ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ယမန္ႏွစ္ စက္တင္ဘာလက ျပဳလုပ္ခဲ့သည့္ ကုလအေထြေထြညီလာခံတြင္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္မိန္႔ခြန္းေျပာေနစဥ္ (ဓာတ္ပံု - ေအအက္ဖ္ပီ)
ကမာၻ႔ႏိုင္ငံအသီးသီးရဲ႕ ေခါင္းေဆာင္ေတြ၊ အႀကီးအကဲေတြဟာ ဒီေန႔ကစၿပီး နယူးေယာက္ၿမိဳ႕ေတာ္မွာ ေရာက္ရွိ စည္းေဝးေနၾကပါၿပီ။ ၿပီးခဲ့တဲ့ရက္ေတြအတြင္း ေဒၚေအာင္ဆန္းစုၾကည္ဆီကို ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ အပါ အဝင္ ႏိုင္ငံအမ်ားအျပားက သံတမန္ေတြနဲ႔ အဆင့္ျမင့္ကိုယ္စား လွယ္ေတြဟာ လူကိုယ္တိုင္တစ္မ်ိဳး၊ တယ္လီဖုန္းကတစ္ဖံု၊ ေပးစာ ေတြကတစ္ဆင့္ပါ နည္းမ်ိဳးစံုနဲ႔ ဆက္သြယ္စကားေျပာျဖစ္ၾကတယ္လို႔ သံတမန္အသိုင္းအဝိုင္း က သိရပါတယ္။

ျမန္မာႏိုင္ငံ ရခုိင္ျပည္နယ္မွာျဖစ္ပြားေနတဲ့ ပဋိပကၡဟာ ကမၻာတစ္ဝန္း ကန္႔ကြက္ဆႏၵျပအခံရဆံုးနဲ႔ အေဝဖန္ခံရဆံုး ျပႆနာျဖစ္ေနပါတယ္။ ၾသဂုတ္ ၂၅ရက္က ျမန္မာလံုၿခံဳေရးကင္းစခန္းေတြ တိုက္ခုိက္ခံရမႈနဲ႔ ေနာက္ဆက္တြဲ နယ္ေျမရွင္းလင္းေရး စစ္ဆင္မႈအတြင္း ၿပီးခဲ့တဲ့ ႏွစ္ပတ္တာကာလမွာ ေသဆံုးသူဦးေရ ၄၀၀ ေလာက္နဲ႔ ဘဂၤလားေဒ့ရွ္ကို ဝင္ေရာက္ခိုလံႈသူေပါင္း သံုးသိန္းနီးပါး ရွိတဲ့ ျပႆနာဟာ ကမၻာရဲ႕ အာ႐ံုစိုက္မႈကို ခံေနရပါတယ္။ လာမယ့္ ကုလသမဂၢ အေထြေထြညီလာခံ၊ လူ႔အခြင့္အေရးေကာင္စီညီလာခံ၊ လံုၿခံဳေရးေကာင္စီအစည္းအေဝးနဲ႔ ဆက္စပ္ေကာ္မတီ အစည္းအေဝးေတြရဲ႕ အစီအစဥ္ေတြထဲမွာ ေျမာက္ကိုရီးယား၊ ဆီးရီးယားစတဲ့ အေရးေတြနဲ႔အတူ ျမန္မာအေရးလည္း အေရးတႀကီး ပါဝင္ ေနပါတယ္။

နယူးေယာက္စံေတာ္ခ်ိန္ စက္တင္ဘာ ၁၂ ရက္ ေန႔လယ္ ၃ နာရီမွာ စတင္ဖြင့္လွစ္ၿပီး တစ္ပတ္ ၾကာျပဳလုပ္မယ့္ (၇၂) ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံကို ျမန္မာ့ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ တက္မယ္လို႔ ၿပီးခဲ့တဲ့ဆယ္ရက္ေလာက္က ၾကားခဲ့ရေပမယ့္ ေနာက္ပိုင္းမွာ ဒုသမၼတ ဦးဟင္နရီဗန္ထီးယူ တက္မယ္လို႔ သတင္းေတြ ထြက္ေပၚေနပါ တယ္။

ေဒၚေအာင္ဆန္းစုၾကည္ တက္ရင္၊ မတက္ရင္

ဖိအားေတြေရာ အခြင့္အလမ္းေတြပါ ႀကိဳတင္ေစာင့္စားေနပါတယ္။ ပထမဆံုးအခ်က္က ေဒၚေအာင္ဆန္းစုၾကည္ လံုၿခံဳေရးျဖစ္ပါတယ္။ ေနာက္ၿပီး ကုလအေထြေထြညီလာခံကို ေဒၚေအာင္ဆန္းစုၾကည္ တက္မယ္ဆိုရင္ ျမန္မာ ႏုိင္ငံကို အေဝးက လွမ္းေပးေနတဲ့ ဖိအားေတြကို မ်က္ႏွာခ်င္းဆိုင္ အနီးကပ္ နဖူးေတြ႕၊ ဒူးေတြ႕ ရင္ ဆုိင္ရမွာျဖစ္ပါတယ္။ အစၥလာမ္မစ္ ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႕ အိုအိုင္စီအဖြဲ႕ဝင္ ႏုိင္ငံေတြနဲ႔ လူ႔အခြင့္အေရးကို တန္ဖိုးထားတဲ့ ဒီမိုကေရစီႏုိင္ငံံႀကီးေတြဟာ ရခုိင္ ျပည္နယ္ပဋိပကၡနဲ႔ ပတ္သက္ၿပီး ျပင္းျပင္းထန္ထန္ ဖိအားေပးၾကဖို႔ ျပင္ထားၾကပါတယ္။ ႏုိင္ငံ့ေခါင္း ေဆာင္ေတြရဲ႕ မိန္႔ခြန္းေတြမွာ ထည့္ေျပာၾကမွာျဖစ္သလို ေဆြးေႏြးပြဲေတြအျဖစ္လည္း လုပ္ၾကမွာပါ။

လက္ရွိအခ်ိန္မွာ ရခုိင္ျပည္နယ္အေရးနဲ႔ ပတ္သက္လို႔ ေဒၚ ေအာင္ဆန္းစုၾကည္ရဲ႕ စကားတစ္စြန္းတစ္စေတြသာ ႏုိင္ငံတကာ မီဒီယာမွာ ေဖာ္ျပခံေနရၿပီး အေဝဖန္ခံရေနပါတယ္။ ဒါ့ထက္ ျပင္းထန္တာကေတာ့ ဘဂၤါလီ (သူတို႔ အေခၚ ႐ိုဟင္ဂ်ာ)ေတြရဲ႕ အတိဒုကၡေရာက္ေနတာနဲ႔ပတ္သက္လို႔ ႏိုဗယ္ၿငိမ္းခ်မ္းေရးဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္က ႏႈတ္ဆိတ္ေနတယ္ဆိုတဲ့ ေဝဖန္မႈေတြျဖစ္ပါတယ္။

အဆိုးဆံုးကေတာ့ အစိုးရအင္ေဖာ္ေမးရွင္း ေကာ္မတီက ထုတ္ျပန္ခ်က္ေတြနဲ႔ အေရးအသားေတြေၾကာင့္လို႔ ဆိုပါတယ္။ ႏုိင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္႐ံုး သတင္းထုတ္ျပန္ေရး ေကာ္မတီဆိုတဲ့ နာမည္ေအာက္မွာ ရခုိင္ျပည္ နယ္ပဋိပကၡနဲ႔ပတ္သက္လို႔ ထုတ္ျပန္ခ်က္ေတြ ဆက္တုိက္ထုတ္ခဲ့ၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းက သတင္းထုတ္ျပန္ေရးေကာ္မတီလို႔ နာမည္ေျပာင္းခဲ့ပါတယ္။ ဒါေပမဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ တံဆိပ္ေအာက္မွာ ထုတ္ျပန္ခဲ့တဲ့ ဝါဒျဖန္႔မႈဆန္ဆန္ အေရးအသားေတြနဲ႔ ဆိုးဆိုးရြားရြား ဓာတ္ပံုေတြပါတဲ့ အဲဒီထုတ္ျပန္ခ်က္ေတြအေပၚ ႏုိင္ငံတကာက အႏုတ္လကၡဏာ တံု႔ျပန္ခဲ့ၾကပါတယ္။ ညီလာခံတက္ၿပီး မိန္႔ခြန္းေျပာမယ္ဆိုရင္ရမယ့္ အခြင့္အလမ္း ပထမအခ်က္ကေတာ့ ကုလစင္ျမင့္ထက္ကေန ကမၻာကို ျပည့္ျပည့္စံုစံု ကိုယ္တိုင္ကိုယ္က် ရင္ဆုိင္ရွင္းျပႏိုင္မယ့္ အခြင့္အလမ္းပါ။

တစ္ၿပိဳင္နက္မွာပဲ အဲဒီ အက်ပ္အတည္းၾကားထဲမွာ သံခင္းတမန္ခင္း အခြင့္အလမ္း ရွိပါေသးတယ္။ အေထြေထြညီလာခံ ရက္သတၱပတ္ကို ကုလအဖြဲ႕ဝင္ ႏိုင္ငံ ႏွစ္ရာနီးပါးရဲ႕ ေခါင္းေဆာင္ ေတြနဲ႔ အႀကီးအကဲေတြ တက္ေရာက္ၾကရတဲ့ ယဥ္ေက်းမႈအတုိင္း ေဒၚေအာင္ဆန္းစုၾကည္တက္မယ္လို႔ ႏိုင္ငံအမ်ားအျပားက ေမွ်ာ္လင့္ထားၾကပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ညီလာခံျပင္ပ ႏွစ္ႏုိင္ငံၾကားအစည္းအေဝးငယ္ေတြ ျပဳလုပ္ဖို႔ စိတ္ကူးထားတဲ့ ႏိုင္ငံေတြ ရွိေနပါတယ္။ ႏိုင္ငံအလည္အပတ္ခရီးစဥ္ေတြ သြားမွ၊ လာမွ ေတြ႕ဆံုေဆြးေႏြးႏိုင္မယ့္ တျခားႏုိင္ငံ့ေခါင္းေဆာင္ေတြနဲ႔ ဒီညီလာခံမွာ ေတြ႕ဆံုၿပီး သီးသန္႔ ေဘးအစည္းအေဝးေတြ လုပ္ႏုိင္မယ့္ အခြင့္အလမ္းပါ။ ျမန္မာ့မိတ္ေဆြႏုိင္ငံအခ်ိဳ႕နဲ႔ ၾကားေနႏုိင္ငံအခ်ိဳ႕က ေခါင္းေဆာင္ေတြဟာ နယူးေယာက္မွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ လူကိုယ္တိုင္ေတြ႕ဆံုၿပီး ရခိုင္အေရး၊ ႏွစ္ႏုိင္ငံ စီးပြားေရး၊ ပညာေရး၊ အကူအညီေပးေရး စတဲ့ က႑အသီးသီးကို ေဆြးေႏြးႏုိင္ဖို႔ စိတ္ကူးရွိတယ္လို႔ ၾကားသိရပါတယ္။ အထူးသျဖင့္ အခုရခုိင္အေရးမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အယူအဆ၊ မူဝါဒ၊ ရည္မွန္းခ်က္၊ ပူးေပါင္းေဆာင္ရြက္ႏုိင္မယ့္ နည္းလမ္းအစီအစဥ္ စတာေတြကို ပြင့္ပြင့္လင္းလင္း မ်က္ႏွာခ်င္းဆိုင္ ေဆြးေႏြးသိရွိခြင့္ရရင္ ညီလာခံနဲ႔ ေကာင္စီအစည္းအေဝးေတြမွာ ျမန္မာဘက္က ဝိုင္းရပ္တည္ေပး ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိတယ္လို႔ ဆိုၾကပါတယ္။ ဒါကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ ညီလာခံတက္ေရာက္ရင္ ရမယ့္အေျခအေန ျဖစ္ပါတယ္။

တ႐ုတ္၊ ႐ုရွား ဗီတို

ျမန္မာအေပၚ ကုလသမဂၢလံုၿခံဳေရးေကာင္စီ ဆံုးျဖတ္ေၾကညာခ်က္ မထုတ္ႏုိင္ဖို႔အတြက္ တ႐ုတ္နဲ႔ ႐ုရွားတို႔ရဲ႕ အကူအညီရဖို႔ ျမန္မာအစိုးရက ညိႇႏိႈင္းေနတယ္လို႔ စက္တင္ဘာ ၆ ရက္က သတင္းစာရွင္းလင္းပြဲမွာ အမ်ိဳးသားလံုံၿခံဳ ေရးအႀကံေပးပုဂၢိဳလ္က ေျပာခဲ့ပါတယ္။ တ႐ုတ္က မိတ္ေဆြႏုိင္ငံျဖစ္သလို ႐ုရွားနဲ႔လည္း အလားတူဆက္ဆံေရးမ်ိဳးရွိတာေၾကာင့္ ကုလလံုၿခံဳေရးေကာင္စီက ျမန္မာ့အေရး ဒီထက္ေရွ႕ဆက္ဖို႔ မျဖစ္ ႏုိင္ေၾကာင္းလည္း ဆိုပါတယ္။

ၾသဂုတ္လကုန္က ကုလလံုၿခံဳေရးေကာင္စီ တံခါးပိတ္အစည္းအေဝးမွာ ရခုိင္အေရးနဲ႔ပတ္သက္လို႔ တ႐ုတ္က ဟန္႔တားခဲ့တာေၾကာင့္ ဆံုးျဖတ္ခ်က္ မခ်ႏုိင္ခဲ့ပါဘူး။ တ႐ုတ္ဟာ ႐ုရွားရဲ႕ ေက်ာေထာက္ေနာက္ခံမႈနဲ႔အတူ ျမန္မာနဲ႔ပတ္သက္လို႔ လံုၿခံဳေရးေကာင္စီေၾကညာခ်က္ကို ၂၀၀၇ နဲ႔ ၂၀၁၇ မတ္လတုန္းကလည္း ဗီတိုသံုးၿပီး ကန္႔ကြက္တားျမစ္ခဲ့ဖူးပါတယ္။ ႐ုရွားရဲ႕ ကုလဆိုင္ရာ သံအမတ္ႀကီး ဗက္စီလီနီဘန္ဇီယာက ေတာ့ လံုၿခံဳေရးေကာင္စီအေနနဲ႔ ရခုိင္ျပည္နယ္က အေျခအေနကို တည္ျငိမ္ေစလိုၿပီး ႏွစ္ဖက္အေနနဲ႔ ထိန္းထိန္းသိမ္းသိမ္းလုပ္ဖို႔ ေတာင္းဆိုေၾကာင္း ေျပာထားပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ရက္က ႐ုရွားမွာ ႐ိုဟင္ဂ်ာအေရး ဆႏၵျပပြဲ ျဖစ္ေပၚခဲ့ၿပီး အဲဒီဆႏၵျပပြဲဦး ေဆာင္သူဟာ ႐ုရွားသမၼတပူတင္နဲ႔ နီးကပ္တဲ့ ဆက္ဆံေရးရွိသူ ျဖစ္ပါတယ္။ တ႐ုတ္အေနနဲ႔ သူ႔ရဲ႕ကုန္းတြင္းပိတ္ ျပည္နယ္ေတြကို အိႏၵိယသမုဒၵရာဆီ ေပါက္ေအာင္ ျမန္မာႏုိင္ငံကို ျဖတ္လမ္းဖြင့္ထားၿပီး ရခိုင္ျပည္နယ္မွာ စီးပြားေရးအက်ိဳးစီးပြားေတြ ရွိေနတာေၾကာင့္ ရခုိင္ျပည္နယ္အေရးမွာ တျခားႏိုင္ငံေတြ အထူးသျဖင့္အေနာက္ႏုိင္ငံေတြ ပါဝင္မွာကို မလိုလားဘူးလို႔ ေလ့လာသူအမ်ား အျပားက သံုးသပ္ၾကပါတယ္။ ကိုဖီအာနန္ေကာ္မရွင္ရဲ႕ ၾကား ျဖတ္အစီရင္ခံစာ တင္သြင္းခ်ိန္က ဆူးေလရွန္ဂရီလာဟိုတယ္မွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ တ႐ုတ္သတင္းေထာက္တစ္ဦးက ေမးခဲ့တဲ့ေမးခြန္းကေတာ့ ရခိုင္ ျပည္နယ္ကို အေနာက္ႏုိင္ငံေတြက ဘယ္လိုဝင္ႏုိင္သလဲ၊ ကုလၿငိမ္းခ်မ္းေရးတပ္ေတြ ဝင္ဖို႔ျဖစ္ လာမလား ဆိုတာပါ။ သိပ္မၾကာ ေသးခင္ကပဲ တ႐ုတ္အစိုးရအထူး ကိုယ္စားလွယ္ဟာ ဘဂၤလားေဒ့ရွ္ကို သြားခဲ့ၿပီး ရခုိင္ျပႆနာကို ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံၾကားမွာပဲ ေျဖရွင္းဖို႔ ေျပာခဲ့ပါတယ္။ ျမန္မာဟာ တ႐ုတ္ရဲ႕ ရပ္ဝန္းတစ္ခု၊ လမ္းေၾကာင္းတစ္ခုု (OBOR) မဟာဗ်ဴဟာအပါအဝင္ တျခားေသာ စီမံကိန္းေတြနဲ႔ ပတ္သတ္မႈ ရွိေနပါတယ္။ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္လာတုိင္း စစ္အစိုးရလက္ထက္ကတည္းက ဗီတိုအာဏာ သံုးရပ္တည္ေပးခဲ့တဲ့ တ႐ုတ္နဲ႔႐ုရွားက အဲဒီဗီတိုကို သံုးႏုိင္တာ ဟာ လံုၿခံဳေရးေကာင္စီမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ အေထြေထြညီလာခံ၊ လူ႔အခြင့္အေရးေကာင္စိီ၊ကုလဆပ္ေကာ္မတီေတြရဲ႕ အစည္းအေဝးေတြမွာေတာ့ ဗီတို အာဏာနဲ႔ ပိတ္ပင္ႏုိင္မွာ မဟုတ္ပါဘူး။ လံုၿခံဳေရးေကာင္စီ ႀကီးငါးႀကီးအဖြဲ႕ဝင္ႏုိင္ငံျဖစ္တဲ့ ၿဗိတိန္အ ေနနဲ႔ကေတာ့ ရခိုင္အေရးနဲ႔ ပတ္သက္ၿပီး လံုၿခံဳေရးေကာင္စီအ စည္းအေဝးေခၚဖို႔ အၿမဲတိုက္တြန္းတဲ့ႏိုင္ငံျဖစ္ၿပီး ၿပီးခဲ့တဲ့ရက္ကပဲ ျမန္မာစစ္တပ္ကို ၿဗိတိန္ကေပး ေနတဲ့ စစ္ဘက္ဆိုင္ရာ သင္တန္းအစီအစဥ္ကို ျပန္လည္သံုးသပ္ရပ္ဆိုင္းဖို႔ ၿဗိတိန္လႊတ္ေတာ္အမတ္ ၁၅၇ ဦးက ၿဗိတိန္အစုိးရကို ေတာင္းဆိုခဲ့ပါတယ္။ ႀကီးတစ္ႀကီးျဖစ္တဲ့ အေမရိကန္ကေတာ့ ရခုိင္ျပည္နယ္က အေရးနဲ႔ ပတ္သက္လို႔ အထူးစိုးရိမ္ပူပန္ေၾကာင္း ထုတ္ျပန္ထားပါတယ္။ ျမန္မာ့မိတ္ေဆြအျဖစ္ ဆက္လက္ရပ္တည္မွာျဖစ္ၿပီး ရခုိင္အေရးနဲ႔ ပတ္သက္လို႔ စီးပြားေရးပိတ္ဆို႔မႈလုပ္ဖို႔ အစီအစဥ္မရွိဘူးလို႔လည္း ေျပာထားပါတယ္။

တစ္ဖက္မွာလည္း အေနာက္ႏုိင္ငံတခ်ိဳ႕အေနနဲ႔ ဒီအေရးမွာ ျမန္မာအေပၚတင္းလြန္းရင္ တ႐ုတ္ဘက္ခ်ိန္ခြင္လွ်ာယိမ္းသြားေအာင္ တြန္းအားေပးသလို ျဖစ္မွာကို သတိထားၾကပါတယ္။ တစ္ခ်ိန္တည္းမွာပဲ စစ္အုပ္ခ်ဳပ္ေရးေခတ္ တစ္ေက်ာ့ျပန္မလည္ေစခ်င္ဘဲ ဒီခ်ဳပ္အရပ္သားအစိုးရကို ေရွ႕ဆက္သြားႏုိင္ေအာင္ ကူညီတြန္းအားေပးသြားဖို႔ လိုေၾကာင္း ယံုၾကည္တဲ့ မိတ္ေဆြႏုိင္ငံေတြလည္း ရွိပါတယ္။ သံခင္းတမန္ခင္းေလာကမွာ မိတ္ဖက္ႏုိင္ငံေတြနဲ႔ ခ်ဥ္းကပ္ေဆြးေႏြးၿပီး ကိုယ္လို ခ်င္တဲ့ အျမင္မ်ိဳးရေအာင္ ပံုေဖာ္ယူၾကရတဲ့ ထံုးစံရွိပါတယ္။ လံုၿခံဳ ေရးတပ္ဖြဲ႕ဝင္ေတြ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ေၾကာင္း စြပ္စြဲခ်က္ေတြ ဟာ အမ်ိဳးသားျပန္လည္ရင္ၾကား ေစ့ေရးမူကို ကိုင္စြဲထားတဲ့ အရပ္သားအစိုးရ ေခါင္းေဆာင္အေပၚ က်ေရာက္ဖိစီးေနခဲ့ရတာ ႏုိင္ငံတကာအသိျဖစ္ပါတယ္။ အခုအခ်ိန္ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ႏိုင္ငံတကာေလာကရဲ႕ အျမင့္ဆံုးဇာတ္ခံု ကုလသမဂၢမွာ ပထဝီဝင္ႏုိင္ငံအေရး၊ သံခင္းတမန္ခင္း၊ က်င့္ဝတ္စံႏႈန္းေတြကို ပါးပါးနပ္နပ္က်င့္သံုးၿပီး ေက်ာ္ျဖတ္ရမယ့္ ရက္သတၱပတ္ပဲ ျဖစ္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ယမန်နှစ် စက်တင်ဘာလက ပြုလုပ်ခဲ့သည့် ကုလအထွေထွေညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောနေစဉ် (ဓာတ်ပုံ - အေအက်ဖ်ပီ)

ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ခေါင်းဆောင်တွေ၊ အကြီးအကဲတွေဟာ ဒီနေ့ကစပြီး နယူးယောက်မြို့တော်မှာ ရောက်ရှိ စည်းဝေးနေကြပါပြီ။ ပြီးခဲ့တဲ့ရက်တွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ဆီကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အပါ အဝင် နိုင်ငံအများအပြားက သံတမန်တွေနဲ့ အဆင့်မြင့်ကိုယ်စား လှယ်တွေဟာ လူကိုယ်တိုင်တစ်မျိုး၊ တယ်လီဖုန်းကတစ်ဖုံ၊ ပေးစာ တွေကတစ်ဆင့်ပါ နည်းမျိုးစုံနဲ့ ဆက်သွယ်စကားပြောဖြစ်ကြတယ်လို့ သံတမန်အသိုင်းအဝိုင်း က သိရပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ကမ္ဘာတစ်ဝန်း ကန့်ကွက်ဆန္ဒပြအခံရဆုံးနဲ့ အဝေဖန်ခံရဆုံး ပြဿနာဖြစ်နေပါတယ်။ သြဂုတ် ၂၅ရက်က မြန်မာလုံခြုံရေးကင်းစခန်းတွေ တိုက်ခိုက်ခံရမှုနဲ့ နောက်ဆက်တွဲ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုအတွင်း ပြီးခဲ့တဲ့ နှစ်ပတ်တာကာလမှာ သေဆုံးသူဦးရေ ၄၀၀ လောက်နဲ့ ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်ခိုလှုံသူပေါင်း သုံးသိန်းနီးပါး ရှိတဲ့ ပြဿနာဟာ ကမ္ဘာရဲ့ အာရုံစိုက်မှုကို ခံနေရပါတယ်။ လာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ လူ့အခွင့်အရေးကောင်စီညီလာခံ၊ လုံခြုံရေးကောင်စီအစည်းအဝေးနဲ့ ဆက်စပ်ကော်မတီ အစည်းအဝေးတွေရဲ့ အစီအစဉ်တွေထဲမှာ မြောက်ကိုရီးယား၊ ဆီးရီးယားစတဲ့ အရေးတွေနဲ့အတူ မြန်မာအရေးလည်း အရေးတကြီး ပါဝင် နေပါတယ်။

နယူးယောက်စံတော်ချိန် စက်တင်ဘာ ၁၂ ရက် နေ့လယ် ၃ နာရီမှာ စတင်ဖွင့်လှစ်ပြီး တစ်ပတ် ကြာပြုလုပ်မယ့် (၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်မယ်လို့ ပြီးခဲ့တဲ့ဆယ်ရက်လောက်က ကြားခဲ့ရပေမယ့် နောက်ပိုင်းမှာ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါ တယ်။

ဒေါ်အောင်ဆန်းစုကြည် တက်ရင်၊ မတက်ရင်

ဖိအားတွေရော အခွင့်အလမ်းတွေပါ ကြိုတင်စောင့်စားနေပါတယ်။ ပထမဆုံးအချက်က ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးဖြစ်ပါတယ်။ နောက်ပြီး ကုလအထွေထွေညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်မယ်ဆိုရင် မြန်မာ နိုင်ငံကို အဝေးက လှမ်းပေးနေတဲ့ ဖိအားတွေကို မျက်နှာချင်းဆိုင် အနီးကပ် နဖူးတွေ့၊ ဒူးတွေ့ ရင် ဆိုင်ရမှာဖြစ်ပါတယ်။ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီအဖွဲ့ဝင် နိုင်ငံတွေနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ ဒီမိုကရေစီနိုင်ငံံကြီးတွေဟာ ရခိုင် ပြည်နယ်ပဋိပက္ခနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဖိအားပေးကြဖို့ ပြင်ထားကြပါတယ်။ နိုင်ငံ့ခေါင်း ဆောင်တွေရဲ့ မိန့်ခွန်းတွေမှာ ထည့်ပြောကြမှာဖြစ်သလို ဆွေးနွေးပွဲတွေအဖြစ်လည်း လုပ်ကြမှာပါ။

လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ဒေါ် အောင်ဆန်းစုကြည်ရဲ့ စကားတစ်စွန်းတစ်စတွေသာ နိုင်ငံတကာ မီဒီယာမှာ ဖော်ပြခံနေရပြီး အဝေဖန်ခံရနေပါတယ်။ ဒါ့ထက် ပြင်းထန်တာကတော့ ဘင်္ဂါလီ (သူတို့ အခေါ် ရိုဟင်ဂျာ)တွေရဲ့ အတိဒုက္ခရောက်နေတာနဲ့ပတ်သက်လို့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆိတ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေဖြစ်ပါတယ်။

အဆိုးဆုံးကတော့ အစိုးရအင်ဖော်မေးရှင်း ကော်မတီက ထုတ်ပြန်ချက်တွေနဲ့ အရေးအသားတွေကြောင့်လို့ ဆိုပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ရေး ကော်မတီဆိုတဲ့ နာမည်အောက်မှာ ရခိုင်ပြည် နယ်ပဋိပက္ခနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်တွေ ဆက်တိုက်ထုတ်ခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းထုတ်ပြန်ရေးကော်မတီလို့ နာမည်ပြောင်းခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တံဆိပ်အောက်မှာ ထုတ်ပြန်ခဲ့တဲ့ ဝါဒဖြန့်မှုဆန်ဆန် အရေးအသားတွေနဲ့ ဆိုးဆိုးရွားရွား ဓာတ်ပုံတွေပါတဲ့ အဲဒီထုတ်ပြန်ချက်တွေအပေါ် နိုင်ငံတကာက အနုတ်လက္ခဏာ တုံ့ပြန်ခဲ့ကြပါတယ်။ ညီလာခံတက်ပြီး မိန့်ခွန်းပြောမယ်ဆိုရင်ရမယ့် အခွင့်အလမ်း ပထမအချက်ကတော့ ကုလစင်မြင့်ထက်ကနေ ကမ္ဘာကို ပြည့်ပြည့်စုံစုံ ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ရှင်းပြနိုင်မယ့် အခွင့်အလမ်းပါ။

တစ်ပြိုင်နက်မှာပဲ အဲဒီ အကျပ်အတည်းကြားထဲမှာ သံခင်းတမန်ခင်း အခွင့်အလမ်း ရှိပါသေးတယ်။ အထွေထွေညီလာခံ ရက်သတ္တပတ်ကို ကုလအဖွဲ့ဝင် နိုင်ငံ နှစ်ရာနီးပါးရဲ့ ခေါင်းဆောင် တွေနဲ့ အကြီးအကဲတွေ တက်ရောက်ကြရတဲ့ ယဉ်ကျေးမှုအတိုင်း ဒေါ်အောင်ဆန်းစုကြည်တက်မယ်လို့ နိုင်ငံအများအပြားက မျှော်လင့်ထားကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီလာခံပြင်ပ နှစ်နိုင်ငံကြားအစည်းအဝေးငယ်တွေ ပြုလုပ်ဖို့ စိတ်ကူးထားတဲ့ နိုင်ငံတွေ ရှိနေပါတယ်။ နိုင်ငံအလည်အပတ်ခရီးစဉ်တွေ သွားမှ၊ လာမှ တွေ့ဆုံဆွေးနွေးနိုင်မယ့် တခြားနိုင်ငံ့ခေါင်းဆောင်တွေနဲ့ ဒီညီလာခံမှာ တွေ့ဆုံပြီး သီးသန့် ဘေးအစည်းအဝေးတွေ လုပ်နိုင်မယ့် အခွင့်အလမ်းပါ။ မြန်မာ့မိတ်ဆွေနိုင်ငံအချို့နဲ့ ကြားနေနိုင်ငံအချို့က ခေါင်းဆောင်တွေဟာ နယူးယောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကိုယ်တိုင်တွေ့ဆုံပြီး ရခိုင်အရေး၊ နှစ်နိုင်ငံ စီးပွားရေး၊ ပညာရေး၊ အကူအညီပေးရေး စတဲ့ ကဏ္ဍအသီးသီးကို ဆွေးနွေးနိုင်ဖို့ စိတ်ကူးရှိတယ်လို့ ကြားသိရပါတယ်။ အထူးသဖြင့် အခုရခိုင်အရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူအဆ၊ မူဝါဒ၊ ရည်မှန်းချက်၊ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းအစီအစဉ် စတာတွေကို ပွင့်ပွင့်လင်းလင်း မျက်နှာချင်းဆိုင် ဆွေးနွေးသိရှိခွင့်ရရင် ညီလာခံနဲ့ ကောင်စီအစည်းအဝေးတွေမှာ မြန်မာဘက်က ဝိုင်းရပ်တည်ပေး နိုင်ဖို့ မျှော်လင့်ချက်ရှိတယ်လို့ ဆိုကြပါတယ်။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် ညီလာခံတက်ရောက်ရင် ရမယ့်အခြေအနေ ဖြစ်ပါတယ်။

တရုတ်၊ ရုရှား ဗီတို

မြန်မာအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ကြေညာချက် မထုတ်နိုင်ဖို့အတွက် တရုတ်နဲ့ ရုရှားတို့ရဲ့ အကူအညီရဖို့ မြန်မာအစိုးရက ညှိနှိုင်းနေတယ်လို့ စက်တင်ဘာ ၆ ရက်က သတင်းစာရှင်းလင်းပွဲမှာ အမျိုးသားလုံံခြုံ ရေးအကြံပေးပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။ တရုတ်က မိတ်ဆွေနိုင်ငံဖြစ်သလို ရုရှားနဲ့လည်း အလားတူဆက်ဆံရေးမျိုးရှိတာကြောင့် ကုလလုံခြုံရေးကောင်စီက မြန်မာ့အရေး ဒီထက်ရှေ့ဆက်ဖို့ မဖြစ် နိုင်ကြောင်းလည်း ဆိုပါတယ်။

သြဂုတ်လကုန်က ကုလလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးမှာ ရခိုင်အရေးနဲ့ပတ်သက်လို့ တရုတ်က ဟန့်တားခဲ့တာကြောင့် ဆုံးဖြတ်ချက် မချနိုင်ခဲ့ပါဘူး။ တရုတ်ဟာ ရုရှားရဲ့ ကျောထောက်နောက်ခံမှုနဲ့အတူ မြန်မာနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီကြေညာချက်ကို ၂၀၀၇ နဲ့ ၂၀၁၇ မတ်လတုန်းကလည်း ဗီတိုသုံးပြီး ကန့်ကွက်တားမြစ်ခဲ့ဖူးပါတယ်။ ရုရှားရဲ့ ကုလဆိုင်ရာ သံအမတ်ကြီး ဗက်စီလီနီဘန်ဇီယာက တော့ လုံခြုံရေးကောင်စီအနေနဲ့ ရခိုင်ပြည်နယ်က အခြေအနေကို တည်ငြိမ်စေလိုပြီး နှစ်ဖက်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ တောင်းဆိုကြောင်း ပြောထားပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်က ရုရှားမှာ ရိုဟင်ဂျာအရေး ဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့ပြီး အဲဒီဆန္ဒပြပွဲဦး ဆောင်သူဟာ ရုရှားသမ္မတပူတင်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိသူ ဖြစ်ပါတယ်။ တရုတ်အနေနဲ့ သူ့ရဲ့ကုန်းတွင်းပိတ် ပြည်နယ်တွေကို အိန္ဒိယသမုဒ္ဒရာဆီ ပေါက်အောင် မြန်မာနိုင်ငံကို ဖြတ်လမ်းဖွင့်ထားပြီး ရခိုင်ပြည်နယ်မှာ စီးပွားရေးအကျိုးစီးပွားတွေ ရှိနေတာကြောင့် ရခိုင်ပြည်နယ်အရေးမှာ တခြားနိုင်ငံတွေ အထူးသဖြင့်အနောက်နိုင်ငံတွေ ပါဝင်မှာကို မလိုလားဘူးလို့ လေ့လာသူအများ အပြားက သုံးသပ်ကြပါတယ်။ ကိုဖီအာနန်ကော်မရှင်ရဲ့ ကြား ဖြတ်အစီရင်ခံစာ တင်သွင်းချိန်က ဆူးလေရှန်ဂရီလာဟိုတယ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်သတင်းထောက်တစ်ဦးက မေးခဲ့တဲ့မေးခွန်းကတော့ ရခိုင် ပြည်နယ်ကို အနောက်နိုင်ငံတွေက ဘယ်လိုဝင်နိုင်သလဲ၊ ကုလငြိမ်းချမ်းရေးတပ်တွေ ဝင်ဖို့ဖြစ် လာမလား ဆိုတာပါ။ သိပ်မကြာ သေးခင်ကပဲ တရုတ်အစိုးရအထူး ကိုယ်စားလှယ်ဟာ ဘင်္ဂလားဒေ့ရှ်ကို သွားခဲ့ပြီး ရခိုင်ပြဿနာကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြားမှာပဲ ဖြေရှင်းဖို့ ပြောခဲ့ပါတယ်။ မြန်မာဟာ တရုတ်ရဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခုု (OBOR) မဟာဗျူဟာအပါအဝင် တခြားသော စီမံကိန်းတွေနဲ့ ပတ်သတ်မှု ရှိနေပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လာတိုင်း စစ်အစိုးရလက်ထက်ကတည်းက ဗီတိုအာဏာ သုံးရပ်တည်ပေးခဲ့တဲ့ တရုတ်နဲ့ရုရှားက အဲဒီဗီတိုကို သုံးနိုင်တာ ဟာ လုံခြုံရေးကောင်စီမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အထွေထွေညီလာခံ၊ လူ့အခွင့်အရေးကောင်စီ၊ကုလဆပ်ကော်မတီတွေရဲ့ အစည်းအဝေးတွေမှာတော့ ဗီတို အာဏာနဲ့ ပိတ်ပင်နိုင်မှာ မဟုတ်ပါဘူး။ လုံခြုံရေးကောင်စီ ကြီးငါးကြီးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဗြိတိန်အ နေနဲ့ကတော့ ရခိုင်အရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီအ စည်းအဝေးခေါ်ဖို့ အမြဲတိုက်တွန်းတဲ့နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့ရက်ကပဲ မြန်မာစစ်တပ်ကို ဗြိတိန်ကပေး နေတဲ့ စစ်ဘက်ဆိုင်ရာ သင်တန်းအစီအစဉ်ကို ပြန်လည်သုံးသပ်ရပ်ဆိုင်းဖို့ ဗြိတိန်လွှတ်တော်အမတ် ၁၅၇ ဦးက ဗြိတိန်အစိုးရကို တောင်းဆိုခဲ့ပါတယ်။ ကြီးတစ်ကြီးဖြစ်တဲ့ အမေရိကန်ကတော့ ရခိုင်ပြည်နယ်က အရေးနဲ့ ပတ်သက်လို့ အထူးစိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ထားပါတယ်။ မြန်မာ့မိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်မှာဖြစ်ပြီး ရခိုင်အရေးနဲ့ ပတ်သက်လို့ စီးပွားရေးပိတ်ဆို့မှုလုပ်ဖို့ အစီအစဉ်မရှိဘူးလို့လည်း ပြောထားပါတယ်။

တစ်ဖက်မှာလည်း အနောက်နိုင်ငံတချို့အနေနဲ့ ဒီအရေးမှာ မြန်မာအပေါ်တင်းလွန်းရင် တရုတ်ဘက်ချိန်ခွင်လျှာယိမ်းသွားအောင် တွန်းအားပေးသလို ဖြစ်မှာကို သတိထားကြပါတယ်။ တစ်ချိန်တည်းမှာပဲ စစ်အုပ်ချုပ်ရေးခေတ် တစ်ကျော့ပြန်မလည်စေချင်ဘဲ ဒီချုပ်အရပ်သားအစိုးရကို ရှေ့ဆက်သွားနိုင်အောင် ကူညီတွန်းအားပေးသွားဖို့ လိုကြောင်း ယုံကြည်တဲ့ မိတ်ဆွေနိုင်ငံတွေလည်း ရှိပါတယ်။ သံခင်းတမန်ခင်းလောကမှာ မိတ်ဖက်နိုင်ငံတွေနဲ့ ချဉ်းကပ်ဆွေးနွေးပြီး ကိုယ်လို ချင်တဲ့ အမြင်မျိုးရအောင် ပုံဖော်ယူကြရတဲ့ ထုံးစံရှိပါတယ်။ လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေ လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်တွေ ဟာ အမျိုးသားပြန်လည်ရင်ကြား စေ့ရေးမူကို ကိုင်စွဲထားတဲ့ အရပ်သားအစိုးရ ခေါင်းဆောင်အပေါ် ကျရောက်ဖိစီးနေခဲ့ရတာ နိုင်ငံတကာအသိဖြစ်ပါတယ်။ အခုအချိန်ကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတကာလောကရဲ့ အမြင့်ဆုံးဇာတ်ခုံ ကုလသမဂ္ဂမှာ ပထဝီဝင်နိုင်ငံအရေး၊ သံခင်းတမန်ခင်း၊ ကျင့်ဝတ်စံနှုန်းတွေကို ပါးပါးနပ်နပ်ကျင့်သုံးပြီး ကျော်ဖြတ်ရမယ့် ရက်သတ္တပတ်ပဲ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top