Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မၾကာခဏဆံပင္အေရာင္ဆိုးလိုက္၊ ေကာက္လုိက္၊ ေျဖာင့္လိုက္လုပ္တဲ့သူေတြအေနနဲ႔ ဆံသားႏွစ္ခြျဖစ္ျခင္းျပႆနာနဲ႔ ႀကံဳေတြ႔ေနရပါတယ္။ ဆံပင္ႏွစ္ခြျဖစ္ျခင္းေၾကာင့္ က်န္းမာသန္စြမ္းတဲ့ဆံပင္ရရွိဖို႔အတြက္ အေႏွာက္အယွက္ျဖစ္ေစပါတယ္။ ဒါ့အျပင္ ဆံသားႏွစ္ခြျဖစ္ျခင္းက ဆံပင္ပ်က္စီးေစတဲ့ အေၾကာင္းအရင္းထဲက အဓိကအခ်က္ပါပဲ။ ဒါ့ေၾကာင့္ ဆံပင္ႏွစ္ခြျဖစ္ျခင္းကို အလ်င္ျမန္ဆံုးရွင္းထုတ္ႏိုင္မယ့္ နည္းလမ္းေကာင္းေလးကို ရွာေဖြၿပီးေဖာ္ျပေပးလိုက္ပါတယ္ရွင့္။

(၁) မၾကာခဏ ဆံပင္အဖ်ားေလးေတြတိေပးပါ

ဆံပင္အဖ်ားပိုင္းေလးကို မၾကာခဏတိေပးဖို႔လိုပါတယ္။ ဆံပင္တိုသြားမွာကို မစိုးရိမ္ပါနဲ႔။ ဒီလိုအဖ်ားႏွစ္ခြျဖစ္ေနတဲ့ ဆံပင္ေတြကသာ ဆံပင္ရွည္ဖို႔ေႏွာင့္ေႏွးေစတာပါ။ အဖ်ားႏွစ္ခြေတြကို ေျဖးေျဖးခ်င္းရွင္းထုတ္မွ က်န္းမာလွပတဲ့ဆံသားကို အလ်င္ျမန္ဆံုးရရွိႏိုင္မွာပါေနာ္။ ဒါ့ေၾကာင့္ ဆံပင္အဖ်ားေလးေတြကို မၾကာခဏတိေပးဖို႔ မေမ့ပါနဲ႔။

(၂) ဗီတာမင္ဓာတ္ျဖည့္တင္းေပးပါ

ဆံပင္ႏွစ္ခြျဖစ္ျခင္းက ဆံသားအတြက္လိုအပ္တဲ့ အာဟာရဓာတ္မ်ားနဲ႔ ဗီတာမင္ဓာတ္ခ်ိဳ႕တဲ့ေနလို႔ပါ။ ဆံသားက်န္းမာလွပဖုိ႔အတြက္ ဗီတာမင္ဓာတ္ျဖည့္တင္းေပးဖို႔လိုပါတယ္။ ဆံသားအတြက္အားျဖည့္ေပးမယ့္ ဗီတာမင္အီးပါဝင္တဲ့ အဆီမ်ားကို ေခါင္းေလွ်ာ္ၿပီးတုိင္း အဖ်ားေလးေတြကို လိမ္းေပးဖို႔ မေမ့ပါနဲ႔ေနာ္။

(၃) ဆံပင္ေရစိုေနခ်ိန္ ေခါင္းမၿဖီးပါနဲ႔

ဆံပင္စိုေနတဲ့အခ်ိန္မွာ ဆံသားေတြကိုဘီးနဲ႔ၿဖီးတာက ဆံပင္ပ်က္စီးေစတဲ့ လုပ္ရပ္ပါပဲ။ အေကာင္းဆံုးကေတာ့ ၅၀ရာခုိင္ႏႈန္းေလာက္ေျခာက္ၿပီဆိုမွ ဘီးၾကဲေလးနဲ႔ ၿဖီးေပးပါေနာ္။ ဒါမွာသာ ဆံပင္ပ်က္စီးမႈ ေလ်ာ့နည္းေစမွာပါ။

(၄) ဆံပင္အလွျပင္ပစၥည္းမ်ားကို စြန္႔လႊတ္လိုက္ပါေတာ့

ဆံပင္ေကာက္စက္၊ ေျဖာင့္စက္နဲ႔ ဆံပင္ေလမႈတ္စက္မ်ားကို လံုးဝအသံုးမျပဳပါနဲ႔ေတာ့။ ဆံပင္ႏွစ္ခြျဖစ္ေနတဲ့အတြက္ေၾကာင့္ မီးအပူနဲ႔ထိလိုက္တဲ့အခါမွာ ဆံပင္ျပတ္က်သြားႏိုင္ပါတယ္။ ဒီလိုျပတ္က်တာက ဆံပင္ကိုပိုလို႔ပ်က္စီးေစတာေၾကာင့္ သတိျပဳသင့္ပါတယ္ေနာ္။

(၅) ဆံပင္ကၽြမ္းက်င္ပညာရွင္မ်ားထံ အႀကံျပဳခ်က္မ်ားရယူပါ

ဆံသားပ်က္စီးျခင္းအတြက္ ကုသေပးႏိုင္တဲ့ ဆံပင္ကၽြမ္းက်င္ပညာရွင္မ်ားထံ အႀကံျပဳခ်က္မ်ားရယူၿပီး ဆံသားထိန္းသိမ္းမႈမ်ားျပဳလုပ္ပါ။ ဆံပင္ေပါင္းတင္ေပးျခင္း၊ ဆံပင္ပ်က္စီးျခင္းအတြက္ ျပန္လည္ကုသျခင္းတို႔ကို ဆံပင္ကၽြမ္းက်င္ပညာရွင္မ်ားထံ သြားေရာက္ျပဳလုပ္ဖို႔ အႀကံျပဳပါရေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နန္း(ေရႊအင္းေလး)

#Unicode Version#
မကြာခဏဆံပင်အရောင်ဆိုးလိုက်၊ ကောက်လိုက်၊ ဖြောင့်လိုက်လုပ်တဲ့သူတွေအနေနဲ့ ဆံသားနှစ်ခွဖြစ်ခြင်းပြဿနာနဲ့ ကြုံတွေ့နေရပါတယ်။ ဆံပင်နှစ်ခွဖြစ်ခြင်းကြောင့် ကျန်းမာသန်စွမ်းတဲ့ဆံပင်ရရှိဖို့အတွက် အနှောက်အယှက်ဖြစ်စေပါတယ်။ ဒါ့အပြင် ဆံသားနှစ်ခွဖြစ်ခြင်းက ဆံပင်ပျက်စီးစေတဲ့ အကြောင်းအရင်းထဲက အဓိကအချက်ပါပဲ။ ဒါ့ကြောင့် ဆံပင်နှစ်ခွဖြစ်ခြင်းကို အလျင်မြန်ဆုံးရှင်းထုတ်နိုင်မယ့် နည်းလမ်းကောင်းလေးကို ရှာဖွေပြီးဖော်ပြပေးလိုက်ပါတယ်ရှင့်။

(၁) မကြာခဏ ဆံပင်အဖျားလေးတွေတိပေးပါ

ဆံပင်အဖျားပိုင်းလေးကို မကြာခဏတိပေးဖို့လိုပါတယ်။ ဆံပင်တိုသွားမှာကို မစိုးရိမ်ပါနဲ့။ ဒီလိုအဖျားနှစ်ခွဖြစ်နေတဲ့ ဆံပင်တွေကသာ ဆံပင်ရှည်ဖို့နှောင့်နှေးစေတာပါ။ အဖျားနှစ်ခွတွေကို ဖြေးဖြေးချင်းရှင်းထုတ်မှ ကျန်းမာလှပတဲ့ဆံသားကို အလျင်မြန်ဆုံးရရှိနိုင်မှာပါနော်။ ဒါ့ကြောင့် ဆံပင်အဖျားလေးတွေကို မကြာခဏတိပေးဖို့ မမေ့ပါနဲ့။

(၂) ဗီတာမင်ဓာတ်ဖြည့်တင်းပေးပါ

ဆံပင်နှစ်ခွဖြစ်ခြင်းက ဆံသားအတွက်လိုအပ်တဲ့ အာဟာရဓာတ်များနဲ့ ဗီတာမင်ဓာတ်ချို့တဲ့နေလို့ပါ။ ဆံသားကျန်းမာလှပဖို့အတွက် ဗီတာမင်ဓာတ်ဖြည့်တင်းပေးဖို့လိုပါတယ်။ ဆံသားအတွက်အားဖြည့်ပေးမယ့် ဗီတာမင်အီးပါဝင်တဲ့ အဆီများကို ခေါင်းလျှော်ပြီးတိုင်း အဖျားလေးတွေကို လိမ်းပေးဖို့ မမေ့ပါနဲ့နော်။

(၃) ဆံပင်ရေစိုနေချိန် ခေါင်းမဖြီးပါနဲ့

ဆံပင်စိုနေတဲ့အချိန်မှာ ဆံသားတွေကိုဘီးနဲ့ဖြီးတာက ဆံပင်ပျက်စီးစေတဲ့ လုပ်ရပ်ပါပဲ။ အကောင်းဆုံးကတော့ ၅၀ရာခိုင်နှုန်းလောက်ခြောက်ပြီဆိုမှ ဘီးကြဲလေးနဲ့ ဖြီးပေးပါနော်။ ဒါမှာသာ ဆံပင်ပျက်စီးမှု လျော့နည်းစေမှာပါ။

(၄) ဆံပင်အလှပြင်ပစ္စည်းများကို စွန့်လွှတ်လိုက်ပါတော့

ဆံပင်ကောက်စက်၊ ဖြောင့်စက်နဲ့ ဆံပင်လေမှုတ်စက်များကို လုံးဝအသုံးမပြုပါနဲ့တော့။ ဆံပင်နှစ်ခွဖြစ်နေတဲ့အတွက်ကြောင့် မီးအပူနဲ့ထိလိုက်တဲ့အခါမှာ ဆံပင်ပြတ်ကျသွားနိုင်ပါတယ်။ ဒီလိုပြတ်ကျတာက ဆံပင်ကိုပိုလို့ပျက်စီးစေတာကြောင့် သတိပြုသင့်ပါတယ်နော်။

(၅) ဆံပင်ကျွမ်းကျင်ပညာရှင်များထံ အကြံပြုချက်များရယူပါ

ဆံသားပျက်စီးခြင်းအတွက် ကုသပေးနိုင်တဲ့ ဆံပင်ကျွမ်းကျင်ပညာရှင်များထံ အကြံပြုချက်များရယူပြီး ဆံသားထိန်းသိမ်းမှုများပြုလုပ်ပါ။ ဆံပင်ပေါင်းတင်ပေးခြင်း၊ ဆံပင်ပျက်စီးခြင်းအတွက် ပြန်လည်ကုသခြင်းတို့ကို ဆံပင်ကျွမ်းကျင်ပညာရှင်များထံ သွားရောက်ပြုလုပ်ဖို့ အကြံပြုပါရစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: နန်း(ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top