Golden City Promotion
×

ပန္းေတာင္းၿမိဳ႕နယ္မွာ ကြမ္းယာေရာင္းတဲ့ အမ်ိဳးသမီးတစ္ဦးကို လုယက္၊ သားမယားျပဳက်င့္ၿပီး သတ္ခဲ့တဲ့ တပ္မေတာ္သားတစ္ဦးကုိ ျပည္ခ႐ိုင္တရား႐ံုးက ေထာင္ဒဏ္ ၃၄ ႏွစ္ က်ခံေစဖုိ႔ အမိန္႔ခ်မွတ္ခဲ့တယ္လို႔ ပန္းေတာင္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ေန သိရပါတယ္။
‘‘လူသတ္မႈအတြက္ ေထာင္ ဒဏ္ တစ္သက္တစ္ကြၽန္းခ်မွတ္ တယ္။ ကြၽန္းမရွိေတာ့တဲ့အတြက္ ေထာင္ဒဏ္ အႏွစ္ ၂၀ နဲ႔ လုယက္ မႈ ေထာင္ဒဏ္ ခုနစ္ႏွစ္၊ သား မယားျပဳက်င့္မႈ ေထာင္ဒဏ္ခုနစ္ ႏွစ္ စုစုေပါင္း ၃၄ ႏွစ္က်သြား တယ္။ အမိန္႔ခ်ၿပီးတာနဲ႔ သာယာ ဝတီေထာင္ပို႔လိုက္ပါၿပီ’’လို႔ ပန္ေတာင္းရဲစခန္း စခန္းမွဴး ရဲမွဴးေက်ာ္ဆန္းက ေျပာပါတယ္။

ျပစ္ဒဏ္ခ်မွတ္ခံရတဲ့ တပ္မေတာ္သားက အသက္ (၂၆)ႏွစ္အရြယ္ရွိၿပီး ပန္းေတာင္းၿမိဳ႕နယ္ ဥသွ်စ္ပင္ၿမိဳ႕ ေလေၾကာင္းရန္ ကာကြယ္ေရးတပ္ မွာ တပ္သားအဆင့္ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။
၂၀၁၆ ေအာက္တိုဘာမွာ ဥသွ်စ္ပင္ၿမိဳ႕မွေနတဲ့ အသက္ (၂၅)ႏွစ္အရြယ္ ကြမ္းယာေရာင္းသူ အမ်ိဳးသမီးတစ္ဦးကို လက္ဝတ္ရတနာေတြ ျဖဳတ္ယူကာ သားမယားျပဳက်င့္ၿပီး လူသတ္မႈက်ဴးလြန္ခဲ့လုိ႔ စက္တင္ဘာ ၁၂ ရက္မွာ ျပည္ခ႐ိုင္တရား႐ံုးက အမိန္႔ခ်မွတ္ခဲ့တာပါ။
အဆုိပါ တပ္မေတာ္သားကို ျပစ္မႈက်ဴးလြန္ၿပီးေနာက္ပိုင္းတြင္ တပ္မေတာ္က စစ္ေဆးၿပီး ႏွစ္လအၾကာမွာ ရဲတပ္ဖြဲ႕ကို ျပန္လည္လႊဲေျပာင္းခဲ့ကာ ျပည္ခ႐ိုင္တရား႐ံုးမွာ ၁၀ လၾကာ တရားရင္ဆိုင္ၿပီး အမိန္႔ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။
Source : 7DayDaily
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Duwun

#Unicode Version#
ပန်းတောင်းမြို့နယ်မှာ ကွမ်းယာရောင်းတဲ့ အမျိုးသမီးတစ်ဦးကို လုယက်၊ သားမယားပြုကျင့်ပြီး သတ်ခဲ့တဲ့ တပ်မတော်သားတစ်ဦးကို ပြည်ခရိုင်တရားရုံးက ထောင်ဒဏ် ၃၄ နှစ် ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့နေ သိရပါတယ်။
‘‘လူသတ်မှုအတွက် ထောင် ဒဏ် တစ်သက်တစ်ကျွန်းချမှတ် တယ်။ ကျွန်းမရှိတော့တဲ့အတွက် ထောင်ဒဏ် အနှစ် ၂၀ နဲ့ လုယက် မှု ထောင်ဒဏ် ခုနစ်နှစ်၊ သား မယားပြုကျင့်မှု ထောင်ဒဏ်ခုနစ် နှစ် စုစုပေါင်း ၃၄ နှစ်ကျသွား တယ်။ အမိန့်ချပြီးတာနဲ့ သာယာ ဝတီထောင်ပို့လိုက်ပါပြီ’’လို့ ပန်တောင်းရဲစခန်း စခန်းမှူး ရဲမှူးကျော်ဆန်းက ပြောပါတယ်။

ပြစ်ဒဏ်ချမှတ်ခံရတဲ့ တပ်မတော်သားက အသက် (၂၆)နှစ်အရွယ်ရှိပြီး ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ လေကြောင်းရန် ကာကွယ်ရေးတပ် မှာ တပ်သားအဆင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
၂၀၁၆ အောက်တိုဘာမှာ ဥသျှစ်ပင်မြို့မှနေတဲ့ အသက် (၂၅)နှစ်အရွယ် ကွမ်းယာရောင်းသူ အမျိုးသမီးတစ်ဦးကို လက်ဝတ်ရတနာတွေ ဖြုတ်ယူကာ သားမယားပြုကျင့်ပြီး လူသတ်မှုကျူးလွန်ခဲ့လို့ စက်တင်ဘာ ၁၂ ရက်မှာ ပြည်ခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့တာပါ။
အဆိုပါ တပ်မတော်သားကို ပြစ်မှုကျူးလွန်ပြီးနောက်ပိုင်းတွင် တပ်မတော်က စစ်ဆေးပြီး နှစ်လအကြာမှာ ရဲတပ်ဖွဲ့ကို ပြန်လည်လွှဲပြောင်းခဲ့ကာ ပြည်ခရိုင်တရားရုံးမှာ ၁၀ လကြာ တရားရင်ဆိုင်ပြီး အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
Source : 7DayDaily
ဖိုးသူတော် (www.phothutaw.com)
Credit:  Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top