ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

" ဆုတ္ေခတ္ "
~~~~~~~~~~~
ခုလူေတြ ေရွးကနဲ႔စာရင္
ေတာ္ေတာ္ ရုိင္းလာတယ္၊
ေတာ္ေတာ္ ဆိုးလာတယ္၊
သို႔ေသာ္ ေနာက္လာမယ့္ လူေတြနဲ႔စာရင္
ဒါေတြ ေတာ္ေတာ္ ေတာ္တယ္ေနာ္။
ေနာက္ေပါင္းရမယ့္လူေတြကလည္း ခုလိုလူမ်ိဳး၊
ခုလို ပတ္၀န္းက်င္မ်ိဳး မဟုတ္ေတာ့ဘူးဗ်။

ဆုတ္ေခတ္၊
နက္ျဖန္ခါ ဒီထက္ဆုတ္မယ္၊
ေနာက္ေန႔ ဒီထက္ဆုတ္မယ္။
တက္လိမ့္မယ္မထင္နဲ႔။

ဆုတ္ေခတ္၊
ဆုတ္တာက ရုိးရုိးဆုတ္တာမဟုတ္ဘူး၊
တလိမ့္လိမ့္ဆုတ္ေနတာ။ မ်ားမ်ားမဟုတ္ဘူး၊
ေနာက္ထပ္ ႏွစ္ဆယ္ေလာက္ ဆက္ေနၾကည့္၊
အဲဒီအခါ အခုလက္ရွိလူေတြကို ေက်းဇူးတင္လိမ့္မယ္။
တစ္ဘ၀နဲ႔ျပီးမွာ မဟုတ္ဘူးေနာ္၊
ျပီးေတာ႔ က်င့္နည္းကလည္း
သာသနာနဲ႔ၾကံဳမွ၊ တို႔က သာသနာရွိေနတုန္း
တျခားေရာက္ေနရင္ ဒီနည္းသည္ တို႔နဲ႔ မဆိုင္၊
သာသနာ တို႔နဲ႔ မဆိုင္ျဖစ္သြားမယ္ေနာ္။
အရူပဘံု၊ ရူပဘံုဆိုတဲ့ေနရာမ်ိဳး
တစ္ဖက္သတ္အက်င့္နဲ ့ေရာက္သြားရင္လည္း
တို႔သာသနာနဲ႔ လြဲမွာေနာ္၊

သာသနာက ႏွစ္ေထာင့္ငါးရာေက်ာ္ျပီေလ၊
ေနာက္တစ္ခါလူလာျဖစ္ရင္ ဒီသာသနာရွိမွာလား။
ေနာက္တစ္ခါ လူလာျဖစ္
သာသနာၾကံဳဖို႔ ေတာ္ေတာ္ခက္မယ္။
ၾကံဳတယ္ပဲထား၊ ၾကိဳက္ဦးမွဗ်။
စာအဆိုက ေျမဆီက အႏွစ္တစ္ရာမွာ
တစ္လက္မ တစ္လက္မေလ်ာ႔တာကိုး၊

ေျမဆီမွီ၍ အစာျဖစ္ရတာ၊ ဘာလို႔ေလ်ာ႔တုန္း၊
ဥတုကလည္း အေအးပိုင္းကေန
အပူဘက္ ကူးေနတာ၊
ေနာက္တစ္ခါ လူလာျဖစ္ရင္
ကိုယ္ပဋိသေႏၶေနရမယ့္ အေမ၊ အေဖကလည္း
ရုပ္ဓါတ္ေသးေသး၊ စိတ္ဓါတ္ ေသးေသးေနမွာ။

အဲဒီထဲကို လူလာျဖစ္ရေတာ့
တို႔ ရုပ္ဓါတ္ စိတ္ဓါတ္လည္း
ခုေလာက္ကို ရွိမွာမဟုတ္ေတာ့ဘူး။
ဥတုပူရင္ အာဟာရ ပူမွာေပါ့၊
အာဟာရပူရင္ စားရတဲ့ရုပ္ကလည္း
လွီလာမယ္၊ စိတ္ကလည္း ေသးလာမယ္။
အဲေတာ့ ေကာင္းတာလည္း ခံႏိုင္စိတ္မရွိေတာ့ဘူး၊
ဆိုးတာလည္း ခံႏိုင္စိတ္မရွိေတာ့ဘူး။

တို႔တရားအားထုတ္တဲ့ပုဂၢိဳလ္က
ေကာင္းေကာင္းဆိုးဆိုး သိခ်င္တာ
တစိုက္မတ္မတ္ ၾကည့္ရတာေလ။
အဲေတာ့ တို႔ ဟုိက်ေတာ့
ဒါေတြ ခံႏိုင္မွာ မဟုတ္ေတာ့ဘူး။
အဲေတာ့ ဥတုပူရင္ အဆီဆုတ္မွာေပါ႔၊
အဆီဆုတ္ရင္ အစာၾကမ္းမယ္၊
စားတဲ့အစာ ၾကမ္းရင္
အေၾကာအခ်ဥ္ေတြ မာေၾကာလာတယ္၊
အက်ိတ္အဖုေတြ ၾကီးထြားလာတယ္၊
ဒါေၾကာင့္မို႔ စိတ္ေတြက ထန္လာတယ္။
ရုပ္ဓါတ္လည္း မခံႏိုင္ေတာ့
စိတ္ဓါတ္လည္း မခံႏိုင္ဘူး ေလာကဓံကို။

အဲေတာ့ အၾကိဳက္ေတြ႔လည္း
ေဆြ႔ေဆြ႔ခုန္ ဘာျဖစ္ျဖစ္ပဲ၊
အမုန္းေတြလည္း ေဆြ႔ေဆြ႔ခုန္ ဘာျဖစ္ျဖစ္ပဲ။
အဘိဇၥ်ာဆိုတဲ႔ အလုိၾကီးမႈ အားၾကီးလာျပီ။
ဗ်ာပါဒ အားမလို အားမရစိတ္ အားၾကီးလာျပီ။
ဒါ အခု လက္ရွိ၊ ေနာင္ဒီထက္ဆိုးမွာေနာ္။
အဲေတာ့ ဥတုပူလို႔ အစာပူတယ္၊
အစာပူလို႔ ရုပ္ပူတယ္၊
ရုပ္ပူလို႔ စိတ္ပူတယ္၊
စိတ္ပူေတာ့ ကံပူေတြ လုပ္မွာေပါ့။
ကံနဲ႔ စိတ္နဲ႔ ခပ္ပူပူလုပ္ေတာ့
ဥတုကလည္း ပိုပူမွာေပါ့။
တိုးတက္ဖို႔ ျမင္ေသးသလား။
လူ႔ဘံု ျပန္လာခ်င္ေသးသလား။

အဲေတာ႔ ေနာက္တစ္ခါ လူလာျဖစ္ရင္
ဒီအခြင့္အေရး ဘာမွမရွိဘူး၊
ဒီပတ္၀န္းက်င္မ်ိဳး ဘာမွမရွိဘူး။
ကုိယ့္ကိုယ္ကိုလည္း
ခုအခြင့္အေရးမ်ိဳး မရႏိုင္ေတာ့ဘူးေလ။
အဲေတာ့ တို႔ ဘာလုပ္ရမလဲ။
က်င့္ပံု က်င့္နည္း ဘုရားေဟာ
တရားေတြကလည္း အဆင္သင့္၊
နည္းေပးလမ္းျပလုပ္မယ့္
သံဃာေတာ္ေတြကလည္း အဆင့္သင့္၊
ဒီထက္ ျပည့္စံုစရာ မရွိေတာ့ဘူး။

တို႔ထဲက ဒကာ၊ ဒကာမေတြက
ဘယ္ေတာ့ က်င့္ၾကံမွာတုန္းဗ်ာ။
လူ႔ဘ၀ေရာက္တုန္း၊
သာသနာလည္း ပြင့္တုန္း၊
တရားျပေပးမယ့္သူ ရွိတုန္း၊
က်န္းမာေရးလည္း ေကာင္းတုန္း၊
ဒီတုန္းေလးတုန္းကို တိုင္ေထာင္ၿပီး
အိမ္တစ္ေဆာင္ေလာက္ မေဆာက္ႏိုင္ရင္
ဘယ္လိုေနၿပီး ဘယ္လိုေသၾကမွာပါလိမ့္ဗ်ာ…။ ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: ( မဟာေဗာဓိျမိဳင္ဆရာေတာ္ဘုရား )

#Unicode Version#
" ဆုတ်ခေတ် "
~~~~~~~~~~~
ခုလူတွေ ရှေးကနဲ့စာရင်
တော်တော် ရိုင်းလာတယ်၊
တော်တော် ဆိုးလာတယ်၊
သို့သော် နောက်လာမယ့် လူတွေနဲ့စာရင်
ဒါတွေ တော်တော် တော်တယ်နော်။
နောက်ပေါင်းရမယ့်လူတွေကလည်း ခုလိုလူမျိုး၊
ခုလို ပတ်ဝန်းကျင်မျိုး မဟုတ်တော့ဘူးဗျ။
ဆုတ်ခေတ်၊
နက်ဖြန်ခါ ဒီထက်ဆုတ်မယ်၊
နောက်နေ့ ဒီထက်ဆုတ်မယ်။
တက်လိမ့်မယ်မထင်နဲ့။
ဆုတ်ခေတ်၊
ဆုတ်တာက ရိုးရိုးဆုတ်တာမဟုတ်ဘူး၊
တလိမ့်လိမ့်ဆုတ်နေတာ။ များများမဟုတ်ဘူး၊
နောက်ထပ် နှစ်ဆယ်လောက် ဆက်နေကြည့်၊
အဲဒီအခါ အခုလက်ရှိလူတွေကို ကျေးဇူးတင်လိမ့်မယ်။
တစ်ဘဝနဲ့ပြီးမှာ မဟုတ်ဘူးနော်၊
ပြီးတော့ ကျင့်နည်းကလည်း
သာသနာနဲ့ကြုံမှ၊ တို့က သာသနာရှိနေတုန်း
တခြားရောက်နေရင် ဒီနည်းသည် တို့နဲ့ မဆိုင်၊
သာသနာ တို့နဲ့ မဆိုင်ဖြစ်သွားမယ်နော်။
အရူပဘုံ၊ ရူပဘုံဆိုတဲ့နေရာမျိုး
တစ်ဖက်သတ်အကျင့်နဲ့ရောက်သွားရင်လည်း
တို့သာသနာနဲ့ လွဲမှာနော်၊
သာသနာက နှစ်ထောင့်ငါးရာကျော်ပြီလေ၊
နောက်တစ်ခါလူလာဖြစ်ရင် ဒီသာသနာရှိမှာလား။
နောက်တစ်ခါ လူလာဖြစ်
သာသနာကြုံဖို့ တော်တော်ခက်မယ်။
ကြုံတယ်ပဲထား၊ ကြိုက်ဦးမှဗျ။
စာအဆိုက မြေဆီက အနှစ်တစ်ရာမှာ
တစ်လက်မ တစ်လက်မလျော့တာကိုး၊
မြေဆီမှီ၍ အစာဖြစ်ရတာ၊ ဘာလို့လျော့တုန်း၊
ဥတုကလည်း အအေးပိုင်းကနေ
အပူဘက် ကူးနေတာ၊
နောက်တစ်ခါ လူလာဖြစ်ရင်
ကိုယ်ပဋိသန္ဓေနေရမယ့် အမေ၊ အဖေကလည်း
ရုပ်ဓါတ်သေးသေး၊ စိတ်ဓါတ် သေးသေးနေမှာ။
အဲဒီထဲကို လူလာဖြစ်ရတော့
တို့ ရုပ်ဓါတ် စိတ်ဓါတ်လည်း
ခုလောက်ကို ရှိမှာမဟုတ်တော့ဘူး။
ဥတုပူရင် အာဟာရ ပူမှာပေါ့၊
အာဟာရပူရင် စားရတဲ့ရုပ်ကလည်း
လှီလာမယ်၊ စိတ်ကလည်း သေးလာမယ်။
အဲတော့ ကောင်းတာလည်း ခံနိုင်စိတ်မရှိတော့ဘူး၊
ဆိုးတာလည်း ခံနိုင်စိတ်မရှိတော့ဘူး။
တို့တရားအားထုတ်တဲ့ပုဂ္ဂိုလ်က
ကောင်းကောင်းဆိုးဆိုး သိချင်တာ
တစိုက်မတ်မတ် ကြည့်ရတာလေ။
အဲတော့ တို့ ဟိုကျတော့
ဒါတွေ ခံနိုင်မှာ မဟုတ်တော့ဘူး။
အဲတော့ ဥတုပူရင် အဆီဆုတ်မှာပေါ့၊
အဆီဆုတ်ရင် အစာကြမ်းမယ်၊
စားတဲ့အစာ ကြမ်းရင်
အကြောအချဉ်တွေ မာကြောလာတယ်၊
အကျိတ်အဖုတွေ ကြီးထွားလာတယ်၊
ဒါကြောင့်မို့ စိတ်တွေက ထန်လာတယ်။
ရုပ်ဓါတ်လည်း မခံနိုင်တော့
စိတ်ဓါတ်လည်း မခံနိုင်ဘူး လောကဓံကို။
အဲတော့ အကြိုက်တွေ့လည်း
ဆွေ့ဆွေ့ခုန် ဘာဖြစ်ဖြစ်ပဲ၊
အမုန်းတွေလည်း ဆွေ့ဆွေ့ခုန် ဘာဖြစ်ဖြစ်ပဲ။
အဘိဇ္ဈာဆိုတဲ့ အလိုကြီးမှု အားကြီးလာပြီ။
ဗျာပါဒ အားမလို အားမရစိတ် အားကြီးလာပြီ။
ဒါ အခု လက်ရှိ၊ နောင်ဒီထက်ဆိုးမှာနော်။
အဲတော့ ဥတုပူလို့ အစာပူတယ်၊
အစာပူလို့ ရုပ်ပူတယ်၊
ရုပ်ပူလို့ စိတ်ပူတယ်၊
စိတ်ပူတော့ ကံပူတွေ လုပ်မှာပေါ့။
ကံနဲ့ စိတ်နဲ့ ခပ်ပူပူလုပ်တော့
ဥတုကလည်း ပိုပူမှာပေါ့။
တိုးတက်ဖို့ မြင်သေးသလား။
လူ့ဘုံ ပြန်လာချင်သေးသလား။
အဲတော့ နောက်တစ်ခါ လူလာဖြစ်ရင်
ဒီအခွင့်အရေး ဘာမှမရှိဘူး၊
ဒီပတ်ဝန်းကျင်မျိုး ဘာမှမရှိဘူး။
ကိုယ့်ကိုယ်ကိုလည်း
ခုအခွင့်အရေးမျိုး မရနိုင်တော့ဘူးလေ။
အဲတော့ တို့ ဘာလုပ်ရမလဲ။
ကျင့်ပုံ ကျင့်နည်း ဘုရားဟော
တရားတွေကလည်း အဆင်သင့်၊
နည်းပေးလမ်းပြလုပ်မယ့်
သံဃာတော်တွေကလည်း အဆင့်သင့်၊
ဒီထက် ပြည့်စုံစရာ မရှိတော့ဘူး။
တို့ထဲက ဒကာ၊ ဒကာမတွေက
ဘယ်တော့ ကျင့်ကြံမှာတုန်းဗျာ။
လူ့ဘဝရောက်တုန်း၊
သာသနာလည်း ပွင့်တုန်း၊
တရားပြပေးမယ့်သူ ရှိတုန်း၊
ကျန်းမာရေးလည်း ကောင်းတုန်း၊
ဒီတုန်းလေးတုန်းကို တိုင်ထောင်ပြီး
အိမ်တစ်ဆောင်လောက် မဆောက်နိုင်ရင်
ဘယ်လိုနေပြီး ဘယ်လိုသေကြမှာပါလိမ့်ဗျာ…။ ။


ဖိုးသူတော် (www.phothutaw.com)
Credit: ( မဟာဗောဓိမြိုင်ဆရာတော်ဘုရား )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top