Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×




Credit: Buzzy

# Unicode Version #
အခုခေတ်မှာ ဆံပင်ဆေးဆိုးတာကို လူငယ်တော်တော်များများကြိုက်လာကြပါတယ်။ ဆံပင်အရမ်းကောင်းနေရင်တော့ ကိစ္စမရှိပေမယ့် ဆံပင်မကောင်းတဲ့လူတွေ၊ ဆံပင်ပါးတဲ့လူတွေအနေနဲ့ ဆံပင်ဆိုးဆေးခြင်းကို ရှောင်သင့်ပါတယ်။ ဆေးသားကဘယ်လောက်ပဲကောင်းတယ်ပြောပြော..သဘာဝကိုဆန့်ကျင်တဲ့အတွက် အနည်းဆုံးတော့ဆံသားပျက်စီးပါ

ဒီအမျိုးသမီးလည်း ဆံပင်ကိုလေးကြိမ်တိတိ ဆေးဆိုးခဲ့တဲ့အတွက် ဦးရေပြားတွေလောင်ကျွမ်းပြီး ဆံပင်တွေအကုန်ရိတ်လိုက်ရပါတယ်။ ထိုအမျိုးသမီးနာမည်ဟာ Deng လို့သိရပြီး တရုတ်နိုင်ငံ Deyangm, Sichuan မြို့က ဆံပင်ဆိုင်တစ်ဆိုင်မှာ ဆံပင်အစိမ်းရောင်ဆိုးခဲ့တာဖြစ်ပါတယ်။ ဆံပင်အရောင်တစ်ခါဆိုးရင် (၃)နာရီလောက်ကြာပြီး သူမဆေးဆိုးတာက လေးကြိမ်တိတိရှိတယ်လို့ သိရပါတယ်။

သူမရဲ့ဦးရေစပ်ဖျဉ်းဖျဉ်းဖြစ်လာပြီး နာကျင်လာတာကြောင့် ဆေးခန်းသွားပြကြည့်တဲ့အခါ ဦးရေပြားတွေ လောင်ကျွမ်းနေပြီဖြစ်ကြောင်း၊ ဆံပင်ကို ရိတ်ပစ်ဖို့ဆရာဝန်ကပြောပါတယ်။ ဆံပင်ဆိုးဆေးတာကိုကြိုက်နှစ်သက်သူတွေ သတိထားသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Buzzy
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top