မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး (ဆဋ္ဌမအကြိမ်မြောက်)
×

မိန်းကလေးတွေ တင်ပါးပြားတာကို ထွက်အောင်လုပ်ဖို့က လွယ်ပါတယ် ။ဘေးတွေချိုင့်နေတာကို တပြေးတည်းဖြစ်အောင်လုပ်ဖို့က နည်းနည်းပိုခက်ပါတယ် ။ အမျိုးသမီးတိုင်းကတော့ ဒီလိုမဖြစ်တတ်ပေမယ့် အများစုကတော့ ဒီလိုတင်ပါးဘေးချိုင့်တဲ့ ပြဿနာနဲ့ ကြုံတွေ့ရပါတယ် ။ ဒီလိုဖြစ်ရတဲ့အကြောင်းအရင်း ပေါင်ရိုးရဲ့ အတွင်းကျဆုံးနေရာမှာ အရေပြားတွဲချိတ်ခြင်းဖြစ်တာကြောင့်လို့ လေ့လာမှုတွေအရ ဆိုပါတယ် ။ အချို့လူတွေမှာ တင်ဘေးချိုင့်တာ သိပ်မသိသာသော်လည်း အချို့တွေမှာတော့ တော်တော်ကြည့်ရဆိုးဆိုးကို သိသာနေတတ်ပါတယ် ။ နောက်ပြီး ကိုယ့်ရဲ့ တင်ပါးနဲ့ တင်ပါးဆုံရိုးရဲ့ ပုံသဏ္ဍာန်ပေါ်မှာလည်း မူတည်ပါသေးတယ် ။ ဒီလိုဘေးချိုင့်တာကို သက်သာသွားပြီး တင်ပါးအလှကို လုံးဝန်းသွားစေဖို့ဆိုလျှင် လေ့ကျင့်ခန်းတွေနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းသိမ်းဖို့လိုသလို နေထိုင်စားသောက်မှုပုံစံတွေကိုလည်း ဆင်ခြင်ရပါမယ် ။ နေ့စဉ် ရေများများသောက်ပြီး ပရိုတိန်းကြွယ်ဝတဲ့ အစားအစာများကို စားသုံးပြီး ကြွက်သားတွေကို ပြန်လည်တည်ဆောက်နိုင်အောင် ထိန်းသိမ်းရပါမယ် ။ အရိုးအားကောင်းစေရန် ကယ်လ်စီယမ်ဓါတ် ကြွယ်ဝသော အစားအစာများကိုလည်း စားသုံးပေးပြီး အမျှင်ဓါတ်ကြွယ်သော အစားအစာများကိုလည်း စားပေးဖို့ မမေ့ပါနှင့် ။ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ ၊ Junk Food များ ၊ သကြား နှင့် အရက်တို့ကိုတော့ ရှောင်သင့်ပါတယ် ။ ကိုယ့်ရဲ့ နေ့စဉ်အစားသောက်တွေကို သတိထားပြီး ညီညွတ်စွာ စားသောက်သင့်ပါတယ် ။ အစားအသောက်ဆင်ခြင်ရုံနှင့်တော့ တင်ပါးက လုံးဝန်းလာမှာ မဟုတ်ပါဘူး ။ သေချာပါတယ် ။ ဒီလို ဘေးချိုင့်တာ ပျောက်သွားဖို့က မဖြစ်မနေ လေ့ကျင့်ခန်း လုပ်ဖို့ လိုပါတယ် ။ တင်ပါးဘေးချိုင့်ခြင်းကို ပျောက်ပြီး လုံးဝန်းတဲ့ တင်ပါးကို ပိုင်ဆိုင်ဖို့ အောက်မှာ ဖော်ပြထားတဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးပါ။
1 .Side hip openers (fire hydrants)

တစ်ဖက်ကို ၁၀ကြိမ်စီ  ပြုလုပ်ပေးပါ ။
2. Standing kickback lunges
 
ဘယ်တစ်ဖက် ၊ ညာတစ်ဖက်ကို ၁၂ကြိမ်စီ လုပ်ပေးပါ။
3. Standing side leg lifts

တစ်ဖက်စီကို ၁၂ကြိမ်စီ ပြုလုပ်ပေးပါ။
4. Squats

Squat ထိုင်တာကိုတော့ အကြိမ်၂၀ပြုလုပ်ပေးပါ ။Suat ထိုင်တဲ့အခါမှာ တင်ပါးကိုထိုင်ချရတာပါ ။ ဒူးခေါင်းကိုကွေးရတာမဟုတ်ပါဘူး ။တင်ပါးအားပြုပြီးထိုင်ချပါ။
5. Standing side-to-side squats

တစ်ဖက်ကို ၁၀ကြိမ်စီ စုစုပေါင်း အကြိမ်၂၀ပြုလုပ်ပေးပါ။
6. Side lunges

တစ်ဖက်စီကို ၁၂ကြိမ်စီ ပြုလုပ်ပေးပါ။
7. Side curtsy lunges

ဒီလေ့ကျင့်ခန်းကတော့ တစ်ဖက်ကို ၁၅ကြိမ်စီ ပြုလုပ်ရမှာပါ ။
8. Glute bridges

၁၅ကြိမ် အနည်းဆုံးပြုလုပ်ပေးပါ ။ တင်ပါးကို အပေါ်မြှင့်တင့်တဲ့အခါ ၁၀စက္ကန့်လောက် ရပ်တန့်ထားပြီးမှ အောက်ပြန်ချပေးပါ ။
9. Leg kickbacks

တစ်ဖက်ကို ၁၅ကြိမ်စီ ပြုလုပ်ပေးပါ။
10. Lying down side leg raises

ဒီလေ့ကျင့်ခန်းကတော့ တစ်ဖက်ကို အကြိမ် ၂၀ ပြုလုပ်ပေးရမှာပါ ။

အထက်ပါလေ့ကျင့်ခန်းတွေကတော့ တင်ပါးကို ချိုင့်ခြင်းမဖြစ်အောင် ပြုလုပ်ပေးပြီး လုံးဝန်းလှပစေတဲ့ လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ် ။ မည်သည့်လေ့ကျင့်ခန်းမဆို မပြုလုပ်ခင် နှင့် ပြုလုပ်ပြီးမှာ သွေးပူ ၊ အကြောလျှော့လေ့ကျင့်ခန်းများ ပြုလုပ်ပေးဖို့ မမေ့ပါနှင့် ။

CHAN (ရွှေအင်းလေး)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top