ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ရန္ကုန္တုိင္းေဒသႀကီးထဲက ၿမဳိ႕နယ္တခ်ဳိ႕မွာ လာမယ့္ ေအာက္တုိဘာလ ၁ ရက္ေန႔မွာ လွ်ပ္စစ္မီး ျပတ္ေတာက္မႈေတြ ျဖစ္ေပၚမယ္လို႔ ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရး ေကာ္ပုိေရးရွင္းက သတင္းထုတ္ျပန္ထားပါတယ္။

ေအာက္တုိဘာလ ၁ ရက္ေန႔ မနက္ ၆ နာရီကေန ညေန ၄ နာရီထိ လွ်ပ္စစ္မီး ျဖတ္ေတာက္ၿပီး သီလ၀ါ အထူးစီးပြားေရးဇုန္မွာ ဂ်ပန္ႏုိင္ငံ ODA ေခ်းေငြနဲ႔ ေဆာင္ရြက္ေနတဲ့ အပူစြမ္းအင္သံုး ဓာတ္အားေပး စက္႐ံုမွ ထြက္ရွိလာတဲ့ ဓာတ္အားေတြကုိ 230 KV သန္လ်င္- ကမာနတ္လုိင္းေပၚကုိ ခ်ိတ္ဆက္ပုိ႔လႊတ္မႈလုပ္ငန္း လုပ္ကုိင္မွာျဖစ္လုိ႔ အခုလို လွ်ပ္စစ္မီး ျဖတ္ေတာက္ရတာလုိ႔ ဆိုပါတယ္။

အဆုိပါလုပ္ငန္း ေဆာင္ရြက္ေနစဥ္ သန္လ်င္ၿမဳိ႕နယ္ CNG (031) (018)၊ ေက်ာက္တန္းၿမဳိ႕နယ္၊ ခရမ္းၿမဳိ႕နယ္၊ သံုးခြၿမဳိ႕နယ္၊ တံတားၿမဳိ႕နယ္၊ ဒဂံု (ဆိပ္ကမ္း)ၿမဳိ႕နယ္ရွိ ရပ္ကြက္အခ်ဳိ႕၊ အေရွ႕ပုိင္းတကၠသုိလ္၊ နည္းပညာတကၠသုိလ္၊ ေရေၾကာင္းတကၠသုိလ္၊ သမ၀ါယမေကာလိပ္၊ ေရတပ္ ဌာနခ်ဳပ္နဲ႔ သီလ၀ါဆိပ္ကမ္းတုိ႔မွာ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မယ္လို႔ ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရး ေကာ္ပုိေရးရွင္းကေန သိရပါတယ္။

Source : The Ladies News

Photos : Wai Linn
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ်တချို့မှာ လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်ပေါ်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့ မနက် ၆ နာရီကနေ ညနေ ၄ နာရီထိ လျှပ်စစ်မီး ဖြတ်တောက်ပြီး သီလဝါ အထူးစီးပွားရေးဇုန်မှာ ဂျပန်နိုင်ငံ ODA ချေးငွေနဲ့ ဆောင်ရွက်နေတဲ့ အပူစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံမှ ထွက်ရှိလာတဲ့ ဓာတ်အားတွေကို 230 KV သန်လျင်- ကမာနတ်လိုင်းပေါ်ကို ချိတ်ဆက်ပို့လွှတ်မှုလုပ်ငန်း လုပ်ကိုင်မှာဖြစ်လို့ အခုလို လျှပ်စစ်မီး ဖြတ်တောက်ရတာလို့ ဆိုပါတယ်။

အဆိုပါလုပ်ငန်း ဆောင်ရွက်နေစဉ် သန်လျင်မြို့နယ် CNG (031) (018)၊ ကျောက်တန်းမြို့နယ်၊ ခရမ်းမြို့နယ်၊ သုံးခွမြို့နယ်၊ တံတားမြို့နယ်၊ ဒဂုံ (ဆိပ်ကမ်း)မြို့နယ်ရှိ ရပ်ကွက်အချို့၊ အရှေ့ပိုင်းတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ရေကြောင်းတက္ကသိုလ်၊ သမဝါယမကောလိပ်၊ ရေတပ် ဌာနချုပ်နဲ့ သီလဝါဆိပ်ကမ်းတို့မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကနေ သိရပါတယ်။

Source : The Ladies News

Photos : Wai Linn

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top