ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×


အင္ဒိုနီးရွာႏိုင္ငံရွိ ေရွးေဟာင္း အယူအဆ ျပင္းထန္ေသာ လူမ်ိဳးတစ္မ်ိဳးဟာ ၄င္းတို႔ရဲ့ ေသဆံုးၿပီး ေဆြမ်ိဳးမ်ား၏ ရုပ္အေလာင္းမ်ားကို တူးေဖာ္ကာ ဆဲလ္ဖီဓာတ္ပံုမ်ား ရိုက္ကူးခဲ့ၾကေၾကာင္း သိရွိရသည္။

အင္ဒိုနီးရွားႏိုင္ငံ၊ စူဠေဝသီေဒသေတာင္ပိုင္းရွိ ကုန္းျမင့္ေဒသတြင္ ေနထိုင္ၾကေသာ တိုရာဂ်န္မ်ိဳးႏြယ္စုေတြက ယခုလိုျပဳလုပ္ခဲ့ၾကတာပါ။ အေလာင္းမ်ားကို ယခင္ ျမဳပ္ႏွံစဥ္တည္းက မံမီ အစီအမံမ်ားျဖင့္ ျမဳပ္ႏွံခဲ့တာျဖစ္ပါတယ္။

ယခုျပန္လည္တူးေဖာ္ၾကၿပီး သန္႔ရွင္းေရးလုပ္ေပးျခင္း၊ အကႌ်မ်ားလဲေပးျခင္းမ်ား ျပဳလုပ္ၾကသည္။ သီးႏွံရိတ္သိမ္းခ်ိန္မ်ားတြင္ ျပဳလုပ္ၾကေသာ အစဥ္အလာတစ္ခုလည္းျဖစ္သည္။ ထူးဆန္းတဲ့ ယခုလို အစဥ္အလာေၾကာင့္ ကမ႓ာကလည္း စိတ္ဝင္စားေေနၾကသည္။

ေဆြမ်ိဳးမ်ား၊ မိတ္ေဆြမ်ားႏွင့္ ကေလးငယ္ အေလာင္းမ်ားကိုပါ တူးေဖာ္ၾကသည္။ သံုးႏွစ္လွ်င္တစ္ႀကိမ္အစဥ္အလာျဖင့္ က်င္းပၾကသည္ဟုလည္း သိရသည္။

‘’ဒါက ေသဆံုးသြားၿပီးသူမ်ားကို ေလးစားမႈျပဳတဲ့ အလုပ္ပါ’’ လို႔ ေဒသခံ ရြာသားတစ္ဦးက ေျပာသည္။

‘’ဒါဟာ ျပန္လည္ ဝမ္းနည္းေၾကကဲြေနၾကတာမဟုတ္ပါဘူး။ ေပ်ာ္ရႊင္ၾကရတဲ့ အခိုက္အတန္႔ပါ။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ ေဆြမ်ိဳးေတြနဲ႔ ျပန္ဆံုရလို႔ပါ’’ ဟု ေျပာၾကသည္။

သူတို႔ကို ျပန္လည္တူးေဖာ္ၿပီး ဂုဏ္ျပဳျခင္းျဖစ္ကာ ဒီလုိလုပ္တဲ့အတြက္ အသီးအႏွံ အထြက္တိုးတယ္လို႔လည္း ယံုၾကည္ၾကတာျဖစ္ပါတယ္။ ဒီသတင္းကို ယေန႔ စက္တင္ဘာလ ၁၂ ရက္ေန႔က The Sun သတင္းက တင္ထားတာျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  PannPwint

#Unicode Version#
အင်ဒိုနီးရှာနိုင်ငံရှိ ရှေးဟောင်း အယူအဆ ပြင်းထန်သော လူမျိုးတစ်မျိုးဟာ ၎င်းတို့ရဲ့ သေဆုံးပြီး ဆွေမျိုးများ၏ ရုပ်အလောင်းများကို တူးဖော်ကာ ဆဲလ်ဖီဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။

အင်ဒိုနီးရှားနိုင်ငံ၊ စူဠဝေသီဒေသတောင်ပိုင်းရှိ ကုန်းမြင့်ဒေသတွင် နေထိုင်ကြသော တိုရာဂျန်မျိုးနွယ်စုတွေက ယခုလိုပြုလုပ်ခဲ့ကြတာပါ။ အလောင်းများကို ယခင် မြုပ်နှံစဉ်တည်းက မံမီ အစီအမံများဖြင့် မြုပ်နှံခဲ့တာဖြစ်ပါတယ်။

ယခုပြန်လည်တူးဖော်ကြပြီး သန့်ရှင်းရေးလုပ်ပေးခြင်း၊ အင်္ကျီများလဲပေးခြင်းများ ပြုလုပ်ကြသည်။ သီးနှံရိတ်သိမ်းချိန်များတွင် ပြုလုပ်ကြသော အစဉ်အလာတစ်ခုလည်းဖြစ်သည်။ ထူးဆန်းတဲ့ ယခုလို အစဉ်အလာကြောင့် ကမ္ဘာကလည်း စိတ်ဝင်စားေနေကြသည်။

ဆွေမျိုးများ၊ မိတ်ဆွေများနှင့် ကလေးငယ် အလောင်းများကိုပါ တူးဖော်ကြသည်။ သုံးနှစ်လျှင်တစ်ကြိမ်အစဉ်အလာဖြင့် ကျင်းပကြသည်ဟုလည်း သိရသည်။

‘’ဒါက သေဆုံးသွားပြီးသူများကို လေးစားမှုပြုတဲ့ အလုပ်ပါ’’ လို့ ဒေသခံ ရွာသားတစ်ဦးက ပြောသည်။

‘’ဒါဟာ ပြန်လည် ဝမ်းနည်းကြေကွဲနေကြတာမဟုတ်ပါဘူး။ ပျော်ရွှင်ကြရတဲ့ အခိုက်အတန့်ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဆွေမျိုးတွေနဲ့ ပြန်ဆုံရလို့ပါ’’ ဟု ပြောကြသည်။

သူတို့ကို ပြန်လည်တူးဖော်ပြီး ဂုဏ်ပြုခြင်းဖြစ်ကာ ဒီလိုလုပ်တဲ့အတွက် အသီးအနှံ အထွက်တိုးတယ်လို့လည်း ယုံကြည်ကြတာဖြစ်ပါတယ်။ ဒီသတင်းကို ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့က The Sun သတင်းက တင်ထားတာဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:  PannPwint
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top