကုိယ္စြမ္းရည္ပါပဲ ။

၃။မီးခုိးေရာင္တံခါး
မီးခိုးေရာင္တံခါးကို ေရြးခ်ယ္ခဲ့ရင္ေတာ့ သင့္ကိုယ္သင္အပါအဝင္ အရာရာကို ဂရုတစိုက္ရွိသူတစ္ေယာက္လို႔ ဆိုပါတယ္ ။ လူမႈေပါင္းသင္းဆက္ဆံေရးမွာလည္း အၿမဲတမ္း ညီမွ်ေအာင္ ၾကိဳးစားေနထိုင္တတ္ပါတယ္ ။ သင့္ရဲ႔ ပထမဦးစားေပးကေတာ့ အလုပ္ၾကိဳးစားျခင္းပါပဲ ။ တာဝန္ယူထားတဲ့အလုပ္ မျပီးမခ်င္း အနားမယူတတ္သလို အလုပ္ျပီးေျမာက္သြားတာကလည္း သင့္ရဲ႕ ေပ်ာ္ရႊင္မႈပါ ။ ရည္ရည္မြန္မြန္လည္း ရွိတဲ့သူတစ္ေယာက္ ျဖစ္ပါတယ္ ။

၄။အနီေရာင္တံခါး

အနီေရာင္တံခါးခ်ပ္ကို ေရြးခ်ယ္ခဲ့လွ်င္ေတာ့ သင့္ရဲ႕ ေမြးဖြားမႈက သူမ်ားနွင့္မတူ ထူးျခားျပီး အျမင္အာရံုမွာလည္း အားေကာင္းသူတစ္ဦး ျဖစ္ပါတယ္ ။ ဆံုးျဖတ္ခ်က္ကို ျမန္ျမန္ခ်နိုင္ျပီး ျပႆနာတိုင္းအတြက္လည္း အေျဖတစ္ခုက သင့္စိတ္ထဲမွာ အၿမဲရွိျပီးသားပါ ။ ထူးျခားေကာင္းမြန္တဲ့ ကိုယ္ရည္ကိုယ္ေသြး ရွိသူတစ္ေယာက္အျဖစ္ အျခားသူေတြရဲ႕ အျမင္မွာ အၿမဲရွိေနတတ္ပါတယ္ ။ မယံုၾကည္နိုင္ဖြယ္ရာ စိတ္ကူးအိမ္မက္ ရည္မွန္းခ်က္ေတြလည္း ရွိသူတစ္ေယာက္ပါ ။

၅။ခရမ္းေရာင္တံခါး

သင့္မွာ နွစ္လိုဖြယ္ရာေကာင္းတဲ့ ပေဟဠိဆန္ဆန္ ညိွိဳ႔အားရွိျပီး အနုပညာနဲ႔ပတ္သတ္ရင္ ျပိဳင္ဘက္ကင္းတဲ့ အစြမ္းအစေတြ ရွိေနနိုင္ပါတယ္ ။ အလြန္ကို ေႏြးေထြးျပီး ကူညီတတ္ကာ အရာရာမွာ ဂရုတစိုက္ စူးစမ္းေလ့လာတတ္တဲ့ စြမ္းရည္ေၾကာင့္ သင့္ရဲ႔ ေနထိုင္မႈဘဝမွာ အၿမဲတမ္း အဆင္ေျပေစပါတယ္ ။ သင့္ရဲ႕ ကိုယ္ရည္ကိုယ္ေသြး နဲ႔ ဆြဲေဆာင္မႈရွိလြန္းတာကေတာ့ အျမင္သာဆံုးအရာေတြပါပဲ ။ စိတ္ကူးေတြနဲ႔ ျပည့္ေနတတ္ျပီး ကိုယ္ခ်င္းစာစိတ္ အလြန္ရွိတဲ့ သူတစ္ေယာက္လည္း ျဖစ္ပါတယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: CHAN (ေရႊအင္းေလး)

#Unicode Version#
ဒါလေးကတော့ အင်တာနက်မှာ လူစိတ်ဝင်စားကြတဲ့ အရာလေးပါပဲ ။ တံခါးချပ် ၅ချပ်ပေးထားတယ်။ ကိုယ်ရွေးလိုက်တဲ့ တံခါးချပ်က ကိုယ့်အကြောင်းကို ပြောပြနေတယ်လို့ ဆိုပါတယ် ။ဒီတော့ စိတ်ထဲကနေ တံခါးတစ်ချပ်ကို ရွေးချယ်လိုက်ပါ ။ ပြီးရင်တော့ အောက်မှာ မှန်၊မမှန် ကြည့်လိုက်ရ အောင်….

၁။အစိမ်းရောင်တံခါး

အစိမ်းရောင်တံခါးပေါက်ကို ရွေးချယ်ခဲ့မယ်ဆိုလျှင် သင်ဟာ အရာရာကို အလေးအနက်ထားတတ်သူ တစ်ဦးဖြစ်ပါတယ် ။ သင့်ရဲ့ အားသာချက်ကတော့ အခြားသူတွေအပေါ်မှာ ဂရုစိုက်ပေးတတ်တာပဲ ဖြစ်ပြီး သင်ဟာ အကောင်းမြင်တတ်တဲ့ စိတ်လေးလည်း ရှိပါတယ် ။ အခြားသူတွေရဲ့ စကားကိုလည်း ကောင်းစွာနားထောင်တတ်သူ ဖြစ်ပြီး သူငယ်ချင်းအတွက်လည်း အကြံကောင်းတွေ ပေးတတ်တဲ့ သူတစ်ဦးပါ ။

၂။အပြာရောင်တံခါး

အပြာရောင်တံခါးကို ရွေးချယ်ခဲ့လျှင်တော့ အမြဲတမ်း စူးစမ်းလေ့လာနေတတ်ပြီး သူများနဲ့မတူတဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားသူတစ်ယောက်ပါ ။ သင့်မှာ ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ စွမ်းရည်ရှိပြီး ဒေါသလည်း ထွက်ခဲပါတယ် ။ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်ခြင်း နဲ့ စည်းကမ်းလိုက်နာခြင်းကတော့ သင့်ရဲ့ အကောင်းဆုံး ပင်ကိုယ်စွမ်းရည်ပါပဲ ။

၃။မီးခိုးရောင်တံခါး
မီးခိုးရောင်တံခါးကို ရွေးချယ်ခဲ့ရင်တော့ သင့်ကိုယ်သင်အပါအဝင် အရာရာကို ဂရုတစိုက်ရှိသူတစ်ယောက်လို့ ဆိုပါတယ် ။ လူမှုပေါင်းသင်းဆက်ဆံရေးမှာလည်း အမြဲတမ်း ညီမျှအောင် ကြိုးစားနေထိုင်တတ်ပါတယ် ။ သင့်ရဲ့ ပထမဦးစားပေးကတော့ အလုပ်ကြိုးစားခြင်းပါပဲ ။ တာဝန်ယူထားတဲ့အလုပ် မပြီးမချင်း အနားမယူတတ်သလို အလုပ်ပြီးမြောက်သွားတာကလည်း သင့်ရဲ့ ပျော်ရွှင်မှုပါ ။ ရည်ရည်မွန်မွန်လည်း ရှိတဲ့သူတစ်ယောက် ဖြစ်ပါတယ် ။

၄။အနီရောင်တံခါး

အနီရောင်တံခါးချပ်ကို ရွေးချယ်ခဲ့လျှင်တော့ သင့်ရဲ့ မွေးဖွားမှုက သူများနှင့်မတူ ထူးခြားပြီး အမြင်အာရုံမှာလည်း အားကောင်းသူတစ်ဦး ဖြစ်ပါတယ် ။ ဆုံးဖြတ်ချက်ကို မြန်မြန်ချနိုင်ပြီး ပြဿနာတိုင်းအတွက်လည်း အဖြေတစ်ခုက သင့်စိတ်ထဲမှာ အမြဲရှိပြီးသားပါ ။ ထူးခြားကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေး ရှိသူတစ်ယောက်အဖြစ် အခြားသူတွေရဲ့ အမြင်မှာ အမြဲရှိနေတတ်ပါတယ် ။ မယုံကြည်နိုင်ဖွယ်ရာ စိတ်ကူးအိမ်မက် ရည်မှန်းချက်တွေလည်း ရှိသူတစ်ယောက်ပါ ။

၅။ခရမ်းရောင်တံခါး

သင့်မှာ နှစ်လိုဖွယ်ရာကောင်းတဲ့ ပဟေဠိဆန်ဆန် ညှို့အားရှိပြီး အနုပညာနဲ့ပတ်သတ်ရင် ပြိုင်ဘက်ကင်းတဲ့ အစွမ်းအစတွေ ရှိနေနိုင်ပါတယ် ။ အလွန်ကို နွေးထွေးပြီး ကူညီတတ်ကာ အရာရာမှာ ဂရုတစိုက် စူးစမ်းလေ့လာတတ်တဲ့ စွမ်းရည်ကြောင့် သင့်ရဲ့ နေထိုင်မှုဘဝမှာ အမြဲတမ်း အဆင်ပြေစေပါတယ် ။ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေး နဲ့ ဆွဲဆောင်မှုရှိလွန်းတာကတော့ အမြင်သာဆုံးအရာတွေပါပဲ ။ စိတ်ကူးတွေနဲ့ ပြည့်နေတတ်ပြီး ကိုယ်ချင်းစာစိတ် အလွန်ရှိတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit: CHAN (ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top