ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ကင္ညာႏုိင္ငံအတြင္းက Umoja လို႔အမည္ရတဲ့ ရြာေလးတစ္ရြာဟာ အမ်ိဳးသားေတြလံုးဝ ေနခြင့္မရွိတဲ့ ရြာျဖစ္ပါတယ္။ အဲဒီရြာကိုစတင္တည္ေထာင္ခဲ့စဥ္ကတည္းက အမ်ိဳးသားေတြကို အလာမခံသလို ေက်းရြာသား အျဖစ္လည္း အသိအမွတ္မျပဳပါဘူး။

ကင္ညာႏိုင္ငံအတြင္းမွာ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြရဲ႕ ႏိုင္ထက္စီးနင္းျပဳလုပ္ျခင္း ခံရတာကို ဆန္႔က်င္တဲ့အေနနဲ႔ အဲဒီရြာကေလးဟာ အမ်ိဳးသားေတြကို လက္မခံတာျဖစ္ပါတယ္။ ၁၉၉၀ ခုႏွစ္ေရာက္မွ စတည္တည္ေထာင္ခဲ့တဲ့ Umoja ရြာမွာ အခုဆိုရင္ အမ်ိဳးသမီးနဲ႔ကေလးဦးေရ ၂၄၇ ဦးရွိေနပါၿပီ။

ေယာက္်ားရဲ႕ ညွင္းပန္းႏွိပ္စက္မႈကိုခံရၿပီး ထြက္လာသူေတြ၊ မုဒိန္းက်င့္ခံရသူေတြနဲ႔ အၾကမ္းဖက္ခံရသူအမ်ိဳးသမီးေတြကို ဦးစားေပးလက္ခံတဲ့ ဒုကၡသည္စခန္းေလး တစ္ခုလို႔လည္း ဆိုႏုိင္ပါတယ္။ရြာအတြင္းမွာ ေနထုိင္တဲ့အမ်ိဳးသမီးေတြဟာ ေဒသထြက္ေက်ာက္မ်က္ရတနာေတြေရာင္းခ်ျခင္းအျပင္ ခရီးသြားဧည့္သည္ေတြဆီက ဝင္ေငြရၾကပါတယ္။ရြာအတြင္းကိုခရီးသြားဧည့္သည့္ ေယာက်္ားဝင္ခြင့္မရွိဘူးလို႔ အမိန္႔မထုတ္ထားေပမယ့္ အၾကာႀကီးေတာ့ ေနလို႔မရပါဘူး။

ၿဗိတိန္စစ္သားေတြရဲ႕ အႏိုင္က်င့္ေစာ္ကားမႈကို ခံခဲ့ရတဲ့ အမ်ိဳးသမီး ၁၅ ဦးက Umoja ရြာကို စတင္တည္ေထာင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ အမ်ိဳးသမီးေတြခ်ည္း ေနတဲ့ေနရာျဖစ္လို႔ ၿခိမ္းေျခာက္အႏုိင္က်င့္ ခံရမႈအခ်ိဳ႕ေတာ့ ယေန႔တုိင္ ရွိေနဆဲျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သုတဇုန္

# Unicode Version #
ကင်ညာနိုင်ငံအတွင်းက Umoja လို့အမည်ရတဲ့ ရွာလေးတစ်ရွာဟာ အမျိုးသားတွေလုံးဝ နေခွင့်မရှိတဲ့ ရွာဖြစ်ပါတယ်။ အဲဒီရွာကိုစတင်တည်ထောင်ခဲ့စဉ်ကတည်းက အမျိုးသားတွေကို အလာမခံသလို ကျေးရွာသား အဖြစ်လည်း အသိအမှတ်မပြုပါဘူး။

ကင်ညာနိုင်ငံအတွင်းမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ နိုင်ထက်စီးနင်းပြုလုပ်ခြင်း ခံရတာကို ဆန့်ကျင်တဲ့အနေနဲ့ အဲဒီရွာကလေးဟာ အမျိုးသားတွေကို လက်မခံတာဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်ရောက်မှ စတည်တည်ထောင်ခဲ့တဲ့ Umoja ရွာမှာ အခုဆိုရင် အမျိုးသမီးနဲ့ကလေးဦးရေ ၂၄၇ ဦးရှိနေပါပြီ။

ယောက်ျားရဲ့ ညှင်းပန်းနှိပ်စက်မှုကိုခံရပြီး ထွက်လာသူတွေ၊ မုဒိန်းကျင့်ခံရသူတွေနဲ့ အကြမ်းဖက်ခံရသူအမျိုးသမီးတွေကို ဦးစားပေးလက်ခံတဲ့ ဒုက္ခသည်စခန်းလေး တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ရွာအတွင်းမှာ နေထိုင်တဲ့အမျိုးသမီးတွေဟာ ဒေသထွက်ကျောက်မျက်ရတနာတွေရောင်းချခြင်းအပြင် ခရီးသွားဧည့်သည်တွေဆီက ဝင်ငွေရကြပါတယ်။ရွာအတွင်းကိုခရီးသွားဧည့်သည့် ယောကျ်ားဝင်ခွင့်မရှိဘူးလို့ အမိန့်မထုတ်ထားပေမယ့် အကြာကြီးတော့ နေလို့မရပါဘူး။

ဗြိတိန်စစ်သားတွေရဲ့ အနိုင်ကျင့်စော်ကားမှုကို ခံခဲ့ရတဲ့ အမျိုးသမီး ၁၅ ဦးက Umoja ရွာကို စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေချည်း နေတဲ့နေရာဖြစ်လို့ ခြိမ်းခြောက်အနိုင်ကျင့် ခံရမှုအချို့တော့ ယနေ့တိုင် ရှိနေဆဲဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သုတဇုန်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top