ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အေဆာင္ကေန စာက်က္ၿပီးျပန္လာတဲ့ စီးပြားေရးတကၠသိုလ္ ေနာက္ဆံုးႏွစ္ေက်ာင္းသူတဦးဆီကေန အမ်ိဳးသားႏွစ္ဦးက ေနာက္ကေနလိုက္ပါ လုယက္ၿပီး ထြက္ေျပးခဲ့တဲ့ျဖစ္ရပ္ ရန္ကုန္တိုင္း၊ လိႈင္ၿမိဳ႕နယ္မွာ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

စက္တင္ဘာလ ၁၇ ရက္၊ ညေန ၅း၁၅ ေလာက္က စီးပြားေရးတကၠသိုလ္ ေနာက္ဆုံးႏွစ္ေက်ာင္းသူတစ္ဦးက လႈိင္ၿမိဳ႕နယ္၊ ၁၂ ရပ္ကြက္၊ ေရႊဟသၤာလမ္းအတုိင္း စာက်က္ၿပီးျပန္လာတုန္းမွာ လႈိင္တကၠသုိလ္နယ္ေျမ ဂႏၶမာေဆာင္အေရွ႕နားကို ေရာက္တဲ့အခ်ိန္မွာ လူငယ္ႏွစ္ဦးက ဆြဲႀကိဳးကို လုယက္ခဲ့တာလုိ႔ ဆိုပါတယ္။

ဒါေပမယ့္ မ ….. ကေန ျပန္ဆြဲခဲ့လို႔ ဆြဲႀကိဳးမပါသြားေပမယ့္ တန္ဖုိးက်ပ္ ၁၅၀၀၀၀ ပတ္၀န္းက်င္ရွိတဲ့ ေရႊဆြဲသီး ပါသြားၿပီး လုယက္သူႏွစ္ဦးက အသင့္ေစာင့္ေနတဲ့ ေမာ္ေတာ္ယာဥ္ 2F -- Probox အျဖဴေရာင္တကၠစီ ယာဥ္ေပၚတက္က ေမာင္းႏွင္ထြက္ေျပးသြားခဲ့တယ္လုိ႔ ရန္ုကုန္တိုင္း ရဲတပ္ဖြဲ႕ကေန သိရပါတယ္။

ုျပစ္မႈက်ဴးလြန္သူေတြကုိ ေဖာ္ထုတ္ႏိုင္ေရးအတြက္ ရနု္ကုန္တိုင္းရဲတပ္ဖြဲ႕က ဒဂုံၿမိဳ႕နယ္၊ ျပည္သူ႔ရင္ျပင္ဝန္းထဲက Traffic Control Centre မွာ တပ္ဆင္ထားတဲ့ CCTV မွတ္တမ္းကို ႀကည့္ရႈ႕ၿပီး ဖမ္းဆီးခဲ့ရာမွာ ည ၁၀း၄၅ အခ်ိန္မွာ တကၠသုိလ္ရိပ္သာလမ္းနဲ႔ အင္းယားလမ္းေထာင့္ မီးပြိဳင့္နားမွာ ျပစ္မႈက်ဴးလြန္သူ သံုးဦးကုိ အသံုးျပဳခဲ့တဲ့ ကားနဲ႔အတူ ဖမ္းဆီးရမိခဲ့ၿပီး ေက်ာ္ဇင္လတ္ (ခ) ျပားႀကီးကုိေတာ့ လႈိင္ၿမိဳ႕နယ္၊ အမွတ္ (၈) ရပ္ကြက္တြင္ ဖမ္းဆီးရမိခဲ့ပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ျပစ္မႈက်ဴးလြန္သူေလးဦးျဖစ္တဲ့ လႈိင္ၿမိဳ႕နယ္၊ အမွတ္ ၈ ရပ္ကြက္ေန သံလုံး (ခ) သက္ထြန္းေအာင္ (၂၉)ႏွစ္၊ ယာဥ္ေမာင္း၊ အမွတ္ (၇)ရပ္ကြက္ေန ဇင္မ်ိဳး (ခ) ဒဂုံနဲ႔ မ်ိဳးမင္းဦး (ခ) ႏွာပိနဲ႔ ေက်ာ္ဇင္လတ္တို႔ကုိ လႈိင္ၿမိဳ႕မရဲစခန္းက (ပ) ၈၉၁ /၂၀၁၇၊ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၃၈၂ နဲ႔ အမႈဖြင့္စုံစမ္း ေဆာင္ရြက္ေနတယ္လုိ႔ သိရပါတယ္။

Source & Photo : Yangon Police
ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun
#Unicode Version#
အဆောင်ကနေ စာကျက်ပြီးပြန်လာတဲ့ စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူတဦးဆီကနေ အမျိုးသားနှစ်ဦးက နောက်ကနေလိုက်ပါ လုယက်ပြီး ထွက်ပြေးခဲ့တဲ့ဖြစ်ရပ် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၇ ရက်၊ ညနေ ၅း၁၅ လောက်က စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူတစ်ဦးက လှိုင်မြို့နယ်၊ ၁၂ ရပ်ကွက်၊ ရွှေဟင်္သာလမ်းအတိုင်း စာကျက်ပြီးပြန်လာတုန်းမှာ လှိုင်တက္ကသိုလ်နယ်မြေ ဂန္ဓမာဆောင်အရှေ့နားကို ရောက်တဲ့အချိန်မှာ လူငယ်နှစ်ဦးက ဆွဲကြိုးကို လုယက်ခဲ့တာလို့ ဆိုပါတယ်။

ဒါပေမယ့် မ ….. ကနေ ပြန်ဆွဲခဲ့လို့ ဆွဲကြိုးမပါသွားပေမယ့် တန်ဖိုးကျပ် ၁၅၀၀၀၀ ပတ်ဝန်းကျင်ရှိတဲ့ ရွှေဆွဲသီး ပါသွားပြီး လုယက်သူနှစ်ဦးက အသင့်စောင့်နေတဲ့ မော်တော်ယာဉ် 2F -- Probox အဖြူရောင်တက္ကစီ ယာဉ်ပေါ်တက်က မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ ရန်ုကုန်တိုင်း ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ုပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ရေးအတွက် ရနု်ကုန်တိုင်းရဲတပ်ဖွဲ့က ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်ဝန်းထဲက Traffic Control Centre မှာ တပ်ဆင်ထားတဲ့ CCTV မှတ်တမ်းကို ကြည့်ရှု့ပြီး ဖမ်းဆီးခဲ့ရာမှာ ည ၁၀း၄၅ အချိန်မှာ တက္ကသိုလ်ရိပ်သာလမ်းနဲ့ အင်းယားလမ်းထောင့် မီးပွိုင့်နားမှာ ပြစ်မှုကျူးလွန်သူ သုံးဦးကို အသုံးပြုခဲ့တဲ့ ကားနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး ကျော်ဇင်လတ် (ခ) ပြားကြီးကိုတော့ လှိုင်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူလေးဦးဖြစ်တဲ့ လှိုင်မြို့နယ်၊ အမှတ် ၈ ရပ်ကွက်နေ သံလုံး (ခ) သက်ထွန်းအောင် (၂၉)နှစ်၊ ယာဉ်မောင်း၊ အမှတ် (၇)ရပ်ကွက်နေ ဇင်မျိုး (ခ) ဒဂုံနဲ့ မျိုးမင်းဦး (ခ) နှာပိနဲ့ ကျော်ဇင်လတ်တို့ကို လှိုင်မြို့မရဲစခန်းက (ပ) ၈၉၁ /၂၀၁၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၈၂ နဲ့ အမှုဖွင့်စုံစမ်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source & Photo : Yangon Police

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top