iMyanmarHouse.com - Best Property Website for Myanmar
×

အၾကမ္းဖက္မႈမ်ားနွင့္ ရင္ဆုိင္ေနရသည့္ ရခိုင္ေဒသအတြက္ လုိအပ္သည့္ေနရာမ်ားသုိ႔ လွဴဒါန္းရန္ အေမရိကေဖ်ာ္ေျဖ ေရးခရီးစဥ္အတြင္း ေဖ်ာ္ေျဖပြဲတုိး ျမႇင့္သီဆို၍ ရန္ပံုေငြပိုရွာေပးခဲ့ ေၾကာင္း အဆုိေတာ္ ရတနာမိုင္ က ေျပာသည္။

‘‘အစတုန္းကလည္း ရခုိင္ မွာရွိတဲ့ လိုအပ္တဲ့ စာသင္ေက်ာင္းေတြ၊ လိုအပ္ေနတဲ့ ေနရာေလး ေတြမွာ လွဴဖို႔အတြက္ကို ရခိုင္ပရ ဟိတအေနနဲ႔ သြားၾကတယ္။ ေျခာက္ပြဲေဖ်ာ္ေျဖခဲ့တယ္။ ညီမ တို႔ သြားလုပ္္တဲ့ ရန္ပံုေငြပြဲမွာ ဆုိခတစ္ျပားတစ္ခ်ပ္မွ မယူပါဘူး။ ပြဲကရတဲ့ ရန္ပံုေငြမွန္သမွ်ကို လည္း လွဴသြားမွာပါ။ အခေၾကး ေငြ တစ္ျပားတစ္ခ်ပ္မွမယူဘဲနဲ႔ ကိုယ့္ရခိုင္ေဒသအတြက္ သြား ေရာက္လွဴဒါန္းဖို႔ပဲ စိတ္ထဲထည့္ ၿပီး ရန္ပံုေငြပိုရွာခဲ့ပါတယ္’’ဟု ရတနာမိုင္က ေျပာသည္။

၎ႏွင့္အတူ မိခင္ျဖစ္သူ မိုင္၊ ဂီတစာဆို ဦးသန္းေမာင္ႏွင့္ Aroma မွ ကိုစိန္လင္းတို႔ေလးဦး ေဖ်ာ္ေျဖၿပီး အေမရိကမွ ျပန္ ေရာက္သည္ႏွင့္ ရလာသည့္ ရန္ပံုေငြမ်ားကို ရခုိင္ျပည္နယ္သို႔ သြားေရာက္လွဴဒါန္းရန္ စီစဥ္ထားသည္ဟု ဆုိသည္။

‘‘ေမေမ့ခမ်ာ ညီမေလးဆုိတဲ့ ပြဲတုိင္းလုိက္ဆိုတယ္။ ပင္ပန္း တယ္။ အသက္ (၆၉)ႏွစ္ရွိၿပီဆို ေတာ့ေလ။ ေျခေထာက္ေတြ ဘာ ေတြ ေရာင္တာမ်ိဳးရွိတယ္။ ညီမ ေလးကေတာ့ လူငယ္ျဖစ္တဲ့အ တြက္ ဘယ္ေလာက္ဆိုရဆိုရ သိပ္ကိစၥမရွိဘူးေပါ့။ ရခုိင္မွာျဖစ္ေန တဲ့ေနရာေဒသထိေရာက္ေအာင္ သြားလွဴႏုိင္ဖို႔ သက္ဆုိင္ရာေတြနဲ႔ ဆက္သြယ္ၿပီး လွဴဒါန္းဖို႔လည္း လုပ္ေနပါတယ္။ ရခုိင္တုိင္းရင္း သားေရးရာဝန္ႀကီး ဦးေဇာ္ေအး ေမာင္ကတစ္ဆင့္ လွဴဒါန္းသြားဖို႔ လည္း ရွိပါတယ္’’ဟု ေျပာသည္။

ရခုိင္လူမ်ိဳးမ်ား အၾကမ္း ဖက္ခံရျခင္းအေပၚ စိတ္မေကာင္း ေၾကာင္းႏွင့္ ပဋိပကၡမ်ား အျမန္ ဆံုးေျဖရွင္းႏုိင္ရန္ ဆုေတာင္းေပး ေၾကာင္း ၎က ဆုိသည္။

‘‘ကိုယ့္လူမ်ိဳးေတြျဖစ္တဲ့အ တြက္ စိတ္မေကာင္းဘူး။ သူတို႔ ေနရာမွာ ကိုယ္သာဆုိရင္ဆုိတဲ့ ကိုယ္ခ်င္းစာစိတ္ေလးနဲ႔ ေတြးမိ ရင္ ေတာ္ေတာ္စိတ္ဆင္းရဲရပါ တယ္။ စိတ္မေကာင္းျဖစ္မိတယ္။ ေတာ္ေတာ္ေလးလည္း ဝမ္းနည္း ပါတယ္’’ဟု ရတနာမိုင္က ေျပာ သည္။ရတနာမိုင္သည္ ဩဂုတ္ ၁၀ ရက္ကစ၍ အေမရိကန္ျပည္ ေထာင္စုသို႔ တစ္လၾကာ ေဖ်ာ္ေျဖ ေရးေရာက္ရွိေနသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily


#Unicode Version#
 အကြမ်းဖက်မှုများနှင့် ရင်ဆိုင်နေရသည့် ရခိုင်ဒေသအ တွက် လိုအပ်သည့်နေရာများသို့ လှူဒါန်းရန် အမေရိကဖျော်ဖြေ ရေးခရီးစဉ်အတွင်း ဖျော်ဖြေပွဲတိုး မြှင့်သီဆို၍ ရန်ပုံငွေပိုရှာပေးခဲ့ ကြောင်း အဆိုတော် ရတနာမိုင် က ပြောသည်။

‘‘အစတုန်းကလည်း ရခိုင် မှာရှိတဲ့ လိုအပ်တဲ့ စာသင်ကျောင်းတွေ၊ လိုအပ်နေတဲ့ နေရာလေး တွေမှာ လှူဖို့အတွက်ကို ရခိုင်ပရ ဟိတအနေနဲ့ သွားကြတယ်။ ခြောက်ပွဲဖျော်ဖြေခဲ့တယ်။ ညီမ တို့ သွားလုပ်တဲ့ ရန်ပုံငွေပွဲမှာ ဆိုခတစ်ပြားတစ်ချပ်မှ မယူပါဘူး။ ပွဲကရတဲ့ ရန်ပုံငွေမှန်သမျှကို လည်း လှူသွားမှာပါ။ အခကြေး ငွေ တစ်ပြားတစ်ချပ်မှမယူဘဲနဲ့ ကိုယ့်ရခိုင်ဒေသအတွက် သွား ရောက်လှူဒါန်းဖို့ပဲ စိတ်ထဲထည့် ပြီး ရန်ပုံငွေပိုရှာခဲ့ပါတယ်’’ဟု ရတနာမိုင်က ပြောသည်။

၎င်းနှင့်အတူ မိခင်ဖြစ်သူ မိုင်၊ ဂီတစာဆို ဦးသန်းမောင်နှင့် Aroma မှ ကိုစိန်လင်းတို့လေးဦး ဖျော်ဖြေပြီး အမေရိကမှ ပြန် ရောက်သည်နှင့် ရလာသည့် ရန်ပုံငွေများကို ရခိုင်ပြည်နယ်သို့ သွားရောက်လှူဒါန်းရန် စီစဉ်ထားသည်ဟု ဆိုသည်။

‘‘မေမေ့ခမျာ ညီမလေးဆိုတဲ့ ပွဲတိုင်းလိုက်ဆိုတယ်။ ပင်ပန်း တယ်။ အသက် (၆၉)နှစ်ရှိပြီဆို တော့လေ။ ခြေထောက်တွေ ဘာ တွေ ရောင်တာမျိုးရှိတယ်။ ညီမ လေးကတော့ လူငယ်ဖြစ်တဲ့အ တွက် ဘယ်လောက်ဆိုရဆိုရ သိပ်ကိစ္စမရှိဘူးပေါ့။ ရခိုင်မှာဖြစ်နေ တဲ့နေရာဒေသထိရောက်အောင် သွားလှူနိုင်ဖို့ သက်ဆိုင်ရာတွေနဲ့ ဆက်သွယ်ပြီး လှူဒါန်းဖို့လည်း လုပ်နေပါတယ်။ ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီး ဦးဇော်အေး မောင်ကတစ်ဆင့် လှူဒါန်းသွားဖို့ လည်း ရှိပါတယ်’’ဟု ပြောသည်။

ရခိုင်လူမျိုးများ အကြမ်း ဖက်ခံရခြင်းအပေါ် စိတ်မကောင်း ကြောင်းနှင့် ပဋိပက္ခများ အမြန် ဆုံးဖြေရှင်းနိုင်ရန် ဆုတောင်းပေး ကြောင်း ၎င်းက ဆိုသည်။

‘‘ကိုယ့်လူမျိုးတွေဖြစ်တဲ့အ တွက် စိတ်မကောင်းဘူး။ သူတို့ နေရာမှာ ကိုယ်သာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးနဲ့ တွေးမိ ရင် တော်တော်စိတ်ဆင်းရဲရပါ တယ်။ စိတ်မကောင်းဖြစ်မိတယ်။ တော်တော်လေးလည်း ဝမ်းနည်း ပါတယ်’’ဟု ရတနာမိုင်က ပြော သည်။ရတနာမိုင်သည် ဩဂုတ် ၁၀ ရက်ကစ၍ အမေရိကန်ပြည် ထောင်စုသို့ တစ်လကြာ ဖျော်ဖြေ ရေးရောက်ရှိနေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top