လစဉ် (၄.၇၅) သိန်းကျော် သွင်းရုံဖြင့် သိန်း (၉၀၀) တန် ကွန်ဒို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
×
Credit:  သက်တန့်ချို
#Unicode Version#
ငါးကြီးဆီဟာ အစားအသောက် စားချင် စိတ်ကို လှုံ့ဆော်ပေးတဲ့ Appetideကို မြင့်မား စေပါတယ်။
အထူးသဖြင့် ငါးကြီးဆီဟာ အစာအိမ်ထဲ ရောက်တဲ့အခါ red corpuscles လို့ခေါ်တဲ့ သွေးနီဥ တွေကို များလာ စေတယ် ။ အစားအသောက် စားချင်စိတ်ကို မြင့်မားစေပြီး ကိုယ်ခံ အားကို တက်စေတယ်။ သွေးခုန်နှုန်းက သန်စွမ်းပြီး လူကလည်း ကျန်းမာ သန်စွမ်းလို့ အာဟာရ ဓါတ်တွေ ပြည့်ဝစေမှာ ဖြစ်ပါတယ်။အကယ်၍ ကိုယ်ဝန်ဆောင်သည် တွေနဲ့ နို့တိုက်မိခင် တွေဟာ နေ့စဉ် စားသောက် နေတဲ့ အာဟာရ ဓါတ်တွေ ထဲမှာ ငါးကြီးဆီဓါတ်ကို ဖြည့်လိုုက် မယ်ဆိုရင် ကလေးငယ် တွေရဲ့ ဦးနှောက်နဲ့ မျက်ကြည်လွှာကို ပိုမိုဖွံ့ဖြိုးလာ စေတဲ့ အပြင် ဉာဏ်ရည် ပိုင်းကိုလည်း တိုးတက် မြင့်မား စေပါတယ် ။
ငါးကြီးဆီမှာ ပါဝင်တဲ့ ဗီတာမင်ဒီဟာ ကလေးငယ် တွေမှာ ricket လို့ခေါ်တဲ့ ကလေး အရိုးပျော့ ရောဂါ မဖြစ်အောင် ကာကွယ် တားဆီး နိုင်ပါတယ် ။ လေ့လာ စမ်းသပ်မှု တစ်ခုအရ ငါးကြီးဆီ ပေးထားတဲ့ ကလေး ၃၇ ယောက်ကို ၆ လလောက် ပေးကြည့်တဲ့ အခါ ကလေး အရိုးပျော့ ရောဂါ မဖြစ်အောင် ကာကွယ်နိုင်တဲ့ နှုန်းက ၉၂ % ရှိတာ တွေ့ရပါတယ်။ ရောဂါပိုးမွှား တွေကြောင့် ဖြစ်ပေါ်လာတဲ့ ရောင်ရမ်းခြင်း တွေကို ကာကွယ် ပေးနိုင်ပြီး အဆိပ် အတောက် တွေကို ခုခံ ပေးနိုင်ပါတယ် ။
ကိုယ်ဝန် ဆောင်သည် တွေမှာ ငါးကြီးဆီ သောက်သုံးမယ် ဆိုရင် အသက် လေးနှစ် အရွယ်မှာ ကလေးတွေရဲ့ IQလို့ ခေါ်တဲ့ ဉာဏ်ရည် တိုးတက် လာတာ တွေ့ရပါတယ်။ ကလေးငယ် တွေကို လည်းပေါင်ချိန် တိုးတက် စေပါတယ် ။ ဒါ့အပြင် လေ့လာ စမ်းသပ်မှုတွေ အရလည်း ကင်ဆာ၊ ဆီးချို သွေးချို၊ အရိုးကျိုးခြင်း၊ အရိုးနှင့် ကြွက်သားနာခြင်း၊ သွေးတွင်း အဆီစတာ တွေကိုပါ ကောင်းမွန် စေတယ် ဆိုတာ တွေ့ရပါတယ် ။
Cod Liver Oil နဲ့ Fish Oil ဘာကွာလဲ
ငါးကြီးဆီလို့ ခေါ်နေကြပေမယ့် တကယ်တော့ Cod Liver Oil ကပိုပြီး ဗီတာမင်အေ ပမာဏ ဗီတာမင် ဒီပိုများပြီး ကျန်းမာရေးကို ပိုပြီးအထောက် အကူပြု ပါတယ် ။
ဖိုးသူတော် (www.phothutaw.com)
Credit:  သက်တန့်ချို
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top