ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

နာမည္ေက်ာ္ ရုပ္ရွင္မင္းသား တစ္ဦးျဖစ္ခဲ့သူ အကယ္ဒမီ ေက်ာ္ဟိန္းတစ္ျဖစ္လဲ ဦးဇင္း ကိတၱိသာရက ေနာက္ဘဝမွာ ရဟန္းဘဝကို လိုခ်င္လား၊ မင္းသားဘဝကို လိုခ်င္လား ဆိုတဲ့ ေမးခြန္းကို ေဖၾကားခဲ့ပါတယ္။ ပရိတ္သတ္တစ္ေယာက္က ေမးျမန္းခဲ့တာျဖစ္ပါတယ္။

သက္ေတာ္ ၇ဝ ျပည့္ေတာ့မွာျဖစ္တဲ့ ဦးဇင္းေက်ာ္ဟိန္းက ၾသစေၾတးလ်ႏိုင္ငံတြင္ သတင္းသံုးေနသည္။ အိမ္တစ္အိမ္တြင္ ေက်ာင္းအမွတ္ျဖင့္ သတင္းသံုးေနေၾကာင္းလည္း ေက်ာ္ဟိန္း၏ သားျဖစ္သူက ေျပာသည္။

ၾသစေၾတးလ်မွ ျမန္မာမ်ားကိုလည္း တရားမ်ား ေဟာၾကားေလ့ရွိၿပီး ပရိတ္သတ္က ေမးျမန္းမႈကို ေျဖၾကားလိုက္တာျဖစ္ပါတယ္။ ဦးကိတၱသာရက တရားကို ရိုးရိုးရွင္းရွင္း စကားေျပာဟန္ျဖင့္ ေဟာေလ့ရွိသည္။

ဦဇင္းေက်ာ္ဟိန္းကေတာ့ ‘’ဘာ မွမလုိခ်င္ေတာ့ဘူး’’ ဟု ေျဖဆိုလိုက္သည္။ သို႔ေသာ္လည္ အေျဖရွင္ ေက်နပ္ေအာင္ သူ႔ဘဝ၊ သူ႔ခံယူခ်က္မ်ားျဖင့္ အက်ယ္ေျဖဆိုထားသည္။ ၂၀၀၁ ခုႏွစ္က ၂၀၀၈ ခုႏွစ္တြင္ ရဟန္းဝတ္မယ္လို႔ တိုင္းျပည္ကို ေၾကျငာခဲ့ေၾကာင္၊ ၂၀၀၈ ခုႏွစ္တြင္ အမွန္တကယ္ စိတ္ပိုင္းျဖတ္ၿပ႔ီး ဝတ္ခဲ့ေၾကာင္း၊ အဓိကကေတာ့ စိတ္ပင္ ျဖစ္ေၾကာင္း ေျဖၾကားခဲ့သည္။

မင္းသားဘဝကိုလည္း ျပန္ၿပီး သတိမရေတာ့့ေၾကာင္း ရဟန္ဘဝမေရာက္ခင္ ၈ ႏွစ္တည္းက အားလံုးကို ျဖတ္ခဲ့ေၾကာင္း အကယ္ဒမီေက်ာ္ဟိန္းတစ္ျဖစ္လဲ ဦးကိတၱိသာရက မိန္႔ၾကားသည္။ အဂၤုလိမာလက ဘုရားရွင္၏ တရားကို တိုတိုနဲ႔ ခ်က္ခ်င္းသေဘာက္ခဲ့သလို သူလည္း စိတ္အေၾကာင္းကို သေဘာေပါက္ခဲ့သျဖင့္ ရဟန္းဝကို ယူလိုက္ျခင္းျဖစ္သည္။

လူ႔ဘေရာက္တုန္း တရားမလုပ္ရေသးလွ်င္ လုပ္ဖို႔လိုေၾကာင္း၊ အခ်ိန္သိပ္မရွိေတာ့ဘူ ဟုလည္းေျပာသည္။ သားႀကီး (ေဒြး) ရဲ့ အျဖစ္ကိုလည္း သံေဝဂယူဖို႔ မိန္႔ၾကားသြားသည္။။ လူေတြကလိမ္ေနေၾကာင္း ၾကာလွ်င္သတိမရၾကေတာ့ေၾကာင္းလည္း မိန္႔ၾကားခဲ့သည္။ ၾသစေၾတးလ်တြင္ တရာေဟာၾကားရင္း ေမးခြန္းမ်ား ျပန္လည္ေျဖဆိုေနတဲ့ဗီြဒီယိုဖိုင္ကို Mahar Bodhi ေဖ့စ္ဘြက္စာမ်က္ႏွာက တင္လိုက္ၿပီး လူၾကည့္မ်ားေနတာျဖစ္ပါတယ္
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  PannPwint

#Unicode version#
နာမည်ကျော် ရုပ်ရှင်မင်းသား တစ်ဦးဖြစ်ခဲ့သူ အကယ်ဒမီ ကျော်ဟိန်းတစ်ဖြစ်လဲ ဦးဇင်း ကိတ္တိသာရက နောက်ဘဝမှာ ရဟန်းဘဝကို လိုချင်လား၊ မင်းသားဘဝကို လိုချင်လား ဆိုတဲ့ မေးခွန်းကို ဖေကြားခဲ့ပါတယ်။ ပရိတ်သတ်တစ်ယောက်က မေးမြန်းခဲ့တာဖြစ်ပါတယ်။

သက်တော် ၇ဝ ပြည့်တော့မှာဖြစ်တဲ့ ဦးဇင်းကျော်ဟိန်းက သြစတြေးလျနိုင်ငံတွင် သတင်းသုံးနေသည်။ အိမ်တစ်အိမ်တွင် ကျောင်းအမှတ်ဖြင့် သတင်းသုံးနေကြောင်းလည်း ကျော်ဟိန်း၏ သားဖြစ်သူက ပြောသည်။

သြစတြေးလျမှ မြန်မာများကိုလည်း တရားများ ဟောကြားလေ့ရှိပြီး ပရိတ်သတ်က မေးမြန်းမှုကို ဖြေကြားလိုက်တာဖြစ်ပါတယ်။ ဦးကိတ္တသာရက တရားကို ရိုးရိုးရှင်းရှင်း စကားပြောဟန်ဖြင့် ဟောလေ့ရှိသည်။

ဦဇင်းကျော်ဟိန်းကတော့ ‘’ဘာ မှမလိုချင်တော့ဘူး’’ ဟု ဖြေဆိုလိုက်သည်။ သို့သော်လည် အဖြေရှင် ကျေနပ်အောင် သူ့ဘဝ၊ သူ့ခံယူချက်များဖြင့် အကျယ်ဖြေဆိုထားသည်။ ၂၀၀၁ ခုနှစ်က ၂၀၀၈ ခုနှစ်တွင် ရဟန်းဝတ်မယ်လို့ တိုင်းပြည်ကို ကြေငြာခဲ့ကြောင်၊ ၂၀၀၈ ခုနှစ်တွင် အမှန်တကယ် စိတ်ပိုင်းဖြတ်ပြ့ီး ဝတ်ခဲ့ကြောင်း၊ အဓိကကတော့ စိတ်ပင် ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

မင်းသားဘဝကိုလည်း ပြန်ပြီး သတိမရတော့ကြောင်း ရဟန်ဘဝမရောက်ခင် ၈ နှစ်တည်းက အားလုံးကို ဖြတ်ခဲ့ကြောင်း အကယ်ဒမီကျော်ဟိန်းတစ်ဖြစ်လဲ ဦးကိတ္တိသာရက မိန့်ကြားသည်။ အင်္ဂုလိမာလက ဘုရားရှင်၏ တရားကို တိုတိုနဲ့ ချက်ချင်းသဘောက်ခဲ့သလို သူလည်း စိတ်အကြောင်းကို သဘောပေါက်ခဲ့သဖြင့် ရဟန်းဝကို ယူလိုက်ခြင်းဖြစ်သည်။

လူ့ဘရောက်တုန်း တရားမလုပ်ရသေးလျှင် လုပ်ဖို့လိုကြောင်း၊ အချိန်သိပ်မရှိတော့ဘူ ဟုလည်းပြောသည်။ သားကြီး (ဒွေး) ရဲ့ အဖြစ်ကိုလည်း သံဝေဂယူဖို့ မိန့်ကြားသွားသည်။။ လူတွေကလိမ်နေကြောင်း ကြာလျှင်သတိမရကြတော့ကြောင်းလည်း မိန့်ကြားခဲ့သည်။ သြစတြေးလျတွင် တရာဟောကြားရင်း မေးခွန်းများ ပြန်လည်ဖြေဆိုနေတဲ့ဗွီဒီယိုဖိုင်ကို Mahar Bodhi ဖေ့စ်ဘွက်စာမျက်နှာက တင်လိုက်ပြီး လူကြည့်များနေတာဖြစ်ပါတယ်
ဖိုးသူတော် (www.phothutaw.com)
Credit:  PannPwint
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top