ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

တရုတ္ေတြးေခၚပညာရွင္ၾကီး ကြန္ျဖဴးရွပ္သည္
တစ္ညေန၌ လမ္းေလွ်ာက္ထြက္လာေလသည္။

လမ္းမွာ လူ ၂ ေယာက္နဲ႔ေတြ႔တဲ့အခါ
ပထမလူက -

"ကြန္ျဖဴးရွပ္.. ခင္ဗ်ားက အရမ္းေတာ္တဲ့သူပဲ။အရာရာမွာ စဥ္းစားေတြးေခၚတတ္တယ္။ေကာင္းရာကိုညႊန္ျပတတ္တယ္။လူေတြက ခင္ဗ်ားဆို ေလးစားၾကတယ္။ခင္ဗ်ားက သိပ္ကို အထင္ၾကီးေလးစားဖို႔ေကာင္းတဲ့သူပဲ" ဆိုျပီး
ခ်ီးက်ဴးတတဲ့။
အဲဒီေတာ့ ကြန္ျဖဴးရွပ္က ထိုလူကို ျပံဳးျပီးၾကည့္ေနတယ္။ဘာမွျပန္မေျပာေပ။အဲဒီအခ်ိန္မွာပဲ ဒုတိယလူတစ္ေယာက္က ဆက္ေျပာျပန္ေရာ။

"ကြန္ျဖဴးရွပ္.. ခင္ဗ်ားက အလကားေကာင္ၾကီးပါဗ်ာ..လူေတြက ခင္ဗ်ားကို စြတ္အထင္ၾကီးေနၾကတာ။တကယ္တမ္းေတာ့ ခင္ဗ်ားကသိတဲ႔တတ္တဲ့သူမဟုတ္ပါဘူး
အလကားပါဗ်ာ" လို႔ ကဲ႔ရဲ႕တတဲ့။

အဲဒီလူကိုလည္း ကြန္ျဖဴးရွပ္ က ျပံဳးျပီးၾကည္႔ေနျပန္တယ္။ျပီးေတာ႔ သူ႕လမ္းသူ ဆက္ေလွ်ာက္သြားတယ္။အဲဒီအျဖစ္အပ်က္ ကို အစအဆံုးျမင္လိုက္တဲ႔ လူတစ္ေယာက္က... ကြန္ျဖဴးရွပ္ နား ကပ္သြားျပီး ေမးတယ္

"ခင္ဗ်ားက ခင္ဗ်ားကို ခ်ီးမြမ္းတဲ့လူ ကိုေကာ ကဲ႔ရဲ႕တဲ႔လူကိုပါ ဘာမွျပန္မေျပာပါလား
ဘာျဖစ္လို႔လဲဗ်" ဆိုေတာ့

ကြန္ျဖဴးရွပ္က ျပံဳးျပီး -

"သူတို႔ေတြ ခ်ီးမြမ္းသည္ျဖစ္ေစ ကဲ႔ရဲ႕သည္ျဖစ္ေစ။ငါ့ရဲ႕ နဂိုမူလအရည္အခ်င္း ကို ထိခိုက္မသြားဘူး။ခ်ီးမြမ္းတာကို ေျမွာက္ေနလို႔လဲ တိုးတက္လာမွာမဟုတ္သလို ကဲ့ရဲ႕တာကို ခံစားေနလို႔လဲ ဘဝက နိမ့္က် မသြားပါဘူး။ေနတတ္ဖို႔ပဲ လိုပါတယ္။တို႔ေတြ လူ႔ဘဝ မွာေနတဲ႔ ရည္ရြယ္ခ်က္ က ခ်ီးမြမ္းခံရဖို႔ ကဲ့ရဲ႕မခံရဖို႔ အလုပ္လုပ္ေနၾကတာ မဟုတ္ဘဲ။တျခားသူ အထင္ၾကီးသည္ျဖစ္ေစ မၾကီးသည္ျဖစ္ေစ ကိုယ္တတ္စြမ္းသေလာက္ ဘဝ နဲ႕ေလာက အတြက္ အက်ိဳးျပဳေနဖို႕သာအဓိကပါပဲ"ဟု

ထိုသူအား ျပန္လည္ေျဖၾကားလိုက္ေလသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Orginal Creditor

Unicode Version 

တရုတ်တွေးခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ်သည်
တစ်ညနေ၌ လမ်းလျှောက်ထွက်လာလေသည်။

လမ်းမှာ လူ ၂ ယောက်နဲ့တွေ့တဲ့အခါ
ပထမလူက -

"ကွန်ဖြူးရှပ်.. ခင်ဗျားက အရမ်းတော်တဲ့သူပဲ။အရာရာမှာ စဉ်းစားတွေးခေါ်တတ်တယ်။ကောင်းရာကိုညွှန်ပြတတ်တယ်။လူတွေက ခင်ဗျားဆို လေးစားကြတယ်။ခင်ဗျားက သိပ်ကို အထင်ကြီးလေးစားဖို့ကောင်းတဲ့သူပဲ" ဆိုပြီး
ချီးကျူးတတဲ့။
အဲဒီတော့ ကွန်ဖြူးရှပ်က ထိုလူကို ပြုံးပြီးကြည့်နေတယ်။ဘာမှပြန်မပြောပေ။အဲဒီအချိန်မှာပဲ ဒုတိယလူတစ်ယောက်က ဆက်ပြောပြန်ရော။

"ကွန်ဖြူးရှပ်.. ခင်ဗျားက အလကားကောင်ကြီးပါဗျာ..လူတွေက ခင်ဗျားကို စွတ်အထင်ကြီးနေကြတာ။တကယ်တမ်းတော့ ခင်ဗျားကသိတဲ့တတ်တဲ့သူမဟုတ်ပါဘူး
အလကားပါဗျာ" လို့ ကဲ့ရဲ့တတဲ့။

အဲဒီလူကိုလည်း ကွန်ဖြူးရှပ် က ပြုံးပြီးကြည့်နေပြန်တယ်။ပြီးတော့ သူ့လမ်းသူ ဆက်လျှောက်သွားတယ်။အဲဒီအဖြစ်အပျက် ကို အစအဆုံးမြင်လိုက်တဲ့ လူတစ်ယောက်က... ကွန်ဖြူးရှပ် နား ကပ်သွားပြီး မေးတယ်

"ခင်ဗျားက ခင်ဗျားကို ချီးမွမ်းတဲ့လူ ကိုကော ကဲ့ရဲ့တဲ့လူကိုပါ ဘာမှပြန်မပြောပါလား
ဘာဖြစ်လို့လဲဗျ" ဆိုတော့

ကွန်ဖြူးရှပ်က ပြုံးပြီး -

"သူတို့တွေ ချီးမွမ်းသည်ဖြစ်စေ ကဲ့ရဲ့သည်ဖြစ်စေ။ငါ့ရဲ့ နဂိုမူလအရည်အချင်း ကို ထိခိုက်မသွားဘူး။ချီးမွမ်းတာကို မြှောက်နေလို့လဲ တိုးတက်လာမှာမဟုတ်သလို ကဲ့ရဲ့တာကို ခံစားနေလို့လဲ ဘဝက နိမ့်ကျ မသွားပါဘူး။နေတတ်ဖို့ပဲ လိုပါတယ်။တို့တွေ လူ့ဘဝ မှာနေတဲ့ ရည်ရွယ်ချက် က ချီးမွမ်းခံရဖို့ ကဲ့ရဲ့မခံရဖို့ အလုပ်လုပ်နေကြတာ မဟုတ်ဘဲ။တခြားသူ အထင်ကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ ကိုယ်တတ်စွမ်းသလောက် ဘဝ နဲ့လောက အတွက် အကျိုးပြုနေဖို့သာအဓိကပါပဲ"ဟု

ထိုသူအား ပြန်လည်ဖြေကြားလိုက်လေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit : Orginal Creditor
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top