ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ယမန္ေန႔ညက ေပါက္ကြဲမႈျဖစ္ပြားခဲ့ေသာ ဆိုင္ကယ္ကို တာ၀န္ရွိသူမ်ားစစ္ေဆးေနစဥ္ (ဓာတ္ပံု − ထက္သာဦး)

မႏၲေလးၿမိဳ႕ ခ်မ္းေအး သာစံၿမိဳ႕နယ္ ၇၄ လမ္း၊ ၂၈ လမ္းႏွင့္ ၂၉ လမ္းၾကားတြင္ က်င္းပေနသည့္ ရပ္ကြက္ဘုရား ပြဲတစ္ခု၌ ဇာတ္ပြဲကျပေနခ်ိန္ အတြင္းစက္တင္ဘာ ၂၈ ရက္ည ၁၀ နာရီခန္႔က ဆုိုင္ကယ္မွတစ္ ဆင့္ ေပါက္ကြဲမႈျဖစ္ပြားၿပီး အမ်ိဳး သားတစ္ဦး ထိခုိက္ဒဏ္ရာရခဲ့ သည္။

‘‘၉ နာရီ ၅၀ မိနစ္က ျဖစ္ တာ။ ၁၂၅ ဆုိင္ကယ္မွာ ကီးပက္ ဖုန္းနဲ႔ ကပ္ထားတယ္လုိ႔ယူဆရ တယ္။ ဖုန္းသံျမည္ေတာ့ ေပါက္ ကြဲသြားတယ္။ ဒဏ္ရာရတဲ့သူက ရတနာပုံေစ်းသားသတ္၀န္ထမ္း လုိ႔ေတာ့ သိထားတယ္။ အခုထိ ေတာ့ အေသးစိတ္စစ္ေဆးေနဆဲ ပါ’’ ဟု အခင္းျဖစ္ေနရာသုိ႔ ေရာက္ရွိေနသည့္ တာ၀န္က်ရဲ အရာရွိတစ္ဦးက ေျပာသည္။

‘‘အုန္းခနဲဆုိၿပီး အသံၾကား လုိက္တယ္။ စာသင္ေနရင္းနဲ႔ကုိ လန္႔သြားတာ။ အိမ္ေတာင္တုန္ သြားတယ္’’ ဟု ေပါက္ကြဲမႈျဖစ္ ပြားရာ ေနရာအနီးရွိေနအိမ္မွ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

ဒဏ္ရာရသည့္အမ်ိဳးသား  သည္ အသက္(၂၅)ႏွစ္အရြယ္ ျဖစ္ၿပီး ၀မ္းဗုိက္ႏွင့္ ေပါင္တို႔တြင္ ထိခုိက္ခဲ့သည္ဟု မႏၲေလးေဆး႐ုံ ႀကီးမွ တာ၀န္က်ရဲအရာရွိကေျပာ သည္။

ေပါက္ကြဲမႈျဖစ္စဥ္ကုိ ရဲ တပ္ဖြဲ႕တာ၀န္ရွိသူမ်ားက စိစစ္ ေနဆဲျဖစ္ၿပီး မည္သည့္အတြက္ ေၾကာင့္ ေပါက္ကြဲသည္ကုိ မသိရ ေသးေၾကာင္း ရဲအရာရွိမ်ားက ေျပာသည္။ ေပါက္ကြဲမႈျဖစ္ပြားခဲ့ ေသာ္လည္း ဇာတ္ပြဲကျပေဖ်ာ္ေျဖ မႈကိုမူ မရပ္ဆိုင္းခဲ့ဟု ပြဲၾကည့္ေန သူတစ္ဦးက ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
ယမန်နေ့ညက ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ဆိုင်ကယ်ကို တာဝန်ရှိသူများစစ်ဆေးနေစဉ် (ဓာတ်ပုံ − ထက်သာဦး)

မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ် ၇၄ လမ်း၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြားတွင် ကျင်းပနေသည့် ရပ်ကွက်ဘုရား ပွဲတစ်ခု၌ ဇာတ်ပွဲကပြနေချိန် အတွင်းစက်တင်ဘာ ၂၈ ရက်ည ၁၀ နာရီခန့်က ဆိုင်ကယ်မှတစ် ဆင့် ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုး သားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ သည်။

‘‘၉ နာရီ ၅၀ မိနစ်က ဖြစ် တာ။ ၁၂၅ ဆိုင်ကယ်မှာ ကီးပက် ဖုန်းနဲ့ ကပ်ထားတယ်လို့ယူဆရ တယ်။ ဖုန်းသံမြည်တော့ ပေါက် ကွဲသွားတယ်။ ဒဏ်ရာရတဲ့သူက ရတနာပုံဈေးသားသတ်ဝန်ထမ်း လို့တော့ သိထားတယ်။ အခုထိ တော့ အသေးစိတ်စစ်ဆေးနေဆဲ ပါ’’ ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိနေသည့် တာဝန်ကျရဲ အရာရှိတစ်ဦးက ပြောသည်။

‘‘အုန်းခနဲဆိုပြီး အသံကြား လိုက်တယ်။ စာသင်နေရင်းနဲ့ကို လန့်သွားတာ။ အိမ်တောင်တုန် သွားတယ်’’ ဟု ပေါက်ကွဲမှုဖြစ် ပွားရာ နေရာအနီးရှိနေအိမ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

ဒဏ်ရာရသည့်အမျိုးသား  သည် အသက်(၂၅)နှစ်အရွယ် ဖြစ်ပြီး ဝမ်းဗိုက်နှင့် ပေါင်တို့တွင် ထိခိုက်ခဲ့သည်ဟု မန္တလေးဆေးရုံ ကြီးမှ တာဝန်ကျရဲအရာရှိကပြော သည်။

ပေါက်ကွဲမှုဖြစ်စဉ်ကို ရဲ တပ်ဖွဲ့တာဝန်ရှိသူများက စိစစ် နေဆဲဖြစ်ပြီး မည်သည့်အတွက် ကြောင့် ပေါက်ကွဲသည်ကို မသိရ သေးကြောင်း ရဲအရာရှိများက ပြောသည်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့ သော်လည်း ဇာတ်ပွဲကပြဖျော်ဖြေ မှုကိုမူ မရပ်ဆိုင်းခဲ့ဟု ပွဲကြည့်နေ သူတစ်ဦးက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top