ေရႊျမန္မာတို႔အႀကိဳက္ ၾကက္ဟင္းခါးသီးဟာ ရင္သားကင္ဆာဆဲလ္ေတြကို ေသေစႏိုင္တယ္လို႔ သုေတသနျပဳခ်က္အသစ္က ထုတ္ေဖာ္လိုက္ပါတယ္။

အဲဒီသုေတသနျပဳခ်က္ကို Cancer Research ဂ်ာနယ္က ထုတ္ျပန္လိုက္တာပါ။ အခုရလဒ္က သိပ္ကိုအားတက္စရာေကာင္းတယ္လို႔ စိန္႔လုစ္၀စ္တကၠသိုလ္က ေရာဂါေဗဒဆိုင္ရာ ပါေမကၡျဖစ္သူ Dr. Ratna Ray ကေျပာပါတယ္။ အဲဒီသုေတသနျပဳခ်က္ကို သူကိုယ္တိုင္ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ သူဟာကင္ဆာဆဲလ္ေတြ ရွင္သန္ႀကီးထြားမႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔ အထူးေလ့လာေနသူတစ္ေယာက္လည္းျဖစ္ပါတယ္။

အခု ၾကက္ဟင္းခါးသီးဟာ ကင္ဆာဆဲလ္ရွင္သန္ႀကီးထြားမႈနဲ႔ ကင္ဆာဆဲလ္ပ်ံ႕ႏွံ႔မႈကို ရပ္တန္႔ေစႏိုင္ၿပီ ကင္ဆာဆဲလ္ေတြကို ၈၀ % ထိေသေစႏိုင္ပါတယ္။

အပူပိုင္းေဒသေတြမွာ အဓိကေတြ႔ရေလ့ရွိတဲ့ ၾကက္ဟင္းခါးသီးဟာ အရသာခါးခါးေပမယ့္ က်န္းမာေရးအက်ိဳးေက်းဇူးထူးတာေၾကာင့္ လူေတြ စားသံုးၾကတဲ့အသီးပါ။

ၾကက္ဟင္းခါးသီးဟာ HER2 ဆိုတဲ့ ရင္သား ကင္ဆာ ၊ ဆဲလ္ေပၚမွာ ေတြ႕ရတဲ့အထူးပ႐ိုတင္းတစ္မ်ိဳး ႀကီးထြားမႈကို ထိန္းထားႏိုင္တာကိုေတြ႔ရွိခဲ့ပါတယ္။ Dr.Ray ဟာ စမ္းသတ္မႈေတြအမ်ားႀကီးလုပ္ေဆာင္ဖို႔ ဆက္ရွိေနၿပီးေတာ့ ရလဒ္ေကာင္းေတြပိုၿပီးရလာခဲ့ရင္ လူသားေတြအတြက္ ပိုၿပီးအက်ိဳးရွိလာမယ္လို႔ ယံုၾကည္ေနပါတယ္။

တစ္ခ်ိဳ႕ေသာႏိုင္ငံေတြမွာ ၾကက္ဟင္းခါးသီးကို ရွားပါးသီးႏွံအျဖစ္၀ယ္စားေနရခ်ိန္ ျမန္မာတို႔ကေတာ့ ၿခံထြက္ၾကက္ဟင္းခါးသီးကို အလြယ္တကူခူးစားႏိုင္သလို ေစ်းေတြမွာလည္း ေစ်းႏႈန္းခ်ိဳခ်ိဳနဲ႔ ၀ယ္စားႏိုင္ပါတယ္ေနာ္။

စာဖတ္သူတို႔အတြက္လည္း သတင္းေကာင္းတစ္ခုလို႔ ယံုၾကည္ပါတယ္။ ကုသျခင္းထက္ ကာကြယ္ျခင္းက ပိုၿပီးထိေရာက္တာေၾကာင့္ ၾကက္ဟင္းခါးသီးစားေပးၿပီး ရင္သားကင္ဆာကို ကာကြယ္ၾကရေအာင္လားရွင္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myfoodmyanmar
#Unicode Version#
ရွှေမြန်မာတို့အကြိုက် ကြက်ဟင်းခါးသီးဟာ ရင်သားကင်ဆာဆဲလ်တွေကို သေစေနိုင်တယ်လို့ သုတေသနပြုချက်အသစ်က ထုတ်ဖော်လိုက်ပါတယ်။

အဲဒီသုတေသနပြုချက်ကို Cancer Research ဂျာနယ်က ထုတ်ပြန်လိုက်တာပါ။ အခုရလဒ်က သိပ်ကိုအားတက်စရာကောင်းတယ်လို့ စိန့်လုစ်ဝစ်တက္ကသိုလ်က ရောဂါဗေဒဆိုင်ရာ ပါမေက္ခဖြစ်သူ Dr. Ratna Ray ကပြောပါတယ်။ အဲဒီသုတေသနပြုချက်ကို သူကိုယ်တိုင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူဟာကင်ဆာဆဲလ်တွေ ရှင်သန်ကြီးထွားမှုကို ထိန်းချုပ်နိုင်ဖို့ အထူးလေ့လာနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

အခု ကြက်ဟင်းခါးသီးဟာ ကင်ဆာဆဲလ်ရှင်သန်ကြီးထွားမှုနဲ့ ကင်ဆာဆဲလ်ပျံ့နှံ့မှုကို ရပ်တန့်စေနိုင်ပြီ ကင်ဆာဆဲလ်တွေကို ၈၀ % ထိသေစေနိုင်ပါတယ်။

အပူပိုင်းဒေသတွေမှာ အဓိကတွေ့ရလေ့ရှိတဲ့ ကြက်ဟင်းခါးသီးဟာ အရသာခါးခါးပေမယ့် ကျန်းမာရေးအကျိုးကျေးဇူးထူးတာကြောင့် လူတွေ စားသုံးကြတဲ့အသီးပါ။

ကြက်ဟင်းခါးသီးဟာ HER2 ဆိုတဲ့ ရင်သား ကင်ဆာ ၊ ဆဲလ်ပေါ်မှာ တွေ့ရတဲ့အထူးပရိုတင်းတစ်မျိုး ကြီးထွားမှုကို ထိန်းထားနိုင်တာကိုတွေ့ရှိခဲ့ပါတယ်။ Dr.Ray ဟာ စမ်းသတ်မှုတွေအများကြီးလုပ်ဆောင်ဖို့ ဆက်ရှိနေပြီးတော့ ရလဒ်ကောင်းတွေပိုပြီးရလာခဲ့ရင် လူသားတွေအတွက် ပိုပြီးအကျိုးရှိလာမယ်လို့ ယုံကြည်နေပါတယ်။

တစ်ချို့သောနိုင်ငံတွေမှာ ကြက်ဟင်းခါးသီးကို ရှားပါးသီးနှံအဖြစ်ဝယ်စားနေရချိန် မြန်မာတို့ကတော့ ခြံထွက်ကြက်ဟင်းခါးသီးကို အလွယ်တကူခူးစားနိုင်သလို ဈေးတွေမှာလည်း ဈေးနှုန်းချိုချိုနဲ့ ဝယ်စားနိုင်ပါတယ်နော်။

စာဖတ်သူတို့အတွက်လည်း သတင်းကောင်းတစ်ခုလို့ ယုံကြည်ပါတယ်။ ကုသခြင်းထက် ကာကွယ်ခြင်းက ပိုပြီးထိရောက်တာကြောင့် ကြက်ဟင်းခါးသီးစားပေးပြီး ရင်သားကင်ဆာကို ကာကွယ်ကြရအောင်လားရှင်။


ဖိုးသူတော် (www.phothutaw.com)
Credit: myfoodmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top