ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ခ်စ္တင္းေႏွာတယ္ဆုိတာ ကိုယ့္စိတ္အလုိျပည့္ရံုနဲ႕ ျပီးေျမာက္တဲ့ကိစၥရပ္ တစ္ခုေတာ့ မဟုတ္ပါဘူး။ ကိုယ့္ခ်စ္သူ၊ ကိုယ့္အိမ္ေထာင္ဖက္ကပါ ခ်စ္တင္းေႏွာေနခ်ိန္အတြင္း စိတ္ေက်နပ္မႈကို ခံစားႏိုင္ျပီး ေနာက္ထပ္ အတူေနမယ့္ အခါတိုင္း စိတ္ပါလက္ပါရွိေနဖုိ႕ကလည္း အေရးႀကီးျပန္ပါတယ္၊ ဒီေတာ့ သင့္အေနနဲ႕ေရာ၊ သင့္ခ်စ္သူ၊ အိမ္ေထာင္ဖက္ကပါ ႏွစ္ဦးစလံုးသိထားသင့္တဲ့ အခ်က္ေလးေတြ ေဖာ္ျပေပးခ်င္ပါတယ္၊

၁။ေဘးပတ္၀န္းက်င္၊ ကိုယ့္ေဘးနားက ရွိတဲ့အရာရာတုိင္းက သင့္စိတ္ကို ေျပာင္းလဲေစ။

သင္တုိ႕ႏွစ္ဦး ခ်စ္ရည္လူးမယ့္ အခန္းအေနအထား၊ မီးအမွိန္အေဖ်ာ့၊ ဖြင့္ထားတဲ့သီခ်င္း၊ သင့္ခ်စ္သူရဲ႕ အ၀တ္အစားစတာေတြကလည္း သင့္စိတ္ကို မ်ားစြာေျပာင္းလဲသြားေစပါတယ္။

၂။ေလ့က်င့္ခန္းပံုမွန္လုပ္ေပးဖုိ႕ လိုအပ္။

သင္ဟာ GYM မွန္မွန္ကစားတယ္၊ ေလ့က်င့္ခန္းမွန္မွန္လုပ္တယ္ဆုိရင္ သင္ဟာ သင့္ခ်စ္သူနဲ႕အတူေနတဲ့အခါ စိတ္သြားတုိင္းကိုယ္ပါသလို အရင္ထက္အမ်ားႀကီး ပုိအဆင္ေျပတာကို ေတြ႔ရပါလိမ့္မယ္။ ဒါ့အျပင္ အိပ္ယာထဲမွာ ကယ္လိုရီေတြ ေလာင္ကၽြမ္းသြားတာကလည္း သင့္အႀကိဳက္ျဖစ္မွာေပါ့။

၃။ခ်စ္သူကို ေပြ႔ဖက္ျခင္းဟာလည္း အေရးပါ။

ေလ့လာေတြ႔ရွိခ်က္ေတြအရေတာ့ သင့္ခ်စ္သူကုိ စကၠန္႕သံုးဆယ္တစ္ခါေလာက္ ေပြ႔ဖက္ေပးေနျခင္းဟာ သင့္ခ်စ္သူကိုေရာ သင့္ကိုပါ လိင္ဆက္ဆံျခင္းနဲ႕ ပတ္သက္တဲ့ ေဟာ္မုန္း oxytocin ကို ထုတ္လႊတ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ ေပြ႔ဖက္ျခင္းဟာ တစ္ဦးနဲ႕တစ္ဦး ယံုၾကည္တယ္ဆုိတာကိုလည္း ျပသေပးေနျပန္ပါတယ္။ ခ်စ္သူကို ေပြ႔ဖက္ခ်ိန္မွာ အသက္ျပင္းျပင္းရႈလိုက္ပါ။ အမ်ိဳးသားေတြဆီက ရႈထုတ္လိုက္တဲ့အနံ႔ဟာ တစ္ဖက္လူအတြက္ ခ်စ္စိတ္ကို ပိုႏႈိးဆြေပးႏိုင္တယ္လို႕ သိရတာေၾကာင့္ပါ။

၄။ဆက္စီက်က်ျဖစ္ေနေအာင္ တစ္ခုခုလုပ္ဖုိ႕လို။

အတူမေနခင္ ေရခ်ိဳးျပီး သင့္ခႏၶာကိုယ္ကို ေမႊးႀကိဳင္ေနေအာင္ လုပ္ထားတာမ်ိဳးဟာ သင့္အတြက္ ယံုၾကည္မႈတိုးေစတဲ့အျပင္ တစ္ဖက္လူေတြအတြက္လည္း ပိုဖီးလ္တက္ေစပါတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ ႏွစ္ဦးစလံုး အတူေနဖုိ႕ စိတ္ထည့္ထားဖုိ႕ကလည္း အေရးႀကီးတာပါပဲ။

၅။အစပ်ိဳးတာေလးေတြ လုပ္ေပးဖုိ႕လည္းလို။

ခ်စ္သူႏွစ္ဦး အတူမေနခင္ အရင္ဆံုး အထိအေတြ႔ေလးေတြ၊ နမ္းတာေလးေတြကို အဆင့္ဆင့္လုပ္ေပးဖုိ႕ လိုပါတယ္၊ ဒီေတာ့မွ သင့္စိတ္ထဲ မရိုးမရြျဖစ္လာျပီး အတူေနခ်င္စိတ္ေတြ ျပင္းျပလာမွာပါ။ ဒီအခ်က္ကလည္း အေရးႀကီးတဲ့ အခ်က္ပါပဲ။

၆။သူ႔အႀကိဳက္ ကုိယ့္အႀကိဳက္ သိပါေစ။

တစ္ေယာက္အႀကိဳက္က ဘယ္လုိဆုိတာ တစ္ေယာက္က သိထားမွသာ ႏွစ္ဦးသား စိတ္ေက်နပ္ေပ်ာ္ရႊင္မႈကို ရရွိမွာပါ။ ဒီေတာ့ တစ္ဦးနဲ႕တစ္ဦး ေမးျမန္းဖုိ႕လည္း မရွက္ပါနဲ႕။ သင့္ခ်စ္သူကို ပိုနားလည္ေလေလ သင္တုိ႕ႏွစ္ဦးရဲ႕ ခ်စ္တင္းေႏွာခ်ိန္ဟာ ပိုသာယာေလေလပါပဲ။

ဖုိးသူေတာ္ (www.phothutaw.com)
Credit :original writer

#Unicode Version#
ချစ်တင်းနှောတယ်ဆိုတာ ကိုယ့်စိတ်အလိုပြည့်ရုံနဲ့ ပြီးမြောက်တဲ့ကိစ္စရပ် တစ်ခုတော့ မဟုတ်ပါဘူး။ ကိုယ့်ချစ်သူ၊ ကိုယ့်အိမ်ထောင်ဖက်ကပါ ချစ်တင်းနှောနေချိန်အတွင်း စိတ်ကျေနပ်မှုကို ခံစားနိုင်ပြီး နောက်ထပ် အတူနေမယ့် အခါတိုင်း စိတ်ပါလက်ပါရှိနေဖို့ကလည်း အရေးကြီးပြန်ပါတယ်၊ ဒီတော့ သင့်အနေနဲ့ရော၊ သင့်ချစ်သူ၊ အိမ်ထောင်ဖက်ကပါ နှစ်ဦးစလုံးသိထားသင့်တဲ့ အချက်လေးတွေ ဖော်ပြပေးချင်ပါတယ်၊

၁။ဘေးပတ်ဝန်းကျင်၊ ကိုယ့်ဘေးနားက ရှိတဲ့အရာရာတိုင်းက သင့်စိတ်ကို ပြောင်းလဲစေ။

သင်တို့နှစ်ဦး ချစ်ရည်လူးမယ့် အခန်းအနေအထား၊ မီးအမှိန်အဖျော့၊ ဖွင့်ထားတဲ့သီချင်း၊ သင့်ချစ်သူရဲ့ အဝတ်အစားစတာတွေကလည်း သင့်စိတ်ကို များစွာပြောင်းလဲသွားစေပါတယ်။

၂။လေ့ကျင့်ခန်းပုံမှန်လုပ်ပေးဖို့ လိုအပ်။

သင်ဟာ GYM မှန်မှန်ကစားတယ်၊ လေ့ကျင့်ခန်းမှန်မှန်လုပ်တယ်ဆိုရင် သင်ဟာ သင့်ချစ်သူနဲ့အတူနေတဲ့အခါ စိတ်သွားတိုင်းကိုယ်ပါသလို အရင်ထက်အများကြီး ပိုအဆင်ပြေတာကို တွေ့ရပါလိမ့်မယ်။ ဒါ့အပြင် အိပ်ယာထဲမှာ ကယ်လိုရီတွေ လောင်ကျွမ်းသွားတာကလည်း သင့်အကြိုက်ဖြစ်မှာပေါ့။

၃။ချစ်သူကို ပွေ့ဖက်ခြင်းဟာလည်း အရေးပါ။

လေ့လာတွေ့ရှိချက်တွေအရတော့ သင့်ချစ်သူကို စက္ကန့်သုံးဆယ်တစ်ခါလောက် ပွေ့ဖက်ပေးနေခြင်းဟာ သင့်ချစ်သူကိုရော သင့်ကိုပါ လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်တဲ့ ဟော်မုန်း oxytocin ကို ထုတ်လွှတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ပွေ့ဖက်ခြင်းဟာ တစ်ဦးနဲ့တစ်ဦး ယုံကြည်တယ်ဆိုတာကိုလည်း ပြသပေးနေပြန်ပါတယ်။ ချစ်သူကို ပွေ့ဖက်ချိန်မှာ အသက်ပြင်းပြင်းရှုလိုက်ပါ။ အမျိုးသားတွေဆီက ရှုထုတ်လိုက်တဲ့အနံ့ဟာ တစ်ဖက်လူအတွက် ချစ်စိတ်ကို ပိုနှိုးဆွပေးနိုင်တယ်လို့ သိရတာကြောင့်ပါ။

၄။ဆက်စီကျကျဖြစ်နေအောင် တစ်ခုခုလုပ်ဖို့လို။

အတူမနေခင် ရေချိုးပြီး သင့်ခန္ဓာကိုယ်ကို မွှေးကြိုင်နေအောင် လုပ်ထားတာမျိုးဟာ သင့်အတွက် ယုံကြည်မှုတိုးစေတဲ့အပြင် တစ်ဖက်လူတွေအတွက်လည်း ပိုဖီးလ်တက်စေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဦးစလုံး အတူနေဖို့ စိတ်ထည့်ထားဖို့ကလည်း အရေးကြီးတာပါပဲ။

၅။အစပျိုးတာလေးတွေ လုပ်ပေးဖို့လည်းလို။

ချစ်သူနှစ်ဦး အတူမနေခင် အရင်ဆုံး အထိအတွေ့လေးတွေ၊ နမ်းတာလေးတွေကို အဆင့်ဆင့်လုပ်ပေးဖို့ လိုပါတယ်၊ ဒီတော့မှ သင့်စိတ်ထဲ မရိုးမရွဖြစ်လာပြီး အတူနေချင်စိတ်တွေ ပြင်းပြလာမှာပါ။ ဒီအချက်ကလည်း အရေးကြီးတဲ့ အချက်ပါပဲ။

၆။သူ့အကြိုက် ကိုယ့်အကြိုက် သိပါစေ။

တစ်ယောက်အကြိုက်က ဘယ်လိုဆိုတာ တစ်ယောက်က သိထားမှသာ နှစ်ဦးသား စိတ်ကျေနပ်ပျော်ရွှင်မှုကို ရရှိမှာပါ။ ဒီတော့ တစ်ဦးနဲ့တစ်ဦး မေးမြန်းဖို့လည်း မရှက်ပါနဲ့။ သင့်ချစ်သူကို ပိုနားလည်လေလေ သင်တို့နှစ်ဦးရဲ့ ချစ်တင်းနှောချိန်ဟာ ပိုသာယာလေလေပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit :original writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top