Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သူမရဲ႕ နာမည္အျပည့္အစုံက Sabrina Gonzalez Pasterski ျဖစ္ၿပီး အေမရိကန္ ခ်ီကာဂုိက ရူပေဗဒပညာရွင္ တစ္ေယာက္ပဲျဖစ္ပါတယ္။ ရုပေဗဒ ပညာရွင္ျဖစ္ေပမယ့္လုိ႔ သူမရဲ႕အသက္ဟာ ၂၃ႏွစ္ သာ ရွိပါေသးတယ္။ သူမဟာ မန္ဆာခ်ဴးဆက္နည္းပညာတကၠသုိလ္(MIT) မွာ မာစတာဘြဲ႔ရခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ ကမာၻေက်ာ္ ဟားဗတ္တကၠသုိလ္မွာ ပါရဂူဘြဲ႔သင္တန္းကို တက္ေရာက္ေနပါတယ္။ သူမရဲ႕ ဘ၀အေၾကာင္းကုိ နည္းနည္းေလာက္ၾကည့္လုိက္ရေအာင္..

၁၉၉၃ခုႏွစ္ဖြား သူမရဲ႕ ဖခင္ဟာ လွ်ပ္စစ္အင္ဂ်င္နီယာတစ္ေယာက္ျဖစ္ၿပီး သူမရဲ႕ အိပ္မက္ေတြကုိ အေကာင္အထည္ေဖာ္ဖုိ႔ အဓိကပံ့ပုိးေပးခဲ့သူတစ္ဦးျဖစ္ပါတယ္။ သူမဟာ ၅ႏွစ္အရြယ္တည္းက Edison Regional Gifted Center ဆုိတဲ့ ပင္ကုိယ္ဖန္တီးမႈစင္တာတစ္ခုမွာ တက္ေရာက္ခဲ့ပါတယ္။ ငယ္စဥ္ကတည္းက ေလယာဥ္ပ်ံကုိ စိတ္၀င္စားတဲ့သူမဟာ ၁၀ႏွစ္သမီးမွာ ေလယာဥ္ေမာင္းႏွင္ျခင္း သင္တန္းကိုတက္ေရာက္ခဲ့ၿပီး ၂၀၀၅ခုႏွစ္မွာေတာ့ အကူေလယာဥ္မွဴးအျဖစ္ေမာင္းႏွင္ခဲ့ပါတယ္။ ၂၀၀၆ခုႏွစ္မွာေတာ့ ကုိယ္ပုိင္ေလယာဥ္ကုိ စတင္တည္ေဆာက္ခဲ့ၿပီး ၂၀၀၉ခုႏွစ္မွာေတာ့ သူမရဲ႕ေလယာဥ္ကို မီခ်ီကန္ေရကန္ေပၚကေနျဖတ္သန္းၿပီး ကုိယ္တုိင္ေမာင္းျပခဲ့ပါတယ္။ အဲဒီအခ်ိန္က သူမရဲ႕အသက္ဟာ ၁၆ႏွစ္ေက်ာ္သာ ရွိေသးတာေၾကာင့္ အသက္အငယ္ဆုံး ကုိယ္ပုိင္တည္ေဆာက္ထားတဲ့ ေလယာဥ္နဲ႔ေမာင္းႏွင္သူအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။

သူမရဲ႕ပ်ံသန္းမႈအၿပီးမွာ Illinois တကၠသုိလ္က စီမံခန္႔ခြဲမႈ အတြင္းေရးမွဴး Peggy Udden က “ဒီျဖစ္ရပ္ကုိ ကြ်န္ေတာ္လုံး၀မယုံႏုိင္ဘူးျဖစ္ေနတယ္ ၊ ေလယာဥ္ကို ေယာက်ၤားေလးအမ်ားစုကသာ စိတ္၀င္စားတာျဖစ္တယ္ ၊ ၿပီးေတာ့သူမရဲ႕အသက္ဟာ ငယ္ရြယ္လြန္းေနတယ္ ၊ ကြ်န္ေတာ္မယုံႏုိင္ေအာင္ကုိ သူမက ေတာ္လြန္းေနပါတယ္” လုိ႔ ခ်ီးက်ဴးစကားဆုိပါတယ္။ အေမရိကန္အစုိးရရဲ႕ခ်ီးက်ဴးျခင္းကုိခံရသလုိ ၊ Blue Origin ေလယာဥ္ကုမၸဏီ နဲ႔ ကမာၻေက်ာ္နာဆာအဖြဲ႔အစည္းေတြရဲ႕ အလုပ္ေခၚစာေတြကုိပါ လက္ခံရရွိခဲ့ပါတယ္။ Illinois တကၠသုိလ္မွာ သခၤ်ာသိပၸံအကယ္ဒမီဘြဲ႔ရခဲ့ၿပီး အဲဒီအခ်ိန္မွာ သူမရဲ႕အသက္ဟာ ၁၇ႏွစ္သာ ရွိပါေသးတယ္။

အဲဒီေနာက္ေတာ့ သူမဟာ မန္ဆာခ်ဴးဆက္နည္းပညာတကၠသုိလ္မွာ တက္ဖုိ႔ေစာင့္ဆုိင္းခဲ့ၿပီး တီထြင္မႈ ေလ့လာမႈေတြကုိ အဆက္မျပတ္ျပဳလုပ္ေနခဲ့ပါတယ္။ ဒါေပမယ့္ မန္ဆာခ်ဴးဆက္တကၠသုိလ္က ေခါင္းေဆာင္ေတြဟာ သူမရဲ႕ဗီဒီယုိကုိၾကည့္ၿပီးတဲ့အခါမွာေတာ့ သူမရဲ႕စြမ္းရည္ကုိ သေဘာက်သြားၿပီး သူမဟာ မေစာင့္ဆုိင္းရေတာ့ တုိက္ရုိက္၀င္ခြင့္ရရွိသြားပါတယ္။ အသက္ငယ္လြန္းေပမယ့္ သင္ယူခဲ့တဲ့ ၃ႏွစ္အတြင္းမွာ သူမဟာ ထိပ္ဆုံးေနရာကခ်ည္းေအာင္ ျမင္ခဲ့ပါတယ္။ MIT ကေန မာစတာဘြဲ႔ရအၿပီးမွာေတာ့ ပါရဂူဘြဲ႔ကုိရယူဖုိ႔ ဟားဗတ္တကၠသုိလ္မွာ ဆက္တက္ခဲ့ပါတယ္။

သူမရဲ႕ အိပ္မက္ကေတာ့ အဂၤါၿဂဳိဟ္ကုိ လူလႊတ္ဖုိ႔ အာကာသယာဥ္တစ္စီးတီထြင္ခ်င္တာပါ တဲ့။ ဒါေၾကာင့္လည္း သူမဟာ ပ်ံသန္းျခင္းဆုိင္ရာအျပင္ အာကာသနဲ႔ ရူပေဗဒပညာရပ္ သခၤ်ာပညာရပ္ေတြကုိ အထူးေလ့လာေနျခင္းျဖစ္တယ္ လုိ႔ သူမက ဆုိပါတယ္။ ဟားဗတ္တကၠသုိလ္ကလည္း ထူးခြ်န္လြန္းတဲ့သူမကုိ ၂၁ရာစုအုိင္းစတုိင္းျဖစ္ႏုိင္ဖြယ္ရွိတဲ့လုိ႔ ေၾကျငာထားကာ လုိအပ္တဲ့အကူအညီေပးေနၿပီး သုေတသနအတြက္ လုိသမွ်ေငြထုတ္ေပးထားပါတယ္။ ဒါအျပင္ စာတမ္းကို သူမႏွစ္သက္ရာအေၾကာင္းအရာကို စိတ္ႀကဳိက္ဖန္တီးခြင့္ေပးထားပါတယ္။ သူမကေတာ့ အာကာသနဲ႔ အခ်ိန္ ၊ အာကာသတြင္းနက္မ်ား၊ ကြမ္တမ္ ဆြဲအားမ်ားအေၾကာင္းကို စာတမ္းျပဳစုေနၿပီး သူမရဲ႕စာတမ္းကုိစစ္မယ့္သူက ကမာၻေက်ာ္သိပၸံပညာရွင္ႀကီး စတီဗင္ေဟာ့ကင္းျဖစ္ပါတယ္။

ေတာ္ရုံပညာရွင္တစ္ေယာက္ မလုပ္ႏုိင္တဲ့အရာေတြကုိ အသက္ငယ္ငယ္မိန္းကေလးတစ္ေယာက္က ျပဳလုပ္ျပသြားတာဟာ အမ်ဳိးသမီးထုအတြက္ေတာ့ ဂုဏ္ယူစရာပါပဲ။ သူမရဲ႕ မူရင္းအမည္ Pasterski ဆုိတာထက္ သူမကုိ ရူပေဗဒမိန္းကေလး(Physics Girl ) လုိ႔လူသိမ်ားပါတယ္။ သူမကုိယ္တုိင္လည္း Physics Girl လို႔အမည္ေပးထားတဲ့ကုိယ္ပုိင္၀ဘ္ဆုိဒ္မွာ သူမရဲ႕ စူးစမ္းေလ့လာမႈ နဲ႔ လုပ္ေဆာင္ခ်က္ေတြကုိ အျခားသူမ်ားေလ့လာႏုိင္ဖုိ႔ မွ်ေ၀ေပးထားပါတယ္။ သူမရဲ႕ ထူးခြ်န္လြန္းျခင္း နဲ႔ တက္တက္ၾကြၾကြနဲ႔ အလုပ္ေတြအဆက္မျပတ္လုုပ္ႏုိင္ျခင္း တုိ႔ရဲလ်ဳိ႕၀ွက္ခ်က္ကိုေမးၾကည့္တဲ့အခါ သူမက ရုိးရိုးရွင္းရွင္းေလးပဲေျဖပါတယ္။

“ကြ်န္မမွာ ဘာလ်ဳိ႕၀ွက္ခ်က္မွမရွိပါဘူး။ ကြ်န္မငယ္စဥ္ကတည္းက မက္ခဲ့တဲ့ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ေနတာပါ။ အဲဒီအတြက္ ဘယ္အခက္အခဲမဆုိ ရင္ဆုိင္သြားဖုိ႔အသင့္ပါ။ အိပ္မက္ေတြကို မျဖစ္ျဖစ္ေအာင္ ဖန္တီးဖုိ႔အခုလုိ မရပ္မနား ႀကဳိးစားေနတာပါ”

အရြယ္နဲ႔မမွ်ေအာင္ရခဲ့တဲ့ သူမရဲ႕ထူးခြ်န္ဆု နဲ႔ ခ်ီးက်ဴးဂုဏ္ျပဳခံရမႈေတြက ေအာက္ပါအတုိင္းျဖစ္ပါတယ္။
2010, Illinois Aviation Trades Association Industry Achievement Award
2012, Scientific American 30 under 30
2012, Lindau Nobel Laureate Meetings Young Researcher
2013, MIT Physics Department Orloff Scholarship Award
2015, Forbes 30 under 30
2015, Hertz Foundation Fellowship
2017, Forbes 30 under 30 All Star
2017, Marie Claire Genius Award
2017, Silicon Valley Comic Con Headliner

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thutazone

# Unicode Version #
သူမရဲ့ နာမည်အပြည့်အစုံက Sabrina Gonzalez Pasterski ဖြစ်ပြီး အမေရိကန် ချီကာဂိုက ရူပဗေဒပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။ ရုပဗေဒ ပညာရှင်ဖြစ်ပေမယ့်လို့ သူမရဲ့အသက်ဟာ ၂၃နှစ် သာ ရှိပါသေးတယ်။ သူမဟာ မန်ဆာချူးဆက်နည်းပညာတက္ကသိုလ်(MIT) မှာ မာစတာဘွဲ့ရခဲ့ပြီး လက်ရှိအချိန်မှာတော့ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်မှာ ပါရဂူဘွဲ့သင်တန်းကို တက်ရောက်နေပါတယ်။ သူမရဲ့ ဘဝအကြောင်းကို နည်းနည်းလောက်ကြည့်လိုက်ရအောင်..

၁၉၉၃ခုနှစ်ဖွား သူမရဲ့ ဖခင်ဟာ လျှပ်စစ်အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး သူမရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အဓိကပံ့ပိုးပေးခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူမဟာ ၅နှစ်အရွယ်တည်းက Edison Regional Gifted Center ဆိုတဲ့ ပင်ကိုယ်ဖန်တီးမှုစင်တာတစ်ခုမှာ တက်ရောက်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက လေယာဉ်ပျံကို စိတ်ဝင်စားတဲ့သူမဟာ ၁၀နှစ်သမီးမှာ လေယာဉ်မောင်းနှင်ခြင်း သင်တန်းကိုတက်ရောက်ခဲ့ပြီး ၂၀၀၅ခုနှစ်မှာတော့ အကူလေယာဉ်မှူးအဖြစ်မောင်းနှင်ခဲ့ပါတယ်။ ၂၀၀၆ခုနှစ်မှာတော့ ကိုယ်ပိုင်လေယာဉ်ကို စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၉ခုနှစ်မှာတော့ သူမရဲ့လေယာဉ်ကို မီချီကန်ရေကန်ပေါ်ကနေဖြတ်သန်းပြီး ကိုယ်တိုင်မောင်းပြခဲ့ပါတယ်။ အဲဒီအချိန်က သူမရဲ့အသက်ဟာ ၁၆နှစ်ကျော်သာ ရှိသေးတာကြောင့် အသက်အငယ်ဆုံး ကိုယ်ပိုင်တည်ဆောက်ထားတဲ့ လေယာဉ်နဲ့မောင်းနှင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

သူမရဲ့ပျံသန်းမှုအပြီးမှာ Illinois တက္ကသိုလ်က စီမံခန့်ခွဲမှု အတွင်းရေးမှူး Peggy Udden က “ဒီဖြစ်ရပ်ကို ကျွန်တော်လုံးဝမယုံနိုင်ဘူးဖြစ်နေတယ် ၊ လေယာဉ်ကို ယောင်္ကျားလေးအများစုကသာ စိတ်ဝင်စားတာဖြစ်တယ် ၊ ပြီးတော့သူမရဲ့အသက်ဟာ ငယ်ရွယ်လွန်းနေတယ် ၊ ကျွန်တော်မယုံနိုင်အောင်ကို သူမက တော်လွန်းနေပါတယ်” လို့ ချီးကျူးစကားဆိုပါတယ်။ အမေရိကန်အစိုးရရဲ့ချီးကျူးခြင်းကိုခံရသလို ၊ Blue Origin လေယာဉ်ကုမ္ပဏီ နဲ့ ကမ္ဘာကျော်နာဆာအဖွဲ့အစည်းတွေရဲ့ အလုပ်ခေါ်စာတွေကိုပါ လက်ခံရရှိခဲ့ပါတယ်။ Illinois တက္ကသိုလ်မှာ သင်္ချာသိပ္ပံအကယ်ဒမီဘွဲ့ရခဲ့ပြီး အဲဒီအချိန်မှာ သူမရဲ့အသက်ဟာ ၁၇နှစ်သာ ရှိပါသေးတယ်။

အဲဒီနောက်တော့ သူမဟာ မန်ဆာချူးဆက်နည်းပညာတက္ကသိုလ်မှာ တက်ဖို့စောင့်ဆိုင်းခဲ့ပြီး တီထွင်မှု လေ့လာမှုတွေကို အဆက်မပြတ်ပြုလုပ်နေခဲ့ပါတယ်။ ဒါပေမယ့် မန်ဆာချူးဆက်တက္ကသိုလ်က ခေါင်းဆောင်တွေဟာ သူမရဲ့ဗီဒီယိုကိုကြည့်ပြီးတဲ့အခါမှာတော့ သူမရဲ့စွမ်းရည်ကို သဘောကျသွားပြီး သူမဟာ မစောင့်ဆိုင်းရတော့ တိုက်ရိုက်ဝင်ခွင့်ရရှိသွားပါတယ်။ အသက်ငယ်လွန်းပေမယ့် သင်ယူခဲ့တဲ့ ၃နှစ်အတွင်းမှာ သူမဟာ ထိပ်ဆုံးနေရာကချည်းအောင် မြင်ခဲ့ပါတယ်။ MIT ကနေ မာစတာဘွဲ့ရအပြီးမှာတော့ ပါရဂူဘွဲ့ကိုရယူဖို့ ဟားဗတ်တက္ကသိုလ်မှာ ဆက်တက်ခဲ့ပါတယ်။

သူမရဲ့ အိပ်မက်ကတော့ အင်္ဂါဂြိုဟ်ကို လူလွှတ်ဖို့ အာကာသယာဉ်တစ်စီးတီထွင်ချင်တာပါ တဲ့။ ဒါကြောင့်လည်း သူမဟာ ပျံသန်းခြင်းဆိုင်ရာအပြင် အာကာသနဲ့ ရူပဗေဒပညာရပ် သင်္ချာပညာရပ်တွေကို အထူးလေ့လာနေခြင်းဖြစ်တယ် လို့ သူမက ဆိုပါတယ်။ ဟားဗတ်တက္ကသိုလ်ကလည်း ထူးချွန်လွန်းတဲ့သူမကို ၂၁ရာစုအိုင်းစတိုင်းဖြစ်နိုင်ဖွယ်ရှိတဲ့လို့ ကြေငြာထားကာ လိုအပ်တဲ့အကူအညီပေးနေပြီး သုတေသနအတွက် လိုသမျှငွေထုတ်ပေးထားပါတယ်။ ဒါအပြင် စာတမ်းကို သူမနှစ်သက်ရာအကြောင်းအရာကို စိတ်ကြိုက်ဖန်တီးခွင့်ပေးထားပါတယ်။ သူမကတော့ အာကာသနဲ့ အချိန် ၊ အာကာသတွင်းနက်များ၊ ကွမ်တမ် ဆွဲအားများအကြောင်းကို စာတမ်းပြုစုနေပြီး သူမရဲ့စာတမ်းကိုစစ်မယ့်သူက ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး စတီဗင်ဟော့ကင်းဖြစ်ပါတယ်။

တော်ရုံပညာရှင်တစ်ယောက် မလုပ်နိုင်တဲ့အရာတွေကို အသက်ငယ်ငယ်မိန်းကလေးတစ်ယောက်က ပြုလုပ်ပြသွားတာဟာ အမျိုးသမီးထုအတွက်တော့ ဂုဏ်ယူစရာပါပဲ။ သူမရဲ့ မူရင်းအမည် Pasterski ဆိုတာထက် သူမကို ရူပဗေဒမိန်းကလေး(Physics Girl ) လို့လူသိများပါတယ်။ သူမကိုယ်တိုင်လည်း Physics Girl လို့အမည်ပေးထားတဲ့ကိုယ်ပိုင်ဝဘ်ဆိုဒ်မှာ သူမရဲ့ စူးစမ်းလေ့လာမှု နဲ့ လုပ်ဆောင်ချက်တွေကို အခြားသူများလေ့လာနိုင်ဖို့ မျှဝေပေးထားပါတယ်။ သူမရဲ့ ထူးချွန်လွန်းခြင်း နဲ့ တက်တက်ကြွကြွနဲ့ အလုပ်တွေအဆက်မပြတ်လုုပ်နိုင်ခြင်း တို့ရဲလျို့ဝှက်ချက်ကိုမေးကြည့်တဲ့အခါ သူမက ရိုးရိုးရှင်းရှင်းလေးပဲဖြေပါတယ်။

“ကျွန်မမှာ ဘာလျို့ဝှက်ချက်မှမရှိပါဘူး။ ကျွန်မငယ်စဉ်ကတည်းက မက်ခဲ့တဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နေတာပါ။ အဲဒီအတွက် ဘယ်အခက်အခဲမဆို ရင်ဆိုင်သွားဖို့အသင့်ပါ။ အိပ်မက်တွေကို မဖြစ်ဖြစ်အောင် ဖန်တီးဖို့အခုလို မရပ်မနား ကြိုးစားနေတာပါ”

အရွယ်နဲ့မမျှအောင်ရခဲ့တဲ့ သူမရဲ့ထူးချွန်ဆု နဲ့ ချီးကျူးဂုဏ်ပြုခံရမှုတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
2010, Illinois Aviation Trades Association Industry Achievement Award
2012, Scientific American 30 under 30
2012, Lindau Nobel Laureate Meetings Young Researcher
2013, MIT Physics Department Orloff Scholarship Award
2015, Forbes 30 under 30
2015, Hertz Foundation Fellowship
2017, Forbes 30 under 30 All Star
2017, Marie Claire Genius Award
2017, Silicon Valley Comic Con Headliner

ဖိုးသူတော် (www.phothutaw.com)
Credit: Thutazone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top