ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္၊ သာမညေက်းရြာတြင္ ေနထိုင္ေသာ အသက္-၁၄ႏွစ္အရြယ္ အမ်ိဳးသမီးငယ္တစ္ဦးအား အိမ္ေထာင္ရွိ အမ်ိဳးသားတစ္ဦးမွ အလိုမတူဘဲ သားမယားအျဖစ္ အႀကိမ္ႀကိမ္ ျပဳက်င္႔ခဲ႔မွဳအား စက္တင္ဘာလ ၁၂ ရက္ေန႔က အိႏၵဳနယ္ေျမရဲစခန္းတြင္ အမွဳဖြင္႔ အေရးယူ ေဆာင္ရြက္ခဲ႔ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ စက္တင္ဘာလ ၅ ရက္ေန႔ ညေနပိုင္းက ဘားအံၿမိဳ႕နယ္၊ သာမညေက်းရြာတြင္ ေနထိုင္သူ မ—၊ (၁၄-ႏွစ္)သည္ ေနအိမ္မွ သာမညေတာင္ေပၚသို႔ ဆီးမီးသြားထြန္းစဥ္ ၊ ဘားအံၿမိဳ႕နယ္၊ သာမညေက်းရြာ ေအာင္ေမတၱာ(၁)ရပ္ကြက္ေန လွေ၀(ခ)တိုင္းေက်ာ္(ခ)သန္းေက်ာ္၊ (၃၅-ႏွစ္)မွ သာမညေတာင္ေပၚသို႔ ဘုရား ဖူးသြားမည္ဟု ေျပာဆိုကာ ေခၚေဆာင္သြားခဲ႔ၿပီး သာမညေတာင္ေပၚသို႔ မသြားဘဲ သာယာကုန္း-အိႏၵဳ ကားလမ္းမ ယာဘက္ျခမ္းရွိ ေရာ္ဘာၿခံတစ္ၿခံအတြင္း ေခၚေဆာင္သြားကာ ၎ညက မ—-အား အလိုမတူဘဲ သားမယားအျဖစ္ သံုးႀကိမ္ျပဳက်င္႔ခဲ႔ေၾကာင္း၊ နံနက္ ၆ နာရီအခ်ိန္ မ—အား ၎၏အေဒၚဆိုသည္႔ အမည္မသိ ေနအိမ္တစ္အိမ္သို႔ ထပ္မံေခၚေဆာင္သြားခဲ႔ၿပီး အဆိုပါေနအိမ္တြင္ သံုးညအိပ္ၿပီး တစ္ညလွ်င္ ႏွစ္ႀကိမ္ သားမယားအျဖစ္ ျပဳက်င္႔ခဲ႔ရာ စက္တင္ဘာ ၉ ရက္ေန႔ မြန္းလြဲ တစ္နာရီခန္႔တြင္ မ—မွ မိခင္ျဖစ္သူထံသို႔ ဖုန္းျဖင္႔ ဆက္သြယ္၍ သာမညေတာင္အနီး ေအာင္သိဒၵိကုန္းသို႔ လာေရာက္ေခၚေဆာင္ရန္ အဆက္အသြယ္ ရရွိခဲ႔၍ သြားေရာက္ခဲ႔ေဆာင္ခဲ႔ျခင္းျဖစ္သည္။

ျဖစ္စဥ္ႏွင္႔ပတ္သက္ၿပီး မိခင္ျဖစ္သူ ေဒၚမူးယူမွ သမီးျဖစ္သူ မ—၊ (၁၄-ႏွစ္)၊ (၈)တန္းေက်ာင္းသူအား ျဖားေယာင္းေသြးေဆာင္၍ သားမယားအျဖစ္ ျပဳက်င္႔သူ လွေ၀(ခ)တိုင္းေက်ာ္(ခ)သန္းေက်ာ္၊ (၃၅-ႏွစ္)၊ေအာင္ေမတၱာ(၁)ရပ္ကြက္၊ ဘားအံၿမိဳ႕နယ္ေနသူအား ဥပေဒအရ အေရးယူေပးရန္ အိႏၵဳနယ္ေျမရဲစခန္းသို႔ တရားလိုျပဳလုပ္တိုင္တန္းခဲ႔ရာ အိႏၵဳနယ္ေျမရဲစခန္းမွ (ပ)၈၇/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၃၆၃ ျဖင္႔ အမွဳေရးဖြင္႔ၿပီး စြပ္စြဲခံရသူအား အမွုျဖင္႔ ဖမ္းဆီးစစ္ေဆးလွ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မင္းသူ/ထြန္းထြန္းေထြး(ဘားအံ)
https://thanlwinnews.com

#Unicode Version#
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာတွင် နေထိုင်သော အသက်-၁၄နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား အိမ်ထောင်ရှိ အမျိုးသားတစ်ဦးမှ အလိုမတူဘဲ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့မှုအား စက်တင်ဘာလ ၁၂ ရက်နေ့က အိန္ဒုနယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၅ ရက်နေ့ ညနေပိုင်းက ဘားအံမြို့နယ်၊ သာမညကျေးရွာတွင် နေထိုင်သူ မ—၊ (၁၄-နှစ်)သည် နေအိမ်မှ သာမညတောင်ပေါ်သို့ ဆီးမီးသွားထွန်းစဉ် ၊ ဘားအံမြို့နယ်၊ သာမညကျေးရွာ အောင်မေတ္တာ(၁)ရပ်ကွက်နေ လှဝေ(ခ)တိုင်းကျော်(ခ)သန်းကျော်၊ (၃၅-နှစ်)မှ သာမညတောင်ပေါ်သို့ ဘုရား ဖူးသွားမည်ဟု ပြောဆိုကာ ခေါ်ဆောင်သွားခဲ့ပြီး သာမညတောင်ပေါ်သို့ မသွားဘဲ သာယာကုန်း-အိန္ဒု ကားလမ်းမ ယာဘက်ခြမ်းရှိ ရော်ဘာခြံတစ်ခြံအတွင်း ခေါ်ဆောင်သွားကာ ၎င်းညက မ—-အား အလိုမတူဘဲ သားမယားအဖြစ် သုံးကြိမ်ပြုကျင့်ခဲ့ကြောင်း၊ နံနက် ၆ နာရီအချိန် မ—အား ၎င်း၏အဒေါ်ဆိုသည့် အမည်မသိ နေအိမ်တစ်အိမ်သို့ ထပ်မံခေါ်ဆောင်သွားခဲ့ပြီး အဆိုပါနေအိမ်တွင် သုံးညအိပ်ပြီး တစ်ညလျှင် နှစ်ကြိမ် သားမယားအဖြစ် ပြုကျင့်ခဲ့ရာ စက်တင်ဘာ ၉ ရက်နေ့ မွန်းလွဲ တစ်နာရီခန့်တွင် မ—မှ မိခင်ဖြစ်သူထံသို့ ဖုန်းဖြင့် ဆက်သွယ်၍ သာမညတောင်အနီး အောင်သိဒ္ဒိကုန်းသို့ လာရောက်ခေါ်ဆောင်ရန် အဆက်အသွယ် ရရှိခဲ့၍ သွားရောက်ခဲ့ဆောင်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မိခင်ဖြစ်သူ ဒေါ်မူးယူမှ သမီးဖြစ်သူ မ—၊ (၁၄-နှစ်)၊ (၈)တန်းကျောင်းသူအား ဖြားယောင်းသွေးဆောင်၍ သားမယားအဖြစ် ပြုကျင့်သူ လှဝေ(ခ)တိုင်းကျော်(ခ)သန်းကျော်၊ (၃၅-နှစ်)၊အောင်မေတ္တာ(၁)ရပ်ကွက်၊ ဘားအံမြို့နယ်နေသူအား ဥပဒေအရ အရေးယူပေးရန် အိန္ဒုနယ်မြေရဲစခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ အိန္ဒုနယ်မြေရဲစခန်းမှ (ပ)၈၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှုရေးဖွင့်ပြီး စွပ်စွဲခံရသူအား အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
https://thanlwinnews.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top