ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

မေန႔က သားတို႔အတန္းထဲက ေယာက္်ားေလးတစ္ေယာက္က ပိုက္ဆံအိတ္ေပ်ာက္သတဲ႔..။

ပိုက္ဆံအိတ္ထဲမွာပိုက္ဆံယန္း၈၀၀၀(ျမန္မာေငြတစ္သိန္းနီးပါး) ပါတယ္..။ အထက္တန္းေက်ာင္းသားတစ္ေယာက္ အဲဒီေလာက္ေတာ႔ပါၾကတယ္ေလ..။ အိမ္ကသားကေတာ႔ ကိစၥမရွိရင္ အပိုမေဆာင္ဘူး..တစ္ေထာင္ေလာက္ပါလည္း သူကေအးေဆးပဲ..။

ပိုက္ဆံအိတ္ေပ်ာက္တာေတာ႔ ဂ်ပန္ဆရာေတြဘယ္လိုေျဖရွင္းၾကသလဲဆိုတာ အလြန္အမင္းစိတ္ဝင္စားလို႔သားကိုရေအာင္ေမးေတာ႔တာ...။

သားကျပန္ေမးတယ္..။
"ျမန္မာျပည္မွာဆိုရင္ ဘယ္လိုရွာသလဲ..?"
ျမန္မာျပည္မွာဆိုရင္လား..ဆရာကေက်ာင္းသားတိုင္းရဲ႕အိတ္ေတြကိုလိုက္ဖြင္႔ (သို႔) အတန္းေခါင္းေဆာင္က အိတ္ေတြလိုက္စစ္ (သို႔) ယူတယ္လို႔ယူဆတဲ႔ေက်ာင္းသားကို ေက်ာင္းအုပ္ႀကီး႐ံုးခန္းေခၚစစ္ (သို႔) ဘယ္သူလို႔ထင္သလဲလို႔ စာနဲ႔လွ်ိဳ႕ဝွက္ၿပီးေမး...အဲဒါပဲေလ...။

"အတန္းပိုင္ဆရာက သိပ္အရွည္ႀကီးမေျပာဘူး...ပိုက္ဆံက၈၀၀၀လား...ကိုင္း ယူတဲ႔လူက ဘယ္ႏွစ္ရက္သံုးႏိုင္မလဲ...တစ္ရက္လား..ႏွစ္ရက္လား..တစ္ပတ္လား...သံုးေနတဲ႔ကာလမွာ မင္း ေပ်ာ္မလား..မင္းေပ်ာ္ေနတဲ႔အခ်ိန္မွာ မင္းရဲ႕အတန္းေဖာ္က သူ႕ပိုက္ဆံအိတ္ေလးနဲ႔ ပိုက္ဆံ၈၀၀၀ကို သတိရၿပီး စိတ္မေကာင္းျဖစ္ေနမွာကိုေတြးမိသလား..မင္းစိတ္သန္႔သလား..တဒဂၤမဟုတ္ဘူးေနာ္...တစ္သက္လံုးစာကိုေျပာတာ..ဆယ္မိနစ္နားခ်ိန္ေပးမယ္..ခဏနားခ်ိန္မွာ ေက်ာင္းထဲမွာလြတ္လြတ္လပ္လပ္ေနႏိုင္တယ္..ဆယ္မိနစ္ျပည္႔ရင္ ျပန္စမယ္.."

ဆရာက အဲဒါပဲေျပာၿပီး အတန္းျဖဳတ္လိုက္တာ ေပ်ာက္တဲ႔ေကာင္ေလးရဲ႕ ဖိနပ္ေလာ႔ကာထဲကို ပိုက္ဆံ၈၀၀၀နဲ႔ ပိုက္ဆံအိတ္ျပန္ေရာက္ေနသတဲ႔...။

ဆရာ႔ moral educationက တယ္ထိသကိုး...။

ဘာ ေလာကနီတိမွရြတ္ျပမေနဘူး..။
Psycho သာအပီအျပင္ဖမ္းေပးလိုက္တာ...။
ကိုယ္ခ်င္းစာနာစိတ္ကေလးေမြးတတ္တဲ႔ကေလးေတြကို လမ္းၫႊန္ရတာသိပ္လြယ္တယ္..။

အဲဒီ ကိုယ္ခ်င္းစာစိတ္ကို အသည္းထဲ ႏွလံုးထဲအထိ ထည္႔ေပးတတ္ဖို႔ပဲလိုတယ္...။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ယုမိကို

# Unicode Version #
မနေ့က သားတို့အတန်းထဲက ယောက်ျားလေးတစ်ယောက်က ပိုက်ဆံအိတ်ပျောက်သတဲ့..။

ပိုက်ဆံအိတ်ထဲမှာပိုက်ဆံယန်း၈၀၀၀(မြန်မာငွေတစ်သိန်းနီးပါး) ပါတယ်..။ အထက်တန်းကျောင်းသားတစ်ယောက် အဲဒီလောက်တော့ပါကြတယ်လေ..။ အိမ်ကသားကတော့ ကိစ္စမရှိရင် အပိုမဆောင်ဘူး..တစ်ထောင်လောက်ပါလည်း သူကအေးဆေးပဲ..။

ပိုက်ဆံအိတ်ပျောက်တာတော့ ဂျပန်ဆရာတွေဘယ်လိုဖြေရှင်းကြသလဲဆိုတာ အလွန်အမင်းစိတ်ဝင်စားလို့သားကိုရအောင်မေးတော့တာ...။

သားကပြန်မေးတယ်..။
"မြန်မာပြည်မှာဆိုရင် ဘယ်လိုရှာသလဲ..?"
မြန်မာပြည်မှာဆိုရင်လား..ဆရာကကျောင်းသားတိုင်းရဲ့အိတ်တွေကိုလိုက်ဖွင့် (သို့) အတန်းခေါင်းဆောင်က အိတ်တွေလိုက်စစ် (သို့) ယူတယ်လို့ယူဆတဲ့ကျောင်းသားကို ကျောင်းအုပ်ကြီးရုံးခန်းခေါ်စစ် (သို့) ဘယ်သူလို့ထင်သလဲလို့ စာနဲ့လျှို့ဝှက်ပြီးမေး...အဲဒါပဲလေ...။

"အတန်းပိုင်ဆရာက သိပ်အရှည်ကြီးမပြောဘူး...ပိုက်ဆံက၈၀၀၀လား...ကိုင်း ယူတဲ့လူက ဘယ်နှစ်ရက်သုံးနိုင်မလဲ...တစ်ရက်လား..နှစ်ရက်လား..တစ်ပတ်လား...သုံးနေတဲ့ကာလမှာ မင်း ပျော်မလား..မင်းပျော်နေတဲ့အချိန်မှာ မင်းရဲ့အတန်းဖော်က သူ့ပိုက်ဆံအိတ်လေးနဲ့ ပိုက်ဆံ၈၀၀၀ကို သတိရပြီး စိတ်မကောင်းဖြစ်နေမှာကိုတွေးမိသလား..မင်းစိတ်သန့်သလား..တဒင်္ဂမဟုတ်ဘူးနော်...တစ်သက်လုံးစာကိုပြောတာ..ဆယ်မိနစ်နားချိန်ပေးမယ်..ခဏနားချိန်မှာ ကျောင်းထဲမှာလွတ်လွတ်လပ်လပ်နေနိုင်တယ်..ဆယ်မိနစ်ပြည့်ရင် ပြန်စမယ်.."

ဆရာက အဲဒါပဲပြောပြီး အတန်းဖြုတ်လိုက်တာ ပျောက်တဲ့ကောင်လေးရဲ့ ဖိနပ်လော့ကာထဲကို ပိုက်ဆံ၈၀၀၀နဲ့ ပိုက်ဆံအိတ်ပြန်ရောက်နေသတဲ့...။

ဆရာ့ moral educationက တယ်ထိသကိုး...။

ဘာ လောကနီတိမှရွတ်ပြမနေဘူး..။
Psycho သာအပီအပြင်ဖမ်းပေးလိုက်တာ...။
ကိုယ်ချင်းစာနာစိတ်ကလေးမွေးတတ်တဲ့ကလေးတွေကို လမ်းညွှန်ရတာသိပ်လွယ်တယ်..။

အဲဒီ ကိုယ်ချင်းစာစိတ်ကို အသည်းထဲ နှလုံးထဲအထိ ထည့်ပေးတတ်ဖို့ပဲလိုတယ်...။

ဖိုးသူတော် (www.phothutaw.com)
Credit: ယုမိကို
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top