Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

“ေခါင္းေဆာင္” က ေကာင္မေလး အလုပ္သမား(၂) ေယာက္ကိုရံုးခန္းထဲေခၚ ျပီးစကားေျပာတယ္ ။
အခန္းထဲေရာက္ေတာ့ ပထမေကာင္မေလးက ရာထူးတိုးခံရတယ္။
ေနာက္ေကာင္မေလး တစ္ေယာက္က်ေတာ့ ဘယ္လိုမွ ဒီလိုမ်ိဳးျဖစ္မယ္ဆိုတာ မထင္ထားဘူး !!!
.
.
.
ေကာင္မေလးႏွစ္ေယာက္ အခန္းထဲေရာက္တာနဲ႔ ေခါင္းေဆာင္ကေျပာလုိက္တယ္ ။
B မင္းရာထူးတိုးတယ္ ၊ ကုမၺဏီအုပ္စုတစ္စုရဲ႕ေခါင္းေဆာင္ျဖစ္သြားပါျပီ။
ဒီလိုၾကားတာနဲ႔ ေကာင္မေလး A ကခ်က္ခ်င္း ေခါင္းေဆာင္ၾကီးကိုေမးလိုက္တယ္။
“ကၽြန္မတစ္ခုခုအမွားလုပ္ခဲ့မိလုိ႔လား ၊ ဒါမွမဟုတ္ ကၽြန္မေနာက္က်မွေရာက္လုိ႔လား ?”
ေခါင္းေဆာင္က ေျဖတယ္ “မဟုတ္ပါဘူး”
.
“ဒါဆိုရင္ ဘာျဖစ္လို႔ ကၽြန္မ ကရာထူးမတိုးတာလဲ ၊ ကၽြန္မက သူ႕ထက္ေတာင္အရင္ ဒီကုမၺဏီမွာ အလုပ္လုပ္တာေလ”
ေခါင္းေဆာင္ဘာမွမေျဖဘူး ။ ဒါေပမဲ့ ေကာင္မေလး (၂) ေယာက္လံုးကို အလုပ္တစ္ခုေပးလိုက္တယ္။
ေကာင္မေလး (၂) ေယာက္လံုးကို ကုမၺဏီပစၥည္းလာေလ့လာမယ့္ ႏိုင္ငံျခားကုမၺဏီ ကိုဆက္သြယ္ခုိင္းတယ္။
.
ဒီလိုနဲ႔ (၁၀) မိနစ္ေနာက္ပုိင္း ေကာင္မေလး A က ေခါင္းေဆာင္အခန္းထဲကိုဝင္လာတယ္။
ေခါင္းေဆာင္ - ဘယ္လိုလဲ Customer ကုမၺဏီ ကိုဆက္သြယ္လို႔ရျပီလား ?
A - ရပါျပီရွင့္ Customer ေတြက ေနာင္တစ္ပတ္အတြင္း ပစၥည္းေတြလာၾကည့္လိမ့္မယ္။
ေခါင္းေဆာင္ - ေနာက္တစ္ပတ္ ဘယ္ေန႔လဲ ?
A - အင္း - ကၽြန္မမေမးမိလုိက္ဘူး ၊ ကၽြန္မေနာက္တစ္ၾကိမ္ဖုန္းဆက္ျပီးေမးလိုက္ပါ့မယ္။
ေခါင္းေဆာင္ - ဘယ္ႏွေယာက္လာမွာလဲ ?
A- ခုဏက ေခါင္းေဆာင္ ကၽြန္မကိုဒီအခ်က္ေမးဖို႔မေျပာလိုက္ဘူးေနာ္
ေခါင္းေဆာင္ - ျပီးေတာ့ ဘယ္လိုလာက်မွာလဲ ? ေလေၾကာင္းနဲ႔လား ? ကားနဲ႔လာမွာလား ?
A- ခုဏက ေခါင္းေဆာင္ ကၽြန္မကိုဒီအခ်က္လဲေမးဖို႔မေျပာလိုက္ဘူးေနာ္
ဒီလိုန႔ဲ ေခါင္းေဆာင္က အခ်က္အလက္ကို စကၠဴေပၚခ်ေရးျပီး ေကာင္မေလး B ကိုအခန္းထဲလာဖို႔ေခၚလိုက္တယ္။
.
B အခန္းထဲေရာက္တာနဲ႔ အလုပ္အေၾကာင္းကို ေခါင္းေဆာင္ဆီအေသးစိပ္ေျပာျပတယ္။
“ေခါင္းေဆာင္ customer ေတြ ကၽြန္မတို႔ ကုမၺဏီကို ေနာင္တစ္ပတ္ ေသာၾကာေန႔ေရာက္မယ္ ။ ေလယဥ္စီးျပီးလာက်ပါမယ္။ ေလယာဥ္က ဟုိကေန (၃) နာရီေလာက္တက္မယ္ ။ ဒီက (၆) နာရီေလာက္ေရာက္မယ္။ Team အကုန္လံုး (၅) ေယာက္ပါပါမယ္။ ျပီးေတာ့ သူတို႔ကိုေလယာဥ္ကြင္းမွ ကၽြန္မတို႔ရံုးက သြားၾကိဳမယ့္သူစီစဥ္ေပးထားျပီး လို႔ေျပာေပးျပီပါျပီ။”
“ ေခါင္းေဆာင္ကၽြန္မကို ဟိုတယ္ ခ်က္ခ်င္း Booking လုပ္ထားခိုင္းမွာလား ? ပစၥည္းျပမယ့္ေနရာနဲ႔ အနီးဆံုး ဟုိတယ္ဆိုရင္ အဆင္ေျပဆံုးျဖစ္မွာပါ။ ဒါေၾကာင့္ နည္းနည္းေစာေစာ booking လုပ္ရေအာင္ပါ။ ေအာ္.. ျပီးေတာ့ ေနာက္တစ္ခ်က္က ကၽြန္မေနာက္တစ္ပတ္ရဲ႕ ရာသီဥတုကိုၾကည့္လိုက္ေသးတယ္။ တစ္ပတ္လံုးမိုးရြာဖို႔ရိွတယ္ အဲ့ဒါကို customer ဆီေျပာေပးျပီးပါျပီ ။ အစီအစဥ္အေျပာင္းအလဲရိွမွာဆိုးလုိ႔ပါ။
.
B ေျပာလို႔ျပီးသြားတာနဲ႔ ေခါင္းေဆာင္က A ရဲ႕မ်က္ႏွာကို ၾကည့္လိုက္တယ္။ A အရမ္းရွက္သြားပါတယ္။ သူအလုပ္လုပ္တာ တကယ္မေကာင္းမွန္းသူသိလုိက္ရတယ္။ သူမ ဆံုးျဖတ္ခ်က္ခ်လိုက္တယ္ …
.
သူမ အဲ့ဒီရက္ပဲ ထြက္စာတင္လိုက္ပါတယ္
အိမ္ေရာက္တာနဲ႔ သူ႔ေခါင္းေဆာင္ဆီကေန message စာေလးေရာက္လာတယ္ ။
.
မင္းဘာပဲလုပ္လုပ္ ေအာင္ျမင္ႏိုင္မယ့္အေရးၾကီးဆံုးအခ်က္က
(၁) ဘယ္ကုမၺဏီမွ ပ်င္းတဲ့အလုပ္သမားကို မေကၽြးထားခ်င္ဘူး
(၂) ကိုယ့္ကုိကိုယ္တန္ဖိုးရိွေအာင္အရင္ၾကိဳးစားပါ။ ပုိက္ဆံရွာဖို႔ပဲမၾကည့္ပါနဲ႔ ။ ကိုယ္သာတန္ဖိုးရိွတယ္ဆိုရင္ ပုိက္ဆံက အလိုလိုေနရင္းနဲ႕ကိုယ့္ဆီေရာက္လာမွာပါ ။
(၃) ဘယ္အလုပ္မဆိုခက္ခဲမွာပဲ လြယ္ကူတဲ့အလုပ္ဆိုတာမရိွပါဘူး
(၄) အလုပ္တိုင္းမွာ ျပႆနာရိွတာက သာမာန္ကိစၥပါ။ မရိွမွပဲ အဲ့ဒါက ထူးဆန္းပါလိမ့္မယ္။
(၅) တစ္ခုခုလုပ္ရတဲ့ခ်ိန္မွာ ပိုက္ဆံမရဘူးဆိုရင္ ဗဟုသုတရတယ္လို႔မွတ္ထားလိုက္ပါ။ ဗဟုသုတမရဘူးဆိုရင္ အေတြ႔အၾကံဳရတယ္လို႔ မွတ္ပါ။ အကယ္၍ ႏွစ္မ်ိဳးလံုးရတယ္ဆိုရင္ ဘယ္ေတာ့မွ ထမင္းငတ္မေသဘူး။
(၆) အလုပ္မွာ ကုိယ့္ရဲ႕အသင္းသားေတြကို မေျပာင္းလဲႏိုင္တဲ့ခ်ိန္မွာ ကုိယ့္ရဲ႕အျမင္ vision ကိုအရင္ေျပာင္းလဲပါ။
.
.
သူမဒီစာေလးဖတ္ျပီးတဲ့ခ်ိန္မွာ သူမအတိတ္က အလုပ္လုပ္လာတာ တကယ္စိတ္ႏွစ္ျပီးမလုပ္ခဲ့မွန္းသူမ သိလိုက္တယ္။ ျပီးေနာက္ သူမရဲ႕ေခါင္းေဆာင္ဆီကို လမ္းျပေပးတဲ့အတြက္ ေက်းဇူးတင္တဲ့ စာေလးပို႔လိုက္တယ္။
.
သူမအတြက္က်ေတာ့ ဒီေန႔ကစျပီးအလုပ္အသစ္ကိုေလွ်ာက္ျပီး အရင္ထက္ပုိၾကိဳးစားျပီး အလုပ္လုပ္ဖို႔ဆံုးျဖတ္ထားပါတယ္။
ေခါင္းေဆာင္ကတကယ္ေကာင္းေကာင္းသင္ခန္းစာေပးႏုိင္ခဲ့ပါတယ္။ အလုပ္လုပ္ေနတဲ့ သူငယ္ခ်င္းမ်ားကိုယ္သံုးလို႔ရတဲ့ အပုိင္းကို ျပင္ျပီးယူသံုးလုိ႔ရပါတယ္။
အလုပ္တိုင္းက တစ္ခုနဲ႔တစ္ခုမတူတဲ့ ျပႆနာေတြ အခက္အခဲေတြရိွက်စျမဲပါပဲ ။
အားလံုးအတြက္ အားတစ္စုျဖစ္ပါရေစ။
.
စာေကာင္းေကာင္းေလးကို သူငယ္ခ်င္းေတြဖတ္လို႔ရေအာင္Share ဖုိ႔မေမ့နဲ႔ေနာ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: greenkstar

# Unicode Version #
“ခေါင်းဆောင်” က ကောင်မလေး အလုပ်သမား(၂) ယောက်ကိုရုံးခန်းထဲခေါ် ပြီးစကားပြောတယ် ။
အခန်းထဲရောက်တော့ ပထမကောင်မလေးက ရာထူးတိုးခံရတယ်။
နောက်ကောင်မလေး တစ်ယောက်ကျတော့ ဘယ်လိုမှ ဒီလိုမျိုးဖြစ်မယ်ဆိုတာ မထင်ထားဘူး !!!
.
.
.
ကောင်မလေးနှစ်ယောက် အခန်းထဲရောက်တာနဲ့ ခေါင်းဆောင်ကပြောလိုက်တယ် ။
B မင်းရာထူးတိုးတယ် ၊ ကုမ္ဗဏီအုပ်စုတစ်စုရဲ့ခေါင်းဆောင်ဖြစ်သွားပါပြီ။
ဒီလိုကြားတာနဲ့ ကောင်မလေး A ကချက်ချင်း ခေါင်းဆောင်ကြီးကိုမေးလိုက်တယ်။
“ကျွန်မတစ်ခုခုအမှားလုပ်ခဲ့မိလို့လား ၊ ဒါမှမဟုတ် ကျွန်မနောက်ကျမှရောက်လို့လား ?”
ခေါင်းဆောင်က ဖြေတယ် “မဟုတ်ပါဘူး”
.
“ဒါဆိုရင် ဘာဖြစ်လို့ ကျွန်မ ကရာထူးမတိုးတာလဲ ၊ ကျွန်မက သူ့ထက်တောင်အရင် ဒီကုမ္ဗဏီမှာ အလုပ်လုပ်တာလေ”
ခေါင်းဆောင်ဘာမှမဖြေဘူး ။ ဒါပေမဲ့ ကောင်မလေး (၂) ယောက်လုံးကို အလုပ်တစ်ခုပေးလိုက်တယ်။
ကောင်မလေး (၂) ယောက်လုံးကို ကုမ္ဗဏီပစ္စည်းလာလေ့လာမယ့် နိုင်ငံခြားကုမ္ဗဏီ ကိုဆက်သွယ်ခိုင်းတယ်။
.
ဒီလိုနဲ့ (၁၀) မိနစ်နောက်ပိုင်း ကောင်မလေး A က ခေါင်းဆောင်အခန်းထဲကိုဝင်လာတယ်။
ခေါင်းဆောင် - ဘယ်လိုလဲ Customer ကုမ္ဗဏီ ကိုဆက်သွယ်လို့ရပြီလား ?
A - ရပါပြီရှင့် Customer တွေက နောင်တစ်ပတ်အတွင်း ပစ္စည်းတွေလာကြည့်လိမ့်မယ်။
ခေါင်းဆောင် - နောက်တစ်ပတ် ဘယ်နေ့လဲ ?
A - အင်း - ကျွန်မမမေးမိလိုက်ဘူး ၊ ကျွန်မနောက်တစ်ကြိမ်ဖုန်းဆက်ပြီးမေးလိုက်ပါ့မယ်။
ခေါင်းဆောင် - ဘယ်နှယောက်လာမှာလဲ ?
A- ခုဏက ခေါင်းဆောင် ကျွန်မကိုဒီအချက်မေးဖို့မပြောလိုက်ဘူးနော်
ခေါင်းဆောင် - ပြီးတော့ ဘယ်လိုလာကျမှာလဲ ? လေကြောင်းနဲ့လား ? ကားနဲ့လာမှာလား ?
A- ခုဏက ခေါင်းဆောင် ကျွန်မကိုဒီအချက်လဲမေးဖို့မပြောလိုက်ဘူးနော်
ဒီလိုနဲ့ ခေါင်းဆောင်က အချက်အလက်ကို စက္ကူပေါ်ချရေးပြီး ကောင်မလေး B ကိုအခန်းထဲလာဖို့ခေါ်လိုက်တယ်။
.
B အခန်းထဲရောက်တာနဲ့ အလုပ်အကြောင်းကို ခေါင်းဆောင်ဆီအသေးစိပ်ပြောပြတယ်။
“ခေါင်းဆောင် customer တွေ ကျွန်မတို့ ကုမ္ဗဏီကို နောင်တစ်ပတ် သောကြာနေ့ရောက်မယ် ။ လေယဉ်စီးပြီးလာကျပါမယ်။ လေယာဉ်က ဟိုကနေ (၃) နာရီလောက်တက်မယ် ။ ဒီက (၆) နာရီလောက်ရောက်မယ်။ Team အကုန်လုံး (၅) ယောက်ပါပါမယ်။ ပြီးတော့ သူတို့ကိုလေယာဉ်ကွင်းမှ ကျွန်မတို့ရုံးက သွားကြိုမယ့်သူစီစဉ်ပေးထားပြီး လို့ပြောပေးပြီပါပြီ။”
“ ခေါင်းဆောင်ကျွန်မကို ဟိုတယ် ချက်ချင်း Booking လုပ်ထားခိုင်းမှာလား ? ပစ္စည်းပြမယ့်နေရာနဲ့ အနီးဆုံး ဟိုတယ်ဆိုရင် အဆင်ပြေဆုံးဖြစ်မှာပါ။ ဒါကြောင့် နည်းနည်းစောစော booking လုပ်ရအောင်ပါ။ အော်.. ပြီးတော့ နောက်တစ်ချက်က ကျွန်မနောက်တစ်ပတ်ရဲ့ ရာသီဥတုကိုကြည့်လိုက်သေးတယ်။ တစ်ပတ်လုံးမိုးရွာဖို့ရှိတယ် အဲ့ဒါကို customer ဆီပြောပေးပြီးပါပြီ ။ အစီအစဉ်အပြောင်းအလဲရှိမှာဆိုးလို့ပါ။
.
B ပြောလို့ပြီးသွားတာနဲ့ ခေါင်းဆောင်က A ရဲ့မျက်နှာကို ကြည့်လိုက်တယ်။ A အရမ်းရှက်သွားပါတယ်။ သူအလုပ်လုပ်တာ တကယ်မကောင်းမှန်းသူသိလိုက်ရတယ်။ သူမ ဆုံးဖြတ်ချက်ချလိုက်တယ် …
.
သူမ အဲ့ဒီရက်ပဲ ထွက်စာတင်လိုက်ပါတယ်
အိမ်ရောက်တာနဲ့ သူ့ခေါင်းဆောင်ဆီကနေ message စာလေးရောက်လာတယ် ။
.
မင်းဘာပဲလုပ်လုပ် အောင်မြင်နိုင်မယ့်အရေးကြီးဆုံးအချက်က
(၁) ဘယ်ကုမ္ဗဏီမှ ပျင်းတဲ့အလုပ်သမားကို မကျွေးထားချင်ဘူး
(၂) ကိုယ့်ကိုကိုယ်တန်ဖိုးရှိအောင်အရင်ကြိုးစားပါ။ ပိုက်ဆံရှာဖို့ပဲမကြည့်ပါနဲ့ ။ ကိုယ်သာတန်ဖိုးရှိတယ်ဆိုရင် ပိုက်ဆံက အလိုလိုနေရင်းနဲ့ကိုယ့်ဆီရောက်လာမှာပါ ။
(၃) ဘယ်အလုပ်မဆိုခက်ခဲမှာပဲ လွယ်ကူတဲ့အလုပ်ဆိုတာမရှိပါဘူး
(၄) အလုပ်တိုင်းမှာ ပြဿနာရှိတာက သာမာန်ကိစ္စပါ။ မရှိမှပဲ အဲ့ဒါက ထူးဆန်းပါလိမ့်မယ်။
(၅) တစ်ခုခုလုပ်ရတဲ့ချိန်မှာ ပိုက်ဆံမရဘူးဆိုရင် ဗဟုသုတရတယ်လို့မှတ်ထားလိုက်ပါ။ ဗဟုသုတမရဘူးဆိုရင် အတွေ့အကြုံရတယ်လို့ မှတ်ပါ။ အကယ်၍ နှစ်မျိုးလုံးရတယ်ဆိုရင် ဘယ်တော့မှ ထမင်းငတ်မသေဘူး။
(၆) အလုပ်မှာ ကိုယ့်ရဲ့အသင်းသားတွေကို မပြောင်းလဲနိုင်တဲ့ချိန်မှာ ကိုယ့်ရဲ့အမြင် vision ကိုအရင်ပြောင်းလဲပါ။
.
.
သူမဒီစာလေးဖတ်ပြီးတဲ့ချိန်မှာ သူမအတိတ်က အလုပ်လုပ်လာတာ တကယ်စိတ်နှစ်ပြီးမလုပ်ခဲ့မှန်းသူမ သိလိုက်တယ်။ ပြီးနောက် သူမရဲ့ခေါင်းဆောင်ဆီကို လမ်းပြပေးတဲ့အတွက် ကျေးဇူးတင်တဲ့ စာလေးပို့လိုက်တယ်။
.
သူမအတွက်ကျတော့ ဒီနေ့ကစပြီးအလုပ်အသစ်ကိုလျှောက်ပြီး အရင်ထက်ပိုကြိုးစားပြီး အလုပ်လုပ်ဖို့ဆုံးဖြတ်ထားပါတယ်။
ခေါင်းဆောင်ကတကယ်ကောင်းကောင်းသင်ခန်းစာပေးနိုင်ခဲ့ပါတယ်။ အလုပ်လုပ်နေတဲ့ သူငယ်ချင်းများကိုယ်သုံးလို့ရတဲ့ အပိုင်းကို ပြင်ပြီးယူသုံးလို့ရပါတယ်။
အလုပ်တိုင်းက တစ်ခုနဲ့တစ်ခုမတူတဲ့ ပြဿနာတွေ အခက်အခဲတွေရှိကျစမြဲပါပဲ ။
အားလုံးအတွက် အားတစ်စုဖြစ်ပါရစေ။
.
စာကောင်းကောင်းလေးကို သူငယ်ချင်းတွေဖတ်လို့ရအောင်Share ဖို့မမေ့နဲ့နော်

ဖိုးသူတော် (www.phothutaw.com)
Credit: greenkstar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top