Golden City Promotion
×

ထိုင္းနိုင္ငံ ဖဲ့ျပည္နယ္သူ ၀ိက်စ္တရာ ၃၅ ႏွစ္ဟာ အြန္လိုင္းကေန ေရာင္းခ်ေနတဲ့ အသားျဖဴ ရုပ္ပ်ိဳကိုယ္ႏု တိုင္းရင္းေဆးကို မွာယူသံုးေနခဲ့သူျဖစ္ပါတယ္။ သံုးစြဲစ ရက္ပိုင္းအတြင္းမွာ ေၾကာ္ျငာထဲကလိုပါ အသားအရည္ျဖဴေဖြးျပီး ကိုယ္အေလးခ်ိန္က်သြားခဲ့လို ့ ေသဆံုးရဲ ့ ညီမျဖစ္သူကိုေတာင္ ယခုတိုင္းရင္းေဆးကို သံုးၾကည့္ဘို ့ ဆြယ္ခဲ့ပါေသးတယ္။

တေန ့ႏွစ္ၾကိမ္ေသာက္ေနရင္း တလ အၾကာမွာ သူမမ်က္ႏွာေတြေရာင္လာလို ့ ဆရာ၀န္သြားျပခဲ့ရပါတယ္၊ဆရာ၀န္ ရဲ ့ေဆးစစ္ခ်က္မွာေတြ ့ရတာက သူမကိုယ္တြင္းမွာ ပရိုတင္းဓါတ္ခန္းေျခာက္ေနတာ ေတြ ့ရွိခဲ့လို ့ အစားအေသာက္ ပံုမွန္စားဘို ့သတိေပးခဲ့ပါေသးတယ္။

သူမဟာ ပံုမွန္ေသာက္ေနတဲ့ ရုပ္ပ်ိဳတိုင္းရင္းေဆးကို ေဘးမရွိနိုင္ဘူးလို ့ထင္ျပီး ဆက္ေသာက္ခဲ့ရာက တလအၾကာမွာ မနက္ပိုင္း အိမ္သာတက္ေနရင္းယုတ္တရက္ ေသဆံုးေနခဲ့တာကို မိသားစု၀င္ေတြက ေတြ ့ခဲ့ရပါတယ္။

ေသဆံုးသူဟာ ဘာေရာဂါမွ မရွိပဲ ခုလိုေသဆံုးခဲ့တာေၾကာင့္ မိသားစု၀င္ေတြက ေသဆံုးသူ သံုးစြဲေနတဲ့ ရုပ္ပ်ိဳက်ုယ္ႏု တိုင္းရင္းေဆးကို စစ္ေဆးေပးဘို ့ က်န္းမာေရးဌာနကို ေတာင္းဆိုခဲ့ေၾကာင္းသိရပါတယ္။

ဖဲ့ျပည္နယ္ က်န္းမာေရးတာ၀န္ခံကေတာ့ ခုလိုမ်ိဳးတိုင္းရင္းေဆး၀ါးေတြဟာ အြန္လိုင္းေတြမွာ ေၾကာ္ျငာအမ်ိဳးအမ်ိဳးထုတ္ေရာင္းေနတာပါ ၊တိုင္းရင္းေဆးဆိုေပမယ့္ တခ်ိဳးေဆးေတြက က်န္းမာေရး၀န္ၾကီးဌာနရဲ ့ ခြင့္ျပဳခ်က္မရပဲေရာင္းေနတာလည္းေတြ ့ရပါတယ္။

တခ်ိဳ ့ေဆးေတြမွာ သံုးစြဲသူကို က်န္မာေရး ထိခိုက္ေစမယ့္ ဓါတုေဆးေတြပါေရာျပီးေဖၚစပ္ထားခဲ့တာေၾကာင့္သံုးစြဲ သူေတြဟာ ႏွလံုးခုန္ျမန္တာ ေကာလက္စေတာဓါတ္ေတြခန္းေျခာက္ျပီး ခုလိုျဖစ္ခဲ့တာလို ့ ထုတ္ေဖၚေျပာဆိုခဲ့ပါတယ္။

တခ်ိဳ ့သံုးစြဲသူေတြဟာ ေဆးညႊန္းအတိုင္းမလိုက္နာၾကပဲ ရုပ္ပိုျပီးႏုပ်ိဳလာေအာင္ ပိုမ်ားမ်ားသံုးၾကတာေၾကာင့္လည္း ေဘးေတြ ့ခဲ့တာေတြ ့ရပါတယ္။

http://www.tnews.co.th/contents/361209
ဖိုးသူေတာ္ (www.phothutaw.com)
Credit: apannpyay

#Unicode Version#
ထိုင်းနိုင်ငံ ဖဲ့ပြည်နယ်သူ ဝိကျစ်တရာ ၃၅ နှစ်ဟာ အွန်လိုင်းကနေ ရောင်းချနေတဲ့ အသားဖြူ ရုပ်ပျိုကိုယ်နု တိုင်းရင်းဆေးကို မှာယူသုံးနေခဲ့သူဖြစ်ပါတယ်။ သုံးစွဲစ ရက်ပိုင်းအတွင်းမှာ ကြော်ငြာထဲကလိုပါ အသားအရည်ဖြူဖွေးပြီး ကိုယ်အလေးချိန်ကျသွားခဲ့လို့ သေဆုံးရဲ့ ညီမဖြစ်သူကိုတောင် ယခုတိုင်းရင်းဆေးကို သုံးကြည့်ဘို့ ဆွယ်ခဲ့ပါသေးတယ်။

တနေ့နှစ်ကြိမ်သောက်နေရင်း တလ အကြာမှာ သူမမျက်နှာတွေရောင်လာလို့ ဆရာဝန်သွားပြခဲ့ရပါတယ်၊ဆရာဝန် ရဲ့ဆေးစစ်ချက်မှာတွေ့ရတာက သူမကိုယ်တွင်းမှာ ပရိုတင်းဓါတ်ခန်းခြောက်နေတာ တွေ့ရှိခဲ့လို့ အစားအသောက် ပုံမှန်စားဘို့သတိပေးခဲ့ပါသေးတယ်။

သူမဟာ ပုံမှန်သောက်နေတဲ့ ရုပ်ပျိုတိုင်းရင်းဆေးကို ဘေးမရှိနိုင်ဘူးလို့ထင်ပြီး ဆက်သောက်ခဲ့ရာက တလအကြာမှာ မနက်ပိုင်း အိမ်သာတက်နေရင်းယုတ်တရက် သေဆုံးနေခဲ့တာကို မိသားစုဝင်တွေက တွေ့ခဲ့ရပါတယ်။

သေဆုံးသူဟာ ဘာရောဂါမှ မရှိပဲ ခုလိုသေဆုံးခဲ့တာကြောင့် မိသားစုဝင်တွေက သေဆုံးသူ သုံးစွဲနေတဲ့ ရုပ်ပျိုကျုယ်နု တိုင်းရင်းဆေးကို စစ်ဆေးပေးဘို့ ကျန်းမာရေးဌာနကို တောင်းဆိုခဲ့ကြောင်းသိရပါတယ်။

ဖဲ့ပြည်နယ် ကျန်းမာရေးတာဝန်ခံကတော့ ခုလိုမျိုးတိုင်းရင်းဆေးဝါးတွေဟာ အွန်လိုင်းတွေမှာ ကြော်ငြာအမျိုးအမျိုးထုတ်ရောင်းနေတာပါ ၊တိုင်းရင်းဆေးဆိုပေမယ့် တချိုးဆေးတွေက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရပဲရောင်းနေတာလည်းတွေ့ရပါတယ်။

တချို့ဆေးတွေမှာ သုံးစွဲသူကို ကျန်မာရေး ထိခိုက်စေမယ့် ဓါတုဆေးတွေပါရောပြီးဖေါ်စပ်ထားခဲ့တာကြောင့်သုံးစွဲ သူတွေဟာ နှလုံးခုန်မြန်တာ ကောလက်စတောဓါတ်တွေခန်းခြောက်ပြီး ခုလိုဖြစ်ခဲ့တာလို့ ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

တချို့သုံးစွဲသူတွေဟာ ဆေးညွှန်းအတိုင်းမလိုက်နာကြပဲ ရုပ်ပိုပြီးနုပျိုလာအောင် ပိုများများသုံးကြတာကြောင့်လည်း ဘေးတွေ့ခဲ့တာတွေ့ရပါတယ်။

http://www.tnews.co.th/contents/361209

ဖိုးသူတော် (www.phothutaw.com)
Credit: apannpyay


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top